တည်ငြိမ်သောဆက်ဆံရေးများအတွက် အမေရိကန်နှင့်လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတ ထုတ်ဖော်ပြော

 670

Pika (NP News) - ဇန်နဝါရီ ၂

တရုတ်နှင့် အမေရိကန်နိုင်ငံကြား တည်ငြိမ်သော အပြန်အလှန်ဆက်ဆံရေးများကို ပိုမိုမြှင့်တင်ရန်အတွက် အမေရိကန်နိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတရှီကျင်ဖျင့်က ဇန်နဝါရီလ (၁)ရက် တွင် ထုတ်ဖော်ပြောခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး နှစ်ပတ်လည်နေ့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နှင့် အပြန်အလှန်ဂုဏ်ပြုစကားများကို ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ရှီကျင့်ဖျင်နှင့် ဂျိုးဘိုင်ဒန်တို့သည် ဆန်ဖရန်စ္စကို မြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား ပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် ပြိုင်ဆိုင်မှုများကို ရပ်တန့်ရန်ကြိုးပမ်းမှုအဖြစ် အပြန်အလှန်ဆက်သွယ်မှုများ ကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်မည်ဟု ကတိပြုခဲ့ကြကြောင်းလည်း သိရသည်။

ရှီကျင့်ဖျင် နှင့် ဂျိုးဘိုင်ဒန်တို့သည် အမေရိကန်နှင့်တရုတ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်မှု (၄၅)နှစ် မြောက် အထိမ်းအမှတ်နေ့တွင် မိန့်ခွန်းများကို အပြန်အလှန်ပေးပို့ခဲ့ကြကြောင်း သိရသည်။

ရှီကျင့်ဖျင် က "နှစ်ဖက်စလုံးဟာ ဆက်ဆံရေးတွေကို တည်ငြိမ်ဖို့၊ ကောင်းမွန်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေကို ပိုမိုမြှင့်တင်ဖို့အတွက် လက်တွေ့ကျတဲ့လုပ်ရပ်တွေကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။

CCTV က "တရုတ်-အမေရိကန်ဆက်ဆံရေးကို ရှေ့ဆက်သွားဖို့၊ တရုတ် နဲ့ အမေရိကန်ပြည်သူတွေ အကျိုးရှိဖို့၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတွေကို မြှင့်တင်ဖို့အတွက် သမ္မတဂျိုးဘိုင်ဒန်နဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ဆန္ဒရှိတယ်လို့ သမ္မတရှီကျင့်ဖျင်က အလေးပေးပြောကြားခဲ့ပါတယ်။ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့နဲ့ Win-Win ပူးပေါင်းဆောင်ရွက်မှုတွေကို လိုက်နာတာဟာ တရုတ် နဲ့ အမေရိကန်တို့ အပြန်အလှန်လုပ်ဆောင်ရမယ့် မှန်ကန်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်လို့ ရှီကျင့်ဖျင် က ပြောခဲ့ပါတယ်" ဟု ဖော်ပြခဲ့သည်။

ရှီကျင့်ဖျင်သည် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနှင့် နှစ်သစ်ကူး သတင်းစကားများကို အပြန်အလှန် ပေးပို့ခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် ၂ဝ၂၄ ခုနှစ်ကို နှစ်နိုင်ငံလုံးအတွက် ချစ်ကြည်ရေးနှစ်အဖြစ် ရှီကျင့်ဖျင် နှင့် ကင်ဂျုံအန်းတို့က ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ရှီကျင့်ဖျင်သည် ရုရှားသမ္မတပူတင်နှင့်လည်း နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို အပြန်အလှန်ပေးပို့ခဲ့ကြောင်း သိရသည်။ ထို့အပြင် ယခုနှစ်သည် တရုတ် နှင့် ရုရှားနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးထူထောင်သည့် (၇၅) နှစ် မြောက် နှစ်ပတ်လည်ဖြစ်ကြောင်းလည်း သိရသည်။
တရုတ် နှင့် ရုရှားတို့သည် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် မဟာဗျူဟာမြောက် ညှိနှိုင်း ဆောင်ရွက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ ဆက်ဆံရေးများကိုမြှင့်တင်ကာ ပေါင်းစည်းမှုများ ဆက်လက် လုပ်ဆောင်သင့်ကြောင်း ရှီကျင့်ဖျင်က ပြောခဲ့သည်။

Zawgyi Version;
တည္ၿငိမ္ေသာဆက္ဆံေရးမ်ားအတြက္ အေမရိကန္ႏွင့္လက္တြဲေဆာင္႐ြက္သြားရန္ ဆႏၵရွိေၾကာင္း တ႐ုတ္သမၼတ ထုတ္ေဖာ္ေျပာ
Pika (NP News) - ဇန္နဝါရီ ၂

တ႐ုတ္ႏွင့္ အေမရိကန္ႏိုင္ငံၾကား တည္ၿငိမ္ေသာ အျပန္အလွန္ဆက္ဆံေရးမ်ားကို ပိုမိုျမႇင့္တင္ရန္အတြက္ အေမရိကန္ႏိုင္ငံႏွင့္ လက္တြဲေဆာင္႐ြက္သြားရန္ ဆႏၵရွိေၾကာင္း တ႐ုတ္သမၼတရွီက်င္ဖ်င့္က ဇန္နဝါရီလ (၁)ရက္ တြင္ ထုတ္ေဖာ္ေျပာခဲ့သည္။

တ႐ုတ္သမၼတရွီက်င့္ဖ်င္သည္ ႏွစ္ႏိုင္ငံၾကား သံတမန္ဆက္ဆံေရး ႏွစ္ပတ္လည္ေန႔တြင္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ ႏွင့္ အျပန္အလွန္ဂုဏ္ျပဳစကားမ်ားကို ေျပာဆိုခဲ့ေၾကာင္း ႏိုင္ငံပိုင္မီဒီယာမ်ား က ေဖာ္ျပခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလတြင္ ရွီက်င့္ဖ်င္ႏွင့္ ဂ်ိဳးဘိုင္ဒန္တို႔သည္ ဆန္ဖရန္စၥကို ၿမိဳ႕တြင္ ေတြ႕ဆုံခဲ့ၿပီး ႏွစ္ႏိုင္ငံၾကား ပဋိပကၡမ်ား မျဖစ္ပြားေစရန္အတြက္ ၿပိဳင္ဆိုင္မႈမ်ားကို ရပ္တန႔္ရန္ႀကိဳးပမ္းမႈအျဖစ္ အျပန္အလွန္ဆက္သြယ္မႈမ်ား ကို ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္မည္ဟု ကတိျပဳခဲ့ၾကေၾကာင္းလည္း သိရသည္။

ရွီက်င့္ဖ်င္ ႏွင့္ ဂ်ိဳးဘိုင္ဒန္တို႔သည္ အေမရိကန္ႏွင့္တ႐ုတ္ႏိုင္ငံၾကား သံတမန္ဆက္ဆံေရးထူေထာင္မႈ (၄၅)ႏွစ္ ေျမာက္ အထိမ္းအမွတ္ေန႔တြင္ မိန႔္ခြန္းမ်ားကို အျပန္အလွန္ေပးပို႔ခဲ့ၾကေၾကာင္း သိရသည္။

ရွီက်င့္ဖ်င္ က "ႏွစ္ဖက္စလုံးဟာ ဆက္ဆံေရးေတြကို တည္ၿငိမ္ဖို႔၊ ေကာင္းမြန္ဖို႔နဲ႔ ေရရွည္တည္တံ့တဲ့ ဖြံ႕ၿဖိဳး တိုးတက္မႈေတြကို ပိုမိုျမႇင့္တင္ဖို႔အတြက္ လက္ေတြ႕က်တဲ့လုပ္ရပ္ေတြကို လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္" ဟု ေျပာခဲ့သည္။

CCTV က "တ႐ုတ္-အေမရိကန္ဆက္ဆံေရးကို ေရွ႕ဆက္သြားဖို႔၊ တ႐ုတ္ နဲ႔ အေမရိကန္ျပည္သူေတြ အက်ိဳးရွိဖို႔၊ ကမာၻ႔ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးေတြကို ျမႇင့္တင္ဖို႔အတြက္ သမၼတဂ်ိဳးဘိုင္ဒန္နဲ႔ လက္တြဲလုပ္ေဆာင္သြားဖို႔ ဆႏၵရွိတယ္လို႔ သမၼတရွီက်င့္ဖ်င္က အေလးေပးေျပာၾကားခဲ့ပါတယ္။ အျပန္အလွန္ေလးစားမႈ၊ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ဖို႔နဲ႔ Win-Win ပူးေပါင္းေဆာင္႐ြက္မႈေတြကို လိုက္နာတာဟာ တ႐ုတ္ နဲ႔ အေမရိကန္တို႔ အျပန္အလွန္လုပ္ေဆာင္ရမယ့္ မွန္ကန္တဲ့နည္းလမ္းတစ္ခုျဖစ္တယ္လို႔ ရွီက်င့္ဖ်င္ က ေျပာခဲ့ပါတယ္" ဟု ေဖာ္ျပခဲ့သည္။

ရွီက်င့္ဖ်င္သည္ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းႏွင့္ ႏွစ္သစ္ကူး သတင္းစကားမ်ားကို အျပန္အလွန္ ေပးပို႔ခဲ့ေၾကာင္းလည္း သိရသည္။ ထို႔အျပင္ ၂ဝ၂၄ ခုႏွစ္ကို ႏွစ္ႏိုင္ငံလုံးအတြက္ ခ်စ္ၾကည္ေရးႏွစ္အျဖစ္ ရွီက်င့္ဖ်င္ ႏွင့္ ကင္ဂ်ဳံအန္းတို႔က ေၾကညာခဲ့ေၾကာင္း ဆင္ဟြာသတင္းေအဂ်င္စီက ေဖာ္ျပခဲ့သည္။

ရွီက်င့္ဖ်င္သည္ ႐ုရွားသမၼတပူတင္ႏွင့္လည္း ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္စကားမ်ားကို အျပန္အလွန္ေပးပို႔ခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ ယခုႏွစ္သည္ တ႐ုတ္ ႏွင့္ ႐ုရွားႏိုင္ငံတို႔၏ သံတမန္ဆက္ဆံေရးထူေထာင္သည့္ (၇၅) ႏွစ္ ေျမာက္ ႏွစ္ပတ္လည္ျဖစ္ေၾကာင္းလည္း သိရသည္။
တ႐ုတ္ ႏွင့္ ႐ုရွားတို႔သည္ ႏွစ္ႏိုင္ငံစလုံး၏ အက်ိဳးစီးပြားကို ေဖာ္ေဆာင္ႏိုင္မည့္ မဟာဗ်ဴဟာေျမာက္ ညႇိႏႈိင္း ေဆာင္႐ြက္မႈမ်ား၊ ပူးေပါင္းေဆာင္႐ြက္မႈမ်ားႏွင့္အတူ ဆက္ဆံေရးမ်ားကိုျမႇင့္တင္ကာ ေပါင္းစည္းမႈမ်ား ဆက္လက္ လုပ္ေဆာင္သင့္ေၾကာင္း ရွီက်င့္ဖ်င္က ေျပာခဲ့သည္။

Picture

L Mone

02/01/2024 12:45

မြန်မာတို့အနေနဲ့ တရုတ် အမေရိကန်ဆက်ဆံရေး..ကို...ကိုင်တွယ်ဖို့ ..ရဲရဲတောက်..ပြောဆိုရဲဖို့...လက်ခံနိုင်ဆုံးအတိုင်းအတာကိုလည်း..လုပ်ပေးရဲဖို့.လိုပြီ...ကမ္ဘာ့ငြိမ်းချမ်းရေး..အထိပါ....နက်ရှိုင်းစွာ..ပါဝင် ပြောဆိုရဲဖို့..လိုအပ်ပါပြီ..ပူတင်းကိုကြိုက်ရင်..ပူတင်းလို လိုက်လွှင့်ပြီး..ပြည်သူအားလုံးနဲ့...ကမ္ဘာကြီးကို..ချပြရဲဖို့လိုအပ်လှပြီ...နောက်တောင်ကျနေပြီ။ ...ဖြစ်နိုင်ရင်...တရုတ်အမေရိကန်ကြားမညှပ်မိအောင် အလွတ်ရှောင်မိအောင်...မြန်မာ့ပင်လယ်ပြင်...ကျယ်ကြီးကို ...အသုံးချရဲဖို့လိုအပ်ပါပြီ။ ဘင်းစတက်က..ခေါတ်နောက်ကျသွားပါပြီ..လို့...ပြောရပါမယ်။ ဘင်းစတက်က...အမေရိကန်တရုတ်ထိပ်တိုက်တွေ့ပွဲကို....ကြားခံလုပ်ရတဲ့....လျှပ်စစ်ဖျူးတစ်ချောင်းလို...ဖြစ်နေတာပါ။ဖျူးတစ်ချောင်းအဖြစ်မခံဖို့...ဘင်းစတက်ကို...ဖြုတ်ရဲပြင်ရဲဖို့...မြန်မာအစိုးရအနေတိုင်းအနေနဲ့..အရဲစွန့်ချိန်တန်ပါပြီ။

Related news

© 2021. All rights reserved.