လာမယ့်သီတင်းပတ်မှာ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော

 191

Pika (NP News) - ဇူလိုင် ၂

လာမယ့်သီတင်းပတ်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့အတွက် အမေရိကန်ကို သွားရောက်လည်ပတ်ဖို့ မျှော်လင့်ထားတယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အစ္စရေးနဲ့အီရန်ကြား (၁၂)ရက်ကြာမြင့်တဲ့ စစ်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ နေတန်ရာဟုရဲ့ခရီးစဉ်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ အစ္စရေးနဲ့အီရန်ကြားဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်း အမေရိကန်က အစ္စရေးဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးမှုတစ်ခုလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့လတုန်းက အစ္စရေးက အီရန်ကို တိုက်လေယာဉ်အစင်း‌ရေ(၂၀၀)နဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ် ဆောင်ခဲ့ပြီးနောက် အစ္စရေး-အီရန်စစ်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အစ္စရေး-အီရန်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ရက်ပိုင်းအကြာမှာ အမေရိကန်က အီရန်ရဲ့နျူကလီးယားစက်ရုံတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့နျူကလီးယားအစီအစဉ် ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့လည်း အမေရိကန်အစိုးရကပြောကြားခဲ့ပါတယ်။

zawgyi version
လာမယ့္သီတင္းပတ္မွာ ေဒၚနယ္ထရမ့္နဲ႔ ေတြ႕ဆုံဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ဇူလိုင္ ၂

လာမယ့္သီတင္းပတ္မွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ေတြ႕ဆုံဖို႔အတြက္ အေမရိကန္ကို သြားေရာက္လည္ပတ္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

အစၥေရးနဲ႔အီရန္ၾကား (၁၂)ရက္ၾကာျမင့္တဲ့ စစ္ပြဲတစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ေနတန္ရာဟုရဲ႕ခရီးစဥ္ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ အစၥေရးနဲ႔အီရန္ၾကားျဖစ္ပြားခဲ့တဲ့စစ္ပြဲအတြင္း အေမရိကန္က အစၥေရးဘက္ကေန ပါဝင္ကူညီတိုက္ခိုက္ေပးမႈတစ္ခုလုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့လတုန္းက အစၥေရးက အီရန္ကို တိုက္ေလယာဥ္အစင္း‌ေရ(၂၀၀)နဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြလုပ္ ေဆာင္ခဲ့ၿပီးေနာက္ အစၥေရး-အီရန္စစ္ပြဲစတင္ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

အစၥေရး-အီရန္စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ ရက္ပိုင္းအၾကာမွာ အေမရိကန္က အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြကို ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အေမရိကန္ရဲ႕ဗုံးႀကဲတိုက္ခိုက္မႈေတြေၾကာင့္ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ ျပင္းျပင္းထန္ထန္ ထိခိုက္ပ်က္စီးသြားခဲ့တယ္လို႔လည္း အေမရိကန္အစိုးရကေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.