ငါးဖမ်းသင်္ဘောတစ်စင်းကို ပင်လယ်ဓါးပြတွေလက်ထဲက ပြန်လည်ကယ်တင်ပေးနိုင်ခဲ့ကြောင်း အိန္ဒိယရေတပ်ပြော

 281

ဂျန်ဇက် (NP News) - မတ် ၃၁

အိန္ဒိယရေတပ်ဟာ ပင်လယ်ဓါးပြတွေဖမ်းဆီးခဲ့တဲ့ အီရန်ငါးဖမ်းသင်္ဘောကိုအောင်မြင်စွာ ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယရေတပ်ဟာ မတ်လ ၂၉ ရက်က ပင်လယ်ဓါးပြ ၉ ဦးရဲ့ ဖမ်းဆီးခြင်းခံရတဲ့ သင်္ဘောကို အာရေဘီယံ ပင်လယ်အတွင်းမှာ ပြန်လည်လွှတ်မြောက်အောင်ကြိုးပမ်းပေးနိုင်ခဲ့တယ်လို့် ဆိုပါတယ်။ Al-Kambar 786, အမည်ရှိ ငါးဖမ်းသင်္ဘောဟာ မတ်လ ၂၈ ရက်က ယီမင်ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဆိုကိုတာရာတောင်ဘက်မှာ ပြန်ပေး သမားတွေရဲ့ဖမ်းဆီးခြင်းခံရကြောင်း သိရပါတယ်။

အိန္ဒိယဖျက်သင်္ဘောတွေဖြစ်တဲ့ INS Sumedha and INS Trishul တို့ဟာ ပင်လယ်ဓါးပြတွေ ဖမ်းဆီးခြင်း ခံထားရတဲ့ ငါးဖမ်းသင်္ဘောပြန်လွတ်မြောက်လာစေဖို့ ၁၂ နာရီကြာ ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယရေတပ် ဟာ ငါးဖမ်းသင်္ဘောမှာ ပါဝင်လုပ်ကိုင်နေတဲ့ပါကစ္စတန်နိုင်ငံသား ၂၃ ဦးကို ဘေးကင်းစွာနဲ့ပြန်လည်လွတ်မြောက် အောင် ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယရေတပ်က "အိန္ဒိယရေတပ်အထူးတပ်ဖွဲ့တွေဟာ ငါဖးမ်းသင်္ဘောတွေ ပုံမှန်အတိုင်းပြန်လည်လုပ်ဆောင်နိုင် အောင် ကယ်တင်ပေးခဲ့တယ်" လို့ ပြောပါတယ်။

အိန္ဒိယရေတပ်ဟာ ဒီနှစ်အတွင်းမှာ ပင်လယ်ဓါးပြတွေရဲ့ဖမ်းဆီးခြင်းခံရတဲ့သင်္ဘောတွေကို အနည်းဆုံး အကြိမ်ပေါင်း ၁၈ ကြိမ် ကယ်တင်ပေးတာ၊ တုံ့ပြန်ကူညီပေးတာတွေလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယ ရေတပ်ဟာ ကုန်စည်သင်္ဘောတွေ၊ ငါးဖမ်းသင်္ဘောတွေ ဘေးကင်းစေဖို့ နဲ့ ပင်လယ်ပြင်ရေလမ်းကြောင်းကို စောင့်ရှောက်ဖို့ စစ်သင်္ဘောအစင်းရေ ၂၁ စင်းဖြန့်ကြတ်ချထားကြောင်း သိရပါတယ်။

အိန္ဒိယရေတပ်ဟာ မတ်လအစောပိုင်းတုန်းကလည်း မြန်မာနိုင်ငံသားသင်္ဘောသားတွေ ပါဝင်လိုက်ပါနေတဲ့ ကုန်စည်သင်္ဘောကို ဆိုမာလီယာပင်လယ်ဓါးပြတွေလက်ထဲက ပြန်လည်လွတ်မြောက်အောင် ကူညီကယ်တင် ပေးခဲ့ဖူးကြောင်း သိရပါတယ်။

Zawgyi Version;
ငါးဖမ္းသေဘၤာတစ္စင္းကို ပင္လယ္ဓါးျပေတြလက္ထဲက ျပန္လည္ကယ္တင္ေပးႏိုင္ခဲ့ေၾကာင္း အိႏၵိယေရတပ္ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၃၁

အိႏၵိယေရတပ္ဟာ ပင္လယ္ဓါးျပေတြဖမ္းဆီးခဲ့တဲ့ အီရန္ငါးဖမ္းသေဘၤာကိုေအာင္ျမင္စြာ ကယ္တင္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

အိႏၵိယေရတပ္ဟာ မတ္လ ၂၉ ရက္က ပင္လယ္ဓါးျပ ၉ ဦးရဲ႕ ဖမ္းဆီးျခင္းခံရတဲ့ သေဘၤာကို အာေရဘီယံ ပင္လယ္အတြင္းမွာ ျပန္လည္လႊတ္ေျမာက္ေအာင္ႀကိဳးပမ္းေပးႏိုင္ခဲ့တယ္လို႔္ ဆိုပါတယ္။ Al-Kambar 786, အမည္ရွိ ငါးဖမ္းသေဘၤာဟာ မတ္လ ၂၈ ရက္က ယီမင္ကြၽန္းတစ္ကြၽန္းျဖစ္တဲ့ ဆိုကိုတာရာေတာင္ဘက္မွာ ျပန္ေပး သမားေတြရဲ႕ဖမ္းဆီးျခင္းခံရေၾကာင္း သိရပါတယ္။

အိႏၵိယဖ်က္သေဘၤာေတြျဖစ္တဲ့ INS Sumedha and INS Trishul တို႔ဟာ ပင္လယ္ဓါးျပေတြ ဖမ္းဆီးျခင္း ခံထားရတဲ့ ငါးဖမ္းသေဘၤာျပန္လြတ္ေျမာက္လာေစဖို႔ ၁၂ နာရီၾကာ ႀကိဳးပမ္းခဲ့ေၾကာင္း သိရပါတယ္။ အိႏၵိယေရတပ္ ဟာ ငါးဖမ္းသေဘၤာမွာ ပါဝင္လုပ္ကိုင္ေနတဲ့ပါကစၥတန္ႏိုင္ငံသား ၂၃ ဦးကို ေဘးကင္းစြာနဲ႔ျပန္လည္လြတ္ေျမာက္ ေအာင္ ႀကိဳးပမ္းခဲ့ေၾကာင္း သိရပါတယ္။

အိႏၵိယေရတပ္က "အိႏၵိယေရတပ္အထူးတပ္ဖြဲ႕ေတြဟာ ငါဖးမ္းသေဘၤာေတြ ပုံမွန္အတိုင္းျပန္လည္လုပ္ေဆာင္ႏိုင္ ေအာင္ ကယ္တင္ေပးခဲ့တယ္" လို႔ ေျပာပါတယ္။

အိႏၵိယေရတပ္ဟာ ဒီႏွစ္အတြင္းမွာ ပင္လယ္ဓါးျပေတြရဲ႕ဖမ္းဆီးျခင္းခံရတဲ့သေဘၤာေတြကို အနည္းဆုံး အႀကိမ္ေပါင္း ၁၈ ႀကိမ္ ကယ္တင္ေပးတာ၊ တုံ႔ျပန္ကူညီေပးတာေတြလုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ အိႏၵိယ ေရတပ္ဟာ ကုန္စည္သေဘၤာေတြ၊ ငါးဖမ္းသေဘၤာေတြ ေဘးကင္းေစဖို႔ နဲ႔ ပင္လယ္ျပင္ေရလမ္းေၾကာင္းကို ေစာင့္ေရွာက္ဖို႔ စစ္သေဘၤာအစင္းေရ ၂၁ စင္းျဖန႔္ၾကတ္ခ်ထားေၾကာင္း သိရပါတယ္။

အိႏၵိယေရတပ္ဟာ မတ္လအေစာပိုင္းတုန္းကလည္း ျမန္မာႏိုင္ငံသားသေဘၤာသားေတြ ပါဝင္လိုက္ပါေနတဲ့ ကုန္စည္သေဘၤာကို ဆိုမာလီယာပင္လယ္ဓါးျပေတြလက္ထဲက ျပန္လည္လြတ္ေျမာက္ေအာင္ ကူညီကယ္တင္ေပးခဲ့ဖူးေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.