ရာထူးက ထုတ်ပယ်ထားတဲ့ စစ်သားထောင်ချီကို စစ်မှုပြန်ထမ်းဖို့ အမေရိကန်စစ်တပ် ပြန်လည်ခေါ်ယူ

3761
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄
အမေရိကန်စစ်တပ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ထုတ်ပယ်ထားတဲ့စစ်သားတွေကို စစ်မှုပြန်ထမ်းဖို့ ပြန်လည်ခေါ်ယူနေကြောင်း အမေရိကန်အခြေစိုက်သတင်းဌာနကဖော်ပြထားပါတယ်။

အမေရိကန်စစ်ဘက်မှာ အမြဲတမ်းတာဝန်ယူမယ့် စစ်သားအရေအတွက်လိုအပ်ချက်များရှိလာနေချိန်မှာစစ်သားဟောင်းတွေကို တပ်ဖွဲ့နဲ့ ပြန်လည်ဆက်သွယ်ဖို့၊ တာဝန်ပြန်ထမ်းဆောင်ဖို့ စာပေးပို့တောင်းဆိုခဲ့ကြောင်းသိရပါတယ်။ အမေရိကန်လွှတ်တော်ကလည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်ခဲ့တဲ့ စစ်သားတွေကို ပြန်လည်ခေါ်ယူဖို့ အမေရိကန်စစ်ဌာနချုပ်ကိုလည်း တွန်းအားပေးခဲ့ကြောင်းသိရပါတယ်။
အမေရိကန်စစ်တပ်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံရေးနဲ့ပတ်သက်ပြီး အငြင်းပွားခဲ့ကာ စစ်သားပေါင်း ၈၀၀၀ နီးပါး အလုပ်ထွက်သွားခဲ့ခြင်းများရှိခဲ့ကြောင်းသိရပါတယ်။ အမေရိကန်စစ်ဘက်ဟာ ထုတ် ပယ်လိုက်တဲ့ စစ်သားတွေထဲမှ ဘယ်နှစ်ဦးကို ပြန်ခန့်မလဲဆိုတဲ့အချက်ကို အတိအကျမသိသေးကြောင်း အမေရိကန်အခြေစိုက် New York Post သတင်းဌာနက ဖော်ပြထားပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ စစ်သားတွေကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးဖို့ညွှန်ကြားခဲ့ရာ အများစုက ထိုးနှံ့ခဲ့ပေမယ့် ကာကွယ်ဆေးကိုသံသယရှိတဲ့ စစ်သားအချို့က ထိုးနှံ့ဖို့ ငြင်းဆန်ခဲ့ကြောင်းသိရပါတယ်။
အမေရိကန် စစ်တပ်ဟာ ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်ထားတဲ့ စစ်သားတွေထဲကနေ စစ်သား ၁၉၀၀ ကို စာပို့အကြောင်းကြားခဲ့ပေမယ့် ၁၉ ဦးသာ စစ်တပ်မှာအမြဲတမ်းတပ်ဖွဲ့ဝင်အဖြစ် ပြန်လည်တာဝန်ခဲ့ပြီး အခြားသူများက ဆက်သွယ်ခြင်းမျိုးမရှိကြောင်းသိရပါတယ်။ အမေရိကန်စစ်တပ်ဟာ စာပို့ထားတဲ့စစ်သားတွေထဲကနေ စစ်သားအများအပြား စစ်တပ်မှာ တာဝန်ယူဖို့ ချိတ်ဆက်လာမယ်လို့ မျှော်လင့်ထားကြောင်း သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

zawgyi version
ရာထူးက ထုတ္ပယ္ထားတဲ့ စစ္သားေထာင္ခ်ီကို စစ္မႈျပန္ထမ္းဖို႔ အေမရိကန္စစ္တပ္ ျပန္လည္ေခၚယူ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၄
အေမရိကန္စစ္တပ္ဟာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးထိုးဖို႔ ျငင္းဆန္ခဲ့တဲ့အတြက္ ထုတ္ပယ္ထားတဲ့စစ္သားေတြကို စစ္မႈျပန္ထမ္းဖို႔ ျပန္လည္ေခၚယူေနေၾကာင္း အေမရိကန္အေျခစိုက္သတင္းဌာနကေဖာ္ျပထားပါတယ္။
အေမရိကန္စစ္ဘက္မွာ အၿမဲတမ္းတာဝန္ယူမယ့္ စစ္သားအေရအတြက္လိုအပ္ခ်က္မ်ားရွိလာေနခ်ိန္မွာစစ္သားေဟာင္းေတြကို တပ္ဖြဲ႕နဲ႔ ျပန္လည္ဆက္သြယ္ဖို႔၊ တာဝန္ျပန္ထမ္းေဆာင္ဖို႔ စာေပးပို႔ေတာင္းဆိုခဲ့ေၾကာင္းသိရပါတယ္။ အေမရိကန္လႊတ္ေတာ္ကလည္း ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးဖို႔ ျငင္းဆန္ခဲ့တဲ့ စစ္သားေတြကို ျပန္လည္ေခၚယူဖို႔ အေမရိကန္စစ္ဌာနခ်ဳပ္ကိုလည္း တြန္းအားေပးခဲ့ေၾကာင္းသိရပါတယ္။
အေမရိကန္စစ္တပ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးထိုးႏွံေရးနဲ႔ပတ္သက္ၿပီး အျငင္းပြားခဲ့ကာ စစ္သားေပါင္း ၈၀၀၀ နီးပါး အလုပ္ထြက္သြားခဲ့ျခင္းမ်ားရွိခဲ့ေၾကာင္းသိရပါတယ္။ အေမရိကန္စစ္ဘက္ဟာ ထုတ္ ပယ္လိုက္တဲ့ စစ္သားေတြထဲမွ ဘယ္ႏွစ္ဦးကို ျပန္ခန႔္မလဲဆိုတဲ့အခ်က္ကို အတိအက်မသိေသးေၾကာင္း အေမရိကန္အေျခစိုက္ New York Post သတင္းဌာနက ေဖာ္ျပထားပါတယ္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳင္ေအာ္စတင္ဟာ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္မွာ စစ္သားေတြကို ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးထိုးဖို႔ၫႊန္ၾကားခဲ့ရာ အမ်ားစုက ထိုးႏွံ႔ခဲ့ေပမယ့္ ကာကြယ္ေဆးကိုသံသယရွိတဲ့ စစ္သားအခ်ိဳ႕က ထိုးႏွံ႔ဖို႔ ျငင္းဆန္ခဲ့ေၾကာင္းသိရပါတယ္။
အေမရိကန္ စစ္တပ္ဟာ ကာကြယ္ေဆးထိုးဖို႔ ျငင္းဆန္ထားတဲ့ စစ္သားေတြထဲကေန စစ္သား ၁၉၀၀ ကို စာပို႔အေၾကာင္းၾကားခဲ့ေပမယ့္ ၁၉ ဦးသာ စစ္တပ္မွာအၿမဲတမ္းတပ္ဖြဲ႕ဝင္အျဖစ္ ျပန္လည္တာဝန္ခဲ့ၿပီး အျခားသူမ်ားက ဆက္သြယ္ျခင္းမ်ိဳးမရွိေၾကာင္းသိရပါတယ္။ အေမရိကန္စစ္တပ္ဟာ စာပို႔ထားတဲ့စစ္သားေတြထဲကေန စစ္သားအမ်ားအျပား စစ္တပ္မွာ တာဝန္ယူဖို႔ ခ်ိတ္ဆက္လာမယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း သတင္းေတြလည္းထြက္ေပၚေနပါတယ္။