အနောက်အုပ်စုက ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပိတ်ဆို့ဖို့ ကြိုးပမ်းနေတယ်လို့ ရုရှားဝေဖန်

 87

Pika (NP News) - သြဂုတ် ၂၆
ယူကရိန်းပဋိပက္ခအဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အနောက်အုပ်စုနိုင်ငံတွေက ပိတ်ဆို့ဖို့ ကြိုးပမ်းနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က စွပ်စွဲပြောဆိုခဲ့ပါတယ်။
ရုရှားသမ္မတပူတင်နဲ့ ယူကရိန်းသမ္မတဇီလန်စကီးတို့ကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖိအားပေးနေပေမယ့်လည်း နှစ်ဖက်စလုံးက တိုက်ရိုက်ဆွေးနွေးပွဲတွေ မဖြစ်ပွားစေလိုမှုနဲ့ပတ်သက်ပြီး အပြန်အလှန်ပြစ်တင်ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆာဂေးလာရော့ဗ်က “ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပိတ်ဆို့ဖို့ အနောက်အုပ်စုနိုင်ငံတွေက ကြိုးပမ်းနေပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အခြေအနေတွေသတ်မှတ်ကာ ရုရှားသမ္မတပူတင်နဲ့ချက်ချင်းတွေ့ဆုံဖို့ တောင်းဆိုမှုတွေအတွက် ဇီလန်စကီး ကို ဆာဂေးလာရော့ဗ်က ပြစ်တင်ဝေဖန်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးတော့ ယူကရိန်းအာဏာပိုင်တွေဟာ ပူတင်နဲ့ဒေါ်နယ်ထရမ့်တို့ချမှတ်ထားတဲ့လုပ်ငန်းစဉ်တွေကိုနှောင့်ယှက်ဖို့ ကြိုပမ်းနေတယ်လို့လည်း ဆာဂေးလာရော့ဗ်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဆာဂေးလာရော့ဗ်က “ဒီကြိုးပမ်းမှုတွေအားလုံးကို ပျက်ပြားသွား အောင်လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
Pika (NP News) - သြဂုတ် ၂၆

Related news

© 2021. All rights reserved.