တရုတ်နိုင်ငံတော်ကောင်စီဝင် နေပြည်တော်သို့ ရောက်ရှိနေ

2507
မြူနစ် (NP News) - အောက်တိုဘာ ၃၀
တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး မစ္စတာဝမ်ရှောက်ဟုန်သည် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

မစ္စတာဝမ်ရှောက်ဟုန်သည် ယနေ့(အောက်တိုဘာလ ၃၀ ရက်)တွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း နစကအစိုးရအဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။
“သူက ရောက်နေပါပြီဗျ။ သူက တရုတ်နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး တစ်ဦးပါ”ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။
တရုတ်နိုင်ငံတော်ကောင်စီဝင် မစ္စတာဝမ်ရှောက်ဟုန်၏ နေပြည်တော်ခရီးစဉ်သည် မည်သည့်ရည်ရွယ်ချက်၊ မည်သည့်အကြောင်းအရာဖြင့် လာရောက်ခြင်းဖြစ်သည်ကို မသိရှိရသေးသော်လည်း နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံသွားဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
လတ်တလောတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်အနီးရှိ ချင်းရွှေဟော်မြို့တစ်ဝိုက်အပါအဝင် လားရှိုး၊ သန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ကွမ်းလုံတို့တွင် MNDAA ဦးဆောင်မဟာမိတ်(၃)ဖွဲ့နှင့် တပ်မတော်တို့အကြားတွင် တိုက်ပွဲအပြင်း အထန် ဖြစ်ပွားလျက်ရှိနေသည်။
ထိုသို့ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်များ၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေချိန်တွင် တရုတ်နိုင်ငံတော်ကောင်စီဝင် မစ္စတာဝမ်ရှောက်ဟုန် နေပြည်တော်သို့ လာရောက်ခြင်းသည်လည်း စိတ်ဝင်စားဖွယ်ရာဖြစ်နေသည်။
အလားတူ နစက၏ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းသည်လည်း တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် (၁ဝ)ကြိမ်မြောက် ပေကျင်းရှန်ကျန်းဖိုရမ်သို့ တက်ရောက်လျက်ရှိသည်။

zawgyi version
တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီဝင္ ေနျပည္ေတာ္သို႔ ေရာက္ရွိေန
ျမဴနစ္ (NP News) - ေအာက္တိုဘာ ၃၀
တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီဝင္၊ ျပည္သူ႔လုံၿခဳံေရးဆိုင္ရာဝန္ႀကီး မစၥတာဝမ္ေရွာက္ဟုန္သည္ ေနျပည္ေတာ္သို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။
မစၥတာဝမ္ေရွာက္ဟုန္သည္ ယေန႔(ေအာက္တိုဘာလ ၃၀ ရက္)တြင္ ေနျပည္ေတာ္သို႔ ေရာက္ရွိလာခဲ့ျခင္းျဖစ္ေၾကာင္း နစကအစိုးရအဖြဲ႕ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။
“သူက ေရာက္ေနပါၿပီဗ်။ သူက တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီဝင္ ျပည္သူ႔လုံၿခဳံေရးဆိုင္ရာဝန္ႀကီး တစ္ဦးပါ”ဟု အထက္ပါသတင္းအရင္းအျမစ္က ေျပာသည္။
တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီဝင္ မစၥတာဝမ္ေရွာက္ဟုန္၏ ေနျပည္ေတာ္ခရီးစဥ္သည္ မည္သည့္ရည္႐ြယ္ခ်က္၊ မည္သည့္အေၾကာင္းအရာျဖင့္ လာေရာက္ျခင္းျဖစ္သည္ကို မသိရွိရေသးေသာ္လည္း နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ေတြ႕ဆုံသြားဖြယ္ရွိေၾကာင္း သတင္းမ်ား ထြက္ေပၚလ်က္ရွိသည္။
လတ္တေလာတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ျမန္မာ-တ႐ုတ္နယ္စပ္အနီးရွိ ခ်င္းေ႐ႊေဟာ္ၿမိဳ႕တစ္ဝိုက္အပါအဝင္ လားရႈိး၊ သႏၷီ၊ ကြတ္ခိုင္၊ မူဆယ္၊ ၾကဴကုတ္၊ မုံးကိုး၊ ကြမ္းလုံတို႔တြင္ MNDAA ဦးေဆာင္မဟာမိတ္(၃)ဖြဲ႕ႏွင့္ တပ္မေတာ္တို႔အၾကားတြင္ တိုက်ပွဲအျပင္းအထန္ ျဖစ္ပြားလ်က္ရွိေနသည္။
ထိုသို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းၿမိဳ႕နယ္မ်ား၌ တိုက္ပြဲအျပင္းအထန္ျဖစ္ပြားေနခ်ိန္တြင္ တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီဝင္ မစၥတာဝမ္ေရွာက္ဟုန္ ေနျပည္ေတာ္သို႔ လာေရာက္ျခင္းသည္လည္း စိတ္ဝင္စားဖြယ္ရာျဖစ္ေနသည္။
အလားတူ နစက၏ ကာကြယ္ေရးဝန္ႀကီးဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းသည္လည္း တ႐ုတ္ႏိုင္ငံ၊ ေပက်င္းၿမိဳ႕၌ က်င္းပသည့္ (၁ဝ)ႀကိမ္ေျမာက္ ေပက်င္းရွန္က်န္းဖိုရမ္သို႔ တက္ေရာက္လ်က္ရွိသည္။