အဓိကရုဏ်းတွင် ပါဝင်သူများအား ခေါင်းကို သေနတ်ဖြင့်ပစ်သတ်သင့်ကြောင်း ချေချင်းညာဒေသခေါင်းဆောင် ပြော

6441

Pika (NP News) - နိုဝင်ဘာ ၁
တရားဥပဒေစိုးမိုးရေးကို ဆန့်ကျင်မည့် အလားအလာရှိသော အကြမ်းဖက်သမားများကို သေစေလောက်သည့် အင်အားများအသုံးပြုရန် ရုရှားနိုင်ငံတောင်ပိုင်းရှိ မွတ်စလင် အများဆုံးနေထိုင်သော ချေချင်းညာဒေသ ခေါင်းဆောင် Ramzan Kadyrov က အမိန့်ပေးခဲ့ကြောင်း သိရသည်။
Dagestan ဒေသရှိ လေဆိပ်တွင် ဂျူးဆန့်ကျင်ရေးလုပ်ရပ်များဖြစ်ပွားခဲ့ပြီးနောက် Ramzan Kadyrov က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ Ramzan Kadyrov က "ချေချင်းညာဒေသ အာဏာပိုင်တွေဟာ အကြမ်းဖက်သမားတွေအားလုံးကို ဖမ်းဆီးပြီးထောင်ချသွားမှာပါ၊၊ ပြီးတော့ လူတွေကို သတိပေးတဲ့အနေနဲ့ လေထဲ ကို သေနတ်သုံးချက်ပစ်ဖောက်မှာပါ။ အဲဒါကိုမှ လူတွေက မလိုက်နာဘူးဆိုရင် လေးချက်မြောက်ကို သူတို့ရဲ့ နဖူးကို တည့်ပစ်လိုက်ပါ" ဟု ပြောခဲ့သည်။
အောက်တိုဘာလ(၂၉)ရက် ညက Dagestan ဒေသ Makhachkala မြို့ရှိ လေဆိပ်သို့ အစ္စရေးမှ ဒုက္ခသည်များ လိုက်ပါလာသော လေယာဉ်ရောက်ရှိလာချိန်တွင် ဆူပူအုံကြွမှုများဖြစ်ပွားပြီးနောက် ရက်ပိုင်းအကြာတွင် အဆိုပါ သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် အရေးပေါ်အခြေအနေများအတွက် လေဆိပ်တွင် ရဲတပ်ဖွဲ့ဝင် များကို ဖြန့်ကျက်ချထားခဲ့ပြီး ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ရာ နှစ်ဖက်လုံးမှ အနည်းဆုံးလူ(၂ဝ) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ(၃ဝ)ရက်က ပြုလုပ်သော လုံခြုံရေးကောင်စီအစည်းအဝေးအတွင်း ရုရှားသမ္မတပူတင်သည် အဆိုပါပဋိပက္ခအတွက် ယူကရိန်းအစိုးရ နှင့် ၎င်း၏ အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံများကို ပြစ်တင် ပြောဆိုခဲ့ကြောင်းလည်း သိရသည်။
ပူတင်က "ယူကရိန်းအမျိုးသားရေးဝါဒီ အစွန်းရောက်အဖွဲ့ရဲ့ လက်ယာစွန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Stepan Bandera နဲ့ ဟစ်တလာတို့ရဲ့အခြားကြံရာပါလူတွေဟာ ယူကရိန်းမှာရောနှောပျံ့နှံ့နေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပြီးတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေကို အစုလိုက်အပြုံလိုက်သတ်ပစ်ခဲ့တဲ့ နာဇီတွေကို ယူကရိန်းရဲ့ခေါင်းဆောင်ပိုင်းတွေက ချီးကျူးခဲ့ကြတယ်ဆိုတာလည်း ကျွန်တော်တို့သိပါတယ်။ ပြီးတော့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ညွှန်ကြားမှုတွေနဲ့အတူ ယူကရိန်းဟာ ရုရှားမှာ ရန်လိုမုန်းတီးမှုတွေဖြစ်အောင် လှုံ့ဆော်ပေးချင်နေတာပါ" ဟု ပြောခဲ့သည်။
ထို့အပြင် ငယ်ရွယ်သော မွတ်စလင်များသည် ဥပဒေချိုးဖောက်မှုများ လုပ်ဆောင်ရန်အတွက် ကြိုးကိုင်ခြယ်လှယ် ခြင်းများကို မခံရရန် ၎င်းတို့၏ အကြီးအကဲများထံမှ အကြံညဏ်များကို ရယူသင့်ကြောင်း ချေချင်းညာဒေသ ခေါင်းဆောင် Ramzan Kadyrov က ပြောခဲ့သည်။
၎င်းက "Dagestan မြို့က အဓိကရုဏ်းများ ပါဝင်ခဲ့သူတွေဟာ သူတို့ကိုယ်သူတို့ ထိခိုက်အောင် လုပ်ခဲ့တာပါ။ Dagestan ဒေသအကြီးအကဲတွေဟာ ဒီလုပ်ရပ်တွေရဲ့အကျိုးဆက်တွေနဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ကြိုးကိုင် ခြယ်လှယ်မှုတွေကို ရှင်းပြခဲ့ပေမယ့် သူတို့က နားမထောင်ခဲ့ပါဘူး။ ပြီးတော့ အခုလိုမျိုးတွေဖြစ်ခဲ့တာပါ။ လူငယ်တွေဟာ တစ်ခုခုကို မလုပ်ဆောင်မီ အရင်ဆုံးစဉ်းစားသင့်ပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
အဓိက႐ုဏ္းတြင္ ပါဝင္သူမ်ားအား ေခါင္းကို ေသနတ္ျဖင့္ပစ္သတ္သင့္ေၾကာင္း ေခ်ခ်င္းညာေဒသေခါင္းေဆာင္ ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၁
တရားဥပေဒစိုးမိုးေရးကို ဆန႔္က်င္မည့္ အလားအလာရွိေသာ အၾကမ္းဖက္သမားမ်ားကို ေသေစေလာက္သည့္ အင္အားမ်ားအသုံးျပဳရန္ ႐ုရွားႏိုင္ငံေတာင္ပိုင္းရွိ မြတ္စလင္ အမ်ားဆုံးေနထိုင္ေသာ ေခ်ခ်င္းညာေဒသ ေခါင္းေဆာင္ Ramzan Kadyrov က အမိန႔္ေပးခဲ့ေၾကာင္း သိရသည္။
Dagestan ေဒသရွိ ေလဆိပ္တြင္ ဂ်ဴးဆန႔္က်င္ေရးလုပ္ရပ္မ်ားျဖစ္ပြားခဲ့ၿပီးေနာက္ Ramzan Kadyrov က ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ Ramzan Kadyrov က "ေခ်ခ်င္းညာေဒသ အာဏာပိုင္ေတြဟာ အၾကမ္းဖက္သမားေတြအားလုံးကို ဖမ္းဆီးၿပီးေထာင္ခ်သြားမွာပါ၊၊ ၿပီးေတာ့ လူေတြကို သတိေပးတဲ့အေနနဲ႔ ေလထဲ ကို ေသနတ္သုံးခ်က္ပစ္ေဖာက္မွာပါ။ အဲဒါကိုမွ လူေတြက မလိုက္နာဘူးဆိုရင္ ေလးခ်က္ေျမာက္ကို သူတို႔ရဲ႕ နဖူးကို တည့္ပစ္လိုက္ပါ" ဟု ေျပာခဲ့သည္။
ေအာက္တိုဘာလ(၂၉)ရက္ ညက Dagestan ေဒသ Makhachkala ၿမိဳ႕ရွိ ေလဆိပ္သို႔ အစၥေရးမွ ဒုကၡသည္မ်ား လိုက္ပါလာေသာ ေလယာဥ္ေရာက္ရွိလာခ်ိန္တြင္ ဆူပူအုံႂကြမႈမ်ားျဖစ္ပြားၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ အဆိုပါ သတိေပးခ်က္ထြက္ေပၚလာျခင္းျဖစ္သည္။ ထို႔အျပင္ အေရးေပၚအေျခအေနမ်ားအတြက္ ေလဆိပ္တြင္ ရဲတပ္ဖြဲ႕ဝင္ မ်ားကို ျဖန႔္က်က္ခ်ထားခဲ့ၿပီး ႐ုန္းရင္းဆန္ခတ္မႈမ်ားျဖစ္ပြားခဲ့ရာ ႏွစ္ဖက္လုံးမွ အနည္းဆုံးလူ(၂ဝ) ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ေအာက္တိုဘာလ(၃ဝ)ရက္က ျပဳလုပ္ေသာ လုံၿခဳံေရးေကာင္စီအစည္းအေဝးအတြင္း ႐ုရွားသမၼတပူတင္သည္ အဆိုပါပဋိပကၡအတြက္ ယူကရိန္းအစိုးရ ႏွင့္ ၎၏ အေနာက္အုပ္စုေက်ာေထာက္ေနာက္ခံႏိုင္ငံမ်ားကို ျပစ္တင္ ေျပာဆိုခဲ့ေၾကာင္းလည္း သိရသည္။
ပူတင္က "ယူကရိန္းအမ်ိဳးသားေရးဝါဒီ အစြန္းေရာက္အဖြဲ႕ရဲ႕ လက္ယာစြန္းေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ Stepan Bandera နဲ႔ ဟစ္တလာတို႔ရဲ႕အျခားႀကံရာပါလူေတြဟာ ယူကရိန္းမွာေရာေႏွာပ်ံ႕ႏွံ႔ေနတယ္ဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။ ၿပီးေတာ့ ဒုတိယကမာၻစစ္အတြင္း ဂ်ဴးလူမ်ိဳးေတြကို အစုလိုက္အၿပဳံလိုက္သတ္ပစ္ခဲ့တဲ့ နာဇီေတြကို ယူကရိန္းရဲ႕ေခါင္းေဆာင္ပိုင္းေတြက ခ်ီးက်ဴးခဲ့ၾကတယ္ဆိုတာလည္း ကြၽန္ေတာ္တို႔သိပါတယ္။ ၿပီးေတာ့ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ၫႊန္ၾကားမႈေတြနဲ႔အတူ ယူကရိန္းဟာ ႐ုရွားမွာ ရန္လိုမုန္းတီးမႈေတြျဖစ္ေအာင္ လႈံ႕ေဆာ္ေပးခ်င္ေနတာပါ" ဟု ေျပာခဲ့သည္။
ထို႔အျပင္ ငယ္႐ြယ္ေသာ မြတ္စလင္မ်ားသည္ ဥပေဒခ်ိဳးေဖာက္မႈမ်ား လုပ္ေဆာင္ရန္အတြက္ ႀကိဳးကိုင္ျခယ္လွယ္ ျခင္းမ်ားကို မခံရရန္ ၎တို႔၏ အႀကီးအကဲမ်ားထံမွ အႀကံညဏ္မ်ားကို ရယူသင့္ေၾကာင္း ေခ်ခ်င္းညာေဒသ ေခါင္းေဆာင္ Ramzan Kadyrov က ေျပာခဲ့သည္။
၎က "Dagestan ၿမိဳ႕က အဓိက႐ုဏ္းမ်ား ပါဝင္ခဲ့သူေတြဟာ သူတို႔ကိုယ္သူတို႔ ထိခိုက္ေအာင္ လုပ္ခဲ့တာပါ။ Dagestan ေဒသအႀကီးအကဲေတြဟာ ဒီလုပ္ရပ္ေတြရဲ႕အက်ိဳးဆက္ေတြနဲ႔ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ႀကိဳးကိုင္ ျခယ္လွယ္မႈေတြကို ရွင္းျပခဲ့ေပမယ့္ သူတို႔က နားမေထာင္ခဲ့ပါဘူး။ ၿပီးေတာ့ အခုလိုမ်ိဳးေတြျဖစ္ခဲ့တာပါ။ လူငယ္ေတြဟာ တစ္ခုခုကို မလုပ္ေဆာင္မီ အရင္ဆုံးစဥ္းစားသင့္ပါတယ္" ဟု ေျပာခဲ့သည္။