Dragon Ball မန်ဂါ ဖန်တီးသူ အာကီရာတိုရီရာမာ အသက် ၆၈ နှစ်မှာ ကွယ်လွန်

491
ရောင်နီ (NP News) - မတ် ၈
လူသိများထင်ရှားတဲ့ Dragon Ball မန်ဂါ ရုပ်ပြနဲ့ anime franchise ဖန်တီးခဲ့သူ အနုပညာရှင်ကြီး အာကီရာတို ရီရာမာဟာ အသက် ၆၈ နှစ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
တိုရီရာမာရဲ့မန်ဂါနဲ့ ဒီဇိုင်းထုတ်လုပ်ရေးကုမ္ပဏီ Bird Studio က ၎င်းရဲ့ကွယ်လွန်သတင်းကို အတည်ပြုခဲ့တာဖြစ် ပါတယ်။
အသက် ၆၈ နှစ်အရွယ် တိုရီရာမာ ဂျပန်အမျိုးသားဟာ ပြင်းထန်သောသွေးခြေဥရောဂါကြောင့် ဦးခေါင်းခွံနဲ့ ဦးနှောက်မျက်နှာပြင်ကြား သွေးများစုပုံပြီး ပြင်းထန် အခြေအနေနဲ့ မတ်လ ၁ ရက်က သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၎င်းရဲ့စျာပနပွဲကို ၎င်းရဲ့မိသားစု၊ ဆွေမျိုးအချို့နဲ့ အတူ ဈာပနအခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။
၁၉၅၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ တိုရီရာမာဟာ ဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံး ရုပ်ပြမဂ္ဂဇင်းတွေထဲက တစ်ခုဖြစ်တဲ့ Weekly Shonen Jump မှာ သူ့ရဲ့ရုပ်ပြ Dr Slump နဲ့ Dragon Ball တို့ကို ပြသပြီး ထင်ရှားကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။
Zawgyi Version;
Dragon Ball မန္ဂါ ဖန္တီးသူ အာကီရာတိုရီရာမာ အသက္ ၆၈ ႏွစ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - မတ္ ၈
လူသိမ်ားထင္ရွားတဲ့ Dragon Ball မန္ဂါ ႐ုပ္ျပနဲ႔ anime franchise ဖန္တီးခဲ့သူ အႏုပညာရွင္ႀကီး အာကီရာတို ရီရာမာဟာ အသက္ ၆၈ ႏွစ္မွာ ကြယ္လြန္သြားၿပီျဖစ္တယ္လို႔ သိရပါတယ္။
တိုရီရာမာရဲ႕မန္ဂါနဲ႔ ဒီဇိုင္းထုတ္လုပ္ေရးကုမၸဏီ Bird Studio က ၎ရဲ႕ကြယ္လြန္သတင္းကို အတည္ျပဳခဲ့တာျဖစ္ ပါတယ္။
အသက္ ၆၈ ႏွစ္အ႐ြယ္ တိုရီရာမာ ဂ်ပန္အမ်ိဳးသားဟာ ျပင္းထန္ေသာေသြးေျခဥေရာဂါေၾကာင့္ ဦးေခါင္းခြံနဲ႔ ဦးေႏွာက္မ်က္ႏွာျပင္ၾကား ေသြးမ်ားစုပုံၿပီး ျပင္းထန္ အေျခအေနနဲ႔ မတ္လ ၁ ရက္က ေသဆုံးသြားခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
၎ရဲ႕စ်ာပနပြဲကို ၎ရဲ႕မိသားစု၊ ေဆြမ်ိဳးအခ်ိဳ႕နဲ႔ အတူ ဈာပနအခမ္းအနား က်င္းပခဲ့တယ္လို႔ သိရပါတယ္။
၁၉၅၅ ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့ တိုရီရာမာဟာ ဂ်ပန္ႏိုင္ငံရဲ႕ လူႀကိဳက္အမ်ားဆုံး ႐ုပ္ျပမဂၢဇင္းေတြထဲက တစ္ခုျဖစ္တဲ့ Weekly Shonen Jump မွာ သူ႔ရဲ႕႐ုပ္ျပ Dr Slump နဲ႔ Dragon Ball တို႔ကို ျပသၿပီး ထင္ရွားေက်ာ္ၾကားလာခဲ့တာ ျဖစ္ပါတယ္။