ယခုတစ်ပတ်အတွက် စားအုန်းဆီ အခြေခံရည်ညွန်းဈေး ၄၇၅ဝ သတ်မှတ်

 650

NP News - အောက်တိုဘာ ၃၁

စားသုံးဆီ တင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားအုန်းဆီတစ်ပိဿာ အခြေခံ လက်ကားရည်ညွှန်းဈေးအား အောက်တိုဘာလ ၃၁ ရက်၌ ယခင်သီတင်းပတ်ကထက် ၂၅ ကျပ် မြင့်တက် သတ်မှတ်ခဲ့ပြီး ပြင်ပဈေးကွက်အတွင်းမှာ ဈေးနှုန်းမပြောင်းလဲကြောင်း စားသုံးသူများထံက သိရသည်။

“ရပ်ကွက်၊ မြို့နယ်နဲ့ ဆီကုန်သည်တွေ ရောင်းပေးနေတဲ့ဆိုင်တွေမှာတော့ တစ်ပိသာကို ငွေကျပ် ၅ဝဝဝ နဲ့ ရောင်းနေကြတယ်ပေါ့နော်။ အန်တီတို့က တန်းစီပြီး မစောင့်နိုင်တော့ ပြင်ပဆိုင်တွေမှာပဲ ဝယ်လိုက်တယ်။ အခုလည်းကြားတာက အစိုးရ ရည်ညွှန်းဈေးတက်သွားလို့ စားအုန်းဆီဆိုင်တွေလည်း တက်လာတာလို့ ပြောနေ ကြတယ်" ဟု တောင်ဒဂုံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများကို အပတ်စဉ် ထုတ်ပြန်ပေးနေပြီး အောက်တိုဘာ ၂ ရက်မှ ၈ ရက်အထိ စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းဈေး ၄,၃၉ဝ ကျပ်၊ ဒုတိယအပတ်ဖြစ်တဲ့ အောက်တိုဘာ ၉ ရက်မှ ၁၅ ရက်အထိ ၄,၃၄ဝ ကျပ်၊ တတိယအပတ်ဖြစ်တဲ့ အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ၄,၂၇၅ ကျပ်၊ လကုန် ၃၁ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ၄၇၅ဝ ကျပ် အသီးသီးထုတ်ပြန်ခဲ့ရာ ထိုကာလအတွင်း ပြင်ပပေါက်ဈေးမှာလည်း ၇,၈ဝဝ ကျပ်နဲ့ ၈,၅ဝဝ ကျပ် ဝန်းကျင်အထိ ပေါက်ဈေးရှိနေခဲ့သည်။

စားအုန်းဆီဈေးအပြောင်းအလဲပြုလုပ်ခဲ့သော်လည်း ပြည်တွင်း၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ ခွဲတမ်းအလိုက် မြို့နယ်များတွင် တန်းစီဝယ်ယူနေရဆဲဖြစ်ကြောင်း စားသုံးသူပြည်သူများထံက သိရသည်။

Zawgyi Version;
ယခုတစ္ပတ္အတြက္ စားအုန္းဆီ အေျခခံရည္ၫြန္းေဈး ၄၇၅ဝ သတ္မွတ္
NP News - ေအာက္တိုဘာ ၃၁

စားသုံးဆီ တင္သြင္း၊ သိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီမွ စားအုန္းဆီတစ္ပိႆာ အေျခခံ လက္ကားရည္ၫႊန္းေဈးအား ေအာက္တိုဘာလ ၃၁ ရက္၌ ယခင္သီတင္းပတ္ကထက္ ၂၅ က်ပ္ ျမင့္တက္ သတ္မွတ္ခဲ့ၿပီး ျပင္ပေဈးကြက္အတြင္းမွာ ေဈးႏႈန္းမေျပာင္းလဲေၾကာင္း စားသုံးသူမ်ားထံက သိရသည္။

“ရပ္ကြက္၊ ၿမိဳ႕နယ္နဲ႔ ဆီကုန္သည္ေတြ ေရာင္းေပးေနတဲ့ဆိုင္ေတြမွာေတာ့ တစ္ပိသာကို ေငြက်ပ္ ၅ဝဝဝ နဲ႔ ေရာင္းေနၾကတယ္ေပါ့ေနာ္။ အန္တီတို႔က တန္းစီၿပီး မေစာင့္ႏိုင္ေတာ့ ျပင္ပဆိုင္ေတြမွာပဲ ဝယ္လိုက္တယ္။ အခုလည္းၾကားတာက အစိုးရ ရည္ၫႊန္းေဈးတက္သြားလို႔ စားအုန္းဆီဆိုင္ေတြလည္း တက္လာတာလို႔ ေျပာေန ၾကတယ္" ဟု ေတာင္ဒဂုံၿမိဳ႕နယ္မွ အိမ္ရွင္မတစ္ဦးက ေျပာသည္။

စားသုံးဆီ တင္သြင္း သိုေလွာင္ ျဖန႔္ျဖဴးျခင္း လုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီမွ စားအုန္းဆီ ကမာၻ႔ေဈးႏႈန္းျဖစ္ေပၚ ေျပာင္းလဲမႈႏွင့္အညီ ျပည္တြင္းမွာ ျဖစ္သင့္ျဖစ္ထိုက္ေသာ ေဈးႏႈန္းမ်ားကို အပတ္စဥ္ ထုတ္ျပန္ေပးေနၿပီး ေအာက္တိုဘာ ၂ ရက္မွ ၈ ရက္အထိ စားအုန္းဆီ တစ္ပိႆာ ရည္ၫႊန္းေဈး ၄,၃၉ဝ က်ပ္၊ ဒုတိယအပတ္ျဖစ္တဲ့ ေအာက္တိုဘာ ၉ ရက္မွ ၁၅ ရက္အထိ ၄,၃၄ဝ က်ပ္၊ တတိယအပတ္ျဖစ္တဲ့ ေအာက္တိုဘာ ၁၆ ရက္မွ ၂၂ ရက္အထိ ၄,၂၇၅ က်ပ္၊ လကုန္ ၃၁ ရက္မွ ႏိုဝင္ဘာ ၅ ရက္အထိ ၄၇၅ဝ က်ပ္ အသီးသီးထုတ္ျပန္ခဲ့ရာ ထိုကာလအတြင္း ျပင္ပေပါက္ေဈးမွာလည္း ၇,၈ဝဝ က်ပ္နဲ႔ ၈,၅ဝဝ က်ပ္ ဝန္းက်င္အထိ ေပါက္ေဈးရွိေနခဲ့သည္။

စားအုန္းဆီေဈးအေျပာင္းအလဲျပဳလုပ္ခဲ့ေသာ္လည္း ျပည္တြင္း၌ ျမန္မာႏိုင္ငံ ဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ား အသင္းမွ ခြဲတမ္းအလိုက္ ၿမိဳ႕နယ္မ်ားတြင္ တန္းစီဝယ္ယူေနရဆဲျဖစ္ေၾကာင္း စားသုံးသူျပည္သူမ်ားထံက သိရသည္။

Related news

© 2021. All rights reserved.