အိန္ဒိယနိုင်ငံရှိ ဆိုလာစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၉)ဦး သေဆုံး

730

Pika (NP News) - ဒီဇင်ဘာ ၁၇
အိန္ဒိယနိုင်ငံ Maharashtra ပြည်နယ် Nagpur မြို့အနီးရှိ Bajargaon ရွာတွင်ရှိသော Solar Industries India Limited ကုမ္ပဏီတွင် ဒီဇင်ဘာလ(၁၇)ရက် နံနက်ပိုင်းက ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၉)ဦး သေဆုံးကာ အခြားလူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်၊၊
အဆိုပါပေါက်ကွဲမှုသည် ဒီဇင်ဘာလ(၁၇)ရက် နံနက် (၉)နာရီ ၃ဝ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း အစိုးရအေဂျင်စီများ နှင့် ကယ်ဆယ်ရေးအေဂျင်စီများသည် နာရီအနည်းငယ်နောက်ကျပြီးမှ ရောက်ရှိလာခဲ့ ကြောင်းလည်း သိရသည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက်အန္တရာယ်စိုးရိမ်ရသူများလည်း ရှိကြောင်း သိရသည်။
အဆိုပါကုမ္ပဏီသည် နိုင်ငံ၏ ကာကွယ်ရေးဌာနအတွက် ဖောက်ခွဲရေးပစ္စည်းများ နှင့် ကာကွယ်ရေးပစ္စည်းကိရိယာ များ ပံ့ပိုးပေးသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ ဒီဇင်ဘာလ(၁၇)ရက် နံနက်ပိုင်းတွင် တာဝန်ကျ သောအလုပ်သမားများသည် အဆိုပါစက်ရုံတွင် ရှိနေစဉ်အချိန်အတွင်း ယခုကဲ့သို့ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှု ဘာကြောင့်ဖြစ်ပွားရသည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ တိတိကျကျမသိရှိရသေး ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ရဲမှူး Harsh Poddar က "ဒီပေါက်ကွဲမှုဟာ Solar Explosive ကုမ္ပဏီမှာရှိတဲ့ cast booster စက်ရုံမှာ ထုပ်ပိုးမှုတွေ လုပ်ဆောင်ချိန်အတွင်း ဖြစ်ပွားခဲ့တာလို့ သိရပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
အိႏၵိယႏိုင္ငံရွိ ဆိုလာစက္႐ုံတစ္ခုတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၉)ဦး ေသဆုံး
Pika (NP News) - ဒီဇင္ဘာ ၁၇
အိႏၵိယႏိုင္ငံ Maharashtra ျပည္နယ္ Nagpur ၿမိဳ႕အနီးရွိ Bajargaon ႐ြာတြင္ရွိေသာ Solar Industries India Limited ကုမၸဏီတြင္ ဒီဇင္ဘာလ(၁၇)ရက္ နံနက္ပိုင္းက ေပါက္ကြဲမႈမ်ားျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၉)ဦး ေသဆုံးကာ အျခားလူ(၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္၊၊
အဆိုပါေပါက္ကြဲမႈသည္ ဒီဇင္ဘာလ(၁၇)ရက္ နံနက္ (၉)နာရီ ၃ဝ မိနစ္အခ်ိန္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေသာ္လည္း အစိုးရေအဂ်င္စီမ်ား ႏွင့္ ကယ္ဆယ္ေရးေအဂ်င္စီမ်ားသည္ နာရီအနည္းငယ္ေနာက္က်ၿပီးမွ ေရာက္ရွိလာခဲ့ ေၾကာင္းလည္း သိရသည္။ ထို႔အျပင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားထဲတြင္ အသက္အႏၲရာယ္စိုးရိမ္ရသူမ်ားလည္း ရွိေၾကာင္း သိရသည္။
အဆိုပါကုမၸဏီသည္ ႏိုင္ငံ၏ ကာကြယ္ေရးဌာနအတြက္ ေဖာက္ခြဲေရးပစၥည္းမ်ား ႏွင့္ ကာကြယ္ေရးပစၥည္းကိရိယာ မ်ား ပံ့ပိုးေပးသည့္ ကုမၸဏီတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ ဒီဇင္ဘာလ(၁၇)ရက္ နံနက္ပိုင္းတြင္ တာဝန္က် ေသာအလုပ္သမားမ်ားသည္ အဆိုပါစက္႐ုံတြင္ ရွိေနစဥ္အခ်ိန္အတြင္း ယခုကဲ့သို႔ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
အဆိုပါေပါက္ကြဲမႈ ဘာေၾကာင့္ျဖစ္ပြားရသည္ဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္အထိ တိတိက်က်မသိရွိရေသး ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ ရဲမႉး Harsh Poddar က "ဒီေပါက္ကြဲမႈဟာ Solar Explosive ကုမၸဏီမွာရွိတဲ့ cast booster စက္႐ုံမွာ ထုပ္ပိုးမႈေတြ လုပ္ေဆာင္ခ်ိန္အတြင္း ျဖစ္ပြားခဲ့တာလို႔ သိရပါတယ္" ဟု ေျပာခဲ့သည္။