အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-17 / 1:00 PM)

5194

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၇
အစ္စရေးဟာ လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ပစ်မှတ်များကို ညလုံးပေါက်တိုက်ခိုက်ခဲ့ ကြောင်း အစ္စရေးစစ်ဘက်က အောက်တိုဘာ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးစစ်ဘက်က "ကျွန်တော်တို့ဟာ လက်ဘနွန်ပိုင်နက်အတွင်းရှိ ဟစ်ဘိုလာ လက်နက်ကိုင်အုပ်စုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်" လို့ ပြောပါတယ်။
အစ္စရေး နဲ့ ဟားမက်စ်အဖွဲ့ကြားစစ်ပွဲစတင်ခဲ့ပြီးနောက် မကြာမီ ဟစ်ဘိုလာအဖွဲ့တွေဟာ အစ္စရေးပိုင်နက်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အစ္စရေးဟာ လက်ဘနွန် နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့နေရာ ၁ မိုင် ကျော်အတွင်းရှိ နေရာပေါင်း ၂၈ ခုက အစ္စရေးဒေသခံထောင်ချီကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရပါတယ်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဟားမက်စ်က ၎င်းတို့ဟာ ဂျေရုဆလင် နဲ့ တဲအဲဗစ်မြို့တို့ရှိ အစ္စရေးတို့ရဲ့ဒုံးကျည် ကာကွယ်ရေးအတားအဆီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဂါဇာဒေသအပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုလက်တုံ့ပြန်မှုအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဟားမက်စ်အဖွဲ့က ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က အစ္စရေးအကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်းလူမျိုးတွေ ပြန်လွှတ်ပေးမယ်ဆိုရင် ၎င်းတို့အနေနဲ့ပြန်ပေးဆွဲထားတဲ့သူတွေကို ပြန်လွှတ်ပေးသွား ဖွယ်ရှိနေကြောင်း ပြောပါတယ်။ ဟားမက်စ်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးကို စတင်တိုက်ခိုက်ခဲ့ ပြီးနောက် အစ္စရေးနိုင်ငံသားတွေ နဲ့ အခြားနိုင်ငံသားတွေကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အစ္စရေးအကျဉ်း ထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ ပါလက်စတိုင်းလူမျိုးအနည်းဆုံး ၆ဝဝဝ ခန့်ရှိနေပြီး၊ အဲဒီသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း ဟားမက်စ်အဖွဲ့က ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားစစ်ပွဲဖြစ်ပွားနေချိန်မှာပဲ ကိုလံဘီယာနိုင်ငံဟာ အစ္စရေးသံအမတ်ကြီးကို နိုင်ငံ အတွင်းမှ အမြန်ဆုံးထွက်ခွာဖို့ အမိန့်ပေးခဲ့ကြောင်း သိရပါတယ်။ ဟားမက်စ်နဲ့ အစ္စရေးကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ ပတ်သက်ပြီး ကိုလံဘီယာသမ္မတရဲ့မှတ်ချက်စကားအပေါ် အစ္စရေးနဲ့ ကိုလံဘီယာကြားအငြင်းပွားမှုတွေ ရှိခဲ့ပြီး နောက် အခုလိုမျိုးအစ္စရေးသံအမတ်ကြီးကို နှင်ထုတ်ခဲ့တာဖြစ်ပါတယ်။
ကိုလံဘီယာသမ္မတက ဂါဇာဒေသအပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ ဂျူးလူမျိုးတွေကို နာဇီတွေ တုံ့ပြန် တိုက်ခိုက်ပုံ နဲ့ အလားသဏ္ဍာန်တူညီနေကြောင်း ပြောပါတယ်။
အမေရိကန် နဲ့ အစ္စရေးတို့ဟာ ပိတ်ဆို့ခံထားရတဲ့ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် နိုင်ငံတကာရဲ့အကူအညီပေးမှုတွေကို လက်ခံဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်ဟာ အောက်တိုဘာ ၁၆ ရက်မှာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ ၈ နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သဘောတူညီခဲ့ခြင်းဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက "တောင်းဆိုချက်အရ အမေရိကန် နဲ့ အစ္စရေးတို့ဟာ ဂါဇာဒေသရှိ အရပ်သား ပြည်သူတွေထံ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ၊ နိုင်ငံတကာအကူအညီတွေ လက်ခံပေးဖို့ သဘော တူညီခဲ့တယ်" လို့ ပြောပါတယ်။

Zawgyi Version;
Zawgyi Version;
အစၥေရး - ပါလက္စတိုင္း ေနာက္ဆုံးရသတင္း updated (Oct-17 / 1:00 PM)
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၇
အစၥေရးဟာ လက္ဘႏြန္ႏိုင္ငံအတြင္းရွိ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ပစ္မွတ္မ်ားကို ညလုံးေပါက္တိုက္ခိုက္ခဲ့ ေၾကာင္း အစၥေရးစစ္ဘက္က ေအာက္တိုဘာ ၁၇ ရက္ေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။
အစၥေရးစစ္ဘက္က "ကြၽန္ေတာ္တို႔ဟာ လက္ဘႏြန္ပိုင္နက္အတြင္းရွိ ဟစ္ဘိုလာ လက္နက္ကိုင္အုပ္စုေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တယ္" လို႔ ေျပာပါတယ္။
အစၥေရး နဲ႔ ဟားမက္စ္အဖြဲ႕ၾကားစစ္ပြဲစတင္ခဲ့ၿပီးေနာက္ မၾကာမီ ဟစ္ဘိုလာအဖြဲ႕ေတြဟာ အစၥေရးပိုင္နက္ေတြကို ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေတြေၾကာင့္ အစၥေရးဟာ လက္ဘႏြန္ နဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ေနရာ ၁ မိုင္ ေက်ာ္အတြင္းရွိ ေနရာေပါင္း ၂၈ ခုက အစၥေရးေဒသခံေထာင္ခ်ီကို ေဘးလႊတ္ရာကို ေ႐ႊ႕ေျပာင္းေပးခဲ့ရေၾကာင္း သိရပါတယ္။
ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ဟားမက္စ္က ၎တို႔ဟာ ေဂ်႐ုဆလင္ နဲ႔ တဲအဲဗစ္ၿမိဳ႕တို႔ရွိ အစၥေရးတို႔ရဲ႕ဒုံးက်ည္ ကာကြယ္ေရးအတားအဆီးေတြကို ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဂါဇာေဒသအေပၚ အစၥေရးရဲ႕တိုက္ခိုက္မႈေတြကိုလက္တုံ႔ျပန္မႈအျဖစ္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ဟားမက္စ္အဖြဲ႕က ေျပာပါတယ္။
ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္က အစၥေရးအက်ဥ္းေထာင္ေတြထဲမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ပါလက္စတိုင္းလူမ်ိဳးေတြ ျပန္လႊတ္ေပးမယ္ဆိုရင္ ၎တို႔အေနနဲ႔ျပန္ေပးဆြဲထားတဲ့သူေတြကို ျပန္လႊတ္ေပးသြား ဖြယ္ရွိေနေၾကာင္း ေျပာပါတယ္။ ဟားမက္စ္အဖြဲ႕ဟာ ေအာက္တိုဘာ ၇ ရက္က အစၥေရးကို စတင္တိုက္ခိုက္ခဲ့ ၿပီးေနာက္ အစၥေရးႏိုင္ငံသားေတြ နဲ႔ အျခားႏိုင္ငံသားေတြကို ဖမ္းဆီးခဲ့ေၾကာင္း သိရပါတယ္။ အစၥေရးအက်ဥ္း ေထာင္ေတြထဲမွာ ဖမ္းဆီးခံထားရတဲ့ ပါလက္စတိုင္းလူမ်ိဳးအနည္းဆုံး ၆ဝဝဝ ခန႔္ရွိေနၿပီး၊ အဲဒီသူေတြကို အျမန္ဆုံး ျပန္လႊတ္ေပးေစလိုေၾကာင္း ဟားမက္စ္အဖြဲ႕က ေျပာပါတယ္။
အစၥေရးနဲ႔ ဟားမက္စ္အဖြဲ႕ၾကားစစ္ပြဲျဖစ္ပြားေနခ်ိန္မွာပဲ ကိုလံဘီယာႏိုင္ငံဟာ အစၥေရးသံအမတ္ႀကီးကို ႏိုင္ငံ အတြင္းမွ အျမန္ဆုံးထြက္ခြာဖို႔ အမိန႔္ေပးခဲ့ေၾကာင္း သိရပါတယ္။ ဟားမက္စ္နဲ႔ အစၥေရးၾကားျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ ပတ္သက္ၿပီး ကိုလံဘီယာသမၼတရဲ႕မွတ္ခ်က္စကားအေပၚ အစၥေရးနဲ႔ ကိုလံဘီယာၾကားအျငင္းပြားမႈေတြ ရွိခဲ့ၿပီး ေနာက္ အခုလိုမ်ိဳးအစၥေရးသံအမတ္ႀကီးကို ႏွင္ထုတ္ခဲ့တာျဖစ္ပါတယ္။
ကိုလံဘီယာသမၼတက ဂါဇာေဒသအေပၚ အစၥေရးရဲ႕တိုက္ခိုက္မႈေတြဟာ ဂ်ဴးလူမ်ိဳးေတြကို နာဇီေတြ တုံ႔ျပန္ တိုက္ခိုက္ပုံ နဲ႔ အလားသ႑ာန္တူညီေနေၾကာင္း ေျပာပါတယ္။
အေမရိကန္ နဲ႔ အစၥေရးတို႔ဟာ ပိတ္ဆို႔ခံထားရတဲ့ဂါဇာေဒသကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီအျဖစ္ ႏိုင္ငံတကာရဲ႕အကူအညီေပးမႈေတြကို လက္ခံဖို႔ သေဘာတူညီခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္ဟာ ေအာက္တိုဘာ ၁၆ ရက္မွာ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုနဲ႔ ၈ နာရီၾကာေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ သေဘာတူညီခဲ့ျခင္းျဖစ္ပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက "ေတာင္းဆိုခ်က္အရ အေမရိကန္ နဲ႔ အစၥေရးတို႔ဟာ ဂါဇာေဒသရွိ အရပ္သား ျပည္သူေတြထံ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြ၊ ႏိုင္ငံတကာအကူအညီေတြ လက္ခံေပးဖို႔ သေဘာ တူညီခဲ့တယ္" လို႔ ေျပာပါတယ္။