City Taxi ယာဉ်မောင်းများ အန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့လာပါက Alarm ပေးနိုင်သည့် အချက်ပြမီးစနစ် တပ်ဆင်နိုင်မည်

3016
စော (NP News) - ဒီဇင်ဘာ ၂၇
City Taxi ယာဉ်မောင်းများ အန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့လာပါက Alarm ပေးနိုင်သည့် အချက်ပြမီးစနစ် တပ်ဆင်နိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ထံမှ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ လူတစ်ချို့သည် ခရီးသည်အယောင်ဆောင်ကာ အငှားယာဉ်မောင်းများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိပြီး လုယက်မှုများရှိနေသဖြင့် အချက်ပေးနိုင်သည့် အချက်ပြမီးစနစ်ကို တပ်ဆင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
“တစ်ချို့ တပ်ပြီးသားက အစီးတစ်ရာ လောက်ရှိတယ်။ တပ်ဖို့ဆန္ဒရှိတဲ့လူက ရန်ကုန်စီးတီး တက္ကစီ အသင်းမှာ လာတပ်လို့ရတယ်။ ညအချိန်တို့ ဘာတို့မှာ တစ်ခုခု ခရီးသည်အယောင်ဆောင်ပြီးတော့ တစ်ချို့က လုယက်တာရှိတတ်တယ်။ အဲဒီလိုကြုံရင် အချက်ပေးလို့ရအောင်ပါ” ဟု YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က NP News ကိုပြောသည်။
အဆိုပါ အချက်ပြမီးစနစ်အား တပ်ဆင်လိုပါက မြောက်ဒဂုံမြို့နယ်၊ (၂၉)ရပ်ကွက်၊ အမှတ် (၂၆)၊ ပင်လုံ လမ်းမကြီးရှိ ရန်ကုန်စီးတီးတက္ကစီအသင်း (YCTA) ထံတွင် Taxi Board နှင့်အတူ ဝယ်ယူ တပ်ဆင်နိုင် ကြောင်း သိရသည်။
“တပ်ဆင်ဖို့ဆောင်ရွက်နေတာကတော့ လွန်ခဲ့တဲ့သုံးလေး ငါးလထဲကပါ။ ယာဉ်မောင်း တစ်ယောက်က သူ့အနေနဲ့ အခက်အခဲအကူအညီကို ကားထဲမှာ ကြုံတွေ့နေရပြီဆိုရင် နှုတ်နဲ့သော် လည်းကောင်း၊ ဟွန်းနဲ့သော်လည်းကောင်း၊ အသံပေးလို့ မရဘူးဆိုရင် အသံတိတ်စနစ်နဲ့ Taxi Board ကနေ အကူအညီတောင်းတဲ့ သဘောပါ။ အဲဒီ Taxi Board ထဲမှာ အဖြူအပြာ အသံမပါသော အချက်ပြစနစ်ကို ဖော်ဆောင်ပေးထားတာပါ။ သူ့ကားပေါ်မှာ အခက်အခဲ ဖြစ်နေပြီဆိုရင် စည်းတားထားတဲ့ ခလုတ်ကိုနိုပ်မည်ဆိုရင် Taxi Board က အဖြူအပြာနဲ့ပေါ်နေမယ်။ ပေါ်နေတယ်ဆိုရင် ယာဉ်မောင်းအချင်းချင်းသည် သူအကူ အညီတောင်းဆိုနေတယ်ဆိုတဲ့ အနေအထားကို တွေ့ရှိရမယ်” ဟု YCTA ၏ ဒုဥက္ကဋ္ဌ ဦးလှဌေးက NP News ကိုပြောသည်။
လက်ရှိအချိန်အထိ YRTC ၌ မှတ်ပုံတင်ထားသည့် City Taxi ယာဉ်ပေါင်း (၅၅၃၀၁)စီးရှိကြောင်း သိရသည်။
zawgyi version
City Taxi ယာဥ္ေမာင္းမ်ား အႏၲရာယ္တစ္စုံတစ္ရာ ႀကဳံေတြ႕လာပါက Alarm ေပးႏိုင္သည့္ အခ်က္ျပမီးစနစ္ တပ္ဆင္ႏိုင္မည္
ေစာ (NP News) - ဒီဇင္ဘာ ၂၇
City Taxi ယာဥ္ေမာင္းမ်ား အႏၲရာယ္တစ္စုံတစ္ရာ ႀကဳံေတြ႕လာပါက Alarm ေပးႏိုင္သည့္ အခ်က္ျပမီးစနစ္ တပ္ဆင္ႏိုင္ၿပီျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီ (YRTC) ထံမွ သိရသည္။
လက္ရွိတြင္ ရန္ကုန္ၿမိဳ႕၌ လူတစ္ခ်ိဳ႕သည္ ခရီးသည္အေယာင္ေဆာင္ကာ အငွားယာဥ္ေမာင္းမ်ား၏ အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္လ်က္ရွိၿပီး လုယက္မႈမ်ားရွိေနသျဖင့္ အခ်က္ေပးႏိုင္သည့္ အခ်က္ျပမီးစနစ္ကို တပ္ဆင္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။
“တစ္ခ်ိဳ႕ တပ္ၿပီးသားက အစီးတစ္ရာ ေလာက္ရွိတယ္။ တပ္ဖို႔ဆႏၵရွိတဲ့လူက ရန္ကုန္စီးတီး တကၠစီ အသင္းမွာ လာတပ္လို႔ရတယ္။ ညအခ်ိန္တို႔ ဘာတို႔မွာ တစ္ခုခု ခရီးသည္အေယာင္ေဆာင္ၿပီးေတာ့ တစ္ခ်ိဳ႕က လုယက္တာရွိတတ္တယ္။ အဲဒီလိုႀကဳံရင္ အခ်က္ေပးလို႔ရေအာင္ပါ” ဟု YRTC ၏ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က NP News ကိုေျပာသည္။
အဆိုပါ အခ်က္ျပမီးစနစ္အား တပ္ဆင္လိုပါက ေျမာက္ဒဂုံၿမိဳ႕နယ္၊ (၂၉)ရပ္ကြက္၊ အမွတ္ (၂၆)၊ ပင္လုံ လမ္းမႀကီးရွိ ရန္ကုန္စီးတီးတကၠစီအသင္း (YCTA) ထံတြင္ Taxi Board ႏွင့္အတူ ဝယ္ယူ တပ္ဆင္ႏိုင္ ေၾကာင္း သိရသည္။
“တပ္ဆင္ဖို႔ေဆာင္႐ြက္ေနတာကေတာ့ လြန္ခဲ့တဲ့သုံးေလး ငါးလထဲကပါ။ ယာဥ္ေမာင္း တစ္ေယာက္က သူ႔အေနနဲ႔ အခက္အခဲအကူအညီကို ကားထဲမွာ ႀကဳံေတြ႕ေနရၿပီဆိုရင္ ႏႈတ္နဲ႔ေသာ္ လည္းေကာင္း၊ ဟြန္းနဲ႔ေသာ္လည္းေကာင္း၊ အသံေပးလို႔ မရဘူးဆိုရင္ အသံတိတ္စနစ္နဲ႔ Taxi Board ကေန အကူအညီေတာင္းတဲ့ သေဘာပါ။ အဲဒီ Taxi Board ထဲမွာ အျဖဴအျပာ အသံမပါေသာ အခ်က္ျပစနစ္ကို ေဖာ္ေဆာင္ေပးထားတာပါ။ သူ႔ကားေပၚမွာ အခက္အခဲ ျဖစ္ေနၿပီဆိုရင္ စည္းတားထားတဲ့ ခလုတ္ကိုႏိုပ္မည္ဆိုရင္ Taxi Board က အျဖဴအျပာနဲ႔ေပၚေနမယ္။ ေပၚေနတယ္ဆိုရင္ ယာဥ္ေမာင္းအခ်င္းခ်င္းသည္ သူအကူ အညီေတာင္းဆိုေနတယ္ဆိုတဲ့ အေနအထားကို ေတြ႕ရွိရမယ္” ဟု YCTA ၏ ဒုဥကၠ႒ ဦးလွေဌးက NP News ကိုေျပာသည္။
လက္ရွိအခ်ိန္အထိ YRTC ၌ မွတ္ပုံတင္ထားသည့္ City Taxi ယာဥ္ေပါင္း (၅၅၃၀၁)စီးရွိေၾကာင္း သိရသည္။