ဘေးတွဲဆိုင်ကယ်မှ အမှိုက်လှည်းအား ဝင်တိုက်မိခဲ့ရာ လူ(၃)ဦး ထိခိုက်ဒဏ်ရာရ

 1718

သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဘေးတွဲဆိုင်ကယ်မှ အမှိုက်လှည်းအား ဝင်တိုက်မိခဲ့ရာ အမျိုးသား(၂)ဦး နှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာ ၁၆ ရက်)၊ မွန်းလွဲ ၂ နာရီ ၂ဝ မိနစ်အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာ လမ်း၊ ကြီးပွားရေးရပ်ကွက်၊ ပြည်ထောင်စုပန်းခြံအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ် ဘေးတွဲမောင်းတဲ့လူက မူးနေတာပါ။ သူက အမှိုက်လှည်းကို ဝင်တိုက်ပြီး မှောက်ကြတာပေါ့။ ဘေးတွဲမှာက ခရီးသည်အမျိုးသမီးတစ်ဦးပါတယ်” ဟု သုဝဏ္ဏပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါယာဉ်တိုက်မှုတွင် အသက်(၃၅)နှစ်အရွယ် ဘေးတွဲယာဉ်မောင်းမှာ ဦးခေါင်းထိခိုက်ဒဏ်ရာ၊ အသက်(၄၇)နှစ် အရွယ် အမျိုးသားတွင် ခါးထိခိုက်ဒဏ်ရာနှင့် အသက်(၅ဝ)အရွယ်အမျိုးသမီးတွင် ဦးခေါင်းနောက်စေ့ နှင့် နဖူး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပြီးတော့ ဘေးတွဲမောင်းတဲ့လူက လမ်းမအလယ်ကြီးမှာ လဲနေတာ။ အမှိုက်လှည်းကလူကလည်း လမ်းဘေး မှာ လဲနေတယ်။ အမျိုးသမီးက ခေါင်းထိထားတော့ သတိမေ့နေတာ။ ဆေးရုံရောက်တော့ မစိုးရိမ်ရတော့ပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၃)ဦးအား သုဝဏ္ဏပရဟိတအသင်းမှ သင်္ဃန်းကျွန်းမြို့နယ်စံပြဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေဘးတြဲဆိုင္ကယ္မွ အမႈိက္လွည္းအား ဝင္တိုက္မိခဲ့ရာ လူ(၃)ဦး ထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁၇

ရန္ကုန္တိုင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ ေဘးတြဲဆိုင္ကယ္မွ အမႈိက္လွည္းအား ဝင္တိုက္မိခဲ့ရာ အမ်ိဳးသား(၂)ဦး ႏွင့္ အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သုဝဏၰပရဟိတအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဒီဇင္ဘာ ၁၆ ရက္)၊ မြန္းလြဲ ၂ နာရီ ၂ဝ မိနစ္အခ်ိန္ခန႔္တြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သံသုမာ လမ္း၊ ႀကီးပြားေရးရပ္ကြက္၊ ျပည္ေထာင္စုပန္းၿခံအနီး၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဆိုင္ကယ္ ေဘးတြဲေမာင္းတဲ့လူက မူးေနတာပါ။ သူက အမႈိက္လွည္းကို ဝင္တိုက္ၿပီး ေမွာက္ၾကတာေပါ့။ ေဘးတြဲမွာက ခရီးသည္အမ်ိဳးသမီးတစ္ဦးပါတယ္” ဟု သုဝဏၰပရဟိတအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါယာဥ္တိုက္မႈတြင္ အသက္(၃၅)ႏွစ္အ႐ြယ္ ေဘးတြဲယာဥ္ေမာင္းမွာ ဦးေခါင္းထိခိုက္ဒဏ္ရာ၊ အသက္(၄၇)ႏွစ္ အ႐ြယ္ အမ်ိဳးသားတြင္ ခါးထိခိုက္ဒဏ္ရာႏွင့္ အသက္(၅ဝ)အ႐ြယ္အမ်ိဳးသမီးတြင္ ဦးေခါင္းေနာက္ေစ့ ႏွင့္ နဖူး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“တိုက္ၿပီးေတာ့ ေဘးတြဲေမာင္းတဲ့လူက လမ္းမအလယ္ႀကီးမွာ လဲေနတာ။ အမႈိက္လွည္းကလူကလည္း လမ္းေဘး မွာ လဲေနတယ္။ အမ်ိဳးသမီးက ေခါင္းထိထားေတာ့ သတိေမ့ေနတာ။ ေဆး႐ုံေရာက္ေတာ့ မစိုးရိမ္ရေတာ့ပါဘူး” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ (၃)ဦးအား သုဝဏၰပရဟိတအသင္းမွ သဃၤန္းကြၽန္းၿမိဳ႕နယ္စံျပေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.