ဂန့်ဂေါ-ဟားခါးကားလမ်းတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

 1542

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၇

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ဂန့်ဂေါ-ဟားခါးသွားကားလမ်းတွင် ကုန်တင်ကားတစ်စီး ဘရိတ်ပေါက်၍ ပေ(၄၀)အနက်ရှိ ချောင်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း ဟားခါးမြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

၎င်းယာဉ်တိမ်းမှောက်မှုသည် ယနေ့(ဇန်နဝါရီလ ၂၇ ရက်)၊ နံနက် ၁၀နာရီ ၇မိနစ်အချိန်တွင် ဟားခါးမြို့၊ မြို့အဝင်ကွေ့၊ ဂန့်ဂေါ-ဟားခါးသွား ကားလမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မှောက်တဲ့ကားက (၁၀)ဘီးကားပါ၊ ဘရိတ်ပေါက်ပြီးမှောက်တာပေါ့။ ကားပေါ်မှာက ဘိလပ်မြေနဲ့ ပိုက်တွေပါတယ်။ မန္တလေးကနေ တက်လာတဲ့ကားလို့သိရပါတယ်။ ကားသမားကော၊ ယာဉ်နောက်လိုက်ကောက ခပ်ငယ်ငယ်လေးတွေပါပဲ” ဟု ဟားခါးမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသား(၂)ဦးအနက် အသက်(၂၃)နှစ်အရွယ် ယာဉ်မောင်း အမျိုးသားသည် နေရာ၌ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အသက်(၂၀)ကျော်အရွယ် ယာဉ်နောက်လိုက်အမျိုးသားသည်ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“ယာဉ်မောင်းကတော့ ကားခေါင်းခန်းထဲညပ်နေပြီး ဆုံးသွားတာ။ ယာဉ်နောက်လိုက်တစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာရပေမဲ့ မများပါဘူး။ အဲဒီနေရာက အရင်ကဖြစ်လေ့ရှိတဲ့နေရာမဟုတ်ဘူး။ ခုမှ ပထမဆုံးဖြစ်ဖူးတာပါ”ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် အမျိုသားတစ်ဦးတို့ကို မီးသတ်တပ်ဖွဲ့ပိုင် လူနာတင်ယာဉ်ဖြင့် ဟားခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ဂန႔္ေဂါ-ဟားခါးကားလမ္းတြင္ ကုန္တင္ကားတစ္စီး တိမ္းေမွာက္ခဲ့ရာ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံး

သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၇

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕နယ္ရွိ ဂန႔္ေဂါ-ဟားခါးသြားကားလမ္းတြင္ ကုန္တင္ကားတစ္စီး ဘရိတ္ေပါက္၍ ေပ(၄၀)အနက္ရွိ ေခ်ာင္ထဲသို႔ ထိုးက်တိမ္းေမွာက္ခဲ့ေၾကာင္း ဟားခါးၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

၎ယာဥ္တိမ္းေမွာက္မႈသည္ ယေန႔(ဇန္နဝါရီလ ၂၇ ရက္)၊ နံနက္ ၁၀နာရီ ၇မိနစ္အခ်ိန္တြင္ ဟားခါးၿမိဳ႕၊ ၿမိဳ႕အဝင္ေကြ႕၊ ဂန႔္ေဂါ-ဟားခါးသြား ကားလမ္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေမွာက္တဲ့ကားက (၁၀)ဘီးကားပါ၊ ဘရိတ္ေပါက္ၿပီးေမွာက္တာေပါ့။ ကားေပၚမွာက ဘိလပ္ေျမနဲ႔ ပိုက္ေတြပါတယ္။ မႏၲေလးကေန တက္လာတဲ့ကားလို႔သိရပါတယ္။ ကားသမားေကာ၊ ယာဥ္ေနာက္လိုက္ေကာက ခပ္ငယ္ငယ္ေလးေတြပါပဲ” ဟု ဟားခါးၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္ေၾကာင့္ ကားေပၚတြင္လိုက္ပါလာသည့္ အမ်ိဳးသား(၂)ဦးအနက္ အသက္(၂၃)ႏွစ္အ႐ြယ္ ယာဥ္ေမာင္း အမ်ိဳးသားသည္ ေနရာ၌ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ၿပီး အသက္(၂၀)ေက်ာ္အ႐ြယ္ ယာဥ္ေနာက္လိုက္အမ်ိဳးသားသည္ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

“ယာဥ္ေမာင္းကေတာ့ ကားေခါင္းခန္းထဲညပ္ေနၿပီး ဆုံးသြားတာ။ ယာဥ္ေနာက္လိုက္တစ္ေယာက္ကေတာ့ ထိခိုက္ဒဏ္ရာရေပမဲ့ မမ်ားပါဘူး။ အဲဒီေနရာက အရင္ကျဖစ္ေလ့ရွိတဲ့ေနရာမဟုတ္ဘူး။ ခုမွ ပထမဆုံးျဖစ္ဖူးတာပါ”ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားႏွင့္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သည့္ အမ်ိဳသားတစ္ဦးတို႔ကို မီးသတ္တပ္ဖြဲ႕ပိုင္ လူနာတင္ယာဥ္ျဖင့္ ဟားခါးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.