တိုက်ပွဲဝင်အဆင့် မောင်းသူမဲ့စစ်လေယာဉ်အသုံးပြုခြင်းနဲ့ သာမန်အရပ်ဘက်မောင်းသူမဲ့လေယာဉ်တွေကို ပြည်တွင်းစစ်ပွဲများအတွက် အသုံးပြုခြင်းရဲ့ အကျိုး/အပြစ် (ဘာသာပြန်ဆောင်းပါး)

 2778

လင်းမြတ် (NP News) - မတ် ၂၅

တိုက်ပွဲဝင်အဆင့်မောင်းသူမဲ့ လေယာဉ် (သို့) စစ်သုံးမောင်းသူမဲ့လေယာဉ် Unmanned Combat Aerial Vehicles (UCAV) or Milit­ary Drones တွေဟာ ခေတ်မီတပ်မတော်တွေအတွက် တာဝန်အတော်များများကို အစားထိုး ထမ်းဆောင်နိုင်လောက်အောင် အသုံးဝင်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်တွေကတော့-

၁။ ပစ်မှတ်နှင့်တည်ချက်ပေးနိုင်ခြင်း (Target and decoy)
ပစ်မှတ်တိကျတဲ့ ပဲ့ထိန်းဒုံးပျံတွေ ဒုံးလက်နက်တွေအတွက် မြေပစ်မှတ်တိကျစေခြင်းနှင့် မြေပြင်တပ်များ ဝေဟင်ရန်ကိုရှောင်နိုင်ရန် ရန်သူ့လေယာဉ်အဖြစ်သော်လည်ကောင်း၊ ရန်သူအထင်မှားစေရန် တည်ချက်အဖြစ်သော်လည်းကောင်း တိုက်ပွဲဝင် အသင့်လေ့ကျင့်နိုင်ရန် အသုံးပြုနိုင်ခြင်း။

၂။ ထောက်လှမ်းခြင်း/ကင်းထောက်ခြင်း (Reconnaissance)
တိုက်ပွဲအတွက်ရန်သူ့ အခြေအနေနှင့်ပတ်ဝန်းကျင်ကိုထောက်လှမ်းခြင်း ၊ အနီး/အဝေးကင်းထောက်ခြင်း။

၃။ ထောက်ပံ့မှုများ ပေးပို့နိုင်ခြင်း (Logistics)
လူလိုက်ပါဖို့ မဖြစ်နိုင် မသင့်တော်သော နေရာများသို့ အရေးပေါ်ထောက်ပံ့မှုများပေးပို့နိုင်ခြင်း။

၄။ တိုက်ပွဲသုံး (Logistics)
မကျွမ်းကျင်တဲ့စစ်မြေပြင်၊ အထိအခိုက်အကျအဆုံးများနိုင်တဲ့နေရာတွေအတွက် အမြင့်ဆုံး ပစ်ခတ် တိုက်ခိုက်မှု တာဝန်ထမ်းဆောင်ခြင်း။
သို့သော်လည်း ယနေ့နိုင်ငံတကာစာမျက်နှာမှာ စစ်ဘက်အဆင့် မောင်းသူမဲ့လေယာဉ် အသုံးပြုမှုကို ပြင်း ထန်စွာ တိုက်ခိုက်ဝေဖန်ရှုတ်ချနေကြဆဲ ဖြစ်သလို တရားလက်လွတ်မှုနဲ့ လူသားဆန်မှုကျင့်ဝတ်ဆိုင်ရာ ချို့တဲ့ ကင်းမဲ့ အားနည်းမှုတွေကလည်း လက်ရှိကမ္ဘာနဲ့အဝန်း စစ်ဘက်မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုရဲ့ဘေးထွက် ဆိုးကျိုးအများစုက သက်သေပြသလျက်ရှိပါတယ်။
အထင်ရှားဆုံး ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုတပ်မတော်ဟာ မိမိနိုင်ငံတွင်းမဟုတ်တဲ့ ပြည်ပ နိုင်ငံတွေရဲ့ စစ်ဆင်ရေးတွေမှာ စစ်ဘက်သုံး မောင်းသူမဲ့လေယာဉ်အသုံးပြုမှု နှစ်စဉ်နဲ့အမျှ အကြိမ်ရေများစွာ တိုးမြှင့်အသုံးပြုမှုအများဆုံးနိုင်ငံဖြစ်ပါတယ်။ ဒီအတွက်အကျိုးရလဒ်ကောင်းတွေရရှိသလိုတစ်ဖက်မှာလည်း အရပ်ဘက်လူသားနဲ့ လူသားအကျိုးပြုအဆောက်အအုံတွေ ထိခိုက်နစ်နာမှုကလည်း တိုးပွားများပြားလာတဲ့ အတွက် နိုင်ငံတကာ ရဲ့စိုးရိမ်မှုရေချိန်ဟာလည်း အစဉ်မြင့်တက်လျက် ရှိပါတယ်။
တိုက်ပွဲဝင်အဆင့် မောင်းသူမဲ့စစ်လေယာဉ်
ကိုင်တွယ်သုံးစွဲမှု၏ အားသာချက်များ
- ထုတ်လုပ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုစရိတ် သာမန်စစ်လေယာဉ်များထက် များစွာသက်သာခြင်း။
- မိမိစစ်သားများ၏အသက်များကို မုချရင်းနှီးရမည့် ဗျူဟာမြောက်တိုက်ပွဲများအတွက် အစားထိုးအသုံး ပြုနိုင်ခြင်း။
- အကြမ်းဖက်များနှင့်ရန်သူများ၏ လေ့ကျင့်မှု၊ တည်ရှိမှု၊ ကြံစည်လှုပ်ရှားမှုများကို ဝေဟင်မှ ဖိအားပေး ဟန့် တားနိုင်ခြင်း။
- အကြမ်းဖက်အဖွဲ့အစည်းခေါင်းဆောင်များကို သုတ်သင်ခြင်းနှင့်ရန်သူ့ဆက်စပ်မဟာဗျူဟာမြောက် လက် နက်အဆောက်အအုံများကို ဖျက်ဆီးခြင်း။
- လူရောက်ရန်အခက်ခဲရှိနိုင်သည့် ဝေးလံသော အကြမ်းဖက်နေရာများသို့ အချိန်တိုအတွင်း သွားရောက် တိုက် ခိုက် ထောက်လှမ်းနိုင်ခြင်းနှင့် လူကြောင့် မှားနိုင်သောအမှားများကိုလျှော့ချ၍ တာဝန် အစားထိုးနိုင်ခြင်း။
-စစ်ဘက်သုံးမောင်းသူမဲ့လေယာဉ်ဖြင့် အခြားသောနည်းပညာစမ်းသပ်မှုများ လုပ်ဆောင်နိုင်ခြင်းမှသည် စစ် ဘက်၊ အရပ်ဘက်နှင့် စီးပွားရေးသုံးအထိ ဆက်စပ်နည်းပညာမျိုးစုံကို သုတေသနလုပ်နိုင်ခြင်း။
တိုက်ပွဲဝင်အဆင့် မောင်းသူမဲ့ စစ်လေယာဉ် ကိုင်တွယ်သုံးစွဲမှု၏ ဘေးထွက်ဆိုးကျိုးများ
ဂြိုဟ်တုသုံးတည်နေရာစနစ်၊ ပဲ့ထိန်းစနစ်၊ လေဆာစနစ် နည်းပညာများ ပေါင်းစပ်အသုံးပြုသည် ဆိုသော် လည်း
- ရန်သူ့မဟာဗျူဟာမြောက်နေရာများသည် လျှို့ဝှက်သည့်အတွက် မြေပြင်ထောက်လှမ်းရေးသတင်းမှား နိုင်ခြင်း၊ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှု တန်ပြန်ဟန့်တားမှုစနစ်များကို မတွန်းလှန်နိုင်ခြင်း၊ မိမိနိုင်ငံ ပိုင်နက်မဟုတ်သောကြောင့် နယ်မြေကျွမ်းကျင်မှုအားနည်းခြင်းများကြောင့် အမှန်တကယ်ပစ်မှတ်ကို ထိ၊ မထိ မသေချာသလို ရန်သူနှင့်အရပ်သားသေဆုံးမှုကိုလည်း ခွဲခြားစစ်တမ်းထုတ်ရန်အခက်အခဲများစွာ ရှိနိုင် ခြင်း။
- အပြစ်မဲ့ လူအသက်များ သေကြေဆုံးရှုံးမှုနှင့် လူမှုအဆောက်အအုံ၊ လမ်း၊ တံတား၊ ဆေးရုံ၊ ကျောင်း၊ ဘုရား ရှိခိုးကျောင်းများထိခိုက်နစ်နာဆုံးရှုံးမှုများခြင်း။
- အဆင့်မြင့်နည်းပညာများသုံးသည့်တိုင် တိုက်ခိုက်မှုများ၏ ၈၀%-၉၀% သည် ရန်သူ့ပစ်မှတ်ထက် အပြစ်မဲ့ အရပ်သား ပစ်မှတ်များသာဖြစ်နေသည့်အတွက် မောင်းသူမဲ့စစ်လေယာဉ်များ၏ ပစ်မှတ်ဆုံးဖြတ်မှုကို ယနေ့ အထိ အငြင်းပွားဖွယ်များနှင့် ပြည့်နှက်နေစေခြင်း။
-အကြမ်းဖက်သမားများကို လျှို့ဝှက်နှိမ်နင်းရာတွင်သွားရောက်တိုက်ခိုက်သည့်နိုင်ငံ၏ မြေပြင်လုံခြုံရေး တပ် ဖွဲ့များနှင့် ဝေဟင်ကင်းထောက်ခြင်းလုပ်ငန်းတာဝန်များကို မတည်ငြိမ်စေခြင်းနှင့် အနှောင့်အယှက် ဖြစ်စေ ခြင်း။
-နိုင်ငံတကာဥပဒေများနှင့် လူသားခြင်းဆိုင်ရာ ဥပဒေများစွာကို နည်းမျိုးစုံဖြင့်ချိုးဖောက်ရာရောက်ခြင်း။
-သက်ဆိုင်ရာပိုင်နက်နိုင်ငံ၏ အချုပ်အခြာအာဏာကို မလေးမစားပြုခြင်း၊ ထိပါးစော်ကားရာရောက်ခြင်း။ နိုင်ငံချင်း ဆက်ဆံရေးထိခိုက်သည်အထိ သက်ရောက်စေခြင်း။
-ဒီမိုကရေစီစံများနှင့်ညီသော ဥပဒေများကို မထီမဲ့မြင်ပြုခြင်း၊ အကြမ်းဖက်အမြစ်ဖြတ်ခြင်း ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ လူသားအခွင့်အရေးများကို ချိုးဖောက်ခြင်း။
အစရှိတဲ့ဘေးထွက်ဆိုးကျိုးကြောင့် အမေရိကန် မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုတွေနဲ့ ပကတိ နောက် ကွယ်ကအဖြစ်မှန်နဲ့ သတင်းကွာခြားမှုတွေက အမေရိကန်စစ်တပ်ကို နိုင်ငံတကာစာမျက်နှာမှာ အောင်မြင် ချီးကျူးမှုတွေထက် အရှက်ရ မေးခွန်းထုတ်စရာအပြည့် ဖြစ်နေဆဲဖြစ်ပါတယ်။ မြေပြင် ခြေကျင်တိုက်ခိုက်မှုနဲ့ လူမောင်းစစ်လေယာဉ်နဲ့ တိုက်ခိုက်မှုတွေမှာ လူသားပါဝင်မှုတွေရှိတဲ့အတွက် လူသားဆန်တဲ့ ခံစားချက်တွေ၊ စာနာမှုတွေ၊ မတူညီတဲ့ ဓလေ့အယူအဆအပေါ် နားလည်နိုင်စွမ်းတွေက ရန်သူပင်ဖြစ်လင့်ကစား ဘေးထွက် ဆိုးကျိုးများစွာကို လူသားဆန်မှုအခြေပြုလို့လျှော့ချနိုင်ပါတယ်။ အမေရိကန်စစ်တပ်မှာ မောင်းသူမဲ့ လေ ယာဉ်မောင်းသူ လေယာဉ်မှူးဟာအနီးဆုံး အခြေစိုက်လေတပ်စခန်းတစ်ခုရဲ့ အဲကွန်းခန်းထဲမှာ ဂိမ်းကစားသူ တစ်ဦးနှင့်မခြား ကိုယ့်နိုင်ငံမဟုတ်မရင်းနှီး မိုင်ရာချီဝေးတဲ့ မြေပြင်နဲ့ ဝေဟင်ပစ်မှတ်တွေကို ထောက်လှမ်းရေး သတင်းပေးချက် မှန်းဆတွက်ချက်ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ အပြစ်မဲ့အရပ်သား ရာထောင်ချီ ထိခိုက် သေဆုံးခြင်း၊ ဆေးရုံတွေ၊ ကျောင်းတွေ ထိခိုက်ပျက်စီး ခြင်း၊ ရွာလုံးကျွတ် ပြာကျသွားရခြင်းတွေရှိခဲ့ပါတယ်။
မြေပြင်ပကတိသတင်းတွေအရ ပြန်သိရလို့ တုန်လှုပ်ချောက်ချား စိတ်ပိုင်းကျဆင်းသွားတဲ့ မောင်းသူမဲ့ စစ်လေယာဉ်တွေ မြေပြင်ခြေကျင်စစ်သားအဖြစ်နဲ့ အရပ်ဘက်ပစ်မှတ်တွေကို မှားသတင်းပို့မိလို့ ကိုယ့်ကိုယ် ကိုယ် လူအစုလိုက်အပြုံလိုက်သတ်မိတဲ့ ပရောဂမကင်းသူအဖြစ်စိတ်ဝေဒနာခံစား၊ တပ်ကထွက် ယူကျုံးမရ ဖြစ်တဲ့စစ်သားတွေ အမေရိကန် စစ်တပ်မှာ ရာနဲ့ချီပြီးရှိတယ်လို့ သိရပါတယ်။ စိတ်ရောဂါကုစားနေရသူတွေ၊ လူ့ပတ်ဝန်းကျင်အပြင်ဘက်ကို တိတ်တဆိတ် စိတ်ဒဏ်ရာနဲ့ ထွက်သွား သူတွေလည်းများစွာရှိပါတယ်။ (ဥပမာအားဖြင့် - သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် ၂၀၂၀ ပြည့်နှစ်က MQ-9 Reaper (UCAV) နဲ့ အီရန် ဗိုလ်ချုပ်ကြီး အိုစမန်ဆိုလာမနီကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာ (၁၇)ရက်နေ့ သမ္မတ ဂျိုးဘိုင်ဒန်လက်ထက် အမေရိကန်စစ်တပ် ပြန်ရုပ်သိမ်းစဉ် ဗုံးခွဲတိုက်ခိုက်ခံရမှုအပြီး အာဖဂန်နစ္စတန်နိုင်ငံကဘူလ်းမှာ အိုင်းစစ် အသေခံဗုံးခွဲသမားတွေကို သုတ်သင်နိုင် ခဲ့ကြောင်း ကြေညာခဲ့ပြီး များမကြာမီမှာပဲ သတင်းမှန်က MQ-9 Reaper (UCAV) ကောင်းကင်ကနေပစ်ခဲ့တာ အရပ်သားလူနေအိမ်ဖြစ်ပြီး အပြစ်မဲ့ကလေး (၇) ယောက်အပါအဝင် (၁၀)ယောက်ထက်မနည်း သေကြေခဲ့ တယ်လို့ အမေရိကန်ထောက်လှမ်းရေးတွေက အတည်ပြုခဲ့ပေမယ့်လည်း သမ္မတဂျိုးဘိုင်ဒန်နဲ့ တာဝန်ရှိသူ တွေ နှုတ်ဆိတ်နေခဲ့ ကြပါတယ်။
သာမန်အရပ်ဘက်မောင်းသူမဲ့လေယာဉ်ကို ပြည်တွင်းစစ်ပွဲတွေအတွက် အသုံးပြုတာက အထက်ပါ ကမ္ဘာ့စစ်အင်အားအကြီးဆုံးနိုင်ငံကြီးရဲ့ နည်းပညာမြင့်စစ်ဘက်သုံးမောင်းသူမဲ့ လေယာဉ်တွေရဲ့ဘေးထွက် ဆိုးကျိုးတောင် ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိရှိတယ်လို့ လေ့လာခဲ့ပြီးတဲ့နောက်မှာ သာမန် အရပ်ဘက် မောင်းသူမဲ့လေယာဉ် Civilian Drones တွေလို သာမန် အတက်၊ အဆင်း၊ ရှေ့သွား၊ နောက်ဆုတ်၊ သာမန်အဆင့်မြင်ကွင်းမှာ သာမန်လေတိုက်နှုန်းတောင် အံတုဖို့ခက်တဲ့ အလေးချိန်ရှိတဲ့ဗုံးသီးကို ပြည်တွင်း စစ်ပွဲ ပဋိပက္ခတွေမှာချိတ်ဆွဲသွားရောက်ပစ်ချခဲ့ကြမှုတွေ၊ ပစ်မှတ်ထိရောက်မှုထက် အပြစ်မဲ့အရပ်သား ထိ ခိုက်မှုများစွာရှိကြောင်းကို မိမိတို့မညာစတမ်း လက်ခံရမယ့် အရှိတရားတွေသာ ဖြစ်ပါတယ်။
ဒီလိုပဲ ပြစ်မှတ်တိကျကြောင်း အရှက်သိက္ခာမဲ့စွာ သတင်းတင်ရေးမှုတွေနဲ့ မရှေးမနှောင်းတိုင်းမှာ မြေ ပြင်ပကတိ ထိခိုက်မှုသတင်းမှန်ရရှိတာကိုယှဉ်ထိုးပါက ဝမ်းနည်းကြေကွဲစရာ နိုင်ငံသားချင်းလူမဆန်မှုများ စွာနဲ့ နှလုံးသားမဲ့လူသတ်ပွဲတွေကို ဦးနှောက်မဲ့စွာကျူးလွန်နေကြတာကို ရင်နာစွာလေ့လာသိရှိ ဆင်ခြင်မိ ကြမှာ ဖြစ်ပါတယ်။
လူသားဆန်ဆန်စာနာမှုအပြည့်နဲ့ လူသားဆန်တဲ့ပဋိပက္ခဖြေရှင်းနည်းတွေကိုသာ ရွေးချယ်အသုံးပြုခြင်း ဖြင့် မိမိတို့လူ့ပတ်ဝန်းကျင်ကို မကူညီ မတည်ဆောက်ပေးနိုင်ကြသေးရင်တောင် မဖျက်ဆီးသွေးမစွန်းစေဖို့၊ ရင်နင့်ဖွယ်ဆုံးရှုံးမှုတွေကနေ ရှောင်ရှားနိုင်ကြစေဖို့ရည်ရွယ်ချက်နဲ့ လေ့လာမှတ်သားစုစည်းတင်ပြလိုက်ရ ခြင်းဖြစ်ပါတယ်။

Zawgyi Version;
တိုက္ပြဲဝင္အဆင့္ ေမာင္းသူမဲ့စစ္ေလယာဥ္အသုံးျပဳျခင္းနဲ႔ သာမန္အရပ္ဘက္ေမာင္းသူမဲ့ေလယာဥ္ေတြကို ျပည္တြင္းစစ္ပြဲမ်ားအတြက္ အသုံးျပဳျခင္းရဲ႕ အက်ိဳး/အျပစ္ (ဘာသာျပန္ေဆာင္းပါး)
လင္းျမတ္ (NP News) - မတ္ ၂၅

တိုက္ပြဲဝင္အဆင့္ေမာင္းသူမဲ့ ေလယာဥ္ (သို႔) စစ္သုံးေမာင္းသူမဲ့ေလယာဥ္ Unmanned Combat Aerial Vehicles (UCAV) or Milit­ary Drones ေတြဟာ ေခတ္မီတပ္မေတာ္ေတြအတြက္ တာဝန္အေတာ္မ်ားမ်ားကို အစားထိုး ထမ္းေဆာင္ႏိုင္ေလာက္ေအာင္ အသုံးဝင္တဲ့နည္းပညာတစ္ခုျဖစ္ပါတယ္။ အဓိကရည္႐ြယ္ခ်က္ေတြကေတာ့-

၁။ ပစ္မွတ္ႏွင့္တည္ခ်က္ေပးႏိုင္ျခင္း (Target and decoy)
ပစ္မွတ္တိက်တဲ့ ပဲ့ထိန္းဒုံးပ်ံေတြ ဒုံးလက္နက္ေတြအတြက္ ေျမပစ္မွတ္တိက်ေစျခင္းႏွင့္ ေျမျပင္တပ္မ်ား ေဝဟင္ရန္ကိုေရွာင္ႏိုင္ရန္ ရန္သူ႔ေလယာဥ္အျဖစ္ေသာ္လည္ေကာင္း၊ ရန္သူအထင္မွားေစရန္ တည္ခ်က္အျဖစ္ေသာ္လည္းေကာင္း တိုက္ပြဲဝင္ အသင့္ေလ့က်င့္ႏိုင္ရန္ အသုံးျပဳႏိုင္ျခင္း။

၂။ ေထာက္လွမ္းျခင္း/ကင္းေထာက္ျခင္း (Reconnaissance)
တိုက္ပြဲအတြက္ရန္သူ႔ အေျခအေနႏွင့္ပတ္ဝန္းက်င္ကိုေထာက္လွမ္းျခင္း ၊ အနီး/အေဝးကင္းေထာက္ျခင္း။

၃။ ေထာက္ပံ့မႈမ်ား ေပးပို႔ႏိုင္ျခင္း (Logistics)
လူလိုက္ပါဖို႔ မျဖစ္ႏိုင္ မသင့္ေတာ္ေသာ ေနရာမ်ားသို႔ အေရးေပၚေထာက္ပံ့မႈမ်ားေပးပို႔ႏိုင္ျခင္း။

၄။ တိုက္ပြဲသုံး (Logistics)
မကြၽမ္းက်င္တဲ့စစ္ေျမျပင္၊ အထိအခိုက္အက်အဆုံးမ်ားႏိုင္တဲ့ေနရာေတြအတြက္ အျမင့္ဆုံး ပစ္ခတ္ တိုက္ခိုက္မႈ တာဝန္ထမ္းေဆာင္ျခင္း။
သို႔ေသာ္လည္း ယေန႔ႏိုင္ငံတကာစာမ်က္ႏွာမွာ စစ္ဘက္အဆင့္ ေမာင္းသူမဲ့ေလယာဥ္ အသုံးျပဳမႈကို ျပင္း ထန္စြာ တိုက္ခိုက္ေဝဖန္ရႈတ္ခ်ေနၾကဆဲ ျဖစ္သလို တရားလက္လြတ္မႈနဲ႔ လူသားဆန္မႈက်င့္ဝတ္ဆိုင္ရာ ခ်ိဳ႕တဲ့ ကင္းမဲ့ အားနည္းမႈေတြကလည္း လက္ရွိကမာၻနဲ႔အဝန္း စစ္ဘက္ေမာင္းသူမဲ့ေလယာဥ္တိုက္ခိုက္မႈရဲ႕ေဘးထြက္ ဆိုးက်ိဳးအမ်ားစုက သက္ေသျပသလ်က္ရွိပါတယ္။
အထင္ရွားဆုံး ဥပမာအားျဖင့္ အေမရိကန္ျပည္ေထာင္စုတပ္မေတာ္ဟာ မိမိႏိုင္ငံတြင္းမဟုတ္တဲ့ ျပည္ပ ႏိုင္ငံေတြရဲ႕ စစ္ဆင္ေရးေတြမွာ စစ္ဘက္သုံး ေမာင္းသူမဲ့ေလယာဥ္အသုံးျပဳမႈ ႏွစ္စဥ္နဲ႔အမွ် အႀကိမ္ေရမ်ားစြာ တိုးျမႇင့္အသုံးျပဳမႈအမ်ားဆုံးႏိုင္ငံျဖစ္ပါတယ္။ ဒီအတြက္အက်ိဳးရလဒ္ေကာင္းေတြရရွိသလိုတစ္ဖက္မွာလည္း အရပ္ဘက္လူသားနဲ႔ လူသားအက်ိဳးျပဳအေဆာက္အအုံေတြ ထိခိုက္နစ္နာမႈကလည္း တိုးပြားမ်ားျပားလာတဲ့ အတြက္ ႏိုင္ငံတကာ ရဲ႕စိုးရိမ္မႈေရခ်ိန္ဟာလည္း အစဥ္ျမင့္တက္လ်က္ ရွိပါတယ္။
တိုက္ပြဲဝင္အဆင့္ ေမာင္းသူမဲ့စစ္ေလယာဥ္
ကိုင္တြယ္သုံးစြဲမႈ၏ အားသာခ်က္မ်ား
- ထုတ္လုပ္မႈႏွင့္ ျပဳျပင္ထိန္းသိမ္းမႈစရိတ္ သာမန္စစ္ေလယာဥ္မ်ားထက္ မ်ားစြာသက္သာျခင္း။
- မိမိစစ္သားမ်ား၏အသက္မ်ားကို မုခ်ရင္းႏွီးရမည့္ ဗ်ဴဟာေျမာက္တိုက္ပြဲမ်ားအတြက္ အစားထိုးအသုံး ျပဳႏိုင္ျခင္း။
- အၾကမ္းဖက္မ်ားႏွင့္ရန္သူမ်ား၏ ေလ့က်င့္မႈ၊ တည္ရွိမႈ၊ ႀကံစည္လႈပ္ရွားမႈမ်ားကို ေဝဟင္မွ ဖိအားေပး ဟန႔္ တားႏိုင္ျခင္း။
- အၾကမ္းဖက္အဖြဲ႕အစည္းေခါင္းေဆာင္မ်ားကို သုတ္သင္ျခင္းႏွင့္ရန္သူ႔ဆက္စပ္မဟာဗ်ဴဟာေျမာက္ လက္ နက္အေဆာက္အအုံမ်ားကို ဖ်က္ဆီးျခင္း။
- လူေရာက္ရန္အခက္ခဲရွိႏိုင္သည့္ ေဝးလံေသာ အၾကမ္းဖက္ေနရာမ်ားသို႔ အခ်ိန္တိုအတြင္း သြားေရာက္ တိုက္ ခိုက္ ေထာက္လွမ္းႏိုင္ျခင္းႏွင့္ လူေၾကာင့္ မွားႏိုင္ေသာအမွားမ်ားကိုေလွ်ာ့ခ်၍ တာဝန္ အစားထိုးႏိုင္ျခင္း။
-စစ္ဘက္သုံးေမာင္းသူမဲ့ေလယာဥ္ျဖင့္ အျခားေသာနည္းပညာစမ္းသပ္မႈမ်ား လုပ္ေဆာင္ႏိုင္ျခင္းမွသည္ စစ္ ဘက္၊ အရပ္ဘက္ႏွင့္ စီးပြားေရးသုံးအထိ ဆက္စပ္နည္းပညာမ်ိဳးစုံကို သုေတသနလုပ္ႏိုင္ျခင္း။
တိုက္ပြဲဝင္အဆင့္ ေမာင္းသူမဲ့ စစ္ေလယာဥ္ ကိုင္တြယ္သုံးစြဲမႈ၏ ေဘးထြက္ဆိုးက်ိဳးမ်ား
ၿဂိဳဟ္တုသုံးတည္ေနရာစနစ္၊ ပဲ့ထိန္းစနစ္၊ ေလဆာစနစ္ နည္းပညာမ်ား ေပါင္းစပ္အသုံးျပဳသည္ ဆိုေသာ္ လည္း
- ရန္သူ႔မဟာဗ်ဴဟာေျမာက္ေနရာမ်ားသည္ လွ်ိဳ႕ဝွက္သည့္အတြက္ ေျမျပင္ေထာက္လွမ္းေရးသတင္းမွား ႏိုင္ျခင္း၊ ေမာင္းသူမဲ့ေလယာဥ္ျဖင့္ တိုက္ခိုက္မႈ တန္ျပန္ဟန႔္တားမႈစနစ္မ်ားကို မတြန္းလွန္ႏိုင္ျခင္း၊ မိမိႏိုင္ငံ ပိုင္နက္မဟုတ္ေသာေၾကာင့္ နယ္ေျမကြၽမ္းက်င္မႈအားနည္းျခင္းမ်ားေၾကာင့္ အမွန္တကယ္ပစ္မွတ္ကို ထိ၊ မထိ မေသခ်ာသလို ရန္သူႏွင့္အရပ္သားေသဆုံးမႈကိုလည္း ခြဲျခားစစ္တမ္းထုတ္ရန္အခက္အခဲမ်ားစြာ ရွိႏိုင္ ျခင္း။
- အျပစ္မဲ့ လူအသက္မ်ား ေသေၾကဆုံးရႈံးမႈႏွင့္ လူမႈအေဆာက္အအုံ၊ လမ္း၊ တံတား၊ ေဆး႐ုံ၊ ေက်ာင္း၊ ဘုရား ရွိခိုးေက်ာင္းမ်ားထိခိုက္နစ္နာဆုံးရႈံးမႈမ်ားျခင္း။
- အဆင့္ျမင့္နည္းပညာမ်ားသုံးသည့္တိုင္ တိုက္ခိုက္မႈမ်ား၏ ၈၀%-၉၀% သည္ ရန္သူ႔ပစ္မွတ္ထက္ အျပစ္မဲ့ အရပ္သား ပစ္မွတ္မ်ားသာျဖစ္ေနသည့္အတြက္ ေမာင္းသူမဲ့စစ္ေလယာဥ္မ်ား၏ ပစ္မွတ္ဆုံးျဖတ္မႈကို ယေန႔ အထိ အျငင္းပြားဖြယ္မ်ားႏွင့္ ျပည့္ႏွက္ေနေစျခင္း။
-အၾကမ္းဖက္သမားမ်ားကို လွ်ိဳ႕ဝွက္ႏွိမ္နင္းရာတြင္သြားေရာက္တိုက္ခိုက္သည့္ႏိုင္ငံ၏ ေျမျပင္လုံၿခဳံေရး တပ္ ဖြဲ႕မ်ားႏွင့္ ေဝဟင္ကင္းေထာက္ျခင္းလုပ္ငန္းတာဝန္မ်ားကို မတည္ၿငိမ္ေစျခင္းႏွင့္ အေႏွာင့္အယွက္ ျဖစ္ေစ ျခင္း။
-ႏိုင္ငံတကာဥပေဒမ်ားႏွင့္ လူသားျခင္းဆိုင္ရာ ဥပေဒမ်ားစြာကို နည္းမ်ိဳးစုံျဖင့္ခ်ိဳးေဖာက္ရာေရာက္ျခင္း။
-သက္ဆိုင္ရာပိုင္နက္ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို မေလးမစားျပဳျခင္း၊ ထိပါးေစာ္ကားရာေရာက္ျခင္း။ ႏိုင္ငံခ်င္း ဆက္ဆံေရးထိခိုက္သည္အထိ သက္ေရာက္ေစျခင္း။
-ဒီမိုကေရစီစံမ်ားႏွင့္ညီေသာ ဥပေဒမ်ားကို မထီမဲ့ျမင္ျပဳျခင္း၊ အၾကမ္းဖက္အျမစ္ျဖတ္ျခင္း ေခါင္းစဥ္ျဖင့္ အျပည္ျပည္ဆိုင္ရာ လူသားအခြင့္အေရးမ်ားကို ခ်ိဳးေဖာက္ျခင္း။
အစရွိတဲ့ေဘးထြက္ဆိုးက်ိဳးေၾကာင့္ အေမရိကန္ ေမာင္းသူမဲ့ေလယာဥ္တိုက္ခိုက္မႈေတြနဲ႔ ပကတိ ေနာက္ ကြယ္ကအျဖစ္မွန္နဲ႔ သတင္းကြာျခားမႈေတြက အေမရိကန္စစ္တပ္ကို ႏိုင္ငံတကာစာမ်က္ႏွာမွာ ေအာင္ျမင္ ခ်ီးက်ဴးမႈေတြထက္ အရွက္ရ ေမးခြန္းထုတ္စရာအျပည့္ ျဖစ္ေနဆဲျဖစ္ပါတယ္။ ေျမျပင္ ေျခက်င္တိုက္ခိုက္မႈနဲ႔ လူေမာင္းစစ္ေလယာဥ္နဲ႔ တိုက္ခိုက္မႈေတြမွာ လူသားပါဝင္မႈေတြရွိတဲ့အတြက္ လူသားဆန္တဲ့ ခံစားခ်က္ေတြ၊ စာနာမႈေတြ၊ မတူညီတဲ့ ဓေလ့အယူအဆအေပၚ နားလည္ႏိုင္စြမ္းေတြက ရန္သူပင္ျဖစ္လင့္ကစား ေဘးထြက္ ဆိုးက်ိဳးမ်ားစြာကို လူသားဆန္မႈအေျချပဳလို႔ေလွ်ာ့ခ်ႏိုင္ပါတယ္။ အေမရိကန္စစ္တပ္မွာ ေမာင္းသူမဲ့ ေလ ယာဥ္ေမာင္းသူ ေလယာဥ္မႉးဟာအနီးဆုံး အေျခစိုက္ေလတပ္စခန္းတစ္ခုရဲ႕ အဲကြန္းခန္းထဲမွာ ဂိမ္းကစားသူ တစ္ဦးႏွင့္မျခား ကိုယ့္ႏိုင္ငံမဟုတ္မရင္းႏွီး မိုင္ရာခ်ီေဝးတဲ့ ေျမျပင္နဲ႔ ေဝဟင္ပစ္မွတ္ေတြကို ေထာက္လွမ္းေရး သတင္းေပးခ်က္ မွန္းဆတြက္ခ်က္ခလုတ္တစ္ခ်က္ ႏွိပ္လိုက္႐ုံနဲ႔ အျပစ္မဲ့အရပ္သား ရာေထာင္ခ်ီ ထိခိုက္ ေသဆုံးျခင္း၊ ေဆး႐ုံေတြ၊ ေက်ာင္းေတြ ထိခိုက္ပ်က္စီး ျခင္း၊ ႐ြာလုံးကြၽတ္ ျပာက်သြားရျခင္းေတြရွိခဲ့ပါတယ္။
ေျမျပင္ပကတိသတင္းေတြအရ ျပန္သိရလို႔ တုန္လႈပ္ေခ်ာက္ခ်ား စိတ္ပိုင္းက်ဆင္းသြားတဲ့ ေမာင္းသူမဲ့ စစ္ေလယာဥ္ေတြ ေျမျပင္ေျခက်င္စစ္သားအျဖစ္နဲ႔ အရပ္ဘက္ပစ္မွတ္ေတြကို မွားသတင္းပို႔မိလို႔ ကိုယ့္ကိုယ္ ကိုယ္ လူအစုလိုက္အၿပဳံလိုက္သတ္မိတဲ့ ပေရာဂမကင္းသူအျဖစ္စိတ္ေဝဒနာခံစား၊ တပ္ကထြက္ ယူက်ဳံးမရ ျဖစ္တဲ့စစ္သားေတြ အေမရိကန္ စစ္တပ္မွာ ရာနဲ႔ခ်ီၿပီးရွိတယ္လို႔ သိရပါတယ္။ စိတ္ေရာဂါကုစားေနရသူေတြ၊ လူ႔ပတ္ဝန္းက်င္အျပင္ဘက္ကို တိတ္တဆိတ္ စိတ္ဒဏ္ရာနဲ႔ ထြက္သြား သူေတြလည္းမ်ားစြာရွိပါတယ္။ (ဥပမာအားျဖင့္ - သမၼတ ေဒၚနယ္ထရမ့္လက္ထက္ ၂၀၂၀ ျပည့္ႏွစ္က MQ-9 Reaper (UCAV) နဲ႔ အီရန္ ဗိုလ္ခ်ဳပ္ႀကီး အိုစမန္ဆိုလာမနီကို လုပ္ႀကံသတ္ျဖတ္ခဲ့ျခင္း၊ ၂၀၂၁ ခုႏွစ္ စက္တင္ဘာ (၁၇)ရက္ေန႔ သမၼတ ဂ်ိဳးဘိုင္ဒန္လက္ထက္ အေမရိကန္စစ္တပ္ ျပန္႐ုပ္သိမ္းစဥ္ ဗုံးခြဲတိုက္ခိုက္ခံရမႈအၿပီး အာဖဂန္နစၥတန္ႏိုင္ငံကဘူလ္းမွာ အိုင္းစစ္ အေသခံဗုံးခြဲသမားေတြကို သုတ္သင္ႏိုင္ ခဲ့ေၾကာင္း ေၾကညာခဲ့ၿပီး မ်ားမၾကာမီမွာပဲ သတင္းမွန္က MQ-9 Reaper (UCAV) ေကာင္းကင္ကေနပစ္ခဲ့တာ အရပ္သားလူေနအိမ္ျဖစ္ၿပီး အျပစ္မဲ့ကေလး (၇) ေယာက္အပါအဝင္ (၁၀)ေယာက္ထက္မနည္း ေသေၾကခဲ့ တယ္လို႔ အေမရိကန္ေထာက္လွမ္းေရးေတြက အတည္ျပဳခဲ့ေပမယ့္လည္း သမၼတဂ်ိဳးဘိုင္ဒန္နဲ႔ တာဝန္ရွိသူ ေတြ ႏႈတ္ဆိတ္ေနခဲ့ ၾကပါတယ္။
သာမန္အရပ္ဘက္ေမာင္းသူမဲ့ေလယာဥ္ကို ျပည္တြင္းစစ္ပြဲေတြအတြက္ အသုံးျပဳတာက အထက္ပါ ကမာၻ႔စစ္အင္အားအႀကီးဆုံးႏိုင္ငံႀကီးရဲ႕ နည္းပညာျမင့္စစ္ဘက္သုံးေမာင္းသူမဲ့ ေလယာဥ္ေတြရဲ႕ေဘးထြက္ ဆိုးက်ိဳးေတာင္ ၈၀ ရာခိုင္ႏႈန္းကေန ၉၀ ရာခိုင္ႏႈန္းအထိရွိတယ္လို႔ ေလ့လာခဲ့ၿပီးတဲ့ေနာက္မွာ သာမန္ အရပ္ဘက္ ေမာင္းသူမဲ့ေလယာဥ္ Civilian Drones ေတြလို သာမန္ အတက္၊ အဆင္း၊ ေရွ႕သြား၊ ေနာက္ဆုတ္၊ သာမန္အဆင့္ျမင္ကြင္းမွာ သာမန္ေလတိုက္ႏႈန္းေတာင္ အံတုဖို႔ခက္တဲ့ အေလးခ်ိန္ရွိတဲ့ဗုံးသီးကို ျပည္တြင္း စစ္ပြဲ ပဋိပကၡေတြမွာခ်ိတ္ဆြဲသြားေရာက္ပစ္ခ်ခဲ့ၾကမႈေတြ၊ ပစ္မွတ္ထိေရာက္မႈထက္ အျပစ္မဲ့အရပ္သား ထိ ခိုက္မႈမ်ားစြာရွိေၾကာင္းကို မိမိတို႔မညာစတမ္း လက္ခံရမယ့္ အရွိတရားေတြသာ ျဖစ္ပါတယ္။
ဒီလိုပဲ ျပစ္မွတ္တိက်ေၾကာင္း အရွက္သိကၡာမဲ့စြာ သတင္းတင္ေရးမႈေတြနဲ႔ မေရွးမေႏွာင္းတိုင္းမွာ ေျမ ျပင္ပကတိ ထိခိုက္မႈသတင္းမွန္ရရွိတာကိုယွဥ္ထိုးပါက ဝမ္းနည္းေၾကကြဲစရာ ႏိုင္ငံသားခ်င္းလူမဆန္မႈမ်ား စြာနဲ႔ ႏွလုံးသားမဲ့လူသတ္ပြဲေတြကို ဦးေႏွာက္မဲ့စြာက်ဴးလြန္ေနၾကတာကို ရင္နာစြာေလ့လာသိရွိ ဆင္ျခင္မိ ၾကမွာ ျဖစ္ပါတယ္။
လူသားဆန္ဆန္စာနာမႈအျပည့္နဲ႔ လူသားဆန္တဲ့ပဋိပကၡေျဖရွင္းနည္းေတြကိုသာ ေ႐ြးခ်ယ္အသုံးျပဳျခင္း ျဖင့္ မိမိတို႔လူ႔ပတ္ဝန္းက်င္ကို မကူညီ မတည္ေဆာက္ေပးႏိုင္ၾကေသးရင္ေတာင္ မဖ်က္ဆီးေသြးမစြန္းေစဖို႔၊ ရင္နင့္ဖြယ္ဆုံးရႈံးမႈေတြကေန ေရွာင္ရွားႏိုင္ၾကေစဖို႔ရည္႐ြယ္ခ်က္နဲ႔ ေလ့လာမွတ္သားစုစည္းတင္ျပလိုက္ရ ျခင္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.