ရထားလမ်း နှင့် ရထားဘူတာများ မိုင်းထောင်၊ မိုင်းခွဲဖျက်ဆီးခံရမှု အကြိမ်ရေ (၂ဝဝ)နီးပါးအထိရှိလာ

943
ကျော် (NP News) - ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံတစ်ဝှမ်း၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယနေ့အ ထိ ရထားလမ်းများ၊ ရထားဘူတာများအား မိုင်းထောင်၊ မိုင်းခွဲ ဖျက်ဆီးမှု ၁၂၉ ကြိမ်အထိရှိလာပြီဖြစ်ကြောင်း နစက ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အလားတူ ရထားလမ်းများရှိ တံတားများကို မိုင်းထောင်၊ မိုင်းခွဲဖျက်ဆီးမှု ၄၆ ကြိမ်ရှိပြီဖြစ်ကြောင်း ၎င်းကပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(ဒီဇင်ဘာလ ၁၃ ရက်)တွင် နိုင်ငံအတွင်းဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်၍ မီဒီယာများအားရှင်းလင်းပြောကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"ရထားလမ်းဆိုတာက တိုင်းပြည်ရဲ့ကုန်စည်ပို့ဆောင်ရေး၊ တိုင်းပြည်ရဲ့အခြေခံလူတန်းစားတွေ အများဆုံးအသုံးပြုကြတဲ့ ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
KNLA ၊ KNU ၊ PDF အကြမ်းဖက်အဖွဲ့သည့် ယမန်နေ့ (ဒီဇင်ဘာ လ ၁၃ ရက်)၊ နံနက် ၃ နာရီခွဲခန့်ကလည်း ကျောက်တံခါးဘူတာမှ ထွက်ခွါလာသည့် ရန်ကုန် - မန္တလေး အမှတ်(၆)အစုန် လူစီးအမြန်ရထားကို မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း နစက၏ သတင်းအချက်အလက်များအရသိရသည်။
ထို့ကြောင့် ရထားစက်ခေါင်း၊ လူစီးတွဲသုံးတွဲ လမ်းချော်ခဲ့ပြီး လိုက်ပါစီးနင်းလာသည့် ခရီးသည် ၉၀၀ ဦးခန့် လမ်းခရီးကြန့် ကြာမှုများဖြစ်ပေါ်ခဲ့ပြီး မြန်မာ့မီးရထားမှ ပြန်လည်ပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော သည်။
"ဒီလိုလုပ်ရပ်တွေဟာ ပြည်သူလူထုရဲ့လူမှုစီးပွားဘဝ၊ နိုင်ငံတော်ရဲ့အခြေခံအဆောက်အဦးတွေကို အခြေခံကျကျဖျက်ဆီးပစ်နေတာပဲဖြစ်ပါတယ်"ဟု ၎င်းက ထပ်မံပြောသည်။
ထို့ပြင် ကျန်းမာရေးနှင်ပတ်သက်သည့် ဆေးရုံ၊ဆေးခန်းပေါင်း ၅၅ ခု၊ ပညာရေးနှင့်ပတ်သက်သည့် အဆောက်အအုံ ၇၇၃ လုံးမိုင်းထောင်ဖောက်ခွဲမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း နစက၏ အချက်အလက်များအရသိရသည်။

zawgyi version
ရထားလမ္း ႏွင့္ ရထားဘူတာမ်ား မိုင္းေထာင္၊ မိုင္းခြဲဖ်က္ဆီးခံရမႈ အႀကိမ္ေရ (၂ဝဝ)နီးပါးအထိရွိလာ
ေက်ာ္ (NP News) - ဒီဇင္ဘာ ၁၄
ျမန္မာႏိုင္ငံတစ္ဝွမ္း၌ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစ၍ ယေန႔အ ထိ ရထားလမ္းမ်ား၊ ရထားဘူတာမ်ားအား မိုင္းေထာင္၊ မိုင္းခြဲ ဖ်က္ဆီးမႈ ၁၂၉ ႀကိမ္အထိရွိလာၿပီျဖစ္ေၾကာင္း နစက ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
အလားတူ ရထားလမ္းမ်ားရွိ တံတားမ်ားကို မိုင္းေထာင္၊ မိုင္းခြဲဖ်က္ဆီးမႈ ၄၆ ႀကိမ္ရွိၿပီျဖစ္ေၾကာင္း ၎ကေျပာသည္။
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔(ဒီဇင္ဘာလ ၁၃ ရက္)တြင္ ႏိုင္ငံအတြင္းျဖစ္ပြားေနသည့္ အေျခအေနမ်ားႏွင့္ပတ္သက္၍ မီဒီယာမ်ားအားရွင္းလင္းေျပာၾကားရာ၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
"ရထားလမ္းဆိုတာက တိုင္းျပည္ရဲ႕ကုန္စည္ပို႔ေဆာင္ေရး၊ တိုင္းျပည္ရဲ႕အေျခခံလူတန္းစားေတြ အမ်ားဆုံးအသုံးျပဳၾကတဲ့ ပို႔ေဆာင္ဆက္သြယ္ေရးလမ္းေၾကာင္းျဖစ္ပါတယ္"ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
KNLA ၊ KNU ၊ PDF အၾကမ္းဖက္အဖြဲ႕သည့္ ယမန္ေန႔ (ဒီဇင္ဘာ လ ၁၃ ရက္)၊ နံနက္ ၃ နာရီခြဲခန႔္ကလည္း ေက်ာက္တံခါးဘူတာမွ ထြက္ခြါလာသည့္ ရန္ကုန္ - မႏၲေလး အမွတ္(၆)အစုန္ လူစီးအျမန္ရထားကို မိုင္းေထာင္ေဖာက္ခြဲခဲ့ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရသိရသည္။
ထို႔ေၾကာင့္ ရထားစက္ေခါင္း၊ လူစီးတြဲသုံးတြဲ လမ္းေခ်ာ္ခဲ့ၿပီး လိုက္ပါစီးနင္းလာသည့္ ခရီးသည္ ၉၀၀ ဦးခန္႔ လမ္းခရီးၾကန႔္ ၾကာမႈမ်ားျဖစ္ေပၚခဲ့ၿပီး ျမန္မာ့မီးရထားမွ ျပန္လည္ျပဳျပင္မြမ္းမံမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာ သည္။
"ဒီလိုလုပ္ရပ္ေတြဟာ ျပည္သူလူထုရဲ႕လူမႈစီးပြားဘဝ၊ ႏိုင္ငံေတာ္ရဲ႕အေျခခံအေဆာက္အဦးေတြကို အေျခခံက်က်ဖ်က္ဆီးပစ္ေနတာပဲျဖစ္ပါတယ္"ဟု ၎က ထပ္မံေျပာသည္။
ထို႔ျပင္ က်န္းမာေရးႏွင္ပတ္သက္သည့္ ေဆး႐ုံ၊ေဆးခန္းေပါင္း ၅၅ ခု၊ ပညာေရးႏွင့္ပတ္သက္သည့္ အေဆာက္အအုံ ၇၇၃ လုံးမိုင္းေထာင္ေဖာက္ခြဲမီးရႈိ႕ဖ်က္ဆီးခံခဲ့ရေၾကာင္း နစက၏ အခ်က္အလက္မ်ားအရသိရသည္။