ကျောက်တင်ကားနှင့် ဆိုင်ကယ်တို့တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ ကားကြိတ်ခံရ၍ ပွဲချင်းပြီးသေဆုံးမှု အုတ်တွင်းမြို့၌ဖြစ်ပွား

1511

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၁
ပဲခူးတိုင်း၊ အုတ်တွင်းမြို့တွင် ကျောက်တင်ကား နှင့် ဆိုင်ကယ်တို့တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ ကားကြိတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့ (ဇန်နဝါရီလ ၂၁ ရက်)၊ နံနက် ၁၁ နာရီ ၄ဝ မိနစ်အချိန်တွင် အုတ်တွင်းမြို့၊ လမ်းဆုံမီးပွိုင့်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တောင်ငူဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းလာတဲ့ ကျောက်တင်တဲ့ Faw ကားနဲ့ ဆိုင်ကယ်နဲ့တိုက်မိတာ။ အဲဒီလို တိုက်မိတော့ ဆိုင်ကယ်သမားက ကားရဲ့အောက်ကိုရောက်သွားပြီး Faw ကားရဲ့ နောက်ဘီးနဲ့ ခါးအထက်ပိုင်းကို တက်ကြိတ်မိတာ” ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက်(၅ဝ)နှစ်အရွယ် ဆိုင်ကယ်ယာဉ်မောင်းအမျိုးသားတွင် ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာရရှိ ကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားကြိတ်ခံရတဲ့အမျိုးသားက မိသားစုနဲ့တော့ အဆက်အသွယ်မရသေးဘူး။ ကားသမားကလည်း ကားကိုထားပြီး ထွက်ပြေးသွားတယ်။ ရဲကတော့ လက်ရှိ စုံစမ်းနေတုန်းပေါ့။ အုတ်တွင်းမှာက အခုလိုမဖြစ်တာကြာပြီ။ အခုလပိုင်း အတွင်းမှာ ပြန်ဖြစ်နေတာ။ အကြံပြုချင်တာကတော့ ယာဉ်မောင်းတွေကို ယာဉ်စီးကမ်းလမ်းစည်းကမ်းလိုက်နာဖို့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း မြို့တွင်းမြို့ပြင် မောင်းရမဲ့ ကီလိုတွေကို သတ်မှတ်ပြီး လိုက်နာဖို့ တိုက်တွန်း ပေးစေချင်တယ်” ဟု ၎င်းက အကြံပြုပြောထားသည်။
လက်ရှိတွင် သေဆုံးသူအမျိုသား၏ ရုပ်အလောင်းကို ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ အုတ်တွင်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသည့် ကျောက်တင်ကားမောင်းသူအား သက်ဆိုင်ရာမှ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သော ဇန်နဝါရီလက ၁၃ ရက်တွင်လည်း အုတ်တွင်းမြို့ရှိ OK စက်သုံးဆီဆိုင်အဝန်းအတွင်း၌ ရပ်ထားသည့်ကားအား တွဲကားမှ ဝင်တိုက်မိခဲ့ရာ ကားအောက်တွင် အိပ်ပျော်နေသည့် အမျိုးသားတစ်ဦး ကားကြိတ်ခံရ၍ သေဆုံးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version;
ေက်ာက္တင္ကားႏွင့္ ဆိုင္ကယ္တို႔တိုက္မိရာမွ ဆိုင္ကယ္ေမာင္းသူ ကားႀကိတ္ခံရ၍ ပြဲခ်င္းၿပီးေသဆုံးမႈ အုတ္တြင္း ၿမိဳ႕၌ျဖစ္ပြား
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၁
ပဲခူးတိုင္း၊ အုတ္တြင္းၿမိဳ႕တြင္ ေက်ာက္တင္ကား ႏွင့္ ဆိုင္ကယ္တို႔တိုက္မိရာမွ ဆိုင္ကယ္ေမာင္းသူ ကားႀကိတ္ခံရ၍ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း ရင္ခုန္သံရွင္ေရးကူညီမႈအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယေန႔ (ဇန္နဝါရီလ ၂၁ ရက္)၊ နံနက္ ၁၁ နာရီ ၄ဝ မိနစ္အခ်ိန္တြင္ အုတ္တြင္းၿမိဳ႕၊ လမ္းဆုံမီးပြိဳင့္၊ ရန္ကုန္-မႏၲေလး လမ္းေဟာင္းေပၚ၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေတာင္ငူဘက္ကေန ရန္ကုန္ဘက္ကိုေမာင္းလာတဲ့ ေက်ာက္တင္တဲ့ Faw ကားနဲ႔ ဆိုင္ကယ္နဲ႔တိုက္မိတာ။ အဲဒီလို တိုက္မိေတာ့ ဆိုင္ကယ္သမားက ကားရဲ႕ေအာက္ကိုေရာက္သြားၿပီး Faw ကားရဲ႕ ေနာက္ဘီးနဲ႔ ခါးအထက္ပိုင္းကို တက္ႀကိတ္မိတာ” ဟု ရင္ခုန္သံရွင္ေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ အသက္(၅ဝ)ႏွစ္အ႐ြယ္ ဆိုင္ကယ္ယာဥ္ေမာင္းအမ်ိဳးသားတြင္ ဝမ္းဗိုက္ပြင့္ထြက္ဒဏ္ရာရရွိ ကာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ကားႀကိတ္ခံရတဲ့အမ်ိဳးသားက မိသားစုနဲ႔ေတာ့ အဆက္အသြယ္မရေသးဘူး။ ကားသမားကလည္း ကားကိုထားၿပီး ထြက္ေျပးသြားတယ္။ ရဲကေတာ့ လက္ရွိ စုံစမ္းေနတုန္းေပါ့။ အုတ္တြင္းမွာက အခုလိုမျဖစ္တာၾကာၿပီ။ အခုလပိုင္း အတြင္းမွာ ျပန္ျဖစ္ေနတာ။ အႀကံျပဳခ်င္တာကေတာ့ ယာဥ္ေမာင္းေတြကို ယာဥ္စီးကမ္းလမ္းစည္းကမ္းလိုက္နာဖို႔နဲ႔ သက္ဆိုင္ရာတာဝန္ရွိသူေတြကလည္း ၿမိဳ႕တြင္းၿမိဳ႕ျပင္ ေမာင္းရမဲ့ ကီလိုေတြကို သတ္မွတ္ၿပီး လိုက္နာဖို႔ တိုက္တြန္း ေပးေစခ်င္တယ္” ဟု ၎က အႀကံျပဳေျပာထားသည္။
လက္ရွိတြင္ ေသဆုံးသူအမ်ိဳသား၏ ႐ုပ္အေလာင္းကို ရင္ခုန္သံရွင္ေရးကူညီမႈအသင္းမွ အုတ္တြင္းၿမိဳ႕နယ္ ျပည္သူ႔ ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ၿပီး ထြက္ေျပးလြတ္ေျမာက္ေနသည့္ ေက်ာက္တင္ကားေမာင္းသူအား သက္ဆိုင္ရာမွ စုံစမ္းရွာေဖြလ်က္ရွိေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့ေသာ ဇန္နဝါရီလက ၁၃ ရက္တြင္လည္း အုတ္တြင္းၿမိဳ႕ရွိ OK စက္သုံးဆီဆိုင္အဝန္းအတြင္း၌ ရပ္ထားသည့္ကားအား တြဲကားမွ ဝင္တိုက္မိခဲ့ရာ ကားေအာက္တြင္ အိပ္ေပ်ာ္ေနသည့္ အမ်ိဳးသားတစ္ဦး ကားႀကိတ္ခံရ၍ ေသဆုံးသြားခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။