အမေရိကန်က ယူကရိန်းကို အမေရိကန်ဒေါ်လာ သန်း(၆၀၀)တန် လုံခြုံရေးဆိုင်ရာအကူအညီသစ်များ ထောက်ပံ့မယ်

1129
ရောင်နီ (NP News) - စက်တင်ဘာ ၉
အမေရိကန်က ယူကရိန်းအတွက် စစ်ရေးနဲ့လူသားချင်းစာနာထောက်ထားမှု အကူအညီ အမေရိကန်ဒေါ်လာ ၁ ဘီလျံထောက်ပံ့ဖို့ကတိပြုပြီး (၁)ရက်အကြာမှာ နောက်ထပ်ချေမှုန်းရေး ခဲယမ်းများ၊ မိုင်းရှင်းလင်းရေး ကိရိယာများ၊ အမြောက်ကျည်များနဲ့ အခြားလက်နက်များပါဝင်တဲ့ အမေရိကန်ဒေါ်လာသန်း ၆၀၀ တန် လုံခြုံရေးဆိုင်ရာအကူအညီတွေကို ထောက်ပံ့ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

အမေရိကန်လုပ် M1 Abrams တင့်ကားတွေအတွက် ယူရေနီယံ ခဲယမ်းမီးကျောက်များအပါအဝင် ယူကရိန်းအတွက် စစ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ ၁ ဘီလျံထောက်ပံ့ပေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က ဗုဒ္ဓဟူးနေ့ (စက်တင်ဘာလ ၆ ရက်) ယူကရိန်းနိုင်ငံကို အလည်အပတ်ရောက်ရှိစဉ်က ကြေညာခဲ့တာဖြစ်ပြီး ၁ ရက်အကြာ စက်တင်ဘာလ ၇ ရက်မှာတော့ အမေရိကန်ဒေါ်လာသန်း ၆၀၀ တန် လုံခြုံရေးဆိုင်ရာအကူအညီတွေပေးအပ်မယ်လို့ ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါ အကူအညီပေးမှုတွေကို ယခုနှစ်နှောင်းပိုင်းမှာ ယူကရိန်းကို ပို့ဆောင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အဆိုပါ ကူညီမှုတွေဟာ ယူကရိန်းရဲ့ စစ်မြေပြင်လိုအပ်ချက်တွေကို ပံ့ပိုးပေးနိုင်မှာဖြစ်ပြီး ယူကရိန်းအတွက် အမေရိကန်ရဲ့ မယိမ်းယိုင်တဲ့ ပံ့ပိုးကူညီမှုကို ပြသနေတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ကြာသပတေးနေ့ (စက်တင်ဘာလ ၇ ရက်)မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ကူညီမှုဟာ မိတ်ဖက်တွေဆီက ပစ္စည်းတွေ၀ယ်ယူရတဲ့ ယူကရိန်းလုံခြုံရေးအကူအညီ (USAI) အောက်မှာ ရှိနေတာကြောင့် စစ်မြေပြင်ကို ချက်ချင်းရောက်ရှိဦးမှာ မဟုတ်ပါဘူး။
ဒါဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့က ယူကရိန်းရဲ့ ရုရှားကို တန်ပြန်တဲ့ သုံးလကြာ ထိုးစစ်ကို ဆက်လက်ထောက်ခံကြောင်း ပြသတဲ့ စစ်ရေးအကူအညီတွေပဲ ဖြစ်ပါတယ်။

zawgyi version
အေမရိကန္က ယူကရိန္းကို အေမရိကန္ေဒၚလာ သန္း(၆၀၀)တန္ လုံၿခဳံေရးဆိုင္ရာအကူအညီသစ္မ်ား ေထာက္ပံ့မယ္
ေရာင္နီ (NP News) - စက္တင္ဘာ ၉
အေမရိကန္က ယူကရိန္းအတြက္ စစ္ေရးနဲ႔လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီ အေမရိကန္ေဒၚလာ ၁ ဘီလ်ံေထာက္ပံ့ဖို႔ကတိျပဳၿပီး (၁)ရက္အၾကာမွာ ေနာက္ထပ္ေခ်မႈန္းေရး ခဲယမ္းမ်ား၊ မိုင္းရွင္းလင္းေရး ကိရိယာမ်ား၊ အေျမာက္က်ည္မ်ားနဲ႔ အျခားလက္နက္မ်ားပါဝင္တဲ့ အေမရိကန္ေဒၚလာသန္း ၆၀၀ တန္ လုံၿခဳံေရးဆိုင္ရာအကူအညီေတြကို ေထာက္ပံ့ေပးသြားမယ္လို႔ ေၾကညာခဲ့ပါတယ္။
အေမရိကန္လုပ္ M1 Abrams တင့္ကားေတြအတြက္ ယူေရနီယံ ခဲယမ္းမီးေက်ာက္မ်ားအပါအဝင္ ယူကရိန္းအတြက္ စစ္ေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီ အေမရိကန္ေဒၚလာ ၁ ဘီလ်ံေထာက္ပံ့ေပးမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္းကင္က ဗုဒၶဟူးေန႔ (စက္တင္ဘာလ ၆ ရက္) ယူကရိန္းႏိုင္ငံကို အလည္အပတ္ေရာက္ရွိစဥ္က ေၾကညာခဲ့တာျဖစ္ၿပီး ၁ ရက္အၾကာ စက္တင္ဘာလ ၇ ရက္မွာေတာ့ အေမရိကန္ေဒၚလာသန္း ၆၀၀ တန္ လုံၿခဳံေရးဆိုင္ရာအကူအညီေတြေပးအပ္မယ္လို႔ ေၾကညာခဲ့ျခင္း ျဖစ္ပါတယ္။
အဆိုပါ အကူအညီေပးမႈေတြကို ယခုႏွစ္ေႏွာင္းပိုင္းမွာ ယူကရိန္းကို ပို႔ေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အဆိုပါ ကူညီမႈေတြဟာ ယူကရိန္းရဲ႕ စစ္ေျမျပင္လိုအပ္ခ်က္ေတြကို ပံ့ပိုးေပးႏိုင္မွာျဖစ္ၿပီး ယူကရိန္းအတြက္ အေမရိကန္ရဲ႕ မယိမ္းယိုင္တဲ့ ပံ့ပိုးကူညီမႈကို ျပသေနတယ္လို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္က ၾကာသပေတးေန႔ (စက္တင္ဘာလ ၇ ရက္)မွာ ထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမယ့္ အဆိုပါ ကူညီမႈဟာ မိတ္ဖက္ေတြဆီက ပစၥည္းေတြ၀ယ္ယူရတဲ့ ယူကရိန္းလုံၿခဳံေရးအကူအညီ (USAI) ေအာက္မွာ ရွိေနတာေၾကာင့္ စစ္ေျမျပင္ကို ခ်က္ခ်င္းေရာက္ရွိဦးမွာ မဟုတ္ပါဘူး။
ဒါဟာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ရဲ႕ အစိုးရအဖြဲ႕က ယူကရိန္းရဲ႕ ႐ုရွားကို တန္ျပန္တဲ့ သုံးလၾကာ ထိုးစစ္ကို ဆက္လက္ေထာက္ခံေၾကာင္း ျပသတဲ့ စစ္ေရးအကူအညီေတြပဲ ျဖစ္ပါတယ္။