မန္တလေးတွင် အထပ်မြင့်ဆောက်လုပ်မှုများလာပြီး တိုက်ခန်း အရောင်းအဝယ် သွက်နေ

1880

NP News - ဇန်နဝါရီ ၃ဝ
မန္တလေး အိမ်ခြံမြေဈေးကွက်တွင် အထပ်မြင့်ဆောက်လုပ်မှုများလာပြီး တိုက်ခန်းအရောင်းအဝယ် သွက်နေတယ် လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ကွန်ဒိုဆောက်လုပ်မှုများအပြင် ကန်တရိုက်ဆောက်လုပ်ရေးလုပ်ငန်းများ တွင်ကျယ်လာခြင်းကြောင့် မန္တလေး အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်များလာခြင်းဖြစ်သည်။
“မန္တလေး ဈေးကွက်က အရင်ကဆိုရင် လမ်းမတန်းတွေပဲ ဈေးကောင်းတာ အခုဆိုရင် လမ်းကြားတွေပါ တိုက်ခန်းတွေ ဆောက်လာကြပြီ။ တိုက်ခန်းနဲ့နေတဲ့သူတွေ များလာတော့ လုံးခြင်းအိမ်တွေက တိုက်ခန်းပြောင်းနေ ကြတယ်။ လုံးခြင်းအိမ်ဆို အရောင်းအဝယ်အေးတယ်။ တိုက်ခန်းပဲ အရောင်းအဝယ်သွက်နေတာ” ဟု မန္တလေးမြို့ခံ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင် ကိုကျော်ဆန်းက ပြောသည်။
မန္တလေးအိမ်ခြံမြေဈေးကွက်တွင် ယခင်က လုံးခြင်း အိမ်ခြံမြေများသာ အရောင်းအဝယ်ရှိသော်လည်း လက်ရှိတွင် လုံးခြင်းအိမ်အစား အထပ်မြင့်တိုက်ခန်းများမှာ အရောင်းအဝယ်ကောင်းလာခြင်းဖြစ်သည်။
ငွေကျပ် သိန်းငါးရာ ဝန်းကျင်မှစတင်ကာ နေရာအကွက်အကွင်းအလိုက် အရောင်းအဝယ် များလာခြင်းဖြစ်ပြီး ယခင်က တိုက်ခန်းများတွင် အငှားဈေးကွက်သာရှိသော်လည်း လက်ရှိတွင် အရောင်းအဝယ်များလာခြင်းဖြစ်သည်။
ကြိုပွိုင့်ဝယ်ယူမှုများအပြင် ဘဏ်ချေးငွေဖြင့် အရစ်ကျဝယ်ယူမှုများလည်းရှိနေပြီး အများစုမှာ မန္တလေးမြို့တွင်း တိုက်ခန်းများဖြစ်ကြောင်း သိရသည်။
မန္တလေးအိမ်ခြံမြေဈေးကွက်တွင် ဂရံပေါက်မြေအများစုမှာ တိုက်ခန်းပြောင်းလဲဆောက်လုပ်လာခြင်း နှင့် မြို့အစွန် မြေကွက်အများစုမှာ မြေယာပိုင်ဆိုင်မှုမခိုင်မာခြင်းကြောင့် တိုက်ခန်းဖြင့်နေထိုက်မှုမြင့်တက်လာကြောင်း သိရသည်။

Zawgyi Version;
မႏၲေလးတြင္ အထပ္ျမင့္ေဆာက္လုပ္မႈမ်ားလာၿပီး တိုက္ခန္း အေရာင္းအဝယ္ သြက္ေန
NP News - ဇန္နဝါရီ ၃ဝ
မႏၲေလး အိမ္ၿခံေျမေဈးကြက္တြင္ အထပ္ျမင့္ေဆာက္လုပ္မႈမ်ားလာၿပီး တိုက္ခန္းအေရာင္းအဝယ္ သြက္ေနတယ္ လို႔ ျမန္မာႏိုင္ငံ အိမ္ၿခံေျမဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။
ကြန္ဒိုေဆာက္လုပ္မႈမ်ားအျပင္ ကန္တ႐ိုက္ေဆာက္လုပ္ေရးလုပ္ငန္းမ်ား တြင္က်ယ္လာျခင္းေၾကာင့္ မႏၲေလး အိမ္ၿခံေျမေဈးကြက္အတြင္း အေရာင္းအဝယ္မ်ားလာျခင္းျဖစ္သည္။
“မႏၲေလး ေဈးကြက္က အရင္ကဆိုရင္ လမ္းမတန္းေတြပဲ ေဈးေကာင္းတာ အခုဆိုရင္ လမ္းၾကားေတြပါ တိုက္ခန္းေတြ ေဆာက္လာၾကၿပီ။ တိုက္ခန္းနဲ႔ေနတဲ့သူေတြ မ်ားလာေတာ့ လုံးျခင္းအိမ္ေတြက တိုက္ခန္းေျပာင္းေန ၾကတယ္။ လုံးျခင္းအိမ္ဆို အေရာင္းအဝယ္ေအးတယ္။ တိုက္ခန္းပဲ အေရာင္းအဝယ္သြက္ေနတာ” ဟု မႏၲေလးၿမိဳ႕ခံ အိမ္ၿခံေျမဝန္ေဆာင္မႈလုပ္ငန္းရွင္ ကိုေက်ာ္ဆန္းက ေျပာသည္။
မႏၲေလးအိမ္ၿခံေျမေဈးကြက္တြင္ ယခင္က လုံးျခင္း အိမ္ၿခံေျမမ်ားသာ အေရာင္းအဝယ္ရွိေသာ္လည္း လက္ရွိတြင္ လုံးျခင္းအိမ္အစား အထပ္ျမင့္တိုက္ခန္းမ်ားမွာ အေရာင္းအဝယ္ေကာင္းလာျခင္းျဖစ္သည္။
ေငြက်ပ္ သိန္းငါးရာ ဝန္းက်င္မွစတင္ကာ ေနရာအကြက္အကြင္းအလိုက္ အေရာင္းအဝယ္ မ်ားလာျခင္းျဖစ္ၿပီး ယခင္က တိုက္ခန္းမ်ားတြင္ အငွားေဈးကြက္သာရွိေသာ္လည္း လက္ရွိတြင္ အေရာင္းအဝယ္မ်ားလာျခင္းျဖစ္သည္။
ႀကိဳပြိဳင့္ဝယ္ယူမႈမ်ားအျပင္ ဘဏ္ေခ်းေငြျဖင့္ အရစ္က်ဝယ္ယူမႈမ်ားလည္းရွိေနၿပီး အမ်ားစုမွာ မႏၲေလးၿမိဳ႕တြင္း တိုက္ခန္းမ်ားျဖစ္ေၾကာင္း သိရသည္။
မႏၲေလးအိမ္ၿခံေျမေဈးကြက္တြင္ ဂရံေပါက္ေျမအမ်ားစုမွာ တိုက္ခန္းေျပာင္းလဲေဆာက္လုပ္လာျခင္း ႏွင့္ ၿမိဳ႕အစြန္ ေျမကြက္အမ်ားစုမွာ ေျမယာပိုင္ဆိုင္မႈမခိုင္မာျခင္းေၾကာင့္ တိုက္ခန္းျဖင့္ေနထိုက္မႈျမင့္တက္လာေၾကာင္း သိရသည္။