ဂါဇာစစ်ပွဲရပ်တန့်ဖို့ ဟားမက်စ်လက်နက်ကိုင်အုပ်စုရဲ့တောင်းဆိုချက်တွေကို အစ္စရေးဝန်ကြီးချုပ် ထပ်မံငြင်းဆန် ပယ်ချ

 1404

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၂

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ ဂါဇာစစ်ပွဲရပ်တန့်ဖို့ နဲ့ ပြန်ပေးဆွဲခံထားရသူတွေ ပြန်လွှတ်မြောက်စေဖို့ ဟားမက်စ်အဖွဲ့ရဲ့ထပ်မံအဆိုပြုချက်တွေကို ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရပါတယ်။

ဂါဇာစစ်ပွဲ အဆုံးသတ်စေဖို့ ရည်ရွယ်ချက်နဲ့ ဟားမက်စ်အဖွဲ့တောင်းဆိုတဲ့ တောင်းဆိုချက်တွေထဲမှာ ဂါဇာဒေသ အတွင်းက အစ္စရေးတပ်ဖွဲ့ဝင်တွေပြန်ရုတ်သိမ်းဖို့၊ သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို ပြန်လွှဲပြောင်းပေးဖို့ စတဲ့ အချက်တွေကို ပါဝင်ခဲ့ကြောင်း သိရပါတယ်။

အစ္စရေးဝန်ကြီးချုပ်က "ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးမယ်၊ အပြန်အလှန်အနေနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ဟားမက်စ်အုပ်စုက တောင်းဆိုထားတယ်။ ဒါ့အပြင် ဟားမက်စ်အဖွဲ့ဟာ ဂါဇာဒေသထဲကနေ အစ္စရေးတပ်ဖွဲ့တွေ ပြန်ရုတ်သိမ်းဖို့ နဲ့ သေဆုံးခဲ့တဲ့ ပါလက်စတိုင်းရုပ်အလောင်းတွေကို ပြန်လွှဲပြောင်းပေးဖို့ တောင်းဆိုထားတယ်။ ကျွန်တော်ကတော့ ဟားမက်စ်အဖွဲ့တောင်းဆိုချက်တွေကို ငြင်းဆန်ပယ်ချထားတယ်" လို့ ပြောပါတယ်။

ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲအဆုံးသတ်စေဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်၊ ကာတာ နဲ့ အီဂျစ်နိုင်ငံတို့ဟာ ကြားဝင်စေ့စပ်ပေးနေကြောင်း သိရပါတယ်။ အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးထားသူတွေ အပြန်အလှန်လွှတ်ပေးခဲ့ပေမယ့် ဒီဇင်ဘာလအစောပိုင်းမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဟားမက်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေအတွင်း ဖမ်းဆီးခံထားရသူ လူပေါင်း ၂၄ဝ ကျော်ထဲက လူပေါင်း ၁၁ဝ ကျော် ပြန်လွတ်မြောက်ခဲ့ပေမယ့် လူပေါင်း ၁၃၆ ဦး ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရပါတယ်။ အစ္စရေး နဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ရက်ပေါင်း ၁ဝဝ ကျော်ကြာနေပြီး စစ်ပွဲအဆုံးသတ်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုထားကြောင်း သိရပါတယ်။

ဒါပေမယ့် အစ္စရေးအစိုးရဟာ ဟားမက်စ်အဖွဲ့ကိုအမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ စစ်ပွဲကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ဂါဇာစစ္ပြဲရပ္တန႔္ဖို႔ ဟားမက္စ္လက္နက္ကိုင္အုပ္စုရဲ႕ေတာင္းဆိုခ်က္ေတြကို အစၥေရးဝန္ႀကီးခ်ဳပ္ ထပ္မံျငင္းဆန္ ပယ္ခ်
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၂

အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ ဂါဇာစစ္ပြဲရပ္တန႔္ဖို႔ နဲ႔ ျပန္ေပးဆြဲခံထားရသူေတြ ျပန္လႊတ္ေျမာက္ေစဖို႔ ဟားမက္စ္အဖြဲ႕ရဲ႕ထပ္မံအဆိုျပဳခ်က္ေတြကို ျငင္းဆန္ပယ္ခ်လိုက္ေၾကာင္း သိရပါတယ္။

ဂါဇာစစ္ပြဲ အဆုံးသတ္ေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ ဟားမက္စ္အဖြဲ႕ေတာင္းဆိုတဲ့ ေတာင္းဆိုခ်က္ေတြထဲမွာ ဂါဇာေဒသ အတြင္းက အစၥေရးတပ္ဖြဲ႕ဝင္ေတြျပန္႐ုတ္သိမ္းဖို႔၊ ေသဆုံးသူေတြရဲ႕႐ုပ္အေလာင္းေတြကို ျပန္လႊဲေျပာင္းေပးဖို႔ စတဲ့ အခ်က္ေတြကို ပါဝင္ခဲ့ေၾကာင္း သိရပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္က "ဖမ္းဆီးခံထားရသူေတြ ျပန္လႊတ္ေပးမယ္၊ အျပန္အလွန္အေနနဲ႔ စစ္ပြဲကို အဆုံးသတ္ဖို႔ ဟားမက္စ္အုပ္စုက ေတာင္းဆိုထားတယ္။ ဒါ့အျပင္ ဟားမက္စ္အဖြဲ႕ဟာ ဂါဇာေဒသထဲကေန အစၥေရးတပ္ဖြဲ႕ေတြ ျပန္႐ုတ္သိမ္းဖို႔ နဲ႔ ေသဆုံးခဲ့တဲ့ ပါလက္စတိုင္း႐ုပ္အေလာင္းေတြကို ျပန္လႊဲေျပာင္းေပးဖို႔ ေတာင္းဆိုထားတယ္။ ကြၽန္ေတာ္ကေတာ့ ဟားမက္စ္အဖြဲ႕ေတာင္းဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ထားတယ္" လို႔ ေျပာပါတယ္။

ဟားမက္စ္နဲ႔ အစၥေရးႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲအဆုံးသတ္ေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ အေမရိကန္၊ ကာတာ နဲ႔ အီဂ်စ္ႏိုင္ငံတို႔ဟာ ၾကားဝင္ေစ့စပ္ေပးေနေၾကာင္း သိရပါတယ္။ အစၥေရး နဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ဖမ္းဆီးထားသူေတြ အျပန္အလွန္လႊတ္ေပးခဲ့ေပမယ့္ ဒီဇင္ဘာလအေစာပိုင္းမွာ တိုက္ပြဲေတြ ထပ္မံျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။

ဟားမက္စ္အဖြဲ႕ရဲ႕တိုက္ခိုက္မႈေတြအတြင္း ဖမ္းဆီးခံထားရသူ လူေပါင္း ၂၄ဝ ေက်ာ္ထဲက လူေပါင္း ၁၁ဝ ေက်ာ္ ျပန္လြတ္ေျမာက္ခဲ့ေပမယ့္ လူေပါင္း ၁၃၆ ဦး ဖမ္းဆီးခံထားရဆဲျဖစ္ေၾကာင္း သိရပါတယ္။ အစၥေရး နဲ႔ ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ ရက္ေပါင္း ၁ဝဝ ေက်ာ္ၾကာေနၿပီး စစ္ပြဲအဆုံးသတ္ဖို႔ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြက ေတာင္းဆိုထားေၾကာင္း သိရပါတယ္။

ဒါေပမယ့္ အစၥေရးအစိုးရဟာ ဟားမက္စ္အဖြဲ႕ကိုအျမစ္ျပတ္ေခ်မႈန္းႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ စစ္ပြဲကို ဆက္လက္တိုက္ခိုက္ေနဆဲျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.