အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု နှင့် နယ်စပ်ဖြတ်ကျော်ပေးချေမှုများအတွက် နှစ်နိုင်ငံသုံးငွေကြေး အသုံးပြုမှုကို မြှင့်တင်ရန် မြန်မာ-ရုရှားဆွေးနွေး

 742

Pearl (NP News) - နိုဝင်ဘာ ၈

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်ပေးချေမှုများအတွက် နှစ်နိုင်ငံသုံးငွေကြေးအသုံးပြုမှုကိုမြှင့်တင်ရန် မြန်မာ-ရုရှားဆွေးနွေးခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၇ ရက်)တွင် နေပြည်တော်၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ နှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Ros-Congress Investments Fund) မှ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ရုရှား-မြန်မာနှစ်နိုင်ငံကြား နိုင်ငံသုံးငွေကြေး နှင့် ကုန်စည်များ (သို့မဟုတ်) ငွေကြေးပုံစံနှစ်မျိုးဖြင့် အသုံးပြုနိုင်သော ကုန်စည်များချိတ်ဆက်၍ ငွေကြေးတန်ဖိုးသတ်မှတ်ခြင်းဆိုင်ရာများ နှင့် နှစ်နိုင်ငံအပြန်အလှန် ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အတူ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်ပေးချေမှုများအတွက် နှစ်နိုင်ငံသုံးငွေကြေးအသုံးပြုမှုကို မြှင့်တင်ရေးဆိုင်ရာများ အပါအဝင် မြန်မာနှင့် ကုန်သွယ်မှုအများဆုံးနိုင်ငံများ၏ ကုန်သွယ်မှုအပေါ်မူတည်၍ ကုန်စည်များအစုအဖွဲ့ဖြင့် ဒစ်ဂျစ်တယ်ငွေရေးကြေးရေးဆိုင်ရာရယူပိုင်ခွင့် တစ်ခုသတ်မှတ်ပြီး ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာဗဟိုဘဏ်နှင့် ရုရှားဗဟိုဘဏ်တို့၏ ဦးဆောင်မှုဖြင့် ရုရှားဘက်မှ ရွေးချယ်ထားသည့် Evrofinance Mosnarbank နှင့် မြန်မာဗဟိုဘဏ်မှ ရွေးချယ်မည့် နိုင်ငံပိုင်/ပုဂ္ဂလိကဘဏ်များမှ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်ရန်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြားတွင် Mir ငွေပေးချေမှုကတ်ကို အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်နေမှုများရှိကြောင်း သိရသည်။

zawgyi version
အျပည္ျပည္ဆိုင္ရာ ကုန္သြယ္မႈ ႏွင့္ နယ္စပ္ျဖတ္ေက်ာ္ေပးေခ်မႈမ်ားအတြက္ ႏွစ္ႏိုင္ငံသုံးေငြေၾကး အသုံးျပဳမႈကို ျမႇင့္တင္ရန္ ျမန္မာ-႐ုရွားေဆြးေႏြး

Pearl (NP News) - ႏိုဝင္ဘာ ၈

အျပည္ျပည္ဆိုင္ရာ ကုန္သြယ္မႈႏွင့္ နယ္စပ္ျဖတ္ေက်ာ္ေပးေခ်မႈမ်ားအတြက္ ႏွစ္ႏိုင္ငံသုံးေငြေၾကးအသုံးျပဳမႈကိုျမႇင့္တင္ရန္ ျမန္မာ-႐ုရွားေဆြးေႏြးခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ယမန္ေန႔ (ႏိုဝင္ဘာလ ၇ ရက္)တြင္ ေနျပည္ေတာ္၌ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္းေဆြ ႏွင့္ ႐ုရွားႏိုင္ငံ ေရာ့စ္ကြန္ဂရက္ရင္းႏွီးျမႇဳပ္ႏွံမႈရန္ပုံေငြအဖြဲ႕ (Ros-Congress Investments Fund) မွ ကိုယ္စားလွယ္အဖြဲ႕တို႔ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ေတြ႕ဆုံစဥ္ ႐ုရွား-ျမန္မာႏွစ္ႏိုင္ငံၾကား ႏိုင္ငံသုံးေငြေၾကး ႏွင့္ ကုန္စည္မ်ား (သို႔မဟုတ္) ေငြေၾကးပုံစံႏွစ္မ်ိဳးျဖင့္ အသုံးျပဳႏိုင္ေသာ ကုန္စည္မ်ားခ်ိတ္ဆက္၍ ေငြေၾကးတန္ဖိုးသတ္မွတ္ျခင္းဆိုင္ရာမ်ား ႏွင့္ ႏွစ္ႏိုင္ငံအျပန္အလွန္ ပူးတြဲလုပ္ငန္းအဖြဲ႕ ဖြဲ႕စည္းေရးဆိုင္ရာမ်ား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔အတူ အျပည္ျပည္ဆိုင္ရာကုန္သြယ္မႈႏွင့္ နယ္စပ္ျဖတ္ေက်ာ္ေပးေခ်မႈမ်ားအတြက္ ႏွစ္ႏိုင္ငံသုံးေငြေၾကးအသုံးျပဳမႈကို ျမႇင့္တင္ေရးဆိုင္ရာမ်ား အပါအဝင္ ျမန္မာႏွင့္ ကုန္သြယ္မႈအမ်ားဆုံးႏိုင္ငံမ်ား၏ ကုန္သြယ္မႈအေပၚမူတည္၍ ကုန္စည္မ်ားအစုအဖြဲ႕ျဖင့္ ဒစ္ဂ်စ္တယ္ေငြေရးေၾကးေရးဆိုင္ရာရယူပိုင္ခြင့္ တစ္ခုသတ္မွတ္ၿပီး ေငြေပးေခ်မႈႏွင့္ စာရင္းရွင္းလင္းမႈမ်ား ေဆာင္႐ြက္ႏိုင္ရန္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာဗဟိုဘဏ္ႏွင့္ ႐ုရွားဗဟိုဘဏ္တို႔၏ ဦးေဆာင္မႈျဖင့္ ႐ုရွားဘက္မွ ေ႐ြးခ်ယ္ထားသည့္ Evrofinance Mosnarbank ႏွင့္ ျမန္မာဗဟိုဘဏ္မွ ေ႐ြးခ်ယ္မည့္ ႏိုင္ငံပိုင္/ပုဂၢလိကဘဏ္မ်ားမွ ေငြေပးေခ်မႈႏွင့္ စာရင္းရွင္းလင္းမႈမ်ား ေဆာင္႐ြက္ႏိုင္ရန္လည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အလားတူ ျမန္မာႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံၾကားတြင္ Mir ေငြေပးေခ်မႈကတ္ကို အသုံးျပဳႏိုင္ေရးအတြက္ လုပ္ေဆာင္ေနမႈမ်ားရွိေၾကာင္း သိရသည္။

Picture

Tun Oo Hlaing

09/11/2023 01:55

good

Related news

© 2021. All rights reserved.