မိုးကြိုးစက်ကွင်းခခဲ့သည့် ဓမ္မရာဇကဘုရားအား ပြုပြင်မှုများလုပ်ဆောင်ရန် တစ်လခန့်ကြာမြင့်နိုင်

1935
ယွန်း (NP News) - စက်တင်ဘာ ၁၈
မိုးကြိုးစက်ကွင်းခခဲ့သည့် ပုဂံဒေသရှိ ဓမ္မရာဇကဘုရားအား ပြုပြင်မှုများပြန်လည်လုပ် ဆောင်ရန် အချိန်တစ်လခန့်ကြာမြင့်နိုင်ကြောင်း ပုဂံရှေးဟောင်း သုတေသနထံမှ သိရသည်။

ပုဂံဒေသရှိ ဓမ္မရာဇကဘုရားအား စက်တင်ဘာလ(၁၇)ရက်၊ နေ့လည်(၃)နာရီ (၄၅)မိနစ်အချိန်ခန့်တွင် မိုးကြိုးစက်ကွင်းခခဲ့ကြောင်း သိရသည်။
“ဘုရားအကြီးပါပဲ ဂေါပကတွေထိန်းသိမ်းစောင့်ရှောက်ထားတဲ့ဘုရားပါ။ မိုးမရွာခင်လေးမှာ လျှပ်စီးတွေလက်ပြီး မိုးတွေခြိမ်းတယ် အဲဒီအချိန်မှာ မိုးကြိုးစက်ကွင်းခသွားတာပေါ့။ ခေါင်း လောင်းကနေ အပေါ်ပိုင်း ခရေဖူးအထိကို ကြားထဲမှာ မည်းသွားတယ်။ အကုန်လုံးတော့မဟုတ်ဘူး ကွတ်တိကွက်ကြားပေါ့” ဟု ပုဂံရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူး ဦးမြင့်သန်းက NP News ကို ပြောသည်။
ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ ဓမ္မရာဇကဘုရားကြီးတွင် အုတ်များကွာကျခြင်း၊ ပွင့်ထွက်ခြင်းများကိုမတွေ့ရှိရဘဲ ဘုရားကြီး၏ ခေါင်းလောင်းတော် နှင့် ကြာမှောက်ကြာလှန်ကြားဖောင်းရစ်ပတ်လည်တွင် ရွှေသင်္ကန်းများ မည်းသွားခြင်းများသာရှိကြောင်း သိရသည်။
ဘုရားကြီးအား ပြန်လည်ပြုပြင်မှုများ အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ပြီး အချိန်အားဖြင့် တစ်လခန့်ကြာနိုင်ကြောင်း သိရသည်။
“ပြန်လည်ပြုပြင်တာက သိပ်တော့မကြာဘူး။ တစ်လလောက်ပဲ ကြာနိုင်မှာပါ။ ငြမ်းစင်ရမယ်။ ဝါးတွေဝယ်ရမယ်။ ငြမ်းစင်ရမယ့်ဟာကလည်း ဘယ်လောက်ကြာမလဲမသိသေးဘူးလေ။ အခုက ဘုရားကြီးကလည်းကြီးတယ်။ ငြမ်းကိုသေချာစင်ပြီးမှ ပြုပြင်မှုကိုလုပ်ရမယ်။ငြမ်းတွေဘာတွေပြီးမှ ကျွန်တော်တို့ဌာနအနေနဲ့ ပြုပြင်မှုတွေထိန်းသိမ်းဆောင်ရွက်ပေးရမယ်။ ပြီးရင်တော့ ဂေါပကကနေ ရွှေသင်္ကန်းပြန်ပြီးကပ်ဖို့ လုပ်ရမှာပေါ့”ဟု ၎င်းကဆက် လက်ပြောသည်။
အဆိုပါ ဓမ္မရာဇကဘုရားကြီးသည် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများသည့် ဘုရားတစ်ဆူဖြစ်ပြီး လက်ရှိတွင် ထီးတော်တင်နိုင်ရန်အတွက် ဆောင် ရွက်နေကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဇွန်လ(၆)ရက်ကလည်း မိုးသည်းထန်စွာရွာသွန်း၍ မိုးကြိုးစက်ကွင်းထိမှန်မှုကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဗူးဘုရားအား မိုးကြိုးစက်ကွင်းမိ၍ ပျက်စီး ဆုံးရှုံးမှု အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။
ပုဂံဒေသသို့ ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည် အများအပြား လာရောက်လည်ပတ်လျက်ရှိပြီး ပြည်ပခရီးသွားအများစုသည် ထိုင်းနိုင်ငံမှဖြစ်ကြောင်း ဦးမြင့်သန်းက ဆက်လက်ပြော သည်။

zawgyi version
မိုးႀကိဳးစက္ကြင္းခခဲ့သည့္ ဓမၼရာဇကဘုရားအား ျပဳျပင္မႈမ်ားလုပ္ေဆာင္ရန္ တစ္လခန႔္ၾကာျမင့္ႏိုင္
ယြန္း (NP News) - စက္တင္ဘာ ၁၈
မိုးႀကိဳးစက္ကြင္းခခဲ့သည့္ ပုဂံေဒသရွိ ဓမၼရာဇကဘုရားအား ျပဳျပင္မႈမ်ားျပန္လည္လုပ္ ေဆာင္ရန္ အခ်ိန္တစ္လခန႔္ၾကာျမင့္ႏိုင္ေၾကာင္း ပုဂံေရွးေဟာင္း သုေတသနထံမွ သိရသည္။
ပုဂံေဒသရွိ ဓမၼရာဇကဘုရားအား စက္တင္ဘာလ(၁၇)ရက္၊ ေန႔လည္(၃)နာရီ (၄၅)မိနစ္အခ်ိန္ခန႔္တြင္ မိုးႀကိဳးစက္ကြင္းခခဲ့ေၾကာင္း သိရသည္။
“ဘုရားအႀကီးပါပဲ ေဂါပကေတြထိန္းသိမ္းေစာင့္ေရွာက္ထားတဲ့ဘုရားပါ။ မိုးမ႐ြာခင္ေလးမွာ လွ်ပ္စီးေတြလက္ၿပီး မိုးေတြၿခိမ္းတယ္ အဲဒီအခ်ိန္မွာ မိုးႀကိဳးစက္ကြင္းခသြားတာေပါ့။ ေခါင္း ေလာင္းကေန အေပၚပိုင္း ခေရဖူးအထိကို ၾကားထဲမွာ မည္းသြားတယ္။ အကုန္လုံးေတာ့မဟုတ္ဘူး ကြတ္တိကြက္ၾကားေပါ့” ဟု ပုဂံေရွးေဟာင္းသုေတသနဌာန ၫႊန္ၾကားေရးမႉး ဦးျမင့္သန္းက NP News ကို ေျပာသည္။
ကြင္းဆင္းစစ္ေဆးေတြ႕ရွိခ်က္အရ ဓမၼရာဇကဘုရားႀကီးတြင္ အုတ္မ်ားကြာက်ျခင္း၊ ပြင့္ထြက္ျခင္းမ်ားကိုမေတြ႕ရွိရဘဲ ဘုရားႀကီး၏ ေခါင္းေလာင္းေတာ္ ႏွင့္ ၾကာေမွာက္ၾကာလွန္ၾကားေဖာင္းရစ္ပတ္လည္တြင္ ေ႐ႊသကၤန္းမ်ား မည္းသြားျခင္းမ်ားသာရွိေၾကာင္း သိရသည္။
ဘုရားႀကီးအား ျပန္လည္ျပဳျပင္မႈမ်ား အျမန္ဆုံးေဆာင္႐ြက္သြားမည္ျဖစ္ၿပီး အခ်ိန္အားျဖင့္ တစ္လခန႔္ၾကာႏိုင္ေၾကာင္း သိရသည္။
“ျပန္လည္ျပဳျပင္တာက သိပ္ေတာ့မၾကာဘူး။ တစ္လေလာက္ပဲ ၾကာႏိုင္မွာပါ။ ျငမ္းစင္ရမယ္။ ဝါးေတြဝယ္ရမယ္။ ျငမ္းစင္ရမယ့္ဟာကလည္း ဘယ္ေလာက္ၾကာမလဲမသိေသးဘူးေလ။ အခုက ဘုရားႀကီးကလည္းႀကီးတယ္။ ျငမ္းကိုေသခ်ာစင္ၿပီးမွ ျပဳျပင္မႈကိုလုပ္ရမယ္။ျငမ္းေတြဘာေတြၿပီးမွ ကြၽန္ေတာ္တို႔ဌာနအေနနဲ႔ ျပဳျပင္မႈေတြထိန္းသိမ္းေဆာင္႐ြက္ေပးရမယ္။ ၿပီးရင္ေတာ့ ေဂါပကကေန ေ႐ႊသကၤန္းျပန္ၿပီးကပ္ဖို႔ လုပ္ရမွာေပါ့”ဟု ၎ကဆက္ လက္ေျပာသည္။
အဆိုပါ ဓမၼရာဇကဘုရားႀကီးသည္ ျပည္တြင္း၊ ျပည္ပခရီးသြားဧည့္သည္မ်ား လာေရာက္လည္ပတ္မႈမ်ားသည့္ ဘုရားတစ္ဆူျဖစ္ၿပီး လက္ရွိတြင္ ထီးေတာ္တင္ႏိုင္ရန္အတြက္ ေဆာင္ ႐ြက္ေနေၾကာင္း သိရသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ ဇြန္လ(၆)ရက္ကလည္း မိုးသည္းထန္စြာ႐ြာသြန္း၍ မိုးႀကိဳးစက္ကြင္းထိမွန္မႈေၾကာင့္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမရွိ ဗူးဘုရားအား မိုးႀကိဳးစက္ကြင္းမိ၍ ပ်က္စီး ဆုံးရႈံးမႈ အနည္းငယ္ရွိခဲ့ေၾကာင္း သိရသည္။
ပုဂံေဒသသို႔ ျပည္တြင္း၊ ျပည္ပဘုရားဖူးဧည့္သည္ အမ်ားအျပား လာေရာက္လည္ပတ္လ်က္ရွိၿပီး ျပည္ပခရီးသြားအမ်ားစုသည္ ထိုင္းႏိုင္ငံမွျဖစ္ေၾကာင္း ဦးျမင့္သန္းက ဆက္လက္ေျပာ သည္။