မိုင်းဖြတ်မြို့၌ လယ်တဲအတွင်း ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ

1490
စော (NP News) - နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ်တွင် လယ်တဲအတွင်း ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အလောင်းအား ပြီးခဲ့သည့် (နိုဝင်ဘာလ ၂၈ ရက်)၊ နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့နယ်၊ နမ့်လောက်ရွာရှိ ၎င်းနေထိုင်သည့် တဲအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“အလောင်းက ပုပ်နေပြီး အရေခွံနဲ့ အရိုးပဲကျန်တော့တယ်။ သူက လယ်ထဲမှာ တစ်ယောက်ထဲနေတာ။ သူမိသားစုတွေက ရွာထဲမှာနေတာ။ မပြန်လာတာကြာလို့ ညီအစ်မတွေသွားကြည့်တော့မှ အပုပ်နံ့ရနေတယ်။ သေနေတယ်ဆိုပြီး ကျွန်တော်တို့ကို အကြောင်းကြားလာတာပါ”ဟု မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် ဦးအိုက်သန်းဖြစ်ပြီး ၎င်း၏ရုပ်အလောင်းအား နမ့်လောက်ရွာရှိ သုဿန်တွင် မီးရှို့သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
မိုင္းျဖတ္ၿမိဳ႕၌ လယ္တဲအတြင္း ပုပ္ပြေသဆုံးေနသည့္ အမ်ိဳးသားအေလာင္းေတြ႕ရွိ
ေစာ (NP News) - ႏိုဝင္ဘာ ၂၉
ရွမ္းျပည္နယ္၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ လယ္တဲအတြင္း ပုပ္ပြေသဆုံးေနသည့္ အမ်ိဳးသားအေလာင္းတစ္ေလာင္းေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။
အဆိုပါ အေလာင္းအား ၿပီးခဲ့သည့္ (ႏိုဝင္ဘာလ ၂၈ ရက္)၊ နံနက္ပိုင္းတြင္ မိုင္းျဖတ္ၿမိဳ႕နယ္၊ နမ့္ေလာက္႐ြာရွိ ၎ေနထိုင္သည့္ တဲအတြင္း ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း မိုင္းျဖတ္ၿမိဳ႕နယ္လူမႈကူညီေရးအသင္းထံမွ သိရသည္။
“အေလာင္းက ပုပ္ေနၿပီး အေရခြံနဲ႔ အ႐ိုးပဲက်န္ေတာ့တယ္။ သူက လယ္ထဲမွာ တစ္ေယာက္ထဲေနတာ။ သူမိသားစုေတြက ႐ြာထဲမွာေနတာ။ မျပန္လာတာၾကာလို႔ ညီအစ္မေတြသြားၾကည့္ေတာ့မွ အပုပ္နံ႔ရေနတယ္။ ေသေနတယ္ဆိုၿပီး ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားလာတာပါ”ဟု မိုင္းျဖတ္ၿမိဳ႕နယ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသူအမ်ိဳးသားသည္ ဦးအိုက္သန္းျဖစ္ၿပီး ၎၏႐ုပ္အေလာင္းအား နမ့္ေလာက္႐ြာရွိ သုႆန္တြင္ မီးရႈိ႕သၿဂိဳလ္ေပးခဲ့ေၾကာင္း သိရသည္။