မြန်မာ့အမျိုးသားယဉ်ကျေးမှုကို ဆက်လက်မြှင့်တင်ထိန်းသိမ်းသွားရန် နစကဥက္ကဋ္ဌတိုက်တွန်း

1175
Pearl (NP News) - အောက်တိုဘာ ၂၅
နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟု ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် မြန်မာ့အမျိုးသားယဉ်ကျေးမှုကို ဆက်လက်မြှင့်တင်ထိန်းသိမ်းသွားရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

၎င်းက အောက်တိုဘာလ(၂၄)တွင် နေပြည်တော်၌ ကျင်းပသော (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား၌ အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနား၌ နစကဥက္ကဋ္ဌက မြန်မာ့ရှေးဟောင်းမြို့ပြနိုင်ငံများမှတွေ့ရသည့် စိတ်ပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ် အထောက်အထားများ၊ စာပေအထောက်အထားများနှင့် အိမ်နီးချင်းနိုင်ငံများ၏ခေတ်ပြိုင်မှတ်တမ်းများ အရ မြန်မာလူမျိုးများသည် သမိုင်းကြောင်းတစ်လျှောက်တွင် ဘာသာတရားဆိုင်ရာအဆုံးအမများ၊ ယဉ်ကျေးမှုထုံးဓလေ့များ၊ အနုသုခုမပညာရပ်များနှင့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုကို ခြေခြေမြစ်မြစ်ထူထောင်ခဲ့ကြပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစွာ နေထိုင်ခဲ့ကြသည့် လူမျိုးဖြစ်ကြောင်း ခိုင်မာစွာတွေ့ရှိရသည်ဟု ပြောသည်။
မိမိတို့၏ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ်သွားပါက အမျိုးသားရေးအားမာန်များ ခန်းခြောက်လာမည်ဖြစ်ပြီး ခန်းခြောက်လာသည်နှင့်အမျှ နိုင်ငံ၏အချုပ်အခြာအာဏာကို နှောင့်ယှက်ထိပါးလာကြမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားထားသည်။
ထို့ပြင် မြန်မာတို့၏ အစဉ်အလာများနှင့် အမျိုးဂုဏ်ဇာတိဂုဏ် ပိုမိုထွန်းတောက်ရေး၊ နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟု ဂုဏ်သိက္ခာရှိရှိရပ် တည်နိုင်ရေးအတွက် အမျိုးသားရေး အသိ ၊ အမျိုးသားရေးသတိမြဲမြံစွာဖြင့် အမျိုးသားယဉ်ကျေးမှုကို ဆက်လက်မြှင့်တင်ထိန်းသိမ်းရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။
အလားတူ တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာမှုအန္တရာယ်ကို ခုခံကာကွယ်ရန် နှင့် ဘိုးဘွားတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့် ကမ်းအမွေဆက်ခံမည့် မျိုးဆက်သစ်လူငယ်များ အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအားခိုင်မာစေရန် အပါအဝင် မြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ ဝင့်ထည်စွာတည်တံ့စေရေးအတွက်ဦးတည်ပြီး အမျိုးသားယဉ်ကျေးမှုအဆင့်အတန်း မြင့်မားရေးအတွက် အနုပညာစွမ်းအားဖြင့် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရန် ၎င်းက တိုက်တွန်းမေတ္တာရပ်ခံထားသည်။
နိုင်ငံတိုင်း၌ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ၊ အမျိုးသားရေးစံနှုန်းများနှင့် အနှစ်သာရများ ပျောက်ကွယ်သွားခြင်းမရှိရန် နှင့် အမျိုးသားရေးစိတ်ဓာတ်ခိုင်မြဲရန်ထိန်းသိမ်းလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံနှင့်လူမျိုးတို့၏ ကောင်းမြတ်သည့်ဂုဏ်ဒြပ်နှင့်အစဉ်အလာ၊ အမျိုးသားရေးစံနှုန်းများကိုတည်တံ့စေရန် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးများကို နိုင်ငံတော်က အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ျမန္မာ့အမ်ိဳးသားယဥ္ေက်းမႈကို ဆက္လက္ျမႇင့္တင္ထိန္းသိမ္းသြားရန္ နစကဥကၠ႒တိုက္တြန္း
Pearl (NP News) - ေအာက္တိုဘာ ၂၅
ႏိုင္ငံတကာအလယ္တြင္ ျမန္မာႏိုင္ငံ၊ ျမန္မာလူမ်ိဳးဟု ဂုဏ္သိကၡာရွိရွိ ရပ္တည္ႏိုင္ေရးအတြက္ ျမန္မာ့အမ်ိဳးသားယဥ္ေက်းမႈကို ဆက္လက္ျမႇင့္တင္ထိန္းသိမ္းသြားရန္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားသည္။
၎က ေအာက္တိုဘာလ(၂၄)တြင္ ေနျပည္ေတာ္၌ က်င္းပေသာ (၂၄) ႀကိမ္ေျမာက္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ အဆို၊ အက၊ အေရး၊ အတီး ၿပိဳင္ပြဲဖြင့္ပြဲ အခမ္းအနား၌ အထက္ပါကဲ့သို႔ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါအခမ္းအနား၌ နစကဥကၠ႒က ျမန္မာ့ေရွးေဟာင္းၿမိဳ႕ျပႏိုင္ငံမ်ားမွေတြ႕ရသည့္ စိတ္ပိုင္း ႏွင့္ ႐ုပ္ပိုင္းဆိုင္ရာ ယဥ္ေက်းမႈ အေမြအႏွစ္ အေထာက္အထားမ်ား၊ စာေပအေထာက္အထားမ်ားႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ား၏ေခတ္ၿပိဳင္မွတ္တမ္းမ်ား အရ ျမန္မာလူမ်ိဳးမ်ားသည္ သမိုင္းေၾကာင္းတစ္ေလွ်ာက္တြင္ ဘာသာတရားဆိုင္ရာအဆုံးအမမ်ား၊ ယဥ္ေက်းမႈထုံးဓေလ့မ်ား၊ အႏုသုခုမပညာရပ္မ်ားႏွင့္ ကိုယ္ပိုင္အမ်ိဳးသားယဥ္ေက်းမႈကို ေျခေျချမစ္ျမစ္ထူေထာင္ခဲ့ၾကၿပီး အမ်ိဳးဂုဏ္၊ ဇာတိဂုဏ္ျမင့္မားစြာ ေနထိုင္ခဲ့ၾကသည့္ လူမ်ိဳးျဖစ္ေၾကာင္း ခိုင္မာစြာေတြ႕ရွိရသည္ဟု ေျပာသည္။
မိမိတို႔၏ကိုယ္ပိုင္အမ်ိဳးသားယဥ္ေက်းမႈမ်ား ေမွးမွိန္ေပ်ာက္ကြယ္သြားပါက အမ်ိဳးသားေရးအားမာန္မ်ား ခန္းေျခာက္လာမည္ျဖစ္ၿပီး ခန္းေျခာက္လာသည္ႏွင့္အမွ် ႏိုင္ငံ၏အခ်ဳပ္အျခာအာဏာကို ေႏွာင့္ယွက္ထိပါးလာၾကမည္ျဖစ္ေၾကာင္း ၎က ထည့္သြင္းေျပာၾကားထားသည္။
ထို႔ျပင္ ျမန္မာတို႔၏ အစဥ္အလာမ်ားႏွင့္ အမ်ိဳးဂုဏ္ဇာတိဂုဏ္ ပိုမိုထြန္းေတာက္ေရး၊ ႏိုင္ငံတကာ အလယ္တြင္ ျမန္မာႏိုင္ငံ၊ ျမန္မာလူမ်ိဳးဟု ဂုဏ္သိကၡာရွိရွိရပ္ တည္ႏိုင္ေရးအတြက္ အမ်ိဳးသားေရး အသိ ၊ အမ်ိဳးသားေရးသတိၿမဲၿမံစြာျဖင့္ အမ်ိဳးသားယဥ္ေက်းမႈကို ဆက္လက္ျမႇင့္တင္ထိန္းသိမ္းရန္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့သည္။
အလားတူ တိုင္းတစ္ပါးယဥ္ေက်းမႈမ်ား ထိုးေဖာက္ဝင္ေရာက္လာမႈအႏၲရာယ္ကို ခုခံကာကြယ္ရန္ ႏွင့္ ဘိုးဘြားတို႔၏ ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို လက္ဆင့္ ကမ္းအေမြဆက္ခံမည့္ မ်ိဳးဆက္သစ္လူငယ္မ်ား အမ်ိဳးသားေရးစိတ္ဓာတ္ ကိုယ္ခံအားခိုင္မာေစရန္ အပါအဝင္ ျမန္မာႏိုင္ငံေတာ္ႀကီး ကမာၻတည္သေ႐ြ႕ ဝင့္ထည္စြာတည္တံ့ေစေရးအတြက္ဦးတည္ၿပီး အမ်ိဳးသားယဥ္ေက်းမႈအဆင့္အတန္း ျမင့္မားေရးအတြက္ အႏုပညာစြမ္းအားျဖင့္ ေဖာ္ထုတ္ထိန္းသိမ္းျမႇင့္တင္ရန္ ၎က တိုက္တြန္းေမတၱာရပ္ခံထားသည္။
ႏိုင္ငံတိုင္း၌ ကိုယ္ပိုင္အမ်ိဳးသားယဥ္ေက်းမႈ စ႐ိုက္လကၡဏာမ်ား၊ အမ်ိဳးသားေရးစံႏႈန္းမ်ားႏွင့္ အႏွစ္သာရမ်ား ေပ်ာက္ကြယ္သြားျခင္းမရွိရန္ ႏွင့္ အမ်ိဳးသားေရးစိတ္ဓာတ္ခိုင္ၿမဲရန္ထိန္းသိမ္းလ်က္ရွိၿပီး ျမန္မာႏိုင္ငံအေနျဖင့္လည္း ႏိုင္ငံႏွင့္လူမ်ိဳးတို႔၏ ေကာင္းျမတ္သည့္ဂုဏ္ျဒပ္ႏွင့္အစဥ္အလာ၊ အမ်ိဳးသားေရးစံႏႈန္းမ်ားကိုတည္တံ့ေစရန္ အမ်ိဳးသားယဥ္ေက်းမႈအေမြအႏွစ္မ်ား ေဖာ္ထုတ္ထိန္းသိမ္းျမႇင့္တင္ေရးမ်ားကို ႏိုင္ငံေတာ္က အေလးထား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။