မြဝတီမြို့တွင် ညမထွက်ရအမိန့်အပေါ် လိုက်နာခြင်းမရှိပါက ပြင်းပြင်းထန်ထန်အရေးယူမည်ဟု အသိပေးကြေညာ

 2471

ကျော် (NP News) - ဒီဇင်ဘာ ၂

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားမှုကို လိုက်နာကြရန် ယမန်နေ့ (ဒီဇင်ဘာလ ၁ ရက်)ညနေပိုင်းက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က အသံချဲ့စက်ဖြင့်လိုက်လံအသိပေးနှိုးဆော်မှုများပြုလုပ်လျက်ရှိကြောင်း မြဝတီမြို့ခံများထံမှ သိရသည်။

"ခရိုင်ထွေအုပ်ရုံးကနေ ထုတ်ပြန်ထားပြီးဖြစ်တဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထပ်ပြီးအသိပေးတဲ့အနေနဲ့ လိုက်အော်နေတာလို့ကြားတယ်။ ညမထွက်ရအမိန့်ကတော့ အရင်အတိုင်းပဲ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိပါ"ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

ယခင် ထုတ်ပြန်ထားပြီးဖြစ်သည့် ညမထွက်ရအမိန့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အား လိုက်လံအသိပေးနှိုးဆော်ခြင်းဖြစ်သော်လည်း ယမန်နေ့ညပိုင်းက အသိပေးနှိုးဆော်ပြောကြားချိန်၌ စည်းကမ်းလိုက်နာမှုမရှိဘဲ သတ်မှတ်ချိန်အတွင်းအပြင်ထွက်ပါက ပစ်ခတ်မည်ဟုအသိပေးကြေညာမှုများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"ဟုတ်တယ်ဗျ အရင်ကညဖက်ထွက်မယ်ဆိုရင် သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကိုအကြောင်းကြားပြီး နားလည်မှုနဲ့ထွက်လို့ရတယ်။ မနေ့ညက အသံချဲ့စက်နဲ့လိုက်အော်တာကို ကြားရသလောက်ဆိုရင် အရင်လို အကြောင်းကြားပြီးထွက်လို့မရတော့ဘူး။ သတ်မှတ်ချိန်မှာအပြင်ထွက်တာနဲ့ ပစ်မိန့်ပါပေးထားတယ်လို့ သိရတယ်"ဟု မြဝတီမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထိုသို့ လိုက်လံအသိပေးနှိုးဆော်ခဲ့ပြီးနောက် မြဝတီမြို့ရှိ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များ နှင့် အခြားဖွင့်လှစ်ထားသည့်ဆိုင်များလည်း စောစီးစွာသိမ်းဆည်းခဲ့ကြရကြောင်း သိရသည်။

ထို့ပြင် မြဝတီမြို့၊ ဘုရင့်နောင်လမ်းပေါ်ရှိ စုပေါင်းရုံးအနီးတွင်လည်း ညပိုင်း၌ ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့ကြောင်း သိရသည်။

"ရုံးပေါင်းစုံနေရာကို ညပိုင်းဖြတ်သန်းခွင့်ပိတ်လိုက်တယ်။ မနက်ပိုင်းဆိုရင်တော့ လမ်းကိုတစ်ခြမ်းဖွင့်ပေးတယ်။ စစ်သားတွေနဲ့ BGF အဖွဲ့တွေ ကင်းလှည့်နေကြတာရှိတယ်။ လက်ရှိအချိန်ကတော့ မြဝတီမှာနေတဲ့လူတွေက ပုံမှန်အတိုင်းသွားလာလုပ်ကိုင်နေကြတယ်"ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

ယမန်နေ့ညနေပိုင်းက မြဝတီကုန်သွယ်ရေးဇုန်အား KNU နှင့် PDF ပူးပေါင်းအဖွဲ့ဝင်များက Drone ယာဥ်အသုံးပြုကာ Drop Bomb ပစ်ချတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့်အား ထပ်မံအသိပေးနှိုးဆော်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

zawgyi version
ျမဝတီၿမိဳ႕တြင္ ညမထြက္ရအမိန္႔အေပၚ လိုက္နာျခင္းမရွိပါက ျပင္းျပင္းထန္ထန္အေရးယူမည္ဟု အသိေပးေၾကည,

ေက်ာ္ (NP News) - ဒီဇင္ဘာ ၂

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕တြင္ ညမထြက္ရအမိန္႔ထုတ္ျပန္ထားမႈကို လိုက္နာၾကရန္ ယမန္ေန႔ (ဒီဇင္ဘာလ ၁ ရက္)ညေနပိုင္းက အသံခ်ဲ႕စက္ျဖင့္လိုက္လံအသိေပးႏႈိးေဆာ္မႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း ျမဝတီၿမိဳ႕ခံမ်ားထံမွ သိရသည္။

"ခ႐ိုင္ေထြအုပ္႐ုံးကေန ထုတ္ျပန္ထားၿပီးျဖစ္တဲ့ ညမထြက္ရအမိန္႔ ပုဒ္မ ၁၄၄ ကို ထပ္ၿပီးအသိေပးတဲ့အေနနဲ႔ လိုက္ေအာ္ေနတာလို႔ၾကားတယ္။ ညမထြက္ရအမိန္႔ကေတာ့ အရင္အတိုင္းပဲ ည ၁၀ နာရီကေန မနက္ ၄ နာရီအထိပါ"ဟု ျမဝတီၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ယခင္ ထုတ္ျပန္ထားၿပီးျဖစ္သည့္ ညမထြက္ရအမိန္႔ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၁၄၄ အား လိုက္လံအသိေပးႏႈိးေဆာ္ျခင္းျဖစ္ေသာ္လည္း ယမန္ေန႔ညပိုင္းက အသိေပးႏႈိးေဆာ္ေျပာၾကားခ်ိန္၌ စည္းကမ္းလိုက္နာမႈမရွိဘဲ သတ္မွတ္ခ်ိန္အတြင္းအျပင္ထြက္ပါက ပစ္ခတ္မည္ဟုအသိေပးေၾကညာမႈမ်ားရွိခဲ့ေၾကာင္း ေဒသခံမ်ား၏ ေျပာၾကားခ်က္အရ သိရသည္။

"ဟုတ္တယ္ဗ် အရင္ကညဖက္ထြက္မယ္ဆိုရင္ သက္ဆိုင္ရာတာဝန္ရွိတဲ့လူေတြကိုအေၾကာင္းၾကားၿပီး နားလည္မႈနဲ႔ထြက္လို႔ရတယ္။ မေန႔ညက အသံခ်ဲ႕စက္နဲ႔လိုက္ေအာ္တာကို ၾကားရသေလာက္ဆိုရင္ အရင္လို အေၾကာင္းၾကားၿပီးထြက္လို႔မရေတာ့ဘူး။ သတ္မွတ္ခ်ိန္မွာအျပင္ထြက္တာနဲ႔ ပစ္မိန္႔ပါေပးထားတယ္လို႔ သိရတယ္"ဟု ျမဝတီၿမိဳ႕အေျခစိုက္လူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာသည္။

ထိုသို႔ လိုက္လံအသိေပးႏႈိးေဆာ္ခဲ့ၿပီးေနာက္ ျမဝတီၿမိဳ႕ရွိ စားေသာက္ဆိုင္မ်ား၊ စတိုးဆိုင္မ်ား၊ ကုန္စုံဆိုင္မ်ား ႏွင့္ အျခားဖြင့္လွစ္ထားသည့္ဆိုင္မ်ားလည္း ေစာစီးစြာသိမ္းဆည္းခဲ့ၾကရေၾကာင္း သိရသည္။

ထို႔ျပင္ ျမဝတီၿမိဳ႕၊ ဘုရင့္ေနာင္လမ္းေပၚရွိ စုေပါင္း႐ုံးအနီးတြင္လည္း ညပိုင္း၌ ျဖတ္သန္းသြားလာခြင့္ပိတ္ထားခဲ့ေၾကာင္း သိရသည္။

"႐ုံးေပါင္းစုံေနရာကို ညပိုင္းျဖတ္သန္းခြင့္ပိတ္လိုက္တယ္။ မနက္ပိုင္းဆိုရင္ေတာ့ လမ္းကိုတစ္ျခမ္းဖြင့္ေပးတယ္။ စစ္သားေတြနဲ႔ BGF အဖြဲ႕ေတြ ကင္းလွည့္ေနၾကတာရွိတယ္။ လက္ရွိအခ်ိန္ကေတာ့ ျမဝတီမွာေနတဲ့လူေတြက ပုံမွန္အတိုင္းသြားလာလုပ္ကိုင္ေနၾကတယ္"ဟု ျမဝတီၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ယမန္ေန႔ညေနပိုင္းက ျမဝတီကုန္သြယ္ေရးဇုန္အား KNU ႏွင့္ PDF ပူးေပါင္းအဖြဲ႕ဝင္မ်ားက Drone ယာဥ္အသုံးျပဳကာ Drop Bomb ပစ္ခ်တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ညမထြက္ရအမိန္႔အား ထပ္မံအသိေပးႏႈိးေဆာ္မႈမ်ားျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.