ရန်ကုန်မြို့ရှိ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ၌ မီးလောင်မှုဖြစ်ပွား

 1179

သန့်ဇင်(NP News) - စက်တင်ဘာ ၉

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံတွင် ဆေးရုံအထိုင်ထရန်စဖော်မာဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၉ရက်)၊ မွန်းလွဲ ၁နာရီ ၃၅မိနစ်အချိန်အတွင် ကျောက်တံတားမြို့ နယ်၊ (၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း၊ အမှတ်(၁၉၆/၂၀၀)ရှိ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် လူထိခိုက်မှုနှင့် ပျက်ဆီးဆုံးရှုံးမှုမရှိခဲ့သော်လည်း မီးလောင်မှုဖြစ်ပွားခဲ့ရာဆေးရုံရှိ လူနာ(၃၀)ခန့်ကို ဘေးလွတ်ရာသို့ လွှဲပြောင်းကူညီပို့ဆောင်ထားရကြောင်း သိရသည်။

“လူထိခိုက်မှုတော့မရှိဘူး။ ဆေးရုံမှာက မွေးလူနာရှိတယ်။ မျက်စိလူနာတွေရှိတယ်။ ခုမွေးလက်စလူနာတွေကိုတော့ ကျွန်မတို့အသင်း ကားနဲ့ ဗဟိုအမျိုးသမီးဆေးရုံကိုပို့ဆောင်ထားပါတယ်”ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

မီးလောင်မှုအား ကျောက်တံတားမြို့နယ်မီးသတ်စခန်းနှင့် အခြားအသင်းအဖွဲ့များက မိနစ်(၂၀)ခန့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ မြတ္စလင္ကုသိုလ္ျဖစ္ေဆး႐ုံ၌ မီးေလာင္မႈျဖစ္ပြား
သန႔္ဇင္(NP News) - စက္တင္ဘာ ၉

ရန္ကုန္တိုင္း၊ ေက်ာက္တံတားၿမိဳ႕နယ္ရွိ မြတ္စလင္ကုသိုလ္ျဖစ္ေဆး႐ုံတြင္ ေဆး႐ုံအထိုင္ထရန္စေဖာ္မာဝါယာေရွာ့ျဖစ္ရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း လင္းလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာလ ၉ရက္)၊ မြန္းလြဲ ၁နာရီ ၃၅မိနစ္အခ်ိန္အတြင္ ေက်ာက္တံတားၿမိဳ႕ နယ္၊ (၂)ရပ္ကြက္၊ မဟာဗႏၶဳလပန္းၿခံလမ္း၊ အမွတ္(၁၉၆/၂၀၀)ရွိ မြတ္စလင္ကုသိုလ္ျဖစ္ေဆး႐ုံတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါမီးေလာင္မႈေၾကာင့္ လူထိခိုက္မႈႏွင့္ ပ်က္ဆီးဆုံးရႈံးမႈမရွိခဲ့ေသာ္လည္း မီးေလာင္မႈျဖစ္ပြားခဲ့ရာေဆး႐ုံရွိ လူနာ(၃၀)ခန႔္ကို ေဘးလြတ္ရာသို႔ လႊဲေျပာင္းကူညီပို႔ေဆာင္ထားရေၾကာင္း သိရသည္။

“လူထိခိုက္မႈေတာ့မရွိဘူး။ ေဆး႐ုံမွာက ေမြးလူနာရွိတယ္။ မ်က္စိလူနာေတြရွိတယ္။ ခုေမြးလက္စလူနာေတြကိုေတာ့ ကြၽန္မတို႔အသင္း ကားနဲ႔ ဗဟိုအမ်ိဳးသမီးေဆး႐ုံကိုပို႔ေဆာင္ထားပါတယ္”ဟု လင္းလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

မီးေလာင္မႈအား ေက်ာက္တံတားၿမိဳ႕နယ္မီးသတ္စခန္းႏွင့္ အျခားအသင္းအဖြဲ႕မ်ားက မိနစ္(၂၀)ခန႔္ ဝိုင္းဝန္းမီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.