ရွေးကောက်ပွဲအတွက် ဟာသလူရွှင်တော်များကို အနုပညာအင်အားဖြင့်ပါဝင်ကူညီရန် ပြန်ကြားရေး ဒုဝန်ကြီး ပြော

417

Pearl (NP News) - ဇူလိုင် ၇
ရွေးကောက်ပွဲအတွက် ဟာသလူရွှင်တော်များကို အနုပညာအင်အားဖြင့်ပါဝင်ကူညီရန် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က သက်ကြီးဟာသ လူရွှင်တော်ကြီးများပူဇော် ကန်တော့ပွဲအခမ်းအနားက ပြောကြားခဲ့သည်။
(၁၅) ကြိမ်မြောက် အသက် (၆၅) နှစ်အထက် သက်ကြီးဟာသ လူရွှင်တော်ကြီးများပူဇော် ကန်တော့ပွဲအခမ်းအနားကို ယနေ့ (ဇူလိုင်လ ၇ရက်)တွင် ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ဒဂုံမြို့နယ်၊ (၄၈) ရပ်ကွက်၊ မိဘကျေးဇူးဆပ်ဘုရားဝန်း အတွင်းရှိ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး (ရန်ကုန်တိုင်း) ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနား၌ ဒုဝန်ကြီး ဦးရဲတင့်က ဟာသပညာရှင်များအနေဖြင့် ပြည်သူများကို ဖျော်ဖြေပေးရုံသာမက နိုင်ငံတော်အကျိုးပြုသည့် လုပ်ငန်းများတွင် ဆက်လက်၍ ပါဝင်ပူးပေါင်း၍ အကျိုးပြုမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
"ပြည်သူများကို ဖျော်ဖြေပေးရုံသာ မက နိုင်ငံတော်ကို အကျိုးပြုတဲ့ လုပ်ငန်းတွေမှာလည်း များစွာ လက်တွဲဆောင်ရွက်ခဲ့တာကို ကျေးဇူးတင်ပါတယ်။ ဂုဏ်ပြုပါတယ်။ မှတ်တမ်းတင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း နိုင်ငံတော်ကို အခုလို အကျိုးပြုရင်းနဲ့ ပြည်သူတွေကို အပန်းပြေပျော်ရွှင်အောင် ဖန်တီး ပေးနိုင်ကြမယ်။ တနည်းအားဖြင့်တော့ ဟာသပညာနဲ့ ဘက်ပေါင်းစုံက အကျိုးပြုနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟု ဦးရဲတင့်က ပြောသည်။
ထို့ပြင် လာမည့် ရွေးကောက်ပွဲဲကို အောင်မြင်ထမြောက်စေရေးအတွက် ပြည်သူများအား ဟာသပညာရှင်များအနေဖြင့် စည်းရုံးမှုများဆောင်ရွက်ရာတွင်လည်း ကူညီပေးရန် ထည့်သွင်းပြောကြားခဲ့သည်။
"ဒီလိုကာလ အဖျက်အမှောက်တွေ များနေတဲ့ကာလမှာ အန္တရာယ်ကြီးပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့က လုပ်လည်းလုပ်ပါ။ အန္တရာယ်ကင်းအောင်လည်း လုပ်ကြပါလို့ တစ်ဖက်တစ်လှမ်းက မှာကြားချင်ပါတယ်။ ဒါပေမယ့် လုပ်သင့်တဲ့ အလုပ်ကို လုပ်သင့်တာမှန်ရင် လုပ်မယ်ဆိုတဲ့ အစည်းအရုံးရဲ့ ဆောင်ရွက်နေမှုများကို ကျေးဇူးတင်ပါတယ်။ နောက် အားလုံးလည်းသိပါတယ်။ မပါလည်း မပြီးဘူး ပါရဦးမှာပဲ။ နိုင်ငံတော်က ပြောထားပြီးပြီ။ မကြာခင်မှာ ရွေးကောက်ပွဲလုပ်ဖို့ရှိပါတယ်။ ဒီမှာလည်း အနုပညာ အင်အားနဲ့ ပြည်သူလူထုကို ရွေးကောက်ပွဲကြီး အောင်မြင်အောင် စည်းရုံးတာတွေ လှုပ်ဆော်တာတွေ လုပ်ဖို့ရှိပါတယ်။ ဒါလည်း အားကိုးပါတယ်။ ပါမှာပါပဲ ဒီအဖွဲ့က။ ဒါလေးလည်း ပြောချင်ပါတယ်"ဟု ဦးရဲတင့်က ဆက်လက်ပြောသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲအတြက္ ဟာသလူ႐ႊင္ေတာ္မ်ားကို အႏုပညာအင္အားျဖင့္ပါဝင္ကူညီရန္ ျပန္ၾကားေရး ဒုဝန္ႀကီး ေျပာ
Pearl (NP News) - ဇူလိုင္ ၇
ေ႐ြးေကာက္ပြဲအတြက္ ဟာသလူ႐ႊင္ေတာ္မ်ားကို အႏုပညာအင္အားျဖင့္ပါဝင္ကူညီရန္ ျပန္ၾကားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးရဲတင့္က သက္ႀကီးဟာသ လူ႐ႊင္ေတာ္ႀကီးမ်ားပူေဇာ္ ကန္ေတာ့ပြဲအခမ္းအနားက ေျပာၾကားခဲ့သည္။
(၁၅) ႀကိမ္ေျမာက္ အသက္ (၆၅) ႏွစ္အထက္ သက္ႀကီးဟာသ လူ႐ႊင္ေတာ္ႀကီးမ်ားပူေဇာ္ ကန္ေတာ့ပြဲအခမ္းအနားကို ယေန႔ (ဇူလိုင္လ ၇ရက္)တြင္ ရန္ကုန္တိုင္းေဒသႀကီး ၊ ေျမာက္ဒဂုံၿမိဳ႕နယ္၊ (၄၈) ရပ္ကြက္၊ မိဘေက်းဇူးဆပ္ဘုရားဝန္း အတြင္းရွိ ျမန္မာႏိုင္ငံ ဟာသပညာရွင္မ်ားအစည္းအ႐ုံး (ရန္ကုန္တိုင္း) ၌ က်င္းပခဲ့ျခင္းျဖစ္သည္။
အဆိုပါအခမ္းအနား၌ ဒုဝန္ႀကီး ဦးရဲတင့္က ဟာသပညာရွင္မ်ားအေနျဖင့္ ျပည္သူမ်ားကို ေဖ်ာ္ေျဖေပး႐ုံသာမက ႏိုင္ငံေတာ္အက်ိဳးျပဳသည့္ လုပ္ငန္းမ်ားတြင္ ဆက္လက္၍ ပါဝင္ပူးေပါင္း၍ အက်ိဳးျပဳမည္ဟု ယုံၾကည္ေၾကာင္း ေျပာၾကားခဲ့သည္။
"ျပည္သူမ်ားကို ေဖ်ာ္ေျဖေပး႐ုံသာ မက ႏိုင္ငံေတာ္ကို အက်ိဳးျပဳတဲ့ လုပ္ငန္းေတြမွာလည္း မ်ားစြာ လက္တြဲေဆာင္႐ြက္ခဲ့တာကို ေက်းဇူးတင္ပါတယ္။ ဂုဏ္ျပဳပါတယ္။ မွတ္တမ္းတင္ပါတယ္။ ေရွ႕ဆက္ၿပီးေတာ့လည္း ႏိုင္ငံေတာ္ကို အခုလို အက်ိဳးျပဳရင္းနဲ႔ ျပည္သူေတြကို အပန္းေျပေပ်ာ္႐ႊင္ေအာင္ ဖန္တီး ေပးႏိုင္ၾကမယ္။ တနည္းအားျဖင့္ေတာ့ ဟာသပညာနဲ႔ ဘက္ေပါင္းစုံက အက်ိဳးျပဳႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္" ဟု ဦးရဲတင့္က ေျပာသည္။
ထို႔ျပင္ လာမည့္ ေ႐ြးေကာက္ပြဲဲကို ေအာင္ျမင္ထေျမာက္ေစေရးအတြက္ ျပည္သူမ်ားအား ဟာသပညာရွင္မ်ားအေနျဖင့္ စည္း႐ုံးမႈမ်ားေဆာင္႐ြက္ရာတြင္လည္း ကူညီေပးရန္ ထည့္သြင္းေျပာၾကားခဲ့သည္။
"ဒီလိုကာလ အဖ်က္အေမွာက္ေတြ မ်ားေနတဲ့ကာလမွာ အႏၲရာယ္ႀကီးပါတယ္။ ဒီအတြက္လည္း ကြၽန္ေတာ္တို႔က လုပ္လည္းလုပ္ပါ။ အႏၲရာယ္ကင္းေအာင္လည္း လုပ္ၾကပါလို႔ တစ္ဖက္တစ္လွမ္းက မွာၾကားခ်င္ပါတယ္။ ဒါေပမယ့္ လုပ္သင့္တဲ့ အလုပ္ကို လုပ္သင့္တာမွန္ရင္ လုပ္မယ္ဆိုတဲ့ အစည္းအ႐ုံးရဲ႕ ေဆာင္႐ြက္ေနမႈမ်ားကို ေက်းဇူးတင္ပါတယ္။ ေနာက္ အားလုံးလည္းသိပါတယ္။ မပါလည္း မၿပီးဘူး ပါရဦးမွာပဲ။ ႏိုင္ငံေတာ္က ေျပာထားၿပီးၿပီ။ မၾကာခင္မွာ ေ႐ြးေကာက္ပြဲလုပ္ဖို႔ရွိပါတယ္။ ဒီမွာလည္း အႏုပညာ အင္အားနဲ႔ ျပည္သူလူထုကို ေ႐ြးေကာက္ပြဲႀကီး ေအာင္ျမင္ေအာင္ စည္း႐ုံးတာေတြ လႈပ္ေဆာ္တာေတြ လုပ္ဖို႔ရွိပါတယ္။ ဒါလည္း အားကိုးပါတယ္။ ပါမွာပါပဲ ဒီအဖြဲ႕က။ ဒါေလးလည္း ေျပာခ်င္ပါတယ္"ဟု ဦးရဲတင့္က ဆက္လက္ေျပာသည္။