စစ်အာဏာသိမ်းမှုဖြစ်ပွားတယ်ဆိုတဲ့သတင်းတွေကို ကွန်ဂိုအစိုးရ ငြင်းဆန်ပယ်ချ

 1321

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၉

ကွန်ဂိုနိုင်ငံမှာ နှစ်ပေါင်းများစွာကြာ သမ္မတအဖြစ်တာဝန်ယူနေတဲ့ သမ္မတဒီနစ်ဆက်ဆော့ဖ် အမ်ဂက်ဆိုကို ရာထူးက ဖြုတ်ချကာ အာဏာသိမ်းလိုက်တယ်ဆိုတဲ့သတင်းတွေကို ကွန်ဂိုအာဏာပိုင်တွေက ငြင်းဆန်ပယ်ချလိုက်ပါတယ်။

ကွန်ဂိုစစ်တပ်ဟာ သမ္မတအဖြစ် နှစ်ပေါင်း ၄ဝ နီးပါးကြာ တာဝန်ယူခဲ့တဲ့ ဒီနစ်ဆက်ဆောဖ့်ကိုရာထူးက ဖြုတ်ချကာ အာဏာသိမ်းခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းများထွက်ပေါ်ခဲ့ပါတယ်။

အာဖရိကတိုက်အတွင်းရှိ နိုင်ငံအချို့မှာ ပြီးခဲ့တဲ့လပိုင်းအတွင်း ဂါဘွန် နဲ့ နိုင်ဂျာနိုင်ငံတို့မှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ကွန်ဂိုမှာလည်း အာဏာသိမ်းမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ သတင်းများထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကွန်ဂိုအာဏာပိုင်တွေက "ထွက်ပေါ်နေတဲ့သတင်းတွေက ခန့်မှန်းသတင်းတွေပါ။ အာဏာသိမ်းမှုဖြစ်ပွားတာက မှန်ကန်မှုမရှိပါဘူး" လို့ ပြောပါတယ်။

ကွန်ဂိုနိုင်ငံဟာလည်း ပြင်သစ်ကိုလိုနီနိုင်ငံဖြစ်ခဲ့ဖူးပြီး အသက် ၇၉ နှစ်အရွယ်ရှိ သမ္မတ ဒီနစ်ဆက်ဆောဖ့်ဟာ ကွန်ဂိုသမ္မတအဖြစ် ၁၉၇၉ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သလို ၁၉၉၇ ခုနှစ်ကနေ လက်ရှိအချိန်အထိ သမ္မတအဖြစ်တာဝန်ယူနေသူဖြစ်ကြောင်း သိရပါတယ်။

ကွန်ဂိုသမ္မတဟာ အာဖရိတိုက်ရှိ သမ္မတတွေထဲမှာ တတိယသက်တမ်းအရှည်ဆုံး သမ္မတအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။ အာဖရိကတိုက်မှာ ပြီးခဲ့တဲ့လပိုင်းအတွင်း ပြင်သစ်လက်အောက်ခံကိုလိုနီနိုင်ငံဖြစ်ခဲ့ဖူးတဲ့ ဂါဘွန် နဲ့ နိုင်ဂျာတို့မှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး၊ ပြင်သစ်နဲ့ဆက်ဆံရေးကို ဖြတ်တောက်ဖို့ ကြိုးပမ်းလာနေကြောင်း သိရပါတယ်။

ကွန်ဂိုအစိုးရက လက်ရှိအချိန်မှာ ပြည်သူတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်ရှိစေလိုကြောင်း၊အာဏာသိမ်းတယ်ဆိုတဲ့ သတင်းတွေက မှန်ကန်မှုမရှိသေးကြောင်း ပြောပါတယ်။

Zawgyi Version;
စစ္အာဏာသိမ္းမႈျဖစ္ပြားတယ္ဆိုတဲ့သတင္းေတြကို ကြန္ဂိုအစိုးရ ျငင္းဆန္ပယ္ခ်
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၉

ကြန္ဂိုႏိုင္ငံမွာ ႏွစ္ေပါင္းမ်ားစြာၾကာ သမၼတအျဖစ္တာဝန္ယူေနတဲ့ သမၼတဒီနစ္ဆက္ေဆာ့ဖ္ အမ္ဂက္ဆိုကို ရာထူးက ျဖဳတ္ခ်ကာ အာဏာသိမ္းလိုက္တယ္ဆိုတဲ့သတင္းေတြကို ကြန္ဂိုအာဏာပိုင္ေတြက ျငင္းဆန္ပယ္ခ်လိုက္ပါတယ္။

ကြန္ဂိုစစ္တပ္ဟာ သမၼတအျဖစ္ ႏွစ္ေပါင္း ၄ဝ နီးပါးၾကာ တာဝန္ယူခဲ့တဲ့ ဒီနစ္ဆက္ေဆာဖ့္ကိုရာထူးက ျဖဳတ္ခ်ကာ အာဏာသိမ္းခဲ့တယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတင္းမ်ားထြက္ေပၚခဲ့ပါတယ္။

အာဖရိကတိုက္အတြင္းရွိ ႏိုင္ငံအခ်ိဳ႕မွာ ၿပီးခဲ့တဲ့လပိုင္းအတြင္း ဂါဘြန္ နဲ႔ ႏိုင္ဂ်ာႏိုင္ငံတို႔မွာ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ ကြန္ဂိုမွာလည္း အာဏာသိမ္းမႈ ထပ္မံျဖစ္ပြားခဲ့တယ္လို႔ သတင္းမ်ားထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ကြန္ဂိုအာဏာပိုင္ေတြက "ထြက္ေပၚေနတဲ့သတင္းေတြက ခန႔္မွန္းသတင္းေတြပါ။ အာဏာသိမ္းမႈျဖစ္ပြားတာက မွန္ကန္မႈမရွိပါဘူး" လို႔ ေျပာပါတယ္။

ကြန္ဂိုႏိုင္ငံဟာလည္း ျပင္သစ္ကိုလိုနီႏိုင္ငံျဖစ္ခဲ့ဖူးၿပီး အသက္ ၇၉ ႏွစ္အ႐ြယ္ရွိ သမၼတ ဒီနစ္ဆက္ေဆာဖ့္ဟာ ကြန္ဂိုသမၼတအျဖစ္ ၁၉၇၉ ခုႏွစ္ကေန ၁၉၉၂ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့သလို ၁၉၉၇ ခုႏွစ္ကေန လက္ရွိအခ်ိန္အထိ သမၼတအျဖစ္တာဝန္ယူေနသူျဖစ္ေၾကာင္း သိရပါတယ္။

ကြန္ဂိုသမၼတဟာ အာဖရိတိုက္ရွိ သမၼတေတြထဲမွာ တတိယသက္တမ္းအရွည္ဆုံး သမၼတအျဖစ္ သတ္မွတ္ခံထားရသူလည္းျဖစ္ပါတယ္။ အာဖရိကတိုက္မွာ ၿပီးခဲ့တဲ့လပိုင္းအတြင္း ျပင္သစ္လက္ေအာက္ခံကိုလိုနီႏိုင္ငံျဖစ္ခဲ့ဖူးတဲ့ ဂါဘြန္ နဲ႔ ႏိုင္ဂ်ာတို႔မွာ စစ္အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီး၊ ျပင္သစ္နဲ႔ဆက္ဆံေရးကို ျဖတ္ေတာက္ဖို႔ ႀကိဳးပမ္းလာေနေၾကာင္း သိရပါတယ္။

ကြန္ဂိုအစိုးရက လက္ရွိအခ်ိန္မွာ ျပည္သူေတြအေနနဲ႔ တည္တည္ၿငိမ္ၿငိမ္ရွိေစလိုေၾကာင္း၊အာဏာသိမ္းတယ္ဆိုတဲ့ သတင္းေတြက မွန္ကန္မႈမရွိေသးေၾကာင္း ေျပာပါတယ္။

Related news

© 2021. All rights reserved.