ရန်ကုန်မြို့တွင် ကျပ်သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 911

သန့်ဇင်(NP News) - အောက်တိုဘာ ၉

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ငွေကျပ်သိန်း(၁၂၀၀)တန်းဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၂၀၀၀၀)ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

၎င်း စိတ်ကြွရူးသွပ်ဆေးပြားများကို အောက်တိုဘာလ ၆ရက်၊ ညနေ ၆နာရီ ၅၀မိနစ်အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉) ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းပေါ်တွင် ဇော်အေးနောင်(ခ)နောင်နောင်(၃၆)နှစ် မောင်းနှင်လာပြီး မောင်ဦးမျိုးမင်း(ခ)မျိုးမင်းဇော်(၃၅)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်အား စစ်ဆေးရှာဖွေခဲ့ရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသော လက်ဆွဲအိတ်အတွင်းမှ ငွေကျပ်သိန်း(၃၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၃၀၀၀၀)နှင့် လက်ကိုင်ဖုန်း(၂)လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဆက်လက်စစ်ဆေးချက်အရ ည ၇နာရီခွဲအချိန်တွင် ၎င်းတို့နေ ထိုင်သည့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်၊ မီးဒုံး(၁) လမ်းရှိ နေအိမ်အတွင်းမှ ငွေကျပ်သိန်း(၉၀၀)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၉၀၀၀၀)အား ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့(၂)ဦးအား သုဝဏ္ဏနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များအားဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

zawgyi version
ရန္ကုန္ၿမိဳ႕တြင္ က်ပ္သိန္း(၁၀၀၀)ေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
သန႔္ဇင္(NP News) - ေအာက္တိုဘာ ၉

ရန္ကုန္တိုင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ ေငြက်ပ္သိန္း(၁၂၀၀)တန္းဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၂၀၀၀၀)ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

၎ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ေအာက္တိုဘာလ ၆ရက္၊ ညေန ၆နာရီ ၅၀မိနစ္အခ်ိန္တြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰ(၂၉) ရပ္ကြက္၊ ေပၚဆန္းေမႊးလမ္းတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါလမ္းေပၚတြင္ ေဇာ္ေအးေနာင္(ခ)ေနာင္ေနာင္(၃၆)ႏွစ္ ေမာင္းႏွင္လာၿပီး ေမာင္ဦးမ်ိဳးမင္း(ခ)မ်ိဳးမင္းေဇာ္(၃၅)ႏွစ္လိုက္ပါလာသည့္ ဆိုင္ကယ္အား စစ္ေဆးရွာေဖြခဲ့ရာ ဆိုင္ကယ္ခြၾကားတြင္ သယ္ေဆာင္လာေသာ လက္ဆြဲအိတ္အတြင္းမွ ေငြက်ပ္သိန္း(၃၀၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃၀၀၀၀)ႏွင့္ လက္ကိုင္ဖုန္း(၂)လုံးကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဆက္လက္စစ္ေဆးခ်က္အရ ည ၇နာရီခြဲအခ်ိန္တြင္ ၎တို႔ေန ထိုင္သည့္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰ(၂၉)ရပ္ကြက္၊ မီးဒုံး(၁) လမ္းရွိ ေနအိမ္အတြင္းမွ ေငြက်ပ္သိန္း(၉၀၀)ေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၉၀၀၀၀)အား ထပ္မံ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔(၂)ဦးအား သုဝဏၰနယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူထားရွိၿပီး ကြင္းဆက္မ်ားအားေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.