အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရေကြီးမှုများကြောင့် အနည်းဆုံး လူ(၁၄)ဦးသေဆုံးကာ အခြားလူ(၁ဝ၂)ဦး ပျောက်ဆုံးနေ

 913

Pika (NP News) - အောက်တိုဘာ ၅

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ တောင်ကြားချိုင့်ဝှမ်းဒေသတစ်ခုတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ရေကြီးမှု များကြောင့် အနည်းဆုံးလူ(၁၄)ဦးသေဆုံးခဲ့ပြီး စစ်သား(၂၂)ဦး အပါအဝင် အခြားလူ(၁ဝ၂)ဦး ပျောက်ဆုံးနေ ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ ရေကြီးမှုများကြောင့် လူပေါင်း(၂၂ဝဝဝ)ခန့် ရေဘေးသင့်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက"Teesta မြစ်မှာ ရေလျှံမှုတွေနဲ့အတူ ကားလမ်းတွေ၊တံတားတွေကို ရေလွှမ်း ခဲ့ပါတယ်။ လမ်းတွေလည်း ပျက်စီးခဲ့ပြီး တံတားတွေလည်း ရေစီးနဲ့ မျောပါသွားခဲ့ပါတယ်။ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်" ဟု ပြောခဲ့သည်။

ရေကြီးမှုများကြောင့် အောက်တိုဘာလ(၅)ရက် အစောပိုင်းအထိ လူပေါင်း(၂၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြားလူ (၁ဝ၂)ဦး ပျောက်ဆုံးနေကြောင်း Sikkim ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အေဂျင်စီက ပြောကြားခဲ့ သည်။

ထို့အပြင် ရေကြီးမှုများကြောင့် တံတား(၁၁)စင်းလည်း ရေစီးနှင့်မျောပါသွားခဲ့ကြောင်း အဆိုပါအေဂျင်စီက ထပ်မံ ပြောကြားခဲ့သည်။ ရေကြီးမှုများကြောင့် နေအိမ်အများအပြား ပြိုကျပျက်စီးခဲ့ပြီး စစ်အခြေစိုက်စခန်းနှင့် အခြား အဆောက်အဦးများ ထိခိုက်ပျက်စီးကာ စစ်ယာဉ်များ ရေနစ်မြုပ်သွားသည်ကို ANI သတင်းဌာနတွင် တင်ထားသော ဗီဒီယိုဖိုင်ထဲတွင် တွေ့မြင်ခဲ့ရသည်။

လာမည့်နှစ်ရက်အတွင်း Sikkim ပြည်နယ်ရှိ နေရာအများအပြားနှင့် အခြားပြည်နယ်များတွင် မိုးဆက်လက် ရွာသွန်းနိုင်ဖွယ်ရှိသောကြောင့် မြေပြိုမှုများနှင့် လေကြောင်းခရီးစဉ်များ နှောင့်နှေးနိုင်ဖွယ်ရှိနေကြောင်း မိုးလေဝသဌာနက သတိပေးထားသည်။ ပြီးခဲ့သည့်လများအတွင်း အိန္ဒိယနိုင်ငံ၏ တောင်တန်းဒေသများနှင့် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံ နှင့် နီပေါနိုင်ငံတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် လူအများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

Zawgyi Version;
အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္းတြင္ ေရႀကီးမႈမ်ားေၾကာင့္ အနည္းဆုံး လူ(၁၄)ဦးေသဆုံးကာ အျခားလူ(၁ဝ၂)ဦး ေပ်ာက္ဆုံးေန
Pika (NP News) - ေအာက္တိုဘာ ၅

အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္းရွိ ေတာင္ၾကားခ်ိဳင့္ဝွမ္းေဒသတစ္ခုတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈႏွင့္အတူ ေရႀကီးမႈ မ်ားေၾကာင့္ အနည္းဆုံးလူ(၁၄)ဦးေသဆုံးခဲ့ၿပီး စစ္သား(၂၂)ဦး အပါအဝင္ အျခားလူ(၁ဝ၂)ဦး ေပ်ာက္ဆုံးေန ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားႏွင့္အတူ ေရႀကီးမႈမ်ားေၾကာင့္ လူေပါင္း(၂၂ဝဝဝ)ခန႔္ ေရေဘးသင့္ခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။
စစ္တပ္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက"Teesta ျမစ္မွာ ေရလွ်ံမႈေတြနဲ႔အတူ ကားလမ္းေတြ၊တံတားေတြကို ေရလႊမ္း ခဲ့ပါတယ္။ လမ္းေတြလည္း ပ်က္စီးခဲ့ၿပီး တံတားေတြလည္း ေရစီးနဲ႔ ေမ်ာပါသြားခဲ့ပါတယ္။ ရွာေဖြ ကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္" ဟု ေျပာခဲ့သည္။

ေရႀကီးမႈမ်ားေၾကာင့္ ေအာက္တိုဘာလ(၅)ရက္ အေစာပိုင္းအထိ လူေပါင္း(၂၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အျခားလူ (၁ဝ၂)ဦး ေပ်ာက္ဆုံးေနေၾကာင္း Sikkim ျပည္နယ္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရး ေအဂ်င္စီက ေျပာၾကားခဲ့ သည္။

ထို႔အျပင္ ေရႀကီးမႈမ်ားေၾကာင့္ တံတား(၁၁)စင္းလည္း ေရစီးႏွင့္ေမ်ာပါသြားခဲ့ေၾကာင္း အဆိုပါေအဂ်င္စီက ထပ္မံ ေျပာၾကားခဲ့သည္။ ေရႀကီးမႈမ်ားေၾကာင့္ ေနအိမ္အမ်ားအျပား ၿပိဳက်ပ်က္စီးခဲ့ၿပီး စစ္အေျခစိုက္စခန္းႏွင့္ အျခား အေဆာက္အဦးမ်ား ထိခိုက္ပ်က္စီးကာ စစ္ယာဥ္မ်ား ေရနစ္ျမဳပ္သြားသည္ကို ANI သတင္းဌာနတြင္ တင္ထားေသာ ဗီဒီယိုဖိုင္ထဲတြင္ ေတြ႕ျမင္ခဲ့ရသည္။

လာမည့္ႏွစ္ရက္အတြင္း Sikkim ျပည္နယ္ရွိ ေနရာအမ်ားအျပားႏွင့္ အျခားျပည္နယ္မ်ားတြင္ မိုးဆက္လက္ ႐ြာသြန္းႏိုင္ဖြယ္ရွိေသာေၾကာင့္ ေျမၿပိဳမႈမ်ားႏွင့္ ေလေၾကာင္းခရီးစဥ္မ်ား ေႏွာင့္ေႏွးႏိုင္ဖြယ္ရွိေနေၾကာင္း မိုးေလဝသဌာနက သတိေပးထားသည္။ ၿပီးခဲ့သည့္လမ်ားအတြင္း အိႏၵိယႏိုင္ငံ၏ ေတာင္တန္းေဒသမ်ားႏွင့္ အိမ္နီးခ်င္း ပါကစၥတန္ႏိုင္ငံ ႏွင့္ နီေပါႏိုင္ငံတို႔တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားႏွင့္အတူ ေရႀကီးမႈမ်ားႏွင့္ ေျမၿပိဳမႈမ်ားေၾကာင့္ လူအမ်ားအျပားေသဆုံးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.