ဘီးလင်းမြို့နယ်တွင် ကိုးနဝင်းဘုရားပွဲပြုလုပ်နေစဉ် PDF အဖွဲ့ဝင် (၂)ဦးက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ဖောက်ခွဲမှုကြောင့် တစ်ဦးသေဆုံး

 872

Pearl (NP News) - ဒီဇင်ဘာ ၂၃

ဘီးလင်းမြို့နယ်တွင် ကိုးနဝင်းဘုရားပွဲပြုလုပ်နေစဉ် PDF အဖွဲ့ဝင်(၂)ဦးက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ဖောက်ခွဲမှုကြောင့် တစ်ဦးသေဆုံးသွားခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာလ ၂၂ ရက်)၊ နံနက် (၁) နာရီခန့်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာရှိ ဘောလုံးကွင်း၌ ကိုးနဝင်းဘုရားပွဲပြုလုပ်နေစဉ် PDF အဖွဲ့ဝင်(၂)ဦးက ကဒွတ်ရွာဘက်မှ ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး ဘောလုံးကွင်းတောင်ဘက် မီတာ ၅၀ ခန့်အကွာမှ လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ပေါက်ဖောက်ခွဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် တစ်ဦးသေဆုံးကာ (၄)ဦး ထိခိုက်ဒဏ်ရာရရှိ‌ခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများအား ဘီးလင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး နယ်မြေတည်ငြိမ်အေး ချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေ ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

zawgyi version
ဘီးလင္းၿမိဳ႕နယ္တြင္ ကိုးနဝင္းဘုရားပြဲျပဳလုပ္ေနစဥ္ PDF အဖြဲ႕ဝင္ (၂)ဦးက လက္ပစ္ဗုံးျဖင့္ပစ္ေပါက္ေဖာက္ခြဲမႈေၾကာင့္ တစ္ဦးေသဆုံး
Pearl (NP News) - ဒီဇင္ဘာ ၂၃

ဘီးလင္းၿမိဳ႕နယ္တြင္ ကိုးနဝင္းဘုရားပြဲျပဳလုပ္ေနစဥ္ PDF အဖြဲ႕ဝင္(၂)ဦးက လက္ပစ္ဗုံးျဖင့္ပစ္ေပါက္ေဖာက္ခြဲမႈေၾကာင့္ တစ္ဦးေသဆုံးသြားခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဒီဇင္ဘာလ ၂၂ ရက္)၊ နံနက္ (၁) နာရီခန႔္တြင္ မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္၊ ယြန္းဒလင္းကုန္းေက်း႐ြာ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေက်း႐ြာရွိ ေဘာလုံးကြင္း၌ ကိုးနဝင္းဘုရားပြဲျပဳလုပ္ေနစဥ္ PDF အဖြဲ႕ဝင္(၂)ဦးက ကဒြတ္႐ြာဘက္မွ ဆိုင္ကယ္တစ္စီးျဖင့္ေရာက္ရွိလာၿပီး ေဘာလုံးကြင္းေတာင္ဘက္ မီတာ ၅၀ ခန႔္အကြာမွ လက္ပစ္ဗုံးတစ္လုံးျဖင့္ ပစ္ေပါက္ေဖာက္ခြဲခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ေပါက္ေဖာက္ခြဲမႈေၾကာင့္ ေပါက္ကြဲမႈျဖစ္ပြားခဲ့သျဖင့္ တစ္ဦးေသဆုံးကာ (၄)ဦး ထိခိုက္ဒဏ္ရာရရွိ‌ခဲ့ ေၾကာင္း သိရသည္။

လက္ရွိတြင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ဘီးလင္းျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီး နယ္ေျမတည္ၿငိမ္ေအး ခ်မ္းေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ေန ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.