ဗီယက်နမ်သမ္မတ ရာထူးမှနှုတ်ထွက်ခြင်းကြောင့် နိုင်ငံ၏တည်ငြိမ်အေး ချမ်းရေးအပေါ် စိုးရိမ်မှုများ မြင့်မားလာ

1640
ALynn (NP News) - မတ် ၂၁
ဗီယက်နမ်ကွန်မြူနစ်ပါတီသည် နိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ထိခိုက်လာနိုင်သည့် နိုင်ငံရေးမတည်ငြိမ်မှုများ၏ လက္ခဏာတစ်ရပ်အဖြစ် သမ္မတ Vo Van Thuong ၏ နုတ်ထွက်စာကို မတ်လ ၂၀ ရက် (ဗုဒ္ဓဟူးနေ့)က လက်ခံလိုက်ကြောင်း သိရသည်။

အစိုးရ၏ ကြေညာချက်တွင် Thuong သည် ပါတီစည်းမျဥ်းစည်းကမ်းများကို ဖောက်ဖျက်ကြောင်း “Thuong ၏ ချို့ယွင်းချက်များသည် လူထုအမြင်ကို ထိခိုက်စေခဲ့ပြီး ပါတီ၊ နိုင်ငံတော် နှင့် ပုဂ္ဂိုလ်ရေးအရ ဂုဏ်သိက္ခာကို ထိခိုက်စေသည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။ ကွန်မြူနစ်ပါတီအုပ်ချုပ်သော ဗီယက်နမ်ရှိ ထိပ်တန်းဆုံးဖြတ်ချက်ချသည့်အဖွဲ့ဖြစ်သော ဗဟိုပါတီကော်မတီသည် Thuong ရွေးကောက်ခံရပြီး တစ်နှစ်ခန့်အကြာတွင် ထိုကဲ့သို့ Thuong ၏ နုတ်ထွက်စာကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
သမ္မတသည် အခမ်းအနားများတက်ရောက်ရသည့် အခန်းကဏ္ဍကိုသာ ရရှိထားသော်လည်း အရှေ့တောင်အာရှနိုင်ငံများတွင် ထိပ်တန်းနိုင်ငံရေးရာထူး လေးခုအနက်မှတစ်ခုဖြစ်သည်။ မတ်လ ၂၁ ရက် (ကြာသပတေးနေ့)တွင် ဗီယက်နမ် ပါလီမန်၏ အထူးအစည်းအဝေးကို ကျင်းပရန်ရည်ရွယ်ထားပြီး ပါတီ၏ ဆုံးဖြတ်ချက်များကို အတည်ပြုသွားမည်ဖြစ်သည်။ အစိုးရ၏ ထုတ်ပြန်ချက်တွင် Thuong ၏ ချို့ယွင်းချက်များကို အသေးစိတ် မဖော်ပြထားသော်လည်း မကြာသေးမီက တစ်ပါတီအစိုးရ၏ ခေါင်းဆောင်မှု အပြောင်း အလဲများသည် ကျယ်ပြန့်သော လာဘ်ပေးလာဘ်ယူမှု ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ဆက်စပ်နေပါသည်။ ၎င်းသည် အဂတိလိုက်စားမှုကို ကျယ်ကျယ်ပြန့်ပြန့်ချေမှုန်းရန် ရည်ရွယ်သော်လည်း ၎င်းဖြစ်ရပ်များသည် နိုင်ငံရေးအရ ပြိုင်ဆိုင်မှုများ၊ ထိုးနှက်မှုများဟုသာ ဝေဖန်သူများက သံသယရှိနေကြသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် သံတမန်များသည် ရှုပ်ထွေး ပွေလီသော ဗျူရိုကရေစီနှင့် ရုန်းကန် နေရသော နိုင်ငံတစ်ခုတွင် ဆုံးဖြတ် ချက်များ နှေးကွေးသွားသည့်အတွက် အဂတိတိုက်ဖျက်ရေး အစီအမံများကို အကြိမ်ကြိမ် အပြစ်တင်ကြသည်။
လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်းက Thuong သည် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Quang Ngai ပြည်နယ်၏ အကြီးအကဲဟောင်းအဖြစ်တာဝန်ထမ်းဆောင်စဉ် အကျင့်ပျက်ခြစားခဲ့ကြောင်း ရဲများက ကြေညာပြီးနောက် ရက်ပိုင်းအတွင်း ၎င်းက ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ Thuong သည် ဗီယက်နမ်နိုင်ငံ၏ သြဇာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု၏ အဓိကပဲ့ကိုင်ရှင် ငုယင်ဖူထရွန်နှင့် နီးစပ်သူအဖြစ် အားလုံးက မှတ်ယူထားကြသည်။
zawgyi version
ဗီယက္နမ္သမၼတ ရာထူးမွႏႈတ္ထြက္ျခင္းေၾကာင့္ ႏိုင္ငံ၏တည္ၿငိမ္ေအး ခ်မ္းေရးအေပၚ စိုးရိမ္မႈမ်ား ျမင့္မားလာ
ALynn (NP News) - မတ္ ၂၁
ဗီယက္နမ္ကြန္ျမဴနစ္ပါတီသည္ ႏိုင္ငံတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ား၏ ယုံၾကည္မႈကို ထိခိုက္လာႏိုင္သည့္ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ား၏ လကၡဏာတစ္ရပ္အျဖစ္ သမၼတ Vo Van Thuong ၏ ႏုတ္ထြက္စာကို မတ္လ ၂၀ ရက္ (ဗုဒၶဟူးေန႔)က လက္ခံလိုက္ေၾကာင္း သိရသည္။
အစိုးရ၏ ေၾကညာခ်က္တြင္ Thuong သည္ ပါတီစည္းမ်ဥ္းစည္းကမ္းမ်ားကို ေဖာက္ဖ်က္ေၾကာင္း “Thuong ၏ ခ်ိဳ႕ယြင္းခ်က္မ်ားသည္ လူထုအျမင္ကို ထိခိုက္ေစခဲ့ၿပီး ပါတီ၊ ႏိုင္ငံေတာ္ ႏွင့္ ပုဂၢိဳလ္ေရးအရ ဂုဏ္သိကၡာကို ထိခိုက္ေစသည္” ဟု ထည့္သြင္းေျပာၾကားခဲ့သည္။ ကြန္ျမဴနစ္ပါတီအုပ္ခ်ဳပ္ေသာ ဗီယက္နမ္ရွိ ထိပ္တန္းဆုံးျဖတ္ခ်က္ခ်သည့္အဖြဲ႕ျဖစ္ေသာ ဗဟိုပါတီေကာ္မတီသည္ Thuong ေ႐ြးေကာက္ခံရၿပီး တစ္ႏွစ္ခန႔္အၾကာတြင္ ထိုကဲ့သို႔ Thuong ၏ ႏုတ္ထြက္စာကို အတည္ျပဳေပးခဲ့ျခင္းျဖစ္သည္။
သမၼတသည္ အခမ္းအနားမ်ားတက္ေရာက္ရသည့္ အခန္းက႑ကိုသာ ရရွိထားေသာ္လည္း အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္ ထိပ္တန္းႏိုင္ငံေရးရာထူး ေလးခုအနက္မွတစ္ခုျဖစ္သည္။ မတ္လ ၂၁ ရက္ (ၾကာသပေတးေန႔)တြင္ ဗီယက္နမ္ ပါလီမန္၏ အထူးအစည္းအေဝးကို က်င္းပရန္ရည္႐ြယ္ထားၿပီး ပါတီ၏ ဆုံးျဖတ္ခ်က္မ်ားကို အတည္ျပဳသြားမည္ျဖစ္သည္။ အစိုးရ၏ ထုတ္ျပန္ခ်က္တြင္ Thuong ၏ ခ်ိဳ႕ယြင္းခ်က္မ်ားကို အေသးစိတ္ မေဖာ္ျပထားေသာ္လည္း မၾကာေသးမီက တစ္ပါတီအစိုးရ၏ ေခါင္းေဆာင္မႈ အေျပာင္း အလဲမ်ားသည္ က်ယ္ျပန႔္ေသာ လာဘ္ေပးလာဘ္ယူမႈ ဆန႔္က်င္ေရး လႈပ္ရွားမႈႏွင့္ ဆက္စပ္ေနပါသည္။ ၎သည္ အဂတိလိုက္စားမႈကို က်ယ္က်ယ္ျပန႔္ျပန႔္ေခ်မႈန္းရန္ ရည္႐ြယ္ေသာ္လည္း ၎ျဖစ္ရပ္မ်ားသည္ ႏိုင္ငံေရးအရ ၿပိဳင္ဆိုင္မႈမ်ား၊ ထိုးႏွက္မႈမ်ားဟုသာ ေဝဖန္သူမ်ားက သံသယရွိေနၾကသည္။ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ သံတမန္မ်ားသည္ ရႈပ္ေထြး ေပြလီေသာ ဗ်ဴ႐ိုကေရစီႏွင့္ ႐ုန္းကန္ ေနရေသာ ႏိုင္ငံတစ္ခုတြင္ ဆုံးျဖတ္ ခ်က္မ်ား ေႏွးေကြးသြားသည့္အတြက္ အဂတိတိုက္ဖ်က္ေရး အစီအမံမ်ားကို အႀကိမ္ႀကိမ္ အျပစ္တင္ၾကသည္။
လြန္ခဲ့သည့္ဆယ္စုႏွစ္အတြင္းက Thuong သည္ ဗီယက္နမ္ႏိုင္ငံအလယ္ပိုင္း Quang Ngai ျပည္နယ္၏ အႀကီးအကဲေဟာင္းအျဖစ္တာဝန္ထမ္းေဆာင္စဥ္ အက်င့္ပ်က္ျခစားခဲ့ေၾကာင္း ရဲမ်ားက ေၾကညာၿပီးေနာက္ ရက္ပိုင္းအတြင္း ၎က ရာထူးမွ ႏုတ္ထြက္ခဲ့ျခင္းျဖစ္သည္။ Thuong သည္ ဗီယက္နမ္ႏိုင္ငံ၏ ၾသဇာအရွိဆုံး ပုဂၢိဳလ္ျဖစ္ၿပီး အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ေရး လႈပ္ရွားမႈ၏ အဓိကပဲ့ကိုင္ရွင္ ငုယင္ဖူထ႐ြန္ႏွင့္ နီးစပ္သူအျဖစ္ အားလုံးက မွတ္ယူထားၾကသည္။