မြစ်ကြီးနားမြို့တွင် ဆာလာအိတ်အတွင်းမှ သိန်း(၃၀၀၀)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

586
သန့်ဇင်(NP News)- စက်တင်ဘာ ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အမျိုသား(၂)ဦးမောင်းနှင်လာသည့် ဆိုင်ကယ်များပေါ်ရှိ ဆာအိတ်အတွင်းမှ ငွေကျပ် (၃၁၆၃ ဒသမ ၅)သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်၊ ညနေ ၄နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ လင်းရောင်ခြည်လမ်းတွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ လမ်းပေါ်တွင် နော်မိုင်(ခ)အင်ခွန်နော်မောင်းနှင်လာသည်ဆိုင်ကယ်နှင့် ရဲဇော်ဖြိုး(ခ)ရဲဇော် မောင်းနှင်လာသည့် ဆိုင်ကယ်တို့အား မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းအရစစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေခဲ့ရာ ၎င်းတို့(၂)ဦးမောင်းနှင်လာသည့် ဆိုင်ကယ်များ၏ ခွကြားတွင် ကိုယ်စီတင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ ငွေကျပ်(၃၁၆၃ ဒသမ ၅)သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၂)သိန်းကျော်နှင့် လက်ကိုင်ဖုန်း ၃လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးအား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့်အရေးယူထားပြီးကွင်းဆက်များအား ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
zawgyi version
ျမစ္ႀကီးနားၿမိဳ႕တြင္ ဆာလာအိတ္အတြင္းမွ သိန္း(၃၀၀၀)ေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားဖမ္းဆီးရမိ
သန႔္ဇင္(NP News)- စက္တင္ဘာ ၃
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ အမ်ိဳသား(၂)ဦးေမာင္းႏွင္လာသည့္ ဆိုင္ကယ္မ်ားေပၚရွိ ဆာအိတ္အတြင္းမွ ေငြက်ပ္ (၃၁၆၃ ဒသမ ၅)သိန္းတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕က ၿပီးခဲ့သည့္ စက္တင္ဘာလ ၁ ရက္၊ ညေန ၄နာရီအခ်ိန္တြင္ ျမစ္ႀကီးနားၿမိဳ႕၊ ယုဇနရပ္ကြက္၊ လင္းေရာင္ျခည္လမ္းတြင္ အထက္ပါကဲ့သို႔ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
အဆိုပါ လမ္းေပၚတြင္ ေနာ္မိုင္(ခ)အင္ခြန္ေနာ္ေမာင္းႏွင္လာသည္ဆိုင္ကယ္ႏွင့္ ရဲေဇာ္ၿဖိဳး(ခ)ရဲေဇာ္ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္တို႔အား ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းအရစစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြခဲ့ရာ ၎တို႔(၂)ဦးေမာင္းႏွင္လာသည့္ ဆိုင္ကယ္မ်ား၏ ခြၾကားတြင္ ကိုယ္စီတင္ေဆာင္လာသည့္ ဆာလာအိတ္အတြင္းမွ ေငြက်ပ္(၃၁၆၃ ဒသမ ၅)သိန္းတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂)သိန္းေက်ာ္ႏွင့္ လက္ကိုင္ဖုန္း ၃လုံးတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔(၂)ဦးအား ျမစ္ႀကီးနားနယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရအမႈဖြင့္အေရးယူထားၿပီးကြင္းဆက္မ်ားအား ေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။