မုန်းမြို့မစျေးရှိ ဆိုင်ခန်းတစ်ခု၌ ဂတ်စ်အိုးပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း (၂၀၀)ကျော်ပျက်စီးဆုံးရှုံး

 1031

Pearl (NP News) - ဒီဇင်ဘာ ၂၁

မုန်းမြို့မစျေးရှိ ဆိုင်ခန်းတစ်ခု၌ ဂတ်စ်အိုးပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထား သည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာလ ၂၀ ရက်) ၊ နေ့လည် (၂)နာရီအချိန်ခန့်တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ မြို့မစျေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မုန်းမြို့၊ မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်း(၁)ခန်းမှဂတ်စ်အိုးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် မြို့မစျေးအတွင်း ၌ ဆိုင်ခန်းပေါင်း(၂၃၈)ခန်းရှိသည့်အနက် ဆိုင်ခန်း (၂၁၀)သည် မီးလောင်ပျက်စီးသွားခဲ့ကြောင်းသိရသည်။

အထက်ပါ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မ တော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် စျေးတစ်ခုလုံး မီးလောင်ဆုံးရှုံးခဲ့သည်ဟု မီဒီယာအချို့က လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို ‌တွေ့ရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မုန်းမြို့ရှိ တာဝန်ရှိသူ များထံ ဆက်သွယ်မေးမြန်းမှုနှင့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် မီး လောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်ဟု နစကဘက်က တုံ့ပြန်ထားသည်။

တပ်မတော်အနေဖြင့် ပြည်သူလူထုနေထိုင်ရာနေရာများသို့ မည်သည့်အခါမျှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်း ဖက်များ၏ရန်မှကာကွယ်ပေးလျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
မုန်းမြို့မဈေးရှိ ဆိုင်ခန်းတစ်ခု၌ ဂတ်စ်အိုးပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း (၂၀၀)ကျော်ပျက်စီးဆုံးရှုံး


မုန်းမြို့မဈေးရှိ ဆိုင်ခန်းတစ်ခု၌ ဂတ်စ်အိုးပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထား သည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာလ ၂၀ ရက်) ၊ နေ့လည် (၂)နာရီအချိန်ခန့်တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ မြို့မဈေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မုန်းမြို့၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်း(၁)ခန်းမှဂတ်စ်အိုးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် မြို့မဈေးအတွင်း ၌ ဆိုင်ခန်းပေါင်း(၂၃၈)ခန်းရှိသည့်အနက် ဆိုင်ခန်း (၂၁၀)သည် မီးလောင်ပျက်စီးသွားခဲ့ကြောင်းသိရသည်။

အထက်ပါ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မ တော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဈေးတစ်ခုလုံး မီးလောင်ဆုံးရှုံးခဲ့သည်ဟု မီဒီယာအချို့က လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို ‌တွေ့ရသည်။



Related news

© 2021. All rights reserved.