ထိုင်ဝမ်ရွေးကောက်ပွဲရလဒ်ဂယက်နှင့် အမေရိကန်အတွက် နှစ်များစွာ ဆက်လက်တည်ရှိနေမည့် ပြဿနာ တရုတ်၏ နောက်ဖေးထွက်ပေါက်နှင့် အရှေ့တံခါးငြိမ်းချမ်းရေး(ဘာသာပြန်ဆောင်းပါး)

 680

Htay Aung (NP News) - ဖေဖော်ဝါရီလ - ၁၄

၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်း နောက်ပိုင်း မြန်မာ ပြည်အနှံ့ ဖောက်ခွဲဖျက်ဆီးမှုတွေ၊ စွပ်စွဲလုပ်ကြံမှုတွေ၊ ရဲကင်း/ရဲစခန်းတွေကို အလစ်အငိုက် ပစ်ခတ်တာတွေ ရှိခဲ့ ပါတယ်။ ၃ နှစ်ပြည့်ခါနီး အခုချိန်မှာတော့ ယခင် တူမီး ကိုင်ဆန့်ကျင်ရေးအုပ်စုတွေဟာ ခေတ်မီမောင်းပြန် သေနတ်ကိုင်ပြီး စစ်တပ်ရင်းစခန်းတွေ၊ ကင်းစခန်းတွေကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နိုင်တဲ့အထိ တိုးတက်လာပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ဟန်တရုတ်နွယ်ဖွား မြန်မာတိုင်းရင်းသားအုပ်စုဝင် ကိုးကန့်တို့ဟာ သံလွင်မြစ်အရှေ့ ခြမ်း အထက်ပိုင်းကို အခိုင်အမာ သိမ်းယူလိုက်ပါတယ်။ တရုတ်ငွေကြေး သုံးစွဲပြီး တရုတ်ဘာသာစကားကို ရုံးသုံး ပြဋ္ဌာန်းထားတဲ့ အဲဒီလက်နက်ကိုင်တွေဟာ နယ်စပ် စစ်ရေး မဟာဗျူဟာအရ အရေးပါတဲ့ မြို့ ကြီးတွေကိုလည်း ထိန်း ချုပ်ခဲ့ပါတယ်။ အလားတူ ၁၀၂၇ စစ်ဆင်ရေးအုပ်စုဝင် မြန်မာတိုင်းရင်းသား TNLA ပလောင်တို့ဟာ ရှမ်းမြောက် တရုတ်နယ်စပ် မြို့တချို့ကိုသိမ်းယူပြီး နယ်စပ်ကုန် သွယ်ရေး ကုန်စည်စီးဆင်းရာ ပြည်ထောင်စုလမ်းမကြီးကို စိုးမိုးနိုင်ခဲ့ပါတယ်။
ရှီကျင့်ဖျင်ရဲ့ BRI စီမံကိန်းရ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ဖို့ လျာထားတဲ့ မြန်မာနိုင်ငံ မန္တလေးကိုဗဟိုပြုပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်း မြောက် ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသတို့မှာ လက်နက် ကိုင်ဆန့်ကျင်သူတို့ရဲ့ လှုပ်ရှားမှုတွေ ပိုမိုပြင်းထန်လာ ကြောင်း တွေ့ မြင်ရပါတယ်။
ပြည်မကြီးရဲ့ အိန္ဒိယသမုဒ္ဒရာ နောက်ဖေးထွက်ပေါက် မြန်မာနိုင်ငံမှာ အဲဒီလိုစစ်ရေးပဋိပက္ခတွေ ပြင်းထန်နေချိန် တရုတ်ရဲ့ အရှေ့တံခါး ထိုင်ဝမ်နိုင်ငံရဲ့ဇန်နဝါရီ ၁၃ ရက်နေ့ က ထွက်ပေါ်လာတဲ့ အထွေထွေရွေးကောက်ပွဲ ရလဒ်ဟာ ကျွန်းနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ပတ်သက် ရာမှ ဒေသတွင်းတင်းမာမှုဟာ အရှိန်မြင့်တက်လာပြန် တယ်လို့ ဆိုရပါလိမ့်မယ်။ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်တို့အကြား တင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေရဖို့ ရှိကြောင်း အချက်ပြသလို ရှိနေတယ်လို့ CNN(16 January 2024) က ရေးသားပါတယ်။
ထိုင်ဝမ်ရဲ့ ယခင် သမ္မတ အပျိုကြီးမမ ဆိုင်အင့်ဝမ် (၆၇ နှစ်)လက်ထက် ပြည်မကြီးနဲ့ ကျွန်းနိုင်ငံတို့အကြား တင်းမာမှုဟာ အတော်ဆိုးရွားခဲ့ပါတယ်။ ယခုတစ်ဖန် ထိုင် ဝမ်ကျွန်းသားတို့ဟာ လိုင်ချင်းတေနဲ့ ဒီမိုကရက်တစ် တိုး တက်ရေးပါတီ (DPP) ကို ရွေးချယ်ခဲ့ကြပါတယ်။ တစ် နည်းပြောရရင် သူတို့ရဲ့ အနာဂတ်ရှေ့ရေးအတွက် တရုတ် လူမျိုးချင်းတူ ပြည်မကြီးကိုကျော်လွန်ပြီး အမေရိကန်နဲ့ ပိုမိုနီးနီးကပ်ကပ်နေလိုကြောင်း ရွေးကောက်ပွဲနဲ့ ထပ်မံဖော် ပြခြင်းဖြစ်နေလို့ ပေကျင်းအတွက် အတော်လေး အောင့် သက်သက်ဖြစ်စရာ ရှိပါတယ်။
လန်ဒန်စီးပွားရေးတက္ကသိုလ် ဒေါက်တာဘွဲ့ရ ဆိုင် အင့်ဝမ်ဟာ ပေကျင်းက တစ်လျှောက်လုံး ကြွေးကြော် လျက်ရှိတဲ့ “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” နဲ့ ကွန်မြူနစ် ဝါဒကိုဆန့်ကျင်တဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ဥက္ကဋ္ဌအဖြစ် ၂၀၂၂ ခုနှစ်အထိ တာဝန်ယူခဲ့ပါ တယ်။
လိုင်ချင်းတေ(၆၅ နှစ်) ဟာ ယခင်အစိုးရလက်ထက် ဒုတိယသမ္မတဖြစ်ပြီး ကိုဗစ်ကာလ ကူးစက်ရောဂါအပေါ် ကိုင်တွယ်ပုံကို ဝေဖန်ခံရပြီးနောက် ကျန်အစိုးရအဖွဲ့ဝင် တွေကို လမ်းဖွင့်ပေးတဲ့အနေနဲ့ ဆိုင်အင့်ဝမ်က ပါတီ ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်ပေးခဲ့ပါတယ်။ ပြည်တွင်းစစ်အပြီး မော်စီ တုန်းရဲ့ ကွန်မြူနစ်တို့ကို အရေးနိမ့်တဲ့ ချန်ကေရှိတ် ကူမင် တန်တို့က ၁၉၄၉ ခုနှစ် ကျွန်းနိုင်ငံစတင်ထူထောင်ပြီး နောက်ပိုင်း တိုင်ပေမြို့မှာ လိုင်ချင်းတေကို ဖွားမြင်ခဲ့ပါတယ်။
အမေရိကန် ဟားဗတ်တက္ကသိုလ် မဟာဘွဲ့ရ လိုင်ချင်းတေဟာ တရုတ်နိုင်ငံပေါင်းစည်းရေး ဒါမှမဟုတ် ရေ လက်ကြားဖြတ်ကျော်ဆက်ဆံရေးကို ဆန့်ကျင်တဲ့ “ထိုင် ဝမ်လွတ်လပ်ရေး” မှာ “အပြောမဟုတ် အလုပ်နဲ့ သက် သေပြမယ့်” တက်ကြွသူတစ်ဦးအဖြစ် လူသိများပါတယ်။ ကျွန်းနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအနေအထားကို ထိန်းသိမ်း ရင်း အမေရိကန်အပါအဝင် လစ်ဘရယ်ဒီမိုကရေစီနိုင်ငံ တွေနဲ့ တသီးတခြား ရင်းနှီးစွာ ဆက်ဆံလို သူဖြစ်ပါတယ်။
ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရသူ ရှိုဘိုင်ခင် (၅၂ နှစ်) ဟာ ဂျပန်နိုင်ငံ ကိုဘေးမြို့မှာ မွေးဖွားပြီး ထိုင်ဝမ်နိုင်ငံ မှာ ကြီးပြင်းခဲ့ပါတယ်။ ဖခင် ထိုင်ဝမ်တရုတ်နဲ့ အမေရိကန် မိခင် ပက်ဂီကူးလ်နေးတို့က ဖွားမြင်ခဲ့ပြီး အမေရိကန်နိုင် ငံမှာ အနေများခဲ့သူတစ်ဦးဖြစ်ပါတယ်။ လိုင်ချင်းတေနဲ့ ရှို ဘိုင်ခင်တို့ အောင်ပွဲခံရခြင်းဟာ ယခင် ဆိုင်အင့်ဝမ် လက် ထက် တိုင်ပေနဲ့ဝါရှင်တန်အကြား နိုင်ငံရေးအရ ပိုမိုနီး ကပ်စွာ ပူးပေါင်းဖို့အတွက် အမေရိကန်ရဲ့ လေးနှစ်ကြာ ကြိုးပမ်းမှုရဲ့ အသီးအပွင့်လို့လည်း ဆိုနိုင်ပါတယ်။
အမေရိကန်ရွေးကောက်ပွဲဟာ ယခုနှစ် နိုဝင်ဘာလ မှ ကျင်းပဖို့ရှိနေပါတယ်။ ရီပတ်ဘလစ်ကင်ပါတီမှ သမ္မတ လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိတဲ့ သမ္မတ ဟောင်း ဒေါ်နယ်ထရမ့်ဟာ ပါတီတွင်းပြိုင်ဘက် ကုလသံ တမန်ဟောင်း နစ်ကီဟယ်လီသာမက လက်ရှိသမ္မတ ဒီမို ကရက်တစ် ဂျိုးဘိုင်ဒင်ကို နှာတစ်ဖျားအသာနဲ့ လူကြိုက် များနေကြောင်း အလွတ်သဘော စစ်တမ်းများအရ သိရှိရ ပါတယ်။
ယခုအချိန်ထိ သမ္မတလောင်းအဖြစ် မည်သူမည်ဝါ ကိုတင်သွင်းကြောင်း အမေရိကန် ပါတီကြီး နှစ်ရပ်လုံးက တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ အမေရိ ကန်မှာ “တရုတ်မုန်း ရုရှားပြေလည်”ဒေါ်နယ်ထရမ့်ဖြစ်စေ “ရုရှားမုန်း တရုတ်ပြေလည်” ဂျိုးဘိုင်ဒင်က သမ္မတ အဖြစ် ရွေးကောက်ခံရသည်ဖြစ်စေ ထိုင်ဝမ်နဲ့ပတ်သက်လို့ အိမ် ဖြူတော်ရဲ့ မူဝါဒဟာ အခြေခံပုံသဏ္ဌာန်နဲ့ စီစဉ်ကိုင်တွယ်ပုံ နောက်ဆုတ်ပြန်စရာမရှိတော့ဘူးလို့ အင်ဒို-ပစိဖိတ်နဲ့ ထိုင်ဝမ်အရေး ကျွမ်းကျင်သူ ဒေါက်တာ လန်ဟီးချန်းက CNN မှာ ရေးသားပါတယ်။
တကယ်တော့ ထိုင်ဝမ်အပေါ် ထောက်ခံမှုဟာ ရီပတ် ဘလစ်ကန်နဲ့ ဒီမိုကရက်တစ်တွေကြား သဘောတူညီမှု ရရှိ ထားတဲ့ မူဝါဒဆိုင်ရာ ပြဿနာအနည်းငယ်ထဲက တစ်ခု ဖြစ်ပါတယ်။ ထိုင်ဝမ်ကို လက်နက်တွေရောင်းချဖို့နဲ့ စစ်ရေးအရထောက်ပံ့ဖို့ နောက်ထပ် ကြိုးပမ်းမှုတွေဟာ အငြင်းပွားဖွယ် အမေရိကန်ရွေးကောက်ပွဲနှစ်များအတွင်း မှာပင် ကွန်ဂရက်လွှတ်တော်ရဲ့ ဦးစားပေး ဖြစ်ဖွယ်ရှိနေပါ တယ်။
လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သမ္မတ ဟောင်း ဒေါ်နယ်ထရတို့ နှစ်ဦးစလုံးဟာ ထိုင်ဝမ်အပေါ် အခိုင်အမာ ထောက်ခံအားပေးခဲ့ကြပါတယ်။ လက်ရှိ သမ္မတဘိုင်ဒင်ဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒါမှ မဟုတ် ပြည်မကြီးရဲ့ တိုက်ခိုက်ခံရပါက ထိုင်ဝမ်ကို အမေရိ ကန်က ခုခံကာကွယ်မှာဖြစ်ကြောင်း လေးကြိမ်တိုင်တိုင် ကြေညာခဲ့ပါတယ်။ ဘိုင်ဒင်အစိုးရ ကွန်ဂရက် လွှတ်တော် မူဝါဒချမှတ်သူတွေဟာ ကျွန်းနိုင်ငံကို အင်အားသုံး သိမ်း ယူဖို့ ကြိုးပမ်းမှုမှာ ပါဝင်ဆောင်ရွက်လာမယ်ဆိုရင် တရုတ် နိုင်ငံအပေါ် ထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေချမှတ်ဖို့ ဥပဒေတွေကိုလည်း အသင့်ပြင်ဆင်ထားကြပါတယ်။
ယေဘုယျအားဖြင့်၊ ထိုင်ဝမ်မဲဆန္ဒရှင်တွေဟာ လိုင်ချင်းတေနဲ့ လက်ရှိ DPP ပါတီကို အောင်ပွဲခံနိုင် စေခြင်း အားဖြင့် အပြောင်းအလဲ ဆက်လက်တည်မြဲရေးကို ရွေး ချယ်ခဲ့ကြပါတယ်။ DPP ရဲ့ အောင်မြင်မှု ကလည်း သမ္မတ ကို လူထုဆန္ဒမဲစနစ်အရ တိုက်ရိုက်ရွေးကောက်ခွင့်ရရှိချိန် ၁၉၉၆ ခုနှစ်နောက်ပိုင်းကတည်းက သုံးကြိမ် ဆက်တိုက် သမ္မတရာထူးရရှိခဲ့တဲ့ ပထမဆုံးပါတီ ဖြစ်လာပါတယ်။ ရွေးကောက်ပွဲရလဒ် မထွက်ပေါ်မီ လွန်ခဲ့တဲ့ ရက်သတ္တ နှစ်ပတ်ကျော်က ကောက်ယူခဲ့တဲ့ လူထုသဘောထား စစ်တမ်းတွေအရ မဲအနည်းငယ်အသာနဲ့ အနိုင်ရရှိမယ့် အကြောင်း ထင်ကြေးကတော့ ကွက်တိ မှန်ကန်နေပါတယ်။
ကျွန်းနိုင်ငံဆန္ဒရှင်တွေဟာ ပြည်မကြီးကို အုပ်ချုပ် နေတဲ့ ကွန်မြူနစ်ပါတီ CCP နဲ့ ပါတီခေါင်းဆောင် ရှီကျင့်ဖျင်အပေါ် ထိုင်ဝမ် DPP ပါတီရဲ့ သံသယအမြင်ကို ထောက်ခံလိုက်ကြပြီး ဆိုင်အင့်ဝမ် အစိုးရလက်ထက် ပြည်တွင်း စီးပွားရေးနှေးကွေးမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ကို အများစုက လျစ်လျူရှုခဲ့ကြပါတယ်။ ဒါပေမဲ့ ရွေး ကောက်ခံသမ္မတ လိုင်ချင်းတေအတွက် ပြီးပြည့်စုံတဲ့ အောင်ပွဲတော့ မဟုတ်သေးပါဘူး။ အစိုးရတစ်ရပ်အနေနဲ့ ထောက်ခံသူ ခိုင်မာအားကောင်းခြင်းမရှိတဲ့ ဥပဒေပြု လွှတ်တော်တစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းရဖို့ရှိနေပါ တယ်။
အဓိက အတိုက်အခံပါတီကြီးနှစ်ခုဖြစ်တဲ့ အမျိုးသား ရေးပါတီ ဒါမှမဟုတ် ကူမင်တန် (KMT)နဲ့ ထိုင်ဝမ်ပြည်သူ့ ပါတီ (TPP) တို့ရဲ့ ပူးပေါင်းဆန့်ကျင်မှုများကို ရင်ဆိုင်ရပါ လိမ့်မယ်။ အဲဒီကိစ္စဟာ မြေစမ်း ခရမ်းပျိုးစ လိုင်ချင်းတေ အစိုးရအတွက် ယေဘုယျအားဖြင့် စိန်ခေါ်မှု ပိုမိုလာခြင်းပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ တွေတုန်းကလိုပဲ မဲပေးသူအရေအတွက်ဟာ ၇၂ ရာခိုင်နှုန်း နီးပါးရှိခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်ထက် အနည်းငယ် လျော့ နည်းပြီး ၂၀၂၄ ခုနှစ် ၈၀ ရာခိုင်နှုန်းခန့် မဲပေးခဲ့ကြတဲ့ ရွေး ကောက်ပွဲထက်တော့ အတော်ကြီးနည်းပေမယ့် ကျွန်း နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို အခိုင်အမာအတည်ပြုနေဆဲ ဖြစ်ပါတယ်။
ထိုင်ဝမ်တာဝန်ရှိသူတွေဟာ ရွေးကောက်ပွဲရလဒ် တွေကို မဲရုံပိတ်ပြီး နာရီအနည်းငယ်အတွင်း ကြေညာနိုင်ခဲ့ ပါတယ်။ မဲရေတွက်စဉ် ရွေးကောက်ပွဲရလဒ်အပါ် လွှမ်းမိုးဖို့ အတွက် ပြည်မကြီးက သိသိသာသာ ကြိုးပမ်းခဲ့ပေမယ့် ယေဘုယျအားဖြင့် မဲလိမ်လည်မှု၊ အင်အားသုံးခြိမ်းခြောက် မှု ဒါမှမဟုတ် ပြင်ပဩဇာလွှမ်းမိုးမှုကင်းတဲ့ ရွေးကောက် ပွဲလို့ သတ်မှတ်ကြပါတယ်။ ရွေးကောက်ပွဲအပြီး တစ်ပြိုင် နက်တည်းမှာပဲ ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးနဲ့ ပတ်သက် ပြီး ပစိဖိတ်သမုဒ္ဒရာ “နော်ရူ-ကျွန်းနိုင်ငံ”နဲ့ သံတမန် မဟာ မိတ်အဖြစ်မှ ဆုံးရှုံးသွားပါတယ်။
တရုတ်အနေနဲ့ ထိုင်ဝမ်အရေးဟာ စေ့စပ်ညှိနှိုင်းဖို့ မဖြစ်နိုင်တဲ့ကိစ္စရပ်အဖြစ် ဆက်လက်ရှုမြင်ဖို့သာ ရှိပါ တယ်။ လိုင်ချင်းတေ အောင်ပွဲခံကြောင်း သတင်းအပေါ် ပြည်မကြီးအစိုးရ ထိုင်ဝမ်ရေးရာရုံးက ပခုံးတွန့်ပြလိုက်ပြီး ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးထဲက အစိတ်အပိုင်းဖြစ် ကြောင်း ထပ်ခါတလဲလဲ ပြောဆိုပါတယ်။ လိုင်ချင်းတေ ရွေးကောက်ခံရရုံနဲ့ ရေလက်ကြားဖြတ်ကျော် ဆက်ဆံ ရေးရဲ့ အခြေခံပုံစံနဲ့ ဆက်လက်စီစဉ်ဆောင်ရွက်မှုအပေါ် အပြောင်းအလဲ ဖြစ်လာမှာမဟုတ်ဘူးလို့ မှတ်ချက်ပေး ပါတယ်။
ရှီကျင့်ဖျင်နဲ့ သူ့လက်အောက်ငယ်သားတွေဟာ သူတို့ရဲ့ မကျေနပ်ချက်တွေကို ထိုင်ဝမ်နေထိုင်သူတွေ သိရှိ လာစေဖို့ ပြသဖွယ်ရှိပါတယ်။ လိုင်ချင်းတေ ကျမ်းသစ္စာ ကျိန်ဆိုမယ့် မေလ ၂၀ ရက်နေ့အထိ နောက် ၄ လ အတွင်း ကျွန်းနိုင်ငံရဲ့ ရေပြင်ဝေဟင်ပိုင်နက်အတွင်း စစ်ရေးအရ ကျူးကျော်မတွေ၊ မဟုတ်မမှန် သတင်းထုတ်လွှင့်မှုတွေ၊ စီးပွားရေးအရ ဖိအားပေးဖို့တို့ကို ဆက်လက်ပြုလုပ် နေမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်နေသူတွေ စီးပွားရေးအရ ထိခိုက် ဖို့နဲ့ သူတို့ရဲ့ရပ်တည်ချက်ကို အမေရိကန်နဲ့ ကျန်ကမ္ဘာက သိရှိလာစေဖို့ အားထုတ်ပါလိမ့်မယ်။
မိုင်ပေါင်း ၃၅၀ဝ ကျော်ကွာဝေးတဲ့ ထိုင်ဝမ်နဲ့ သံ အဆက်အသွယ်ဖြတ်တောက်ပြီး ပြည်မကြီးနဲ့ ဆက်ဆံ ရေးတိုးမြှင့်မယ်ဆိုတဲ့ နော်ရူဟာ ၈ စတုရန်းမိုင်ခန့်သာ ကျယ်ဝန်းပြီး နေထိုင်သူ တစ်သောင်းမပြည့်တဲ့ ကမ္ဘာ့ ဒုတိယမြောက် လူဦးရေအနည်းဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ ဩစတြေးလျ၊ အင်ဒိုနီးရှားတို့နဲ့ သိပ်မဝေးတဲ့ ကျွန်းနိုင်ငံလေးရဲ့အပြုအမူဟာ ထိုင်ဝမ်ကို သံတမန်ရေး အရ အထီးကျန်စေလိုတဲ့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု လက်တံကို ခန့်မှန်းလို့ရပါတယ်။
ပေကျင်းအတွက် မနှစ်မြို့စရာ “ဒုက္ခပေးသူ” နဲ့ “ခွဲ ထွက်ရေးသမား” အဖြစ် သမုတ်ခံရသူ လိုင်ချင်းတေဟာ ထိုင်ဝမ်ကို တရားဝင်လွတ်လပ်ရေးဆီသို့ တွန်းပို့လိုပြီး ရှီကျင့်ဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီအတွက် အထူးစိုး ရိမ်စရာ “ပြဿနာကောင်” ဖြစ်နေပါတယ်။ လိုင်ချင်းတေ ကိုယ်တိုင်ကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆိုပြီး ထိုင်ဝမ်ဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ အဖြစ် နှစ်ပေါင်းများစွာ လည်ပတ်နေပြီးဖြစ်လို့ “လွတ်လပ်ရေး ကြေညာရန် အထူးတလည် မလိုအပ်ဘူး” လို့ ဆိုပါတယ်။
သူတို့ကိုယ်သူတို့ ထိုင်ဝမ်လူမျိုးများသာဖြစ်ပြီး ပြည် မကြီး တရုတ်နဲ့ သိသာထင်ရှားစွာ ကွဲလွဲကြောင်း ပြောဆိုနေ သူ ကျွန်းနိုင်ငံသားတို့ဟာ DPP ပါတီရဲ့ ရေလက် ကြားဖြတ်ကျော်ဆက်ဆံရေးအပေါ် သူတို့ရဲ့ သဘော ထားအမြင်ကို ရွေးကောက်ပွဲနဲ့ ပြသလိုက်ပါတယ်။ ပြည်မ ကြီးနဲ့ “ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး” မှာ မဖြစ် နိုင်ကြောင်း အဖြေပေးသလို ရှိပါတယ်။

Zawgyi Version;
ထိုင္ဝမ္ေ႐ြးေကာက္ပြဲရလဒ္ဂယက္ႏွင့္ အေမရိကန္အတြက္ ႏွစ္မ်ားစြာ ဆက္လက္တည္ရွိေနမည့္ ျပႆနာ တ႐ုတ္၏ ေနာက္ေဖးထြက္ေပါက္ႏွင့္ အေရွ႕တံခါးၿငိမ္းခ်မ္းေရး(ဘာသာျပန္ေဆာင္းပါး)
Htay Aung (NP News) - ေဖေဖာ္ဝါရီလ - ၁၄

၂၀၂၁ ခုႏွစ္ ဇန္နဝါရီလဆန္းပိုင္း ေနာက္ပိုင္း ျမန္မာ ျပည္အႏွံ႔ ေဖာက္ခြဲဖ်က္ဆီးမႈေတြ၊ စြပ္စြဲလုပ္ႀကံမႈေတြ၊ ရဲကင္း/ရဲစခန္းေတြကို အလစ္အငိုက္ ပစ္ခတ္တာေတြ ရွိခဲ့ ပါတယ္။ ၃ ႏွစ္ျပည့္ခါနီး အခုခ်ိန္မွာေတာ့ ယခင္ တူမီး ကိုင္ဆန႔္က်င္ေရးအုပ္စုေတြဟာ ေခတ္မီေမာင္းျပန္ ေသနတ္ကိုင္ၿပီး စစ္တပ္ရင္းစခန္းေတြ၊ ကင္းစခန္းေတြကို အင္အားအလုံးအရင္းနဲ႔ ဝင္ေရာက္တိုက္ခိုက္ႏိုင္တဲ့အထိ တိုးတက္လာပါတယ္။
ရွမ္းျပည္ေျမာက္ပိုင္းမွာ ဟန္တ႐ုတ္ႏြယ္ဖြား ျမန္မာတိုင္းရင္းသားအုပ္စုဝင္ ကိုးကန႔္တို႔ဟာ သံလြင္ျမစ္အေရွ႕ ျခမ္း အထက္ပိုင္းကို အခိုင္အမာ သိမ္းယူလိုက္ပါတယ္။ တ႐ုတ္ေငြေၾကး သုံးစြဲၿပီး တ႐ုတ္ဘာသာစကားကို ႐ုံးသုံး ျပ႒ာန္းထားတဲ့ အဲဒီလက္နက္ကိုင္ေတြဟာ နယ္စပ္ စစ္ေရး မဟာဗ်ဴဟာအရ အေရးပါတဲ့ ၿမိဳ႕ ႀကီးေတြကိုလည္း ထိန္း ခ်ဳပ္ခဲ့ပါတယ္။ အလားတူ ၁၀၂၇ စစ္ဆင္ေရးအုပ္စုဝင္ ျမန္မာတိုင္းရင္းသား TNLA ပေလာင္တို႔ဟာ ရွမ္းေျမာက္ တ႐ုတ္နယ္စပ္ ၿမိဳ႕တခ်ိဳ႕ကိုသိမ္းယူၿပီး နယ္စပ္ကုန္ သြယ္ေရး ကုန္စည္စီးဆင္းရာ ျပည္ေထာင္စုလမ္းမႀကီးကို စိုးမိုးႏိုင္ခဲ့ပါတယ္။
ရွီက်င့္ဖ်င္ရဲ႕ BRI စီမံကိန္းရ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍတည္ေဆာက္ဖို႔ လ်ာထားတဲ့ ျမန္မာႏိုင္ငံ မႏၲေလးကိုဗဟိုျပဳၿပီး ရခိုင္ျပည္နယ္၊ မေကြးတိုင္း ေျမာက္ ပိုင္း၊ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသတို႔မွာ လက္နက္ ကိုင္ဆန႔္က်င္သူတို႔ရဲ႕ လႈပ္ရွားမႈေတြ ပိုမိုျပင္းထန္လာ ေၾကာင္း ေတြ႕ ျမင္ရပါတယ္။
ျပည္မႀကီးရဲ႕ အိႏၵိယသမုဒၵရာ ေနာက္ေဖးထြက္ေပါက္ ျမန္မာႏိုင္ငံမွာ အဲဒီလိုစစ္ေရးပဋိပကၡေတြ ျပင္းထန္ေနခ်ိန္ တ႐ုတ္ရဲ႕ အေရွ႕တံခါး ထိုင္ဝမ္ႏိုင္ငံရဲ႕ဇန္နဝါရီ ၁၃ ရက္ေန႔ က ထြက္ေပၚလာတဲ့ အေထြေထြေ႐ြးေကာက္ပြဲ ရလဒ္ဟာ ကြၽန္းႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈနဲ႔ပတ္သက္ ရာမွ ေဒသတြင္းတင္းမာမႈဟာ အရွိန္ျမင့္တက္လာျပန္ တယ္လို႔ ဆိုရပါလိမ့္မယ္။ အထူးသျဖင့္ အေမရိကန္နဲ႔ တ႐ုတ္တို႔အၾကား တင္းမာမႈေတြ ဆက္လက္ျဖစ္ပြားေနရဖို႔ ရွိေၾကာင္း အခ်က္ျပသလို ရွိေနတယ္လို႔ CNN(16 January 2024) က ေရးသားပါတယ္။
ထိုင္ဝမ္ရဲ႕ ယခင္ သမၼတ အပ်ိဳႀကီးမမ ဆိုင္အင့္ဝမ္ (၆၇ ႏွစ္)လက္ထက္ ျပည္မႀကီးနဲ႔ ကြၽန္းႏိုင္ငံတို႔အၾကား တင္းမာမႈဟာ အေတာ္ဆိုး႐ြားခဲ့ပါတယ္။ ယခုတစ္ဖန္ ထိုင္ ဝမ္ကြၽန္းသားတို႔ဟာ လိုင္ခ်င္းေတနဲ႔ ဒီမိုကရက္တစ္ တိုး တက္ေရးပါတီ (DPP) ကို ေ႐ြးခ်ယ္ခဲ့ၾကပါတယ္။ တစ္ နည္းေျပာရရင္ သူတို႔ရဲ႕ အနာဂတ္ေရွ႕ေရးအတြက္ တ႐ုတ္ လူမ်ိဳးခ်င္းတူ ျပည္မႀကီးကိုေက်ာ္လြန္ၿပီး အေမရိကန္နဲ႔ ပိုမိုနီးနီးကပ္ကပ္ေနလိုေၾကာင္း ေ႐ြးေကာက္ပြဲနဲ႔ ထပ္မံေဖာ္ ျပျခင္းျဖစ္ေနလို႔ ေပက်င္းအတြက္ အေတာ္ေလး ေအာင့္ သက္သက္ျဖစ္စရာ ရွိပါတယ္။
လန္ဒန္စီးပြားေရးတကၠသိုလ္ ေဒါက္တာဘြဲ႕ရ ဆိုင္ အင့္ဝမ္ဟာ ေပက်င္းက တစ္ေလွ်ာက္လုံး ေႂကြးေၾကာ္ လ်က္ရွိတဲ့ “တ႐ုတ္တစ္ႏိုင္ငံတည္းမူဝါဒ” နဲ႔ ကြန္ျမဴနစ္ ဝါဒကိုဆန႔္က်င္တဲ့ ဒီမိုကရက္တစ္တိုးတက္ေရးပါတီ (DPP) ဥကၠ႒အျဖစ္ ၂၀၂၂ ခုႏွစ္အထိ တာဝန္ယူခဲ့ပါ တယ္။
လိုင္ခ်င္းေတ(၆၅ ႏွစ္) ဟာ ယခင္အစိုးရလက္ထက္ ဒုတိယသမၼတျဖစ္ၿပီး ကိုဗစ္ကာလ ကူးစက္ေရာဂါအေပၚ ကိုင္တြယ္ပုံကို ေဝဖန္ခံရၿပီးေနာက္ က်န္အစိုးရအဖြဲ႕ဝင္ ေတြကို လမ္းဖြင့္ေပးတဲ့အေနနဲ႔ ဆိုင္အင့္ဝမ္က ပါတီ ဥကၠ႒ အျဖစ္မွ ႏုတ္ထြက္ေပးခဲ့ပါတယ္။ ျပည္တြင္းစစ္အၿပီး ေမာ္စီ တုန္းရဲ႕ ကြန္ျမဴနစ္တို႔ကို အေရးနိမ့္တဲ့ ခ်န္ေကရွိတ္ ကူမင္ တန္တို႔က ၁၉၄၉ ခုႏွစ္ ကြၽန္းႏိုင္ငံစတင္ထူေထာင္ၿပီး ေနာက္ပိုင္း တိုင္ေပၿမိဳ႕မွာ လိုင္ခ်င္းေတကို ဖြားျမင္ခဲ့ပါတယ္။
အေမရိကန္ ဟားဗတ္တကၠသိုလ္ မဟာဘြဲ႕ရ လိုင္ခ်င္းေတဟာ တ႐ုတ္ႏိုင္ငံေပါင္းစည္းေရး ဒါမွမဟုတ္ ေရ လက္ၾကားျဖတ္ေက်ာ္ဆက္ဆံေရးကို ဆန႔္က်င္တဲ့ “ထိုင္ ဝမ္လြတ္လပ္ေရး” မွာ “အေျပာမဟုတ္ အလုပ္နဲ႔ သက္ ေသျပမယ့္” တက္ႂကြသူတစ္ဦးအျဖစ္ လူသိမ်ားပါတယ္။ ကြၽန္းႏိုင္ငံရဲ႕ လက္ရွိႏိုင္ငံေရးအေနအထားကို ထိန္းသိမ္း ရင္း အေမရိကန္အပါအဝင္ လစ္ဘရယ္ဒီမိုကေရစီႏိုင္ငံ ေတြနဲ႔ တသီးတျခား ရင္းႏွီးစြာ ဆက္ဆံလို သူျဖစ္ပါတယ္။
ဒုတိယသမၼတအျဖစ္ ေ႐ြးခ်ယ္ခံရသူ ရႈိဘိုင္ခင္ (၅၂ ႏွစ္) ဟာ ဂ်ပန္ႏိုင္ငံ ကိုေဘးၿမိဳ႕မွာ ေမြးဖြားၿပီး ထိုင္ဝမ္ႏိုင္ငံ မွာ ႀကီးျပင္းခဲ့ပါတယ္။ ဖခင္ ထိုင္ဝမ္တ႐ုတ္နဲ႔ အေမရိကန္ မိခင္ ပက္ဂီကူးလ္ေနးတို႔က ဖြားျမင္ခဲ့ၿပီး အေမရိကန္ႏိုင္ ငံမွာ အေနမ်ားခဲ့သူတစ္ဦးျဖစ္ပါတယ္။ လိုင္ခ်င္းေတနဲ႔ ရႈိ ဘိုင္ခင္တို႔ ေအာင္ပြဲခံရျခင္းဟာ ယခင္ ဆိုင္အင့္ဝမ္ လက္ ထက္ တိုင္ေပနဲ႔ဝါရွင္တန္အၾကား ႏိုင္ငံေရးအရ ပိုမိုနီး ကပ္စြာ ပူးေပါင္းဖို႔အတြက္ အေမရိကန္ရဲ႕ ေလးႏွစ္ၾကာ ႀကိဳးပမ္းမႈရဲ႕ အသီးအပြင့္လို႔လည္း ဆိုႏိုင္ပါတယ္။
အေမရိကန္ေ႐ြးေကာက္ပြဲဟာ ယခုႏွစ္ ႏိုဝင္ဘာလ မွ က်င္းပဖို႔ရွိေနပါတယ္။ ရီပတ္ဘလစ္ကင္ပါတီမွ သမၼတ ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖြယ္ရွိတဲ့ သမၼတ ေဟာင္း ေဒၚနယ္ထရမ့္ဟာ ပါတီတြင္းၿပိဳင္ဘက္ ကုလသံ တမန္ေဟာင္း နစ္ကီဟယ္လီသာမက လက္ရွိသမၼတ ဒီမို ကရက္တစ္ ဂ်ိဳးဘိုင္ဒင္ကို ႏွာတစ္ဖ်ားအသာနဲ႔ လူႀကိဳက္ မ်ားေနေၾကာင္း အလြတ္သေဘာ စစ္တမ္းမ်ားအရ သိရွိရ ပါတယ္။
ယခုအခ်ိန္ထိ သမၼတေလာင္းအျဖစ္ မည္သူမည္ဝါ ကိုတင္သြင္းေၾကာင္း အေမရိကန္ ပါတီႀကီး ႏွစ္ရပ္လုံးက တရားဝင္ေၾကညာျခင္း မရွိေသးပါဘူး။ ဒါေပမဲ့ အေမရိ ကန္မွာ “တ႐ုတ္မုန္း ႐ုရွားေျပလည္”ေဒၚနယ္ထရမ့္ျဖစ္ေစ “႐ုရွားမုန္း တ႐ုတ္ေျပလည္” ဂ်ိဳးဘိုင္ဒင္က သမၼတ အျဖစ္ ေ႐ြးေကာက္ခံရသည္ျဖစ္ေစ ထိုင္ဝမ္နဲ႔ပတ္သက္လို႔ အိမ္ ျဖဴေတာ္ရဲ႕ မူဝါဒဟာ အေျခခံပုံသဏၭာန္နဲ႔ စီစဥ္ကိုင္တြယ္ပုံ ေနာက္ဆုတ္ျပန္စရာမရွိေတာ့ဘူးလို႔ အင္ဒို-ပစိဖိတ္နဲ႔ ထိုင္ဝမ္အေရး ကြၽမ္းက်င္သူ ေဒါက္တာ လန္ဟီးခ်န္းက CNN မွာ ေရးသားပါတယ္။
တကယ္ေတာ့ ထိုင္ဝမ္အေပၚ ေထာက္ခံမႈဟာ ရီပတ္ ဘလစ္ကန္နဲ႔ ဒီမိုကရက္တစ္ေတြၾကား သေဘာတူညီမႈ ရရွိ ထားတဲ့ မူဝါဒဆိုင္ရာ ျပႆနာအနည္းငယ္ထဲက တစ္ခု ျဖစ္ပါတယ္။ ထိုင္ဝမ္ကို လက္နက္ေတြေရာင္းခ်ဖို႔နဲ႔ စစ္ေရးအရေထာက္ပံ့ဖို႔ ေနာက္ထပ္ ႀကိဳးပမ္းမႈေတြဟာ အျငင္းပြားဖြယ္ အေမရိကန္ေ႐ြးေကာက္ပြဲႏွစ္မ်ားအတြင္း မွာပင္ ကြန္ဂရက္လႊတ္ေတာ္ရဲ႕ ဦးစားေပး ျဖစ္ဖြယ္ရွိေနပါ တယ္။
လက္ရွိ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္နဲ႔ သမၼတ ေဟာင္း ေဒၚနယ္ထရတို႔ ႏွစ္ဦးစလုံးဟာ ထိုင္ဝမ္အေပၚ အခိုင္အမာ ေထာက္ခံအားေပးခဲ့ၾကပါတယ္။ လက္ရွိ သမၼတဘိုင္ဒင္ဆိုရင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ဒါမွ မဟုတ္ ျပည္မႀကီးရဲ႕ တိုက္ခိုက္ခံရပါက ထိုင္ဝမ္ကို အေမရိ ကန္က ခုခံကာကြယ္မွာျဖစ္ေၾကာင္း ေလးႀကိမ္တိုင္တိုင္ ေၾကညာခဲ့ပါတယ္။ ဘိုင္ဒင္အစိုးရ ကြန္ဂရက္ လႊတ္ေတာ္ မူဝါဒခ်မွတ္သူေတြဟာ ကြၽန္းႏိုင္ငံကို အင္အားသုံး သိမ္း ယူဖို႔ ႀကိဳးပမ္းမႈမွာ ပါဝင္ေဆာင္႐ြက္လာမယ္ဆိုရင္ တ႐ုတ္ ႏိုင္ငံအေပၚ ထိေရာက္တဲ့ စီးပြားေရးပိတ္ဆို႔မႈေတြခ်မွတ္ဖို႔ ဥပေဒေတြကိုလည္း အသင့္ျပင္ဆင္ထားၾကပါတယ္။
ေယဘုယ်အားျဖင့္၊ ထိုင္ဝမ္မဲဆႏၵရွင္ေတြဟာ လိုင္ခ်င္းေတနဲ႔ လက္ရွိ DPP ပါတီကို ေအာင္ပြဲခံႏိုင္ ေစျခင္း အားျဖင့္ အေျပာင္းအလဲ ဆက္လက္တည္ၿမဲေရးကို ေ႐ြး ခ်ယ္ခဲ့ၾကပါတယ္။ DPP ရဲ႕ ေအာင္ျမင္မႈ ကလည္း သမၼတ ကို လူထုဆႏၵမဲစနစ္အရ တိုက္႐ိုက္ေ႐ြးေကာက္ခြင့္ရရွိခ်ိန္ ၁၉၉၆ ခုႏွစ္ေနာက္ပိုင္းကတည္းက သုံးႀကိမ္ ဆက္တိုက္ သမၼတရာထူးရရွိခဲ့တဲ့ ပထမဆုံးပါတီ ျဖစ္လာပါတယ္။ ေ႐ြးေကာက္ပြဲရလဒ္ မထြက္ေပၚမီ လြန္ခဲ့တဲ့ ရက္သတၱ ႏွစ္ပတ္ေက်ာ္က ေကာက္ယူခဲ့တဲ့ လူထုသေဘာထား စစ္တမ္းေတြအရ မဲအနည္းငယ္အသာနဲ႔ အႏိုင္ရရွိမယ့္ အေၾကာင္း ထင္ေၾကးကေတာ့ ကြက္တိ မွန္ကန္ေနပါတယ္။
ကြၽန္းႏိုင္ငံဆႏၵရွင္ေတြဟာ ျပည္မႀကီးကို အုပ္ခ်ဳပ္ ေနတဲ့ ကြန္ျမဴနစ္ပါတီ CCP နဲ႔ ပါတီေခါင္းေဆာင္ ရွီက်င့္ဖ်င္အေပၚ ထိုင္ဝမ္ DPP ပါတီရဲ႕ သံသယအျမင္ကို ေထာက္ခံလိုက္ၾကၿပီး ဆိုင္အင့္ဝမ္ အစိုးရလက္ထက္ ျပည္တြင္း စီးပြားေရးေႏွးေကြးမႈနဲ႔ ပတ္သက္ၿပီး စိုးရိမ္မႈေတြ ကို အမ်ားစုက လ်စ္လ်ဴရႈခဲ့ၾကပါတယ္။ ဒါေပမဲ့ ေ႐ြး ေကာက္ခံသမၼတ လိုင္ခ်င္းေတအတြက္ ၿပီးျပည့္စုံတဲ့ ေအာင္ပြဲေတာ့ မဟုတ္ေသးပါဘူး။ အစိုးရတစ္ရပ္အေနနဲ႔ ေထာက္ခံသူ ခိုင္မာအားေကာင္းျခင္းမရွိတဲ့ ဥပေဒျပဳ လႊတ္ေတာ္တစ္ရပ္ကို ကိုင္တြယ္ေျဖရွင္းရဖို႔ရွိေနပါ တယ္။
အဓိက အတိုက္အခံပါတီႀကီးႏွစ္ခုျဖစ္တဲ့ အမ်ိဳးသား ေရးပါတီ ဒါမွမဟုတ္ ကူမင္တန္ (KMT)နဲ႔ ထိုင္ဝမ္ျပည္သူ႔ ပါတီ (TPP) တို႔ရဲ႕ ပူးေပါင္းဆန႔္က်င္မႈမ်ားကို ရင္ဆိုင္ရပါ လိမ့္မယ္။ အဲဒီကိစၥဟာ ေျမစမ္း ခရမ္းပ်ိဳးစ လိုင္ခ်င္းေတ အစိုးရအတြက္ ေယဘုယ်အားျဖင့္ စိန္ေခၚမႈ ပိုမိုလာျခင္းပဲ ျဖစ္ပါတယ္။
လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ထိုင္ဝမ္သမၼတေ႐ြးေကာက္ပြဲ ေတြတုန္းကလိုပဲ မဲေပးသူအေရအတြက္ဟာ ၇၂ ရာခိုင္ႏႈန္း နီးပါးရွိခဲ့ပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ထက္ အနည္းငယ္ ေလ်ာ့ နည္းၿပီး ၂၀၂၄ ခုႏွစ္ ၈၀ ရာခိုင္ႏႈန္းခန႔္ မဲေပးခဲ့ၾကတဲ့ ေ႐ြး ေကာက္ပြဲထက္ေတာ့ အေတာ္ႀကီးနည္းေပမယ့္ ကြၽန္း ႏိုင္ငံရဲ႕ ဒီမိုကေရစီစနစ္ကို အခိုင္အမာအတည္ျပဳေနဆဲ ျဖစ္ပါတယ္။
ထိုင္ဝမ္တာဝန္ရွိသူေတြဟာ ေ႐ြးေကာက္ပြဲရလဒ္ ေတြကို မဲ႐ုံပိတ္ၿပီး နာရီအနည္းငယ္အတြင္း ေၾကညာႏိုင္ခဲ့ ပါတယ္။ မဲေရတြက္စဥ္ ေ႐ြးေကာက္ပြဲရလဒ္အပၚ လႊမ္းမိုးဖို႔ အတြက္ ျပည္မႀကီးက သိသိသာသာ ႀကိဳးပမ္းခဲ့ေပမယ့္ ေယဘုယ်အားျဖင့္ မဲလိမ္လည္မႈ၊ အင္အားသုံးၿခိမ္းေျခာက္ မႈ ဒါမွမဟုတ္ ျပင္ပဩဇာလႊမ္းမိုးမႈကင္းတဲ့ ေ႐ြးေကာက္ ပြဲလို႔ သတ္မွတ္ၾကပါတယ္။ ေ႐ြးေကာက္ပြဲအၿပီး တစ္ၿပိဳင္ နက္တည္းမွာပဲ ထိုင္ဝမ္ဟာ တ႐ုတ္ျပည္မႀကီးနဲ႔ ပတ္သက္ ၿပီး ပစိဖိတ္သမုဒၵရာ “ေနာ္႐ူ-ကြၽန္းႏိုင္ငံ”နဲ႔ သံတမန္ မဟာ မိတ္အျဖစ္မွ ဆုံးရႈံးသြားပါတယ္။
တ႐ုတ္အေနနဲ႔ ထိုင္ဝမ္အေရးဟာ ေစ့စပ္ညႇိႏႈိင္းဖို႔ မျဖစ္ႏိုင္တဲ့ကိစၥရပ္အျဖစ္ ဆက္လက္ရႈျမင္ဖို႔သာ ရွိပါ တယ္။ လိုင္ခ်င္းေတ ေအာင္ပြဲခံေၾကာင္း သတင္းအေပၚ ျပည္မႀကီးအစိုးရ ထိုင္ဝမ္ေရးရာ႐ုံးက ပခုံးတြန႔္ျပလိုက္ၿပီး ထိုင္ဝမ္ဟာ တ႐ုတ္ျပည္မႀကီးထဲက အစိတ္အပိုင္းျဖစ္ ေၾကာင္း ထပ္ခါတလဲလဲ ေျပာဆိုပါတယ္။ လိုင္ခ်င္းေတ ေ႐ြးေကာက္ခံရ႐ုံနဲ႔ ေရလက္ၾကားျဖတ္ေက်ာ္ ဆက္ဆံ ေရးရဲ႕ အေျခခံပုံစံနဲ႔ ဆက္လက္စီစဥ္ေဆာင္႐ြက္မႈအေပၚ အေျပာင္းအလဲ ျဖစ္လာမွာမဟုတ္ဘူးလို႔ မွတ္ခ်က္ေပး ပါတယ္။
ရွီက်င့္ဖ်င္နဲ႔ သူ႔လက္ေအာက္ငယ္သားေတြဟာ သူတို႔ရဲ႕ မေက်နပ္ခ်က္ေတြကို ထိုင္ဝမ္ေနထိုင္သူေတြ သိရွိ လာေစဖို႔ ျပသဖြယ္ရွိပါတယ္။ လိုင္ခ်င္းေတ က်မ္းသစၥာ က်ိန္ဆိုမယ့္ ေမလ ၂၀ ရက္ေန႔အထိ ေနာက္ ၄ လ အတြင္း ကြၽန္းႏိုင္ငံရဲ႕ ေရျပင္ေဝဟင္ပိုင္နက္အတြင္း စစ္ေရးအရ က်ဴးေက်ာ္မေတြ၊ မဟုတ္မမွန္ သတင္းထုတ္လႊင့္မႈေတြ၊ စီးပြားေရးအရ ဖိအားေပးဖို႔တို႔ကို ဆက္လက္ျပဳလုပ္ ေနမွာ ျဖစ္ပါတယ္။ ထိုင္ဝမ္ေနသူေတြ စီးပြားေရးအရ ထိခိုက္ ဖို႔နဲ႔ သူတို႔ရဲ႕ရပ္တည္ခ်က္ကို အေမရိကန္နဲ႔ က်န္ကမာၻက သိရွိလာေစဖို႔ အားထုတ္ပါလိမ့္မယ္။
မိုင္ေပါင္း ၃၅၀ဝ ေက်ာ္ကြာေဝးတဲ့ ထိုင္ဝမ္နဲ႔ သံ အဆက္အသြယ္ျဖတ္ေတာက္ၿပီး ျပည္မႀကီးနဲ႔ ဆက္ဆံ ေရးတိုးျမႇင့္မယ္ဆိုတဲ့ ေနာ္႐ူဟာ ၈ စတုရန္းမိုင္ခန႔္သာ က်ယ္ဝန္းၿပီး ေနထိုင္သူ တစ္ေသာင္းမျပည့္တဲ့ ကမာၻ႔ ဒုတိယေျမာက္ လူဦးေရအနည္းဆုံးႏိုင္ငံ ျဖစ္ပါတယ္။ ဒါေပမဲ့ ဩစေၾတးလ်၊ အင္ဒိုနီးရွားတို႔နဲ႔ သိပ္မေဝးတဲ့ ကြၽန္းႏိုင္ငံေလးရဲ႕အျပဳအမူဟာ ထိုင္ဝမ္ကို သံတမန္ေရး အရ အထီးက်န္ေစလိုတဲ့ တ႐ုတ္ရဲ႕ ဩဇာလႊမ္းမိုးမႈ လက္တံကို ခန႔္မွန္းလို႔ရပါတယ္။
ေပက်င္းအတြက္ မႏွစ္ၿမိဳ႕စရာ “ဒုကၡေပးသူ” နဲ႔ “ခြဲ ထြက္ေရးသမား” အျဖစ္ သမုတ္ခံရသူ လိုင္ခ်င္းေတဟာ ထိုင္ဝမ္ကို တရားဝင္လြတ္လပ္ေရးဆီသို႔ တြန္းပို႔လိုၿပီး ရွီက်င့္ဖ်င္နဲ႔ တ႐ုတ္ကြန္ျမဴနစ္ပါတီအတြက္ အထူးစိုး ရိမ္စရာ “ျပႆနာေကာင္” ျဖစ္ေနပါတယ္။ လိုင္ခ်င္းေတ ကိုယ္တိုင္ကေတာ့ အဲဒီစြပ္စြဲခ်က္ကို ျငင္းဆိုၿပီး ထိုင္ဝမ္ဟာ လြတ္လပ္တဲ့ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံ အျဖစ္ ႏွစ္ေပါင္းမ်ားစြာ လည္ပတ္ေနၿပီးျဖစ္လို႔ “လြတ္လပ္ေရး ေၾကညာရန္ အထူးတလည္ မလိုအပ္ဘူး” လို႔ ဆိုပါတယ္။
သူတို႔ကိုယ္သူတို႔ ထိုင္ဝမ္လူမ်ိဳးမ်ားသာျဖစ္ၿပီး ျပည္ မႀကီး တ႐ုတ္နဲ႔ သိသာထင္ရွားစြာ ကြဲလြဲေၾကာင္း ေျပာဆိုေန သူ ကြၽန္းႏိုင္ငံသားတို႔ဟာ DPP ပါတီရဲ႕ ေရလက္ ၾကားျဖတ္ေက်ာ္ဆက္ဆံေရးအေပၚ သူတို႔ရဲ႕ သေဘာ ထားအျမင္ကို ေ႐ြးေကာက္ပြဲနဲ႔ ျပသလိုက္ပါတယ္။ ျပည္မ ႀကီးနဲ႔ “ၿငိမ္းခ်မ္းစြာ ျပန္လည္ေပါင္းစည္းေရး” မွာ မျဖစ္ႏိုင္ေၾကာင္း အေျဖေပးသလို ရွိပါတယ္။

Related news

© 2021. All rights reserved.