အစ္စရေးသင်္ဘောများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ပြော

 1829

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၅

ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့က ၎င်းတို့သည် အစ္စရေးနိုင်ငံအပြင် ပင်လယ်နီအပြင် Bab al-Mandeb ရေလက်ကြားရှိ အစ္စရေးသင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ဟူသီလက်နက်ကိုင်အဖွဲ့သည် အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက် အစ္စရေး နိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်နေခဲ့ကြောင်း သိရသည်။ ဟူသီလက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက " ကျွန်တော်တို့ဟာ အစ္စရေးနိုင်ငံကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေပါတယ်။ ပင်လယ်နီနဲ့အခြား ပင်လယ်အတွင်းမှာ ရှိနေမယ့် အစ္စရေးသင်္ဘောတွေကို တိုက်ခိုက်ဖို့ သည်းခံစောင့်ဆိုင်းနေမှာ မဟုတ်ဘူး" ဟု ပြောသည်။

ဟူသီလက်နက်ကိုင်အဖွဲ့သည် ၂ဝ၁၅ ခုနှစ်က အာရပ်ညွှန်ပေါင်းနိုင်ငံများအဖွဲ့နှင့် စစ်ပွဲဖြစ်လာခဲ့ပြီးနောက် လူသိများ ထင်ရှားလာသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး အာရေဗျကျွန်းဆွယ်တွင် အဓိကလက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ရှိနေသည်။ ဟူသီလက်နက်ကိုင်အဖွဲ့သည် ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းအများအပြားကို ပိုင်ဆိုင်ထားသလို တပ်ဖွဲ့ဝင်အရေအတွက် သောင်းချီရှိနေသည်။ ဟူသီလက်နက်ကိုင်အဖွဲ့သည် ယီမင်နိုင်ငံ မြောက်ပိုင်း နှင့် ပင်လယ်နီကမ်းရိုးတန်းကို ထိန်းချုပ်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

ဟူသီလက်နက်အဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ကျွန်တော်တို့ဟာ ပင်လယ်နီမှာဖြတ်သန်းမယ့် အစ္စရေးသင်္ဘောတွေကို ရှာဖွေ၊ စောင့်ကြည့်တိုက်ခိုက်တာမျိုးတွေ လုပ်သွားမယ်" ဟု ပြောသည်။

အမေရိကန်သည် အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့်စစ်ပွဲထဲသို့ တတိယအဖွဲ့အစည်း၊ နိုင်ငံ ပါဝင်လာမည်ကို စိုးရိမ်နေသော်လည်း အရှေ့အလယ်ပိုင်းဒေသရှိ လက်နက်ကိုင်အဖွဲ့များသည် အစ္စရေး နှင့် အမေရိကန်နိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်မှု အရှိန်မြင့်တက်လာနေကြောင်း သိရသည်။

Zawgyi Version;
အစၥေရးသေဘၤာမ်ားကို တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၅

ယီမင္ႏိုင္ငံရွိ ဟူသီလက္နက္ကိုင္အဖြဲ႕က ၎တို႔သည္ အစၥေရးႏိုင္ငံအျပင္ ပင္လယ္နီအျပင္ Bab al-Mandeb ေရလက္ၾကားရွိ အစၥေရးသေဘၤာေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ဟူသီလက္နက္ကိုင္အဖြဲ႕သည္ အစၥေရးႏွင့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ အစၥေရး ႏိုင္ငံကို ပစ္မွတ္ထားတိုက္ခိုက္ေနခဲ့ေၾကာင္း သိရသည္။ ဟူသီလက္နက္ကိုင္အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက " ကြၽန္ေတာ္တို႔ဟာ အစၥေရးႏိုင္ငံကို ပစ္မွတ္ထားၿပီး တိုက္ခိုက္ေနပါတယ္။ ပင္လယ္နီနဲ႔အျခား ပင္လယ္အတြင္းမွာ ရွိေနမယ့္ အစၥေရးသေဘၤာေတြကို တိုက္ခိုက္ဖို႔ သည္းခံေစာင့္ဆိုင္းေနမွာ မဟုတ္ဘူး" ဟု ေျပာသည္။

ဟူသီလက္နက္ကိုင္အဖြဲ႕သည္ ၂ဝ၁၅ ခုႏွစ္က အာရပ္ၫႊန္ေပါင္းႏိုင္ငံမ်ားအဖြဲ႕ႏွင့္ စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ လူသိမ်ား ထင္ရွားလာေသာ လက္နက္ကိုင္အဖြဲ႕အစည္းျဖစ္ၿပီး အာေရဗ်ကြၽန္းဆြယ္တြင္ အဓိကလက္နက္ကိုင္ အဖြဲ႕အစည္းအျဖစ္ ရွိေနသည္။ ဟူသီလက္နက္ကိုင္အဖြဲ႕သည္ ပဲ့ထိန္းဒုံးက်ည္မ်ား၊ ဒ႐ုန္းအမ်ားအျပားကို ပိုင္ဆိုင္ထားသလို တပ္ဖြဲ႕ဝင္အေရအတြက္ ေသာင္းခ်ီရွိေနသည္။ ဟူသီလက္နက္ကိုင္အဖြဲ႕သည္ ယီမင္ႏိုင္ငံ ေျမာက္ပိုင္း ႏွင့္ ပင္လယ္နီကမ္း႐ိုးတန္းကို ထိန္းခ်ဳပ္ထားသည့္ လက္နက္ကိုင္အဖြဲ႕အစည္းျဖစ္သည္။

ဟူသီလက္နက္အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက "ကြၽန္ေတာ္တို႔ဟာ ပင္လယ္နီမွာျဖတ္သန္းမယ့္ အစၥေရးသေဘၤာေတြကို ရွာေဖြ၊ ေစာင့္ၾကည့္တိုက္ခိုက္တာမ်ိဳးေတြ လုပ္သြားမယ္" ဟု ေျပာသည္။

အေမရိကန္သည္ အစၥေရးႏွင့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနသည့္စစ္ပြဲထဲသို႔ တတိယအဖြဲ႕အစည္း၊ ႏိုင္ငံ ပါဝင္လာမည္ကို စိုးရိမ္ေနေသာ္လည္း အေရွ႕အလယ္ပိုင္းေဒသရွိ လက္နက္ကိုင္အဖြဲ႕မ်ားသည္ အစၥေရး ႏွင့္ အေမရိကန္ႏိုင္ငံကို ပစ္မွတ္ထားတိုက္ခိုက္မႈ အရွိန္ျမင့္တက္လာေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.