စစ်ပွဲကို ကရင်လူထုအများစုက မလိုလားသော်လည်း စစ်ပွဲကိုအမှီပြု အကျိုးအမြတ်ရနေသူအချို့က တိုက်ပွဲများကို ဖန်တီးနေဟု ပဒိုရွှေမောင်း ဝေဖန်

5759

မြူနစ် (NP News) - အောက်တိုဘာ ၆
ကရင်လူထုအများစုက စစ်ပွဲကို မလိုလားသော်လည်း စစ်ပွဲကိုအမှီပြုကာ အကျိုးအမြတ်ရနေသူအချို့က တိုက်ပွဲများကို ဖန်တီးနေကြောင်း ပဒိုရွှေမောင်းက ဝေဖန်ပြောကြားသည်။
KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းအား NP News သတင်းဌာနက သီးသန့်တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ရာ တွင် ၎င်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ်အတွင်းရှိ ကရင်လူထုအများစုသည် စစ်ပွဲများကို မလိုလားကြောင်းနှင့် တိုက်ပွဲများမဖြစ်ရန် တောင်းဆိုနေမှုများရှိကြောင်း သိရသည်။
“ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ငြိမ်းဖို့က လူထုအများစုရဲ့ဆန္ဒပါ။ ငြိမ်းချမ်းစေချင်တယ်။ စစ်ပွဲကို ရပ်စေချင်တယ်။ စစ်ပွဲ နောက်ထပ်မဖြစ်စေချင်ဘူး။ အဲဒါက လူထုတွေရဲ့အများစုဆန္ဒပါ။ ဒါပေမယ့် နှစ်ရှည်လများ စစ်ပွဲတွေ ဖြစ်ပေါ်လာ တဲ့အပေါ်မှာ စစ်ကြောင့် အကျိုးဖြစ်ထွန်းမှု၊ သူတို့အတွက် အကျိုးစေရှိတဲ့ဟာတွေ စစ်ပွဲကို ဖန်တီးပြီးတော့မှ အကျိုးအမြတ်ရရှိအောင် လုပ်နေတဲ့လူတစ်ချို့ ရှိနေသလိုပဲလို့ ကျွန်တော်အနေနဲ့ အဲဒီလိုမျိုးပဲပြောချင်တယ်။ ဘာဖြစ်လဲဆိုတော့ စစ်ကို အမှီပြုပြီးတော့မှ အကျိုးဖြစ်ထွန်းတဲ့ လူတွေပေါ့နော်။ စစ်ကိုအကြောင်းပြုပြီးတော့မှ သူတို့ရဲ့အကျိုးရှိအောင်၊ သူတို့အကျိုးစီးပွားဖြစ်ထွန်းနေတဲ့ လူတစ်ချို့ရှိတာပေါ့နော်။ အဲဒါအနည်းစုပေါ့။ အဲဒီ လူတွေကတော့ စစ်ပွဲကို မဖြစ်ဖြစ်အောင် ဖန်တီးလိုတဲ့ဆောင်ရွက်မှုကတော့ ရှိနေတယ်” ဟု ပဒိုရွှေမောင်းက ပြောသည်။
လက်ရှိတွင် ကရင်ပြည်နယ်အတွင်း၌ ဖြစ်ပေါ်နေသော တိုက်ပွဲများသည် လူထု၏တောင်းဆိုမှုအရ ဖြစ်ပေါ်လာ သည့်တိုက်ပွဲများ မဟုတ်ကြောင်းနှင့် စစ်ပွဲကို အမှီပြုကာ ကိုယ်ကျိုးရှာနေသူအချို့က ဖန်တီးနေသည့် တိုက်ပွဲများ သာဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။
ဆက်လက်ပြီး ပဒိုရွှေမောင်းက “ဘယ်လူထုကမှ တိုက်ပွဲကို ပြန်ဖော်ပါ။ ဗမာ့တပ်မတော်ကို တစ်ခါတည်း အကုန်အစင် သုတ်သင်ရှင်းလင်းတိုက်ခိုက်ပစ်လိုက်ပါလို့ တောင်းဆိုတဲ့လူထုတွေကိုတော့ ကျွန်တော် မတွေ့ဘူး။ ဒါပေမယ့် စနစ်ပေါ့နော်။ စစ်ကိုဖြစ်စေတဲ့ စနစ်ကိုတော့ သူတို့ မလိုချင်တာတော့ အမှန်ပဲ။ သို့ပေမယ့် တိုက်ပွဲကို တော့ သူတို့ မလိုချင်ပါ ဘူး” ဟု ပြောသည်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် ကရင်ပြည်နယ် အတွင်း၌ KNU အဖွဲ့အစည်းလက်အောက်ရှိ KNLA၊ NUG လက်အောက်ရှိ PDF ပူးပေါင်းအဖွဲ့များ နှင့် တပ်မတော်တို့အကြားတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
“လူတွေကတော့ ဒုက္ခရောက်နေပြီ။ ကျွန်တော်တို့ ဒေသမှာဆိုလို့ရှိရင်လည်းပဲ စစ်ကြောင့် ပြေးရှောင်နေရတယ်။ အိုးအိမ်တွေလည်း ပျက်တယ်။ ပြေးနေရတယ်ဆိုတော့ ရှိသမျှဟာတွေ အကုန်လုံးပျက်စီးကုန်ပြီ။ အခုဆိုလို့ရှိရင် စစ်ဖြစ်တဲ့နေရာ ကျေးရွာလူထုအများစုကတော့ ဒုက္ခရောက်ကုန်ပြီဖြစ်တယ်။ ဒါကြောင့်မို့လို့ ရှေ့ဆက် လူထုတွေ တွေ့ကြုံနေရတဲ့အခက်အခဲတွေကနေ လွတ်ကင်းဖို့အတွက်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေ အကုန်လုံး ပြန်လည်သင့်မြတ်အောင် ဆောင်ရွက်ဖို့ လိုတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ပြည်သူလူထုခံစားနေရသည့် ဒုက္ခဆင်းရဲများမှ ကင်းဝေးစေရန်အတွက် လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာကြရန်လည်း KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းက မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

Zawgyi Version;
စစ္ပြဲကို ကရင္လူထုအမ်ားစုက မလိုလားေသာ္လည္း စစ္ပြဲကိုအမွီျပဳ အက်ိဳးအျမတ္ရေနသူအခ်ိဳ႕က တိုက္ပြဲမ်ားကို ဖန္တီးေနဟု ပဒိုေ႐ႊေမာင္း ေဝဖန္
ျမဴနစ္ (NP News) - ေအာက္တိုဘာ ၆
ကရင္လူထုအမ်ားစုက စစ္ပြဲကို မလိုလားေသာ္လည္း စစ္ပြဲကိုအမွီျပဳကာ အက်ိဳးအျမတ္ရေနသူအခ်ိဳ႕က တိုက္ပြဲမ်ားကို ဖန္တီးေနေၾကာင္း ပဒိုေ႐ႊေမာင္းက ေဝဖန္ေျပာၾကားသည္။
KNU ေကာ့ကရိတ္ခ႐ိုင္ဥကၠ႒ ပဒိုေ႐ႊေမာင္းအား NP News သတင္းဌာနက သီးသန႔္ေတြ႕ဆုံေမးျမန္းမႈျပဳလုပ္ခဲ့ရာ တြင္ ၎က အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
ကရင္ျပည္နယ္အတြင္းရွိ ကရင္လူထုအမ်ားစုသည္ စစ္ပြဲမ်ားကို မလိုလားေၾကာင္းႏွင့္ တိုက္ပြဲမ်ားမျဖစ္ရန္ ေတာင္းဆိုေနမႈမ်ားရွိေၾကာင္း သိရသည္။
“ဒီစစ္ပြဲကို အဆုံးသတ္ဖို႔ ၿငိမ္းဖို႔က လူထုအမ်ားစုရဲ႕ဆႏၵပါ။ ၿငိမ္းခ်မ္းေစခ်င္တယ္။ စစ္ပြဲကို ရပ္ေစခ်င္တယ္။ စစ္ပြဲ ေနာက္ထပ္မျဖစ္ေစခ်င္ဘူး။ အဲဒါက လူထုေတြရဲ႕အမ်ားစုဆႏၵပါ။ ဒါေပမယ့္ ႏွစ္ရွည္လမ်ား စစ္ပြဲေတြ ျဖစ္ေပၚလာ တဲ့အေပၚမွာ စစ္ေၾကာင့္ အက်ိဳးျဖစ္ထြန္းမႈ၊ သူတို႔အတြက္ အက်ိဳးေစရွိတဲ့ဟာေတြ စစ္ပြဲကို ဖန္တီးၿပီးေတာ့မွ အက်ိဳးအျမတ္ရရွိေအာင္ လုပ္ေနတဲ့လူတစ္ခ်ိဳ႕ ရွိေနသလိုပဲလို႔ ကြၽန္ေတာ္အေနနဲ႔ အဲဒီလိုမ်ိဳးပဲေျပာခ်င္တယ္။ ဘာျဖစ္လဲဆိုေတာ့ စစ္ကို အမွီျပဳၿပီးေတာ့မွ အက်ိဳးျဖစ္ထြန္းတဲ့ လူေတြေပါ့ေနာ္။ စစ္ကိုအေၾကာင္းျပဳၿပီးေတာ့မွ သူတို႔ရဲ႕အက်ိဳးရွိေအာင္၊ သူတို႔အက်ိဳးစီးပြားျဖစ္ထြန္းေနတဲ့ လူတစ္ခ်ိဳ႕ရွိတာေပါ့ေနာ္။ အဲဒါအနည္းစုေပါ့။ အဲဒီ လူေတြကေတာ့ စစ္ပြဲကို မျဖစ္ျဖစ္ေအာင္ ဖန္တီးလိုတဲ့ေဆာင္႐ြက္မႈကေတာ့ ရွိေနတယ္” ဟု ပဒိုေ႐ႊေမာင္းက ေျပာသည္။
လက္ရွိတြင္ ကရင္ျပည္နယ္အတြင္း၌ ျဖစ္ေပၚေနေသာ တိုက္ပြဲမ်ားသည္ လူထု၏ေတာင္းဆိုမႈအရ ျဖစ္ေပၚလာ သည့္တိုက္ပြဲမ်ား မဟုတ္ေၾကာင္းႏွင့္ စစ္ပြဲကို အမွီျပဳကာ ကိုယ္က်ိဳးရွာေနသူအခ်ိဳ႕က ဖန္တီးေနသည့္ တိုက္ပြဲမ်ား သာျဖစ္ေၾကာင္း ၎က ထပ္မံေျပာသည္။
ဆက္လက္ၿပီး ပဒိုေ႐ႊေမာင္းက “ဘယ္လူထုကမွ တိုက္ပြဲကို ျပန္ေဖာ္ပါ။ ဗမာ့တပ္မေတာ္ကို တစ္ခါတည္း အကုန္အစင္ သုတ္သင္ရွင္းလင္းတိုက္ခိုက္ပစ္လိုက္ပါလို႔ ေတာင္းဆိုတဲ့လူထုေတြကိုေတာ့ ကြၽန္ေတာ္ မေတြ႕ဘူး။ ဒါေပမယ့္ စနစ္ေပါ့ေနာ္။ စစ္ကိုျဖစ္ေစတဲ့ စနစ္ကိုေတာ့ သူတို႔ မလိုခ်င္တာေတာ့ အမွန္ပဲ။ သို႔ေပမယ့္ တိုက္ပြဲကို ေတာ့ သူတို႔ မလိုခ်င္ပါ ဘူး” ဟု ေျပာသည္။
၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူခဲ့ၿပီးေနာက္ပိုင္းတြင္ ကရင္ျပည္နယ္ အတြင္း၌ KNU အဖြဲ႕အစည္းလက္ေအာက္ရွိ KNLA၊ NUG လက္ေအာက္ရွိ PDF ပူးေပါင္းအဖြဲ႕မ်ား ႏွင့္ တပ္မေတာ္တို႔အၾကားတြင္ တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိေနသည္။
“လူေတြကေတာ့ ဒုကၡေရာက္ေနၿပီ။ ကြၽန္ေတာ္တို႔ ေဒသမွာဆိုလို႔ရွိရင္လည္းပဲ စစ္ေၾကာင့္ ေျပးေရွာင္ေနရတယ္။ အိုးအိမ္ေတြလည္း ပ်က္တယ္။ ေျပးေနရတယ္ဆိုေတာ့ ရွိသမွ်ဟာေတြ အကုန္လုံးပ်က္စီးကုန္ၿပီ။ အခုဆိုလို႔ရွိရင္ စစ္ျဖစ္တဲ့ေနရာ ေက်း႐ြာလူထုအမ်ားစုကေတာ့ ဒုကၡေရာက္ကုန္ၿပီျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ ေရွ႕ဆက္ လူထုေတြ ေတြ႕ႀကဳံေနရတဲ့အခက္အခဲေတြကေန လြတ္ကင္းဖို႔အတြက္ဆိုရင္ လက္နက္ကိုင္အဖြဲ႕အစည္းေတြ အကုန္လုံး ျပန္လည္သင့္ျမတ္ေအာင္ ေဆာင္႐ြက္ဖို႔ လိုတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ျပည္သူလူထုခံစားေနရသည့္ ဒုကၡဆင္းရဲမ်ားမွ ကင္းေဝးေစရန္အတြက္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား အေနျဖင့္ ေတြ႕ဆုံေဆြးေႏြးအေျဖရွာၾကရန္လည္း KNU ေကာ့ကရိတ္ခ႐ိုင္ဥကၠ႒ ပဒိုေ႐ႊေမာင္းက ေမတၱာရပ္ခံ တိုက္တြန္းထားသည္။