ULA/AA က ခေါ်ဆောင်ထားသည့် ပါတီဒုဥက္ကဋ္ဌ နှင့် ဗဟိုအကြံပေးအဖွဲ့ဝင်ကို အမြန်ဆုံးလွှတ်ပေးရန် ရခိုင့် ဦးဆောင်ပါတီ တောင်းဆို

2014

မျိုးကြီး (NP News) - စက်တင်ဘာ ၁ဝ
ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA က ခေါ်ဆောင်ထားသည့် ပါတီဒုဥက္ကဋ္ဌ နှင့် ဗဟိုအကြံပေးအဖွဲ့ဝင်ကို အမြန်ဆုံး လွှတ်ပေးရန် ရခိုင့်ဦးဆောင်ပါတီက တောင်းဆိုလိုက်သည်။
ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)က ယမန်နေ့(စက်တင်ဘာ ၉ ရက်) တွင် အထက်ပါ ကဲ့သို့ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ရခိုင့်ဦးဆောင်ပါတီမှ ဒုတိယဥက္ကဋ္ဌဦးကျော်ဇောဦး နှင့် ဗဟိုအကြံပေးအဖွဲ့ဝင် ဦးကျော်လွင်တို့သည် ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ နှင့် နိုဝင်ဘာလတို့တွင် ULA/AA အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီး လက်ရှိ အချိန်တွင် တစ်နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။
“အရင်တုန်းကလည်း တရားဝင် statement ထုတ်ပြီးတော့ မတောင်းဆိုဖူးဘူးလေ။ ဒီတစ်ခေါက်တော့ ဦးဥတ္တမနေ့ မှာ မှတ်မှတ်ရရပေါ့နော် လွှတ်ပေးဖို့ တောင်းဆိုတာပါ” ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင် က NP News ကို ပြောသည်။
၎င်းတို့နှစ်ဦးသည် မြန်မာ့နိုင်ငံရေးပဋိပက္ခအား ငြိမ်းချမ်းစွာဖြင့် ဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးနည်းလမ်းကို သက်ဝင်ယုံကြည်ကြပြီး ကြိုးပမ်းအကောင်အထည်ဖော်နေသူများဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီက ဆိုသည်။
“မဖမ်းသင့်ဘူးပေါ့ဗျာ။ ကျွန်တော်တို့လည်းပဲ နိုင်ငံရေးနည်းနဲ့ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးကောင်းဖို့အတွက် ကြိုးစား နေကြတာပဲလေ။ လက်နက်ကိုင်တော်လှန်ရေးကလည်း သူ့နည်းသူ့ဟန်ယုံကြည်ချက်နဲ့သွားတာကို။ အဲဒီတော့ ပါတီနိုင်ငံရေးမှာ လုပ်နေကြတဲ့သူတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က ဖမ်းတယ်ဆီးတယ်ဆိုတာမျိုးက မကောင်းဘူးပေါ့ဗျာ” ဟု ဒေါက်တာအေးမောင်က ဆက်လက်ပြောသည်။
ရခိုင့်ဦးဆောင်ပါတီမှ ဒုဥက္ကဋ္ဌ နှင့် ဗဟိုအကြံပေးအဖွဲ့ဝင်တို့ကို မေးမြန်းစရာရှိသည့်အတွက် ခေါ်ဆောင်ထားခြင်း ဖြစ်ကြောင်း ULA/AA ၏ ပြောခွင့်ရ ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောဆိုခဲ့ဖူးသည်။
“မကြာခင်မှာ တစ်နှစ်ပြည့်တော့မယ်။ ခေါ်ယူထားတယ်လို့ပဲ သူတို့ပြောတာဗျ။ ခေါ်ယူထားတယ်ဆိုရင် အခေါ်ခံရ တဲ့ သူအတွက်လည်း အကျိုးမရှိဘူးလေ။ ခေါ်ယူထားတဲ့အဖွဲ့အစည်းအပေါ်မှာလည်း အကျိုးမရှိဘူးလေ။ ကျွန်တော်တို့ နိုင်ငံရေးပါ တီမှာတော့ အင်အားလျော့သွားတာပေါ့။ သူတို့က လူတော်တွေ၊ လူကောင်းတွေဗျ” ဟု ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင် က ဆိုသည်။
ထို့ကြောင့် ဦးကျော်ဇောဦးနှင့် ဦးကျော်လွင်တို့အား ၎င်းတို့၏ မိသားစုနှင့်အမြန်ဆုံး တွေ့ဆုံခွင့်ရရှိရေး၊ ပါတီဝင်ထု နှင့် အမြန်ဆုံးတွေ့ဆုံခွင့်ရရှိရေးအတွက် ခေါ်ဆောင်ထားသည့် ULA/AA အနေဖြင့် အမြန်ဆုံးလွှတ်ပေးပါရန် ရခိုင့် ဦးဆောင်ပါတီ က တောင်းဆိုထားသည်။

Zawgyi Version;
ULA/AA က ေခၚေဆာင္ထားသည့္ ပါတီဒုဥကၠ႒ ႏွင့္ ဗဟိုအႀကံေပးအဖြဲ႕ဝင္ကို အျမန္ဆုံးလႊတ္ေပးရန္ ရခိုင့္ ဦးေဆာင္ပါတီ ေတာင္းဆို
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၁ဝ
ရခိုင္လက္နက္ကိုင္အဖြဲ႕ ULA/AA က ေခၚေဆာင္ထားသည့္ ပါတီဒုဥကၠ႒ ႏွင့္ ဗဟိုအႀကံေပးအဖြဲ႕ဝင္ကို အျမန္ဆုံး လႊတ္ေပးရန္ ရခိုင့္ဦးေဆာင္ပါတီက ေတာင္းဆိုလိုက္သည္။
ေဒါက္တာေအးေမာင္ ဦးေဆာင္ေသာ ရခိုင့္ဦးေဆာင္ပါတီ(AFP)က ယမန္ေန႔(စက္တင္ဘာ ၉ ရက္) တြင္ အထက္ပါ ကဲ့သို႔ထုတ္ျပန္ကာ ေတာင္းဆိုလိုက္ျခင္းျဖစ္သည္။
ရခိုင့္ဦးေဆာင္ပါတီမွ ဒုတိယဥကၠ႒ဦးေက်ာ္ေဇာဦး ႏွင့္ ဗဟိုအႀကံေပးအဖြဲ႕ဝင္ ဦးေက်ာ္လြင္တို႔သည္ ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာလ ႏွင့္ ႏိုဝင္ဘာလတို႔တြင္ ULA/AA အဖြဲ႕၏ ဖမ္းဆီးေခၚေဆာင္ျခင္းခံခဲ့ရၿပီး လက္ရွိ အခ်ိန္တြင္ တစ္ႏွစ္ျပည့္ေျမာက္ေတာ့မည္ျဖစ္သည္။
“အရင္တုန္းကလည္း တရားဝင္ statement ထုတ္ၿပီးေတာ့ မေတာင္းဆိုဖူးဘူးေလ။ ဒီတစ္ေခါက္ေတာ့ ဦးဥတၱမေန႔ မွာ မွတ္မွတ္ရရေပါ့ေနာ္ လႊတ္ေပးဖို႔ ေတာင္းဆိုတာပါ” ဟု ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ေဒါက္တာေအးေမာင္ က NP News ကို ေျပာသည္။
၎တို႔ႏွစ္ဦးသည္ ျမန္မာ့ႏိုင္ငံေရးပဋိပကၡအား ၿငိမ္းခ်မ္းစြာျဖင့္ ေဆြးေႏြးအေျဖရွာသည့္ ႏိုင္ငံေရးနည္းလမ္းကို သက္ဝင္ယုံၾကည္ၾကၿပီး ႀကိဳးပမ္းအေကာင္အထည္ေဖာ္ေနသူမ်ားျဖစ္ေၾကာင္း ရခိုင့္ဦးေဆာင္ပါတီက ဆိုသည္။
“မဖမ္းသင့္ဘူးေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔လည္းပဲ ႏိုင္ငံေရးနည္းနဲ႔ ကိုယ့္ေဒသ၊ ကိုယ့္လူမ်ိဳးေကာင္းဖို႔အတြက္ ႀကိဳးစား ေနၾကတာပဲေလ။ လက္နက္ကိုင္ေတာ္လွန္ေရးကလည္း သူ႔နည္းသူ႔ဟန္ယုံၾကည္ခ်က္နဲ႔သြားတာကို။ အဲဒီေတာ့ ပါတီႏိုင္ငံေရးမွာ လုပ္ေနၾကတဲ့သူေတြကို လက္နက္ကိုင္အဖြဲ႕အစည္းေတြဘက္က ဖမ္းတယ္ဆီးတယ္ဆိုတာမ်ိဳးက မေကာင္းဘူးေပါ့ဗ်ာ” ဟု ေဒါက္တာေအးေမာင္က ဆက္လက္ေျပာသည္။
ရခိုင့္ဦးေဆာင္ပါတီမွ ဒုဥကၠ႒ ႏွင့္ ဗဟိုအႀကံေပးအဖြဲ႕ဝင္တို႔ကို ေမးျမန္းစရာရွိသည့္အတြက္ ေခၚေဆာင္ထားျခင္း ျဖစ္ေၾကာင္း ULA/AA ၏ ေျပာခြင့္ရ ဦးခိုင္သုခက သတင္းစာရွင္းလင္းပြဲ၌ ထည့္သြင္းေျပာဆိုခဲ့ဖူးသည္။
“မၾကာခင္မွာ တစ္ႏွစ္ျပည့္ေတာ့မယ္။ ေခၚယူထားတယ္လို႔ပဲ သူတို႔ေျပာတာဗ်။ ေခၚယူထားတယ္ဆိုရင္ အေခၚခံရ တဲ့ သူအတြက္လည္း အက်ိဳးမရွိဘူးေလ။ ေခၚယူထားတဲ့အဖြဲ႕အစည္းအေပၚမွာလည္း အက်ိဳးမရွိဘူးေလ။ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးပါ တီမွာေတာ့ အင္အားေလ်ာ့သြားတာေပါ့။ သူတို႔က လူေတာ္ေတြ၊ လူေကာင္းေတြဗ်” ဟု ပါတီဥကၠ႒ေဒါက္တာေအးေမာင္ က ဆိုသည္။
ထို႔ေၾကာင့္ ဦးေက်ာ္ေဇာဦးႏွင့္ ဦးေက်ာ္လြင္တို႔အား ၎တို႔၏ မိသားစုႏွင့္အျမန္ဆုံး ေတြ႕ဆုံခြင့္ရရွိေရး၊ ပါတီဝင္ထု ႏွင့္ အျမန္ဆုံးေတြ႕ဆုံခြင့္ရရွိေရးအတြက္ ေခၚေဆာင္ထားသည့္ ULA/AA အေနျဖင့္ အျမန္ဆုံးလႊတ္ေပးပါရန္ ရခိုင့္ ဦးေဆာင္ပါတီ က ေတာင္းဆိုထားသည္။