တစ်နိုင်ငံလုံး၌ အနည်းဆုံးလုပ်ခလစာ တစ်ရက်(၄၈၀၀)ကျပ်အပေါ် အပိုထောက်ပံ့ကြေး (၁၀၀၀)ကျပ် တိုးမြှင့်၍ ပြင်ဆင်သတ်မှတ်

 9526

NP News - အောက်တိုဘာ ၇

တစ်နိုင်ငံလုံး၌ အနည်းဆုံးလုပ်ခလစာ တစ်ရက်(၄၈၀၀)ကျပ်အပေါ် အပိုထောက်ပံ့ကြေး (၁၀၀၀)ကျပ် ထပ်မံတိုးမြှင့်ကာ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် ငါးနှစ်ခန့်က သတ်မှတ်ထားသည့် အနိမ့်ဆုံးလုပ်ခလစာ တစ်နာရီ (၆၀၀)ကျပ်ဖြင့် တစ်ရက် အလုပ်ချိန်ရှစ်နာရီအတွက် (၄၈၀၀)ကျပ် သတ်မှတ်ချက်ကို ထပ်တိုးထောက် ပံ့စရိတ်အဖြစ် တစ်ရက်လျှင် (၁၀၀၀)ကျပ် သတ်မှတ်ခံစားခွင့်ပြုရန် အလုပ်သမားဝန်ကြီး ဌာနက အောက်တိုဘာလ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်အရ အထည်ချုပ်စက်ရုံများနှင့် စက်ရုံအလုပ်ရုံများအားလုံးမှ အလုပ်သ မားများအားလုံး အကျုံးဝင်မည်ဖြစ်ပြီး လစာတွက်ချက်မှုအရ အောက်တိုဘာလ ၁ ရက်မှစတင်ကာ တွက်ချက်ရမည်ဖြစ်သည်။

“နဂို ၄၈၀၀ နဲ့ရနေတဲ့ အိုဗာတိုင်ကြေးတွေက တိုးမသွားပါဘူး။ တစ်ရက်ကိုထောက်ပံကြေး တစ်ထောင်ပဲပိုရမှာပေါ့။ တစ်လ ရက်သုံးဆယ်ရှိရင် နဂိုလစာနဲ့ထောက်ပံကြေးသုံးသောင်း ရတဲ့သဘောပါ။ တစ်ချို့ပြင်ပ ပုဂ္ဂလိကစက်ရုံတွေဆိုရင် ထောက်ပံကြေးတွေ တိုးပေးထားတာကြာပါပြီ။ အခုလို အစိုးရကထုတ်ပြန်တော့ တိုးပေးထားတဲ့ စက်ရုံတွေကတော့ တိုးစ ရာမလိုဘူးပေါ့။ ထောက်ပံကြေး မတိုးရသေးတဲ့စက်ရုံတွေကတော့ တိုးပေးရမှာပါ” ဟု အလုပ်သမားရေးရာကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောသည်။

အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ချက်ကို တစ်ရက်လျှင် (၄၈၀၀)ကျပ်ဖြင့် ၂၀၁၈ ခုနှစ် မေလ ၁၄ ရက်တွင် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ပြီးနောက် လက်ရှိ ငါးနှစ်ကျော်ကာလအတွင်း၌ ထောက်ပံကြေး တစ်ရက်လျှင် (၁၀၀၀)ကျပ်နှုန်း ထပ်တိုးလာခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ပိုင်းအတွင်း အထွေထွေကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ပြည်တွင်းအလုပ်သမားများအနေဖြင့် အနိမ့်ဆုံးလုပ်ခ လစာသတ်မှတ်ချက်ကို ခေတ်နှင့်လျော်ညီပြင်ဆင်ပေးရန် တောင်းဆိုမှုများရှိခဲ့သော်လည်း သက်ဆိုင်ရာက ထောက်ပံကြေးအဖြစ် သတ်မှတ်ကာ တိုးမြှင့်ပြဋ္ဌာန်းပေးခဲ့ခြင်းလည်း ဖြစ်သည်။

“အဲဒီလို ကြေညာလိုက်တဲ့အခါကျတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသမားတွေကတော့ တရားဝင် စာရင်းထဲထည့်သွားလို့ရတာပေါ့။ ကျွန်တော် မြင်တာပေါ့နော်။ ကျွန်တော်တို့ကို အစိုးရဘက်က အကြိမ်ကြိမ်မေးပါတယ်။ ကျွန်တော်တို့ကလည်း အဲဒါကို ကြေညာဖို့ကိုပဲ တိုက်တွန်းနေတာပေါ့နော်။ အဲဒီတော့ ကြေညာချက်မထွက်ခင်မှာ နိုင်ငံ့ဝန်ထမ်းတွေအတွက် ထောက်ပံ့ကြေးကိစ္စ (၃၀၀၀၀)ထွက်လာတာပေါ့။ အဲဒါထွက်လာပြီးတော့ ကျွန်တော်တို့ကို အကြိမ်ကြိမ်မေးသေးတယ်။ ကျွန်တော်တို့ကတော့ တရားဝင်ပွင့်လင်းမြင်သာမှုရှိအောင် ယုံကြည်မှုတည်ဆောက်လို့ရအောင် အလုပ်သမားတွေလည်း ယုံကြည်မှု တွေရှိလာအောင် တရားဝင်ကြေညာပေးလိုက်ပါ။ ကုန်ဈေးနှုန်းတက်တာက မြန်မာပြည်တစ်ခုတည်း မဟုတ်ဘူး တစ်ကမ္ဘာလုံး တက်နေတာလေ။ အဲဒီလို တက်ပေမယ့် တခြားနိုင်ငံတွေက သူ့ဝင်ငွေနဲ့သူ လောက်တော့ ပြဿနာမရှိဘူးဗျ” ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

နိုင်ငံအတွင်းရှိ အချို့သော စက်ရုံ၊ အလုပ်ရုံများသည် ယခုကဲ့သို့ အမိန့်ကြော်ငြာစာမထွက်မီအချိန်၌ အနည်းဆုံးလုပ်ခလစာအား တစ်ရက်လျှင် (၅၈၀၀)ကျပ်နှုန်းဖြင့် ပေးချေမှုများရှိကြောင်း အထက်ပါလုပ်ငန်းရှင်က ဆက်လက်ပြောသည်။

zawgyi version
တစ္ႏိုင္ငံလုံး၌ အနည္းဆုံးလုပ္ခလစာ တစ္ရက္(၄၈၀၀)က်ပ္အေပၚ အပိုေထာက္ပံ့ေၾကး (၁၀၀၀)က်ပ္ တိုးျမႇင့္၍ ျပင္ဆင္သတ္မွတ္
NP News - ေအာက္တိုဘာ ၇

တစ္ႏိုင္ငံလုံး၌ အနည္းဆုံးလုပ္ခလစာ တစ္ရက္(၄၈၀၀)က်ပ္အေပၚ အပိုေထာက္ပံ့ေၾကး (၁၀၀၀)က်ပ္ ထပ္မံတိုးျမႇင့္ကာ ျပင္ဆင္သတ္မွတ္လိုက္ေၾကာင္း သတင္းရရွိသည္။

လြန္ခဲ့သည့္ ငါးႏွစ္ခန႔္က သတ္မွတ္ထားသည့္ အနိမ့္ဆုံးလုပ္ခလစာ တစ္နာရီ (၆၀၀)က်ပ္ျဖင့္ တစ္ရက္ အလုပ္ခ်ိန္ရွစ္နာရီအတြက္ (၄၈၀၀)က်ပ္ သတ္မွတ္ခ်က္ကို ထပ္တိုးေထာက္ ပံ့စရိတ္အျဖစ္ တစ္ရက္လွ်င္ (၁၀၀၀)က်ပ္ သတ္မွတ္ခံစားခြင့္ျပဳရန္ အလုပ္သမားဝန္ႀကီး ဌာနက ေအာက္တိုဘာလ ၅ ရက္တြင္ ထုတ္ျပန္လိုက္သည္။

ယင္းထုတ္ျပန္ခ်က္အရ အထည္ခ်ဳပ္စက္႐ုံမ်ားႏွင့္ စက္႐ုံအလုပ္႐ုံမ်ားအားလုံးမွ အလုပ္သ မားမ်ားအားလုံး အက်ဳံးဝင္မည္ျဖစ္ၿပီး လစာတြက္ခ်က္မႈအရ ေအာက္တိုဘာလ ၁ ရက္မွစတင္ကာ တြက္ခ်က္ရမည္ျဖစ္သည္။

“နဂို ၄၈၀၀ နဲ႔ရေနတဲ့ အိုဗာတိုင္ေၾကးေတြက တိုးမသြားပါဘူး။ တစ္ရက္ကိုေထာက္ပံေၾကး တစ္ေထာင္ပဲပိုရမွာေပါ့။ တစ္လ ရက္သုံးဆယ္ရွိရင္ နဂိုလစာနဲ႔ေထာက္ပံေၾကးသုံးေသာင္း ရတဲ့သေဘာပါ။ တစ္ခ်ိဳ႕ျပင္ပ ပုဂၢလိကစက္႐ုံေတြဆိုရင္ ေထာက္ပံေၾကးေတြ တိုးေပးထားတာၾကာပါၿပီ။ အခုလို အစိုးရကထုတ္ျပန္ေတာ့ တိုးေပးထားတဲ့ စက္႐ုံေတြကေတာ့ တိုးစ ရာမလိုဘူးေပါ့။ ေထာက္ပံေၾကး မတိုးရေသးတဲ့စက္႐ုံေတြကေတာ့ တိုးေပးရမွာပါ” ဟု အလုပ္သမားေရးရာကူညီေဆာင္႐ြက္ေပးေနသည့္ ေရွ႕ေနတစ္ဦးက ေျပာသည္။

အနိမ့္ဆုံးလုပ္ခလစာသတ္မွတ္ခ်က္ကို တစ္ရက္လွ်င္ (၄၈၀၀)က်ပ္ျဖင့္ ၂၀၁၈ ခုႏွစ္ ေမလ ၁၄ ရက္တြင္ သတ္မွတ္ျပ႒ာန္းေပးခဲ့ၿပီးေနာက္ လက္ရွိ ငါးႏွစ္ေက်ာ္ကာလအတြင္း၌ ေထာက္ပံေၾကး တစ္ရက္လွ်င္ (၁၀၀၀)က်ပ္ႏႈန္း ထပ္တိုးလာခဲ့ျခင္းျဖစ္သည္။

ယခုႏွစ္ပိုင္းအတြင္း အေထြေထြကုန္ေဈးႏႈန္းျမင့္တက္မႈေၾကာင့္ ျပည္တြင္းအလုပ္သမားမ်ားအေနျဖင့္ အနိမ့္ဆုံးလုပ္ခ လစာသတ္မွတ္ခ်က္ကို ေခတ္ႏွင့္ေလ်ာ္ညီျပင္ဆင္ေပးရန္ ေတာင္းဆိုမႈမ်ားရွိခဲ့ေသာ္လည္း သက္ဆိုင္ရာက ေထာက္ပံေၾကးအျဖစ္ သတ္မွတ္ကာ တိုးျမႇင့္ျပ႒ာန္းေပးခဲ့ျခင္းလည္း ျဖစ္သည္။

“အဲဒီလို ေၾကညာလိုက္တဲ့အခါက်ေတာ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသမားေတြကေတာ့ တရားဝင္ စာရင္းထဲထည့္သြားလို႔ရတာေပါ့။ ကြၽန္ေတာ္ ျမင္တာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ကို အစိုးရဘက္က အႀကိမ္ႀကိမ္ေမးပါတယ္။ ကြၽန္ေတာ္တို႔ကလည္း အဲဒါကို ေၾကညာဖို႔ကိုပဲ တိုက္တြန္းေနတာေပါ့ေနာ္။ အဲဒီေတာ့ ေၾကညာခ်က္မထြက္ခင္မွာ ႏိုင္ငံ့ဝန္ထမ္းေတြအတြက္ ေထာက္ပံ့ေၾကးကိစၥ (၃၀၀၀၀)ထြက္လာတာေပါ့။ အဲဒါထြက္လာၿပီးေတာ့ ကြၽန္ေတာ္တို႔ကို အႀကိမ္ႀကိမ္ေမးေသးတယ္။ ကြၽန္ေတာ္တို႔ကေတာ့ တရားဝင္ပြင့္လင္းျမင္သာမႈရွိေအာင္ ယုံၾကည္မႈတည္ေဆာက္လို႔ရေအာင္ အလုပ္သမားေတြလည္း ယုံၾကည္မႈ ေတြရွိလာေအာင္ တရားဝင္ေၾကညာေပးလိုက္ပါ။ ကုန္ေဈးႏႈန္းတက္တာက ျမန္မာျပည္တစ္ခုတည္း မဟုတ္ဘူး တစ္ကမာၻလုံး တက္ေနတာေလ။ အဲဒီလို တက္ေပမယ့္ တျခားႏိုင္ငံေတြက သူ႔ဝင္ေငြနဲ႔သူ ေလာက္ေတာ့ ျပႆနာမရွိဘူးဗ်” ဟု စက္မႈဇုန္လုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

ႏိုင္ငံအတြင္းရွိ အခ်ိဳ႕ေသာ စက္႐ုံ၊ အလုပ္႐ုံမ်ားသည္ ယခုကဲ့သို႔ အမိန႔္ေၾကာ္ျငာစာမထြက္မီအခ်ိန္၌ အနည္းဆုံးလုပ္ခလစာအား တစ္ရက္လွ်င္ (၅၈၀၀)က်ပ္ႏႈန္းျဖင့္ ေပးေခ်မႈမ်ားရွိေၾကာင္း အထက္ပါလုပ္ငန္းရွင္က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.