နိုင်ငံ့ဝန်ထမ်းများအားလုံးကို လစာအပြင် လစဥ်(၃၀၀၀၀)ကျပ် ထပ်မံထောက်ပံ့သွားမည်ဟု နစကကြေညာ

1948
ယွန်း (NP News) - စက်တင်ဘာ ၃၀
နိုင်ငံ့ဝန်ထမ်းများအားလုံးကို လစာအပြင် လစဥ်(၃၀၀၀၀)ကျပ် ထပ်မံထောက်ပံ့သွားမည်ဖြစ်ကြောင်း နစကမှထုတ်ပြန်ကြေညာထားသည်။

နစကမှ ယနေ့(စက်တင်ဘာလ ၃၀ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
နိုင်ငံတော်အတွင်းနိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်နေသည့် နိုင်ငံဝန်ထမ်းများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာချောင်လည်စေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးကို ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း နစကမှ အသိပေးထားသည်။
အဆိုပါထုတ်ပြန်ချက်အရ တစ်ဦးကို တစ်လလျှင် လစာအပြင် ငွေကျပ်(၃၀၀၀၀)ကို လစဥ် ပေးသွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
“အရင်ကလည်း တိုးပေးမယ်လို့ ခဏခဏကြားတယ်။ ကုန်ဈေးနှုန်းတွေသာ တက်သွားတာ လစာကတိုးမရဘူးလေ။ အခုကတကယ် ထုတ်ပြန်ချက်နဲ့ဆိုတော့ ကောင်းတာပေါ့။ (၃၀၀၀၀) ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဈေးတွေတက်နေတဲ့အချိန်မှာ တစ်ဖက်တစ်လမ်းကတော့ အထောက်အပံ့ဖြစ်တာပေါ့” ဟု ရန်ကုန်မြို့တွင်းရှိ ကျောင်းဆရာမတစ်ဦးက NP News ကိုပြောသည်။
ထို့ပြင် အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကိုလည်း တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။
အဆိုပါနေ့စားအလုပ်သမားများ၏ လုပ်ခကိုအလုပ်ချိန် တစ်နေ့(၈)နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခငွေကျပ်(၄၈၀၀)ကို အပိုထောက်ပံ့ကြေး အဖြစ် (၁၀၀၀)ကျပ်ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းများအတွက် လက်ရှိ ရရှိနေသည့်လစာအပြင် နိုင်ငံတော်က ထောက်ပံ့မည့်အပိုထောက်ပံ့ ကြေး (၃၀၀၀၀)ကျပ်ကို လာမည့် အောက်တိုဘာလ ၁ ရက်မှစ၍ စတင်ခံစားခွင့်ပြုသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ႏိုင္ငံ့ဝန္ထမ္းမ်ားအားလုံးကို လစာအျပင္ လစဥ္(၃၀၀၀၀)က်ပ္ ထပ္မံေထာက္ပံ့သြားမည္ဟု နစကေၾကညာ
ယြန္း (NP News) - စက္တင္ဘာ ၃၀
ႏိုင္ငံ့ဝန္ထမ္းမ်ားအားလုံးကို လစာအျပင္ လစဥ္(၃၀၀၀၀)က်ပ္ ထပ္မံေထာက္ပံ့သြားမည္ျဖစ္ေၾကာင္း နစကမွထုတ္ျပန္ေၾကညာထားသည္။
နစကမွ ယေန႔(စက္တင္ဘာလ ၃၀ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ေၾကညာထားျခင္းျဖစ္သည္။
ႏိုင္ငံေတာ္အတြင္းႏိုင္ငံေတာ္၏ တာဝန္ကိုထမ္းေဆာင္ေနသည့္ ႏိုင္ငံဝန္ထမ္းမ်ား၊ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) ဝန္ထမ္းမ်ား၏ စားဝတ္ေနေရးသက္သာေခ်ာင္လည္ေစရန္အတြက္ လက္ရွိလစာအျပင္ အပိုေထာက္ပံ့ေၾကးကို ထပ္မံေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း နစကမွ အသိေပးထားသည္။
အဆိုပါထုတ္ျပန္ခ်က္အရ တစ္ဦးကို တစ္လလွ်င္ လစာအျပင္ ေငြက်ပ္(၃၀၀၀၀)ကို လစဥ္ ေပးသြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
“အရင္ကလည္း တိုးေပးမယ္လို႔ ခဏခဏၾကားတယ္။ ကုန္ေဈးႏႈန္းေတြသာ တက္သြားတာ လစာကတိုးမရဘူးေလ။ အခုကတကယ္ ထုတ္ျပန္ခ်က္နဲ႔ဆိုေတာ့ ေကာင္းတာေပါ့။ (၃၀၀၀၀) ဆိုေတာ့လည္း ဘာပဲျဖစ္ျဖစ္ ေဈးေတြတက္ေနတဲ့အခ်ိန္မွာ တစ္ဖက္တစ္လမ္းကေတာ့ အေထာက္အပံ့ျဖစ္တာေပါ့” ဟု ရန္ကုန္ၿမိဳ႕တြင္းရွိ ေက်ာင္းဆရာမတစ္ဦးက NP News ကိုေျပာသည္။
ထို႔ျပင္ အစိုးရဌာနမ်ားႏွင့္ အဖြဲ႕အစည္းမ်ားရွိ ေန႔စားအလုပ္သမားမ်ား၏ လုပ္ခကိုလည္း တိုးျမႇင့္ေပးလိုက္ေၾကာင္း သိရသည္။
အဆိုပါေန႔စားအလုပ္သမားမ်ား၏ လုပ္ခကိုအလုပ္ခ်ိန္ တစ္ေန႔(၈)နာရီအတြက္ လက္ရွိသတ္မွတ္ထားေသာ လုပ္ခေငြက်ပ္(၄၈၀၀)ကို အပိုေထာက္ပံ့ေၾကး အျဖစ္ (၁၀၀၀)က်ပ္ထပ္မံတိုးျမႇင့္ေပးလိုက္ေၾကာင္း သိရသည္။
ႏိုင္ငံ့ဝန္ထမ္းမ်ားအတြက္ လက္ရွိ ရရွိေနသည့္လစာအျပင္ ႏိုင္ငံေတာ္က ေထာက္ပံ့မည့္အပိုေထာက္ပံ့ ေၾကး (၃၀၀၀၀)က်ပ္ကို လာမည့္ ေအာက္တိုဘာလ ၁ ရက္မွစ၍ စတင္ခံစားခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။