တာလေမြို့၌ အသက် (၅ဝ)ကျော်အရွယ် ညီအစ်ကိုနှစ်ဦး စကားများရန်ဖြစ်ရာမှ ဓါးခုတ်မှုဖြစ်ပွား

1035
စော (NP News) - အောက်တိုဘာ ၂
ရှမ်းပြည်နယ်၊ တာလေမြို့၊ နားယောင်းအုပ်စုတွင် အသက် (၅ဝ)ကျော်အရွယ် ညီအစ်ကိုနှစ်ဦး စကားများရန်ဖြစ်ရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာ ၁ ရက်)၊ ည (၇)နာရီအချိန်တွင် တာလေမြို့၊ ဝမ်ဆာမြို့တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လောကပါလပရဟိတအသင်းထံမှ သိရသည်။
“ဘေးအိမ်ကလာပြောတဲ့လူက ဘယ်သူက အငယ်လဲ၊ အကြီးလဲတော့ သေချာမပြောဘူး။ တစ်ယောက်က အရက် မူးလာတယ်။ မူးပြီးတော့ ရစ်တယ်ပြောတယ်။ အဲဒီမှာပဲ ညီအစ်ကိုနှစ်ယောက် စကားများရန်ဖြစ်ပြီးတော့ ဓားနဲ့ ခုတ်ကြတာတဲ့။ ခဏခဏ သူတို့ကရန်ဖြစ်တယ်ပေါ့။ အသက်ကတော့ (၅ဝ)ကျော်တွေပါ” ဟု လောကပါလ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦးမှာ ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာရခဲ့ပြီး ကျန်အမျိုးသားတစ်ဦးမှာ လက်၊ ခြေထောက် အပြင် ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် ၎င်းတို့ကို လောကပါလပရဟိတအသင်းက တာလေဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Zawgyi Version;
တာေလၿမိဳ႕၌ အသက္ (၅ဝ)ေက်ာ္အ႐ြယ္ ညီအစ္ကိုႏွစ္ဦး စကားမ်ားရန္ျဖစ္ရာမွ ဓါးခုတ္မႈျဖစ္ပြား
ေစာ (NP News) - ေအာက္တိုဘာ ၂
ရွမ္းျပည္နယ္၊ တာေလၿမိဳ႕၊ နားေယာင္းအုပ္စုတြင္ အသက္ (၅ဝ)ေက်ာ္အ႐ြယ္ ညီအစ္ကိုႏွစ္ဦး စကားမ်ားရန္ျဖစ္ရာမွ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေအာက္တိုဘာ ၁ ရက္)၊ ည (၇)နာရီအခ်ိန္တြင္ တာေလၿမိဳ႕၊ ဝမ္ဆာၿမိဳ႕တြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေလာကပါလပရဟိတအသင္းထံမွ သိရသည္။
“ေဘးအိမ္ကလာေျပာတဲ့လူက ဘယ္သူက အငယ္လဲ၊ အႀကီးလဲေတာ့ ေသခ်ာမေျပာဘူး။ တစ္ေယာက္က အရက္ မူးလာတယ္။ မူးၿပီးေတာ့ ရစ္တယ္ေျပာတယ္။ အဲဒီမွာပဲ ညီအစ္ကိုႏွစ္ေယာက္ စကားမ်ားရန္ျဖစ္ၿပီးေတာ့ ဓားနဲ႔ ခုတ္ၾကတာတဲ့။ ခဏခဏ သူတို႔ကရန္ျဖစ္တယ္ေပါ့။ အသက္ကေတာ့ (၅ဝ)ေက်ာ္ေတြပါ” ဟု ေလာကပါလ ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ အမ်ိဳးသားတစ္ဦးမွာ ဦးေခါင္းတြင္ ျပတ္ရွဒဏ္ရာရခဲ့ၿပီး က်န္အမ်ိဳးသားတစ္ဦးမွာ လက္၊ ေျခေထာက္ အျပင္ ဦးေခါင္းတြင္ ျပတ္ရွဒဏ္ရာ အနည္းငယ္ရရွိခဲ့ေၾကာင္း ၎က ဆိုသည္။
လက္ရွိတြင္ ၎တို႔ကို ေလာကပါလပရဟိတအသင္းက တာေလေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။