အလုပ်ကောင်းရမည်ဟုဆိုကာ ငွေကြေးလိမ်လည်ခံခဲ့ရပြီး ဒုက္ခရောက်နေသည့် မြန်မာအမျိုးသမီးအား မလေးရှားရှိ မြန်မာလူမှုကူညီရေးအသင်း ကူညီခေါ်ဆောင်ထား

1181
NP News - စက်တင်ဘာ ၂၈
အလုပ်ကောင်းရမည်ဟုဆိုကာ ငွေကြေးလိမ်လည်ခံခဲ့ရပြီး ဒုက္ခရောက်နေသည့် မလေးရှားနိုင်ငံရောက် မြန်မာအမျိုးသမီးအား မလေးရှားနိုင်ငံရှိ မြန်မာလူမှုကူညီရေးအသင်းက ကူညီခေါ်ဆောင်ထားကြောင်း သိရသည်။

မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ ယမန်နေ့(စက်တင်ဘာလ ၂၇ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါအမျိုးသမီးသည် မကွေးတိုင်း၊ မင်းဘူးမြို့တွင် နေထိုင်သူ ဒေါ်ပုတင်(၅၀)နှစ်ဖြစ်ပြီး မလေးရှားနိုင်ငံတွင် ငွေရှာရန်အတွက် မြန်မာငွေကျပ်သိန်း(၄၀)အား ပွဲစားကိုပေး၍ မလေးရှားနိုင်ငံသို့ တရားမဝင်ခိုးဝင်ခဲ့ကြောင်း သိရသည်။
၎င်းသည် သန့်ရှင်းရေးအလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီးနောက် မလေးရှားနိုင်ငံ၊ အီပို့မြို့ရှိ စားသောက်ဆိုင်တွင် နှစ်လနီးပါးအလုပ်လုပ်ခဲ့ပြီး အခက်အခဲများရှိခဲ့ခြင်းကြောင့် အွန်လိုင်းပွဲစားများနှင့် ချိတ်ဆက်ခဲ့ကြောင်း အထက်ပါအသင်းထံမှ သိရသည်။
ထို့နောက် စလန်းကောပြည်နယ်၊ ပူချွန်းမြို့သို့ ရောက်ရရှိခဲ့ရာ ပွဲစားက အလုပ်လိုချင်လျှင် ရင်းဂစ် (၇၀၀)ပေးမှသာ အလုပ်ကောင်းရမည်ဟုပြောဆိုခဲ့သဖြင့် အမျိုးသမီးသည် ၎င်းရင်းဂစ် (၇၀၀)ကို ပေးအပ်ခဲ့ကြောင်း အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် အဆိုပါပွဲစားသည် ဒေါ်ပုတင်အား ပူချွန်းမြို့၊ ပရီမာရပ်ကွက် ၊ “ဖူးကော့” စားသောက်ဆိုင်တွင် ထားခဲ့ပြီး (၅)ရက်ကြာမြင့်သည့်တိုင်အောင် ပေါ်မလာခဲ့သဖြင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအား ဖူးကော့စားသောက်ဆိုင်မှ အလုပ်သမားများမှ ကူညီစောင့်ရှောက်ထားပြီး ယမန်နေ့(စက်တင်ဘာခ ၂၇ရက်)တွင် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)သို့ ဆက်သွယ်အကူအညီတောင်းခံလာကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဒေါ်ပုတင်အား မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ ကူညီခေါ်ဆောင်ထားကြောင်း သိရသည်။

zawgyi version
အလုပ္ေကာင္းရမည္ဟုဆိုကာ ေငြေၾကးလိမ္လည္ခံခဲ့ရၿပီး ဒုကၡေရာက္ေနသည့္ ျမန္မာအမ်ိဳးသမီးအား မေလးရွားရွိ ျမန္မာလူမႈကူညီေရးအသင္း ကူညီေခၚေဆာင္ထား
NP News - စက္တင္ဘာ ၂၈
အလုပ္ေကာင္းရမည္ဟုဆိုကာ ေငြေၾကးလိမ္လည္ခံခဲ့ရၿပီး ဒုကၡေရာက္ေနသည့္ မေလးရွားႏိုင္ငံေရာက္ ျမန္မာအမ်ိဳးသမီးအား မေလးရွားႏိုင္ငံရွိ ျမန္မာလူမႈကူညီေရးအသင္းက ကူညီေခၚေဆာင္ထားေၾကာင္း သိရသည္။
ျမန္မာလူမႈကူညီေရးအသင္း(မေလးရွား)မွ ယမန္ေန႔(စက္တင္ဘာလ ၂၇ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
အဆိုပါအမ်ိဳးသမီးသည္ မေကြးတိုင္း၊ မင္းဘူးၿမိဳ႕တြင္ ေနထိုင္သူ ေဒၚပုတင္(၅၀)ႏွစ္ျဖစ္ၿပီး မေလးရွားႏိုင္ငံတြင္ ေငြရွာရန္အတြက္ ျမန္မာေငြက်ပ္သိန္း(၄၀)အား ပြဲစားကိုေပး၍ မေလးရွားႏိုင္ငံသို႔ တရားမဝင္ခိုးဝင္ခဲ့ေၾကာင္း သိရသည္။
၎သည္ သန႔္ရွင္းေရးအလုပ္ကို စတင္လုပ္ကိုင္ခဲ့ၿပီးေနာက္ မေလးရွားႏိုင္ငံ၊ အီပို႔ၿမိဳ႕ရွိ စားေသာက္ဆိုင္တြင္ ႏွစ္လနီးပါးအလုပ္လုပ္ခဲ့ၿပီး အခက္အခဲမ်ားရွိခဲ့ျခင္းေၾကာင့္ အြန္လိုင္းပြဲစားမ်ားႏွင့္ ခ်ိတ္ဆက္ခဲ့ေၾကာင္း အထက္ပါအသင္းထံမွ သိရသည္။
ထို႔ေနာက္ စလန္းေကာျပည္နယ္၊ ပူခြၽန္းၿမိဳ႕သို႔ ေရာက္ရရွိခဲ့ရာ ပြဲစားက အလုပ္လိုခ်င္လွ်င္ ရင္းဂစ္ (၇၀၀)ေပးမွသာ အလုပ္ေကာင္းရမည္ဟုေျပာဆိုခဲ့သျဖင့္ အမ်ိဳးသမီးသည္ ၎ရင္းဂစ္ (၇၀၀)ကို ေပးအပ္ခဲ့ေၾကာင္း အသင္း၏ ထုတ္ျပန္ခ်က္အရ သိရသည္။
သို႔ေသာ္ အဆိုပါပြဲစားသည္ ေဒၚပုတင္အား ပူခြၽန္းၿမိဳ႕၊ ပရီမာရပ္ကြက္ ၊ “ဖူးေကာ့” စားေသာက္ဆိုင္တြင္ ထားခဲ့ၿပီး (၅)ရက္ၾကာျမင့္သည့္တိုင္ေအာင္ ေပၚမလာခဲ့သျဖင့္ အခက္အခဲမ်ားစြာ ႀကဳံေတြ႕ခဲ့ရေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎အား ဖူးေကာ့စားေသာက္ဆိုင္မွ အလုပ္သမားမ်ားမွ ကူညီေစာင့္ေရွာက္ထားၿပီး ယမန္ေန႔(စက္တင္ဘာခ ၂၇ရက္)တြင္ ျမန္မာလူမႈကူညီေရးအသင္း(မေလးရွား)သို႔ ဆက္သြယ္အကူအညီေတာင္းခံလာေၾကာင္း ထုတ္ျပန္ထားသည္။
လက္ရွိတြင္ ေဒၚပုတင္အား ျမန္မာလူမႈကူညီေရးအသင္း(မေလးရွား)မွ ကူညီေခၚေဆာင္ထားေၾကာင္း သိရသည္။