AI က ပြောတဲ့ မြန်မာနိုင်ငံ အဆင်းရဲဆုံး မြို့နယ် ၁ဝ ခု နှင့် စီးပွားရေးအသည်းနှလုံး ရန်ကုန်ုမြို့ လူဦးရေ၏ လေးပုံ တစ်ပုံသည် တစ်နှစ်အတွင်း ဝင်ငွေ လုံးဝ မရှိခဲ့ဟု ဆို

 15016

Htay Oung (NP News) - ဧပြီ ၂

ယနေ့ မိတ်ဆွေတစ်ဦး လာရောက်ပြသတဲ့ မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံးမြို့နယ်များအကြောင်းနဲ့ပတ်သက်ပြီး သတင်းရင်းမြစ်ကို သိရှိလိုတဲ့အတွက် AI ကို မေးမြန်းကြည့်မိပါတယ်။

မြန်မာနိုင်ငံအတွင်း
(၁) ကန်ဘလူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(၂) မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်
(၃) မင်းပြားမြို့နယ်၊ ရခိုင်ပြည်နယ်
(၄) ပလက်ဝမြို့နယ်၊ ချင်းပြည်နယ်
(၅) တွန်းဇံမြို့နယ်၊ ချင်းပြည်နယ်
(၆) လှိုင်းဘွဲ့မြို့နယ်၊ ကရင်ပြည်နယ်
(၇) သံတောင်ကြီးမြို့နယ်၊ ကရင်ပြည်နယ်
(၈) သံတောင်မြို့နယ်၊ မွန်ပြည်နယ်
(၉) ဖားကန့်မြို့နယ်၊ ကချင်ပြည်နယ်
(၁ဝ) ညောင်ဦးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတို့ဟာ အဆင်းရဲဆုံးဖြစ်တယ်လို့ AI က ဖြေဆိုပါတယ်။

“ဘယ်က ဘယ်လိုအထောက်အထားအကိုးအကားအရ အခုလိုဖြေဆိုရသလဲ” ခပ်တင်းတင်းဆိုလိုက်တော့ “ကျွန်တော့်ရဲ့သတိမမူမိခြင်းကြောင့် တောင်ပန်ပါတယ်” လို့ သကောင့်သားက ယဉ်ကျေးစွာ ဆိုလာပြီး၊ စောစော ကပြောခဲ့တဲ့ ၁ဝ မြို့နယ်စာရင်းအတွက် တိကျတဲ့ရင်းမြစ်မရှိကြောင်း၊ ယေဘူယျဗဟုသုတအပေါ် အခြေခံထားခြင်း သာဖြစ်ပြီး တိကျမှုမရှိနိုင်ပါကြောင်း၊ တိကျမှန်ကန်တဲ့ အချက်အလက်အတွက် ဒေသန္တရအစိုးရဝက်ဘ်ဆိုဒ် (သို့မဟုတ်) သက်ဆိုင်ရာဒေသအသီးသီးရှိ မြို့နယ်များဆိုင်ရာ တရားဝင်စာရွက်စာတမ်းမျိုးကဲ့သို့ ယုံကြည်စိတ်ချ ရတဲ့အရင်းအမြစ်တစ်ခုခုနဲ့ ချိန်ထိုး ဆုံးဖြတ်ပါရန် အကြံပြုလိုပါကြောင်း ဆက်လက်ဖြေဆိုပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ လူတစ်ယောက်ရဲ့တစ်နေ့အနိမ့်ဆုံး ဝင်ငွေကျပ်သုံးထောင်အောက်သာ ရရှိသူကို ဆင်းရဲမွဲတေ တယ်လို့ သတ်မှတ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် လမ်းပန်းဆက်သွယ်ရေး ကုန်စီးဆင်းမှု အကန့်အသတ်ဖြစ်ပေါ်နေတဲ့ မြန်မာ နိုင်ငံဟာ လွဲမှားတဲ့ စီမံခန့်ခွဲမှုများနဲ့ အကျင့်ပျက်ခြစားမှုများက ထပ်တိုးနှိပ်စက်ပြီး ၁၉၈၇ ခုနှစ်မှာ ကမ္ဘာ့ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံးတိုင်းပြည် LDC အဖြစ် ခံယူလိုက်ရပါတယ်။

၂ဝ၁၅ ခုနှစ် အာရှတိုက်အဆင်းရဲဆုံး ၁၅ နိုင်ငံစာရင်းကို Asia Ranking က ထုတ်ပြန်ခဲ့ရာ မြန်မာဟာ နံပါတ် ချိတ် ပါတယ်။ ၂ဝ၂၁ ခုနှစ် အုပ်ချုပ်မှုအပြောင်းအလဲအပေါ် လက်နက်ကိုင်ဆန့်ကျင်ပုန်ကန်မှုဟာ မြန်မာနိုင်ငံအနှံ့ လုံခြုံရေး ပျက်ပြားသွားခဲ့ပြီး ကျေးရွာအတော်များများနဲ့ မြို့အချို့ဟာ ပြာပုံအတိပြောင်းလဲသွားပါတယ်။

၂ဝ၂၂ ခုနှစ် အာရှဖွံဖြိုးရေးဘဏ်ရဲ့ခန့်မှန်းချက်အရ စီးပွားရေးအသည်းနှလုံးမြိုံတော် ရန်ကုန်နေ လူဦးရေရဲ့ လေးပုံ တစ်ပုံဟာ တစ်နှစ်ပတ်လုံး တစ်ပြားတစ်ချပ်မျှပင် ဝင်ငွေမရှိခဲ့ကြောင်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့အစီရင်ခံစာအရ သိရှိရပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ဆင်းရဲမွဲတေမှု သံသရာလည်ပုံအတွက် ချင်းပြည်နယ်ကို ဥပမာထားပြီး လေ့လာကြည့်နိုင်ပါ တယ်။ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ Zelan Media ပါ ကိုဗန် (တောင်ပေါ်မြေ) အဆိုအရ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်း နိုင်ငံ့စီးပွားရေးကျဆင်းလာခြင်းနဲ့အတူ ဆင်းရဲမွဲတေမှုအချိုးအစားမှာလည်း မြင့်တက်လာခဲ့ရာ ကုန်းတွင်းပိတ် တောင်ပေါ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်အပေါ် ခါးသီးစွာ ဂယက်ရိုက်ခတ်ခဲ့ကြောင်း၊ အိန္ဒိယနယ်စပ် အနီး တွန်းဇံမြို့ မြောက်ဘက်တောင်ကြောပေါ်မှာ ဘိန်းစိုက်ပျိုးမှု များပြားလာခဲ့ပြီး အိန္ဒိယ မဏိပူရပြည်နယ်နဲ့ ကပ်လျက်တည်ရှိတဲ့ စစ်ကိုင်းတိုင်းဒေသအတွင်းမှာပါ ဘိန်းကို စိုက်ပျိုးလာကြတယ်လို့ ဆိုပါတယ်။

တွန်းဇန်မြို့နယ်ဟာ ချင်းပြည်နယ်အတွင်း တစ်ခုတည်းသော ဘိန်းစိုက်ပျိုးရာအရပ်ဖြစ်ခဲ့ပြီး ၁၉၈ဝ ပြည့်လွန်နှစ် များကတည်းက စိုက်ပျိုးလာခဲ့ကြခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင် အခြားဘိန်းစိုက်ပျိုးရာဒေသများကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းသာမက ကယားပြည်နယ်အတွင်းမှာလည်း တွေ့ရကြောင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဘိန်းထုတ်လုပ်မှု အများဆုံး အာဖဂန်နစ္စတန်ကို ကျော်တက်သွားပြီး လက်နက်ကိုင်သောင်းကျန်းမှုအပြင် စိတ်ကြွဆေးချက်လုပ်ကုန်ကူးခြင်းကလည်း အပင်လိမ်နေပါသေးတယ်။ ချင်းပြည်နယ်ဟာ လမ်းပန်းဆက်သွယ် ရေးခက်ခဲခြင်း၊ ဆင်းရဲနွမ်းပါးခြင်းနဲ့ အခြားသီးနှံစိုက်ပျိုးရန် အဆင်မပြေခြင်းတို့ကြောင့် ဘိန်းစိုက်ပျိုးမှုကို လုပ်ကိုင် နေရခြင်းဖြစ်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

၂ဝ၂၁ ခုနှစ် ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ၁၃၈၄ ဧက ရှိခဲ့ပြီူ ဘိန်း ၇.၉ တန် ထွက်ရှိပါတယ်။
ဘိန်းပေါက်ဈေးဟာ ဒေသအလိုက် တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀၀ မှ ၅၀၀၀ အကြားရှိတဲ့ အတွက် ဒေါ်လာ ၄၀,၀၀၀ နီးပါးရှိပါတယ်။ နှုန်းရှင် အခြေခံဈေးနှုန်းအရ တစ်ဒေါ်လာ ၂၀၉၉.၁၀ နှုန်းနဲ့တွက်ကြည့်လျှင် ကျပ်သိန်းပေါင်း ၈၂၇ -သိန်း ဖြစ်ပြီး တစ်ဒေါ်လာ ကျပ် ၄၀၀၀ နှုန်းလောက်နဲ့ ဆိုလျှင်တော့ အဲဒီရဲ့နှစ်ဆ ဖြစ်ပါ လိမ့်မယ်။
ဝင်ငွေကောင်းတာပဲလို့ မှတ်ချက်ချမလို့ ရှိသေး၊ အဲဒီငွေတွေကို ဘိန်းစိုက်တောင်သူတွေသာ အမှန်တကယ်ရရှိခဲ့ လျှင် ဘာပဲပြောပြော ချင်းပြည်နယ်ဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်စရာအကြောင်း မရှိဘူးလို့ စဉ်းစားမိ သွားတယ်။

တစ်ခါက ကိုလံဘီယာ မူးယစ်ရာဇာ ပတ်ဘလို_အက်စ်ကိုဘာဟာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးမှာ သမီးငယ်ဖြစ်သူ နဲ့အတူ ထွက်ပြေးရသတဲ့၊ နိုင်ငံရေးသမားနဲ့ အာဏာပိုင်တွေကို ငွေပေးပြီး စည်းရုံးခြင်း၊ ဆန့်ကျင်သူကို အ ပျောက်ရှင်းခြင်းဖြင့် ဥပဒေကို လက်တစ်လုံးခြားလုပ်နိုင်ခဲ့တဲ့ ကိုကင်းဘုရင်ဟာ ဒီတစ်ကြိမ်မှာတော့ အသက်လုပြီး ထွက်ပြေးရပါတယ်။ လယ်တဲငယ်လေးတစ်ခုမှာ ချို့ချို့တဲ့တဲ့ ပုန်းခိုရင် သမီးဖြစ်သူ ချမ်းတယ်ဆိုလို့ အတူပါလာတဲ့ သိန်းသောင်းချီတန်ဖိုးရှိ အမေရိကန်ဒေါ်လာငွေစက္ကူတွေကို မီးရှို့ပြီး မီးလှုံစေပါသတဲ့။ အက်စ်ကိုဘာတို့လို မူးယစ်ရာဇာတွေဟာ နိုင်ငံအစိုးရအဖွဲ့ဝင် ဝန်ကြီး ဝန်ကြီးချုပ်တွေထက် အဆပေါင်းများစွာ ချမ်းသာပါတယ်။

တကယ်လို့များ အခုနေ ကျွန်တော်တို့တိုင်းပြည်ပြန်လည် တည်ငြိမ်အေးချမ်းသွားခဲ့ရင်တောင် တိုင်းပြည်အနှံ့ ဖောချင်းသောချင်းဖြစ်နေတဲ့ လက်နက်မျိုးစုံနဲ့ စိတ်ကြွဆေးပြဿနာဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း နှစ်ပေါင်းများစွာ မွှေနှောက်နေပါလိမ့်မယ်။ ဖြေရှင်းဖို့ ရချင်မှတောင် ရပါလိမ့်မယ်။

အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine
#မြန်မာနိုင်ငံ_အဆင်းရဲဆုံး_မြို့နယ်များ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု

Zawgyi Version;
AI က ေျပာတဲ့ ျမန္မာႏိုင္ငံ အဆင္းရဲဆုံး ၿမိဳ႕နယ္ ၁ဝ ခု ႏွင့္ စီးပြားေရးအသည္းႏွလုံး ရန္ကုႏ္ုၿမိဳ႕ လူဦးေရ၏ ေလးပုံ တစ္ပုံသည္ တစ္ႏွစ္အတြင္း ဝင္ေငြ လုံးဝ မရွိခဲ့ဟု ဆို
Htay Oung (NP News) - ဧၿပီ ၂

ယေန႔ မိတ္ေဆြတစ္ဦး လာေရာက္ျပသတဲ့ ျမန္မာႏိုင္ငံအတြင္း အဆင္းရဲဆုံးၿမိဳ႕နယ္မ်ားအေၾကာင္းနဲ႔ပတ္သက္ၿပီး သတင္းရင္းျမစ္ကို သိရွိလိုတဲ့အတြက္ AI ကို ေမးျမန္းၾကည့္မိပါတယ္။

ျမန္မာႏိုင္ငံအတြင္း
(၁) ကန္ဘလူၿမိဳ႕နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး
(၂) ေျမာက္ဦးၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္
(၃) မင္းျပားၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္
(၄) ပလက္ဝၿမိဳ႕နယ္၊ ခ်င္းျပည္နယ္
(၅) တြန္းဇံၿမိဳ႕နယ္၊ ခ်င္းျပည္နယ္
(၆) လႈိင္းဘြဲ႕ၿမိဳ႕နယ္၊ ကရင္ျပည္နယ္
(၇) သံေတာင္ႀကီးၿမိဳ႕နယ္၊ ကရင္ျပည္နယ္
(၈) သံေတာင္ၿမိဳ႕နယ္၊ မြန္ျပည္နယ္
(၉) ဖားကန႔္ၿမိဳ႕နယ္၊ ကခ်င္ျပည္နယ္
(၁ဝ) ေညာင္ဦးၿမိဳ႕နယ္၊ မႏၲေလးတိုင္းေဒသႀကီးတို႔ဟာ အဆင္းရဲဆုံးျဖစ္တယ္လို႔ AI က ေျဖဆိုပါတယ္။

“ဘယ္က ဘယ္လိုအေထာက္အထားအကိုးအကားအရ အခုလိုေျဖဆိုရသလဲ” ခပ္တင္းတင္းဆိုလိုက္ေတာ့ “ကြၽန္ေတာ့္ရဲ႕သတိမမူမိျခင္းေၾကာင့္ ေတာင္ပန္ပါတယ္” လို႔ သေကာင့္သားက ယဥ္ေက်းစြာ ဆိုလာၿပီး၊ ေစာေစာ ကေျပာခဲ့တဲ့ ၁ဝ ၿမိဳ႕နယ္စာရင္းအတြက္ တိက်တဲ့ရင္းျမစ္မရွိေၾကာင္း၊ ေယဘူယ်ဗဟုသုတအေပၚ အေျခခံထားျခင္း သာျဖစ္ၿပီး တိက်မႈမရွိႏိုင္ပါေၾကာင္း၊ တိက်မွန္ကန္တဲ့ အခ်က္အလက္အတြက္ ေဒသႏၲရအစိုးရဝက္ဘ္ဆိုဒ္ (သို႔မဟုတ္) သက္ဆိုင္ရာေဒသအသီးသီးရွိ ၿမိဳ႕နယ္မ်ားဆိုင္ရာ တရားဝင္စာ႐ြက္စာတမ္းမ်ိဳးကဲ့သို႔ ယုံၾကည္စိတ္ခ် ရတဲ့အရင္းအျမစ္တစ္ခုခုနဲ႔ ခ်ိန္ထိုး ဆုံးျဖတ္ပါရန္ အႀကံျပဳလိုပါေၾကာင္း ဆက္လက္ေျဖဆိုပါတယ္။

ကမာၻ႔ဘဏ္ကေတာ့ လူတစ္ေယာက္ရဲ႕တစ္ေန႔အနိမ့္ဆုံး ဝင္ေငြက်ပ္သုံးေထာင္ေအာက္သာ ရရွိသူကို ဆင္းရဲမြဲေတ တယ္လို႔ သတ္မွတ္ပါတယ္။

လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ လမ္းပန္းဆက္သြယ္ေရး ကုန္စီးဆင္းမႈ အကန႔္အသတ္ျဖစ္ေပၚေနတဲ့ ျမန္မာ ႏိုင္ငံဟာ လြဲမွားတဲ့ စီမံခန႔္ခြဲမႈမ်ားနဲ႔ အက်င့္ပ်က္ျခစားမႈမ်ားက ထပ္တိုးႏွိပ္စက္ၿပီး ၁၉၈၇ ခုႏွစ္မွာ ကမာၻ႔ဖြံ႕ၿဖိဳး တိုးတက္မႈ အနည္းဆုံးတိုင္းျပည္ LDC အျဖစ္ ခံယူလိုက္ရပါတယ္။

၂ဝ၁၅ ခုႏွစ္ အာရွတိုက္အဆင္းရဲဆုံး ၁၅ ႏိုင္ငံစာရင္းကို Asia Ranking က ထုတ္ျပန္ခဲ့ရာ ျမန္မာဟာ နံပါတ္ ခ်ိတ္ ပါတယ္။ ၂ဝ၂၁ ခုႏွစ္ အုပ္ခ်ဳပ္မႈအေျပာင္းအလဲအေပၚ လက္နက္ကိုင္ဆန႔္က်င္ပုန္ကန္မႈဟာ ျမန္မာႏိုင္ငံအႏွံ႔ လုံၿခဳံေရး ပ်က္ျပားသြားခဲ့ၿပီး ေက်း႐ြာအေတာ္မ်ားမ်ားနဲ႔ ၿမိဳ႕အခ်ိဳ႕ဟာ ျပာပုံအတိေျပာင္းလဲသြားပါတယ္။

၂ဝ၂၂ ခုႏွစ္ အာရွဖြံၿဖိဳးေရးဘဏ္ရဲ႕ခန႔္မွန္းခ်က္အရ စီးပြားေရးအသည္းႏွလုံးၿမိဳံေတာ္ ရန္ကုန္ေန လူဦးေရရဲ႕ ေလးပုံ တစ္ပုံဟာ တစ္ႏွစ္ပတ္လုံး တစ္ျပားတစ္ခ်ပ္မွ်ပင္ ဝင္ေငြမရွိခဲ့ေၾကာင္း ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ ကုလသမဂၢ ဖြံ႕ၿဖိဳးေရးအစီအစဥ္ UNDP ရဲ႕အစီရင္ခံစာအရ သိရွိရပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ဆင္းရဲမြဲေတမႈ သံသရာလည္ပုံအတြက္ ခ်င္းျပည္နယ္ကို ဥပမာထားၿပီး ေလ့လာၾကည့္ႏိုင္ပါ တယ္။ ၂ဝ၂၃ ခုႏွစ္ ႏိုဝင္ဘာ ၃ ရက္ေန႔ Zelan Media ပါ ကိုဗန္ (ေတာင္ေပၚေျမ) အဆိုအရ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ေနာက္ပိုင္း ႏိုင္ငံ့စီးပြားေရးက်ဆင္းလာျခင္းနဲ႔အတူ ဆင္းရဲမြဲေတမႈအခ်ိဳးအစားမွာလည္း ျမင့္တက္လာခဲ့ရာ ကုန္းတြင္းပိတ္ ေတာင္ေပၚေဒသျဖစ္တဲ့ ခ်င္းျပည္နယ္အေပၚ ခါးသီးစြာ ဂယက္႐ိုက္ခတ္ခဲ့ေၾကာင္း၊ အိႏၵိယနယ္စပ္ အနီး တြန္းဇံၿမိဳ႕ ေျမာက္ဘက္ေတာင္ေၾကာေပၚမွာ ဘိန္းစိုက္ပ်ိဳးမႈ မ်ားျပားလာခဲ့ၿပီး အိႏၵိယ မဏိပူရျပည္နယ္နဲ႔ ကပ္လ်က္တည္ရွိတဲ့ စစ္ကိုင္းတိုင္းေဒသအတြင္းမွာပါ ဘိန္းကို စိုက္ပ်ိဳးလာၾကတယ္လို႔ ဆိုပါတယ္။

တြန္းဇန္ၿမိဳ႕နယ္ဟာ ခ်င္းျပည္နယ္အတြင္း တစ္ခုတည္းေသာ ဘိန္းစိုက္ပ်ိဳးရာအရပ္ျဖစ္ခဲ့ၿပီး ၁၉၈ဝ ျပည့္လြန္ႏွစ္ မ်ားကတည္းက စိုက္ပ်ိဳးလာခဲ့ၾကျခင္းျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအတြင္ အျခားဘိန္းစိုက္ပ်ိဳးရာေဒသမ်ားကေတာ့ ကခ်င္ျပည္နယ္၊ ရွမ္းျပည္ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္းသာမက ကယားျပည္နယ္အတြင္းမွာလည္း ေတြ႕ရေၾကာင္း ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာ ၁၂ ရက္ ကမာၻ႔ကုလသမဂၢ မူးယစ္ေဆးဝါးႏွင့္ ရာဇဝတ္မႈခင္းဆိုင္ရာ႐ုံး အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ကမာၻ႔ဘိန္းထုတ္လုပ္မႈ အမ်ားဆုံး အာဖဂန္နစၥတန္ကို ေက်ာ္တက္သြားၿပီး လက္နက္ကိုင္ေသာင္းက်န္းမႈအျပင္ စိတ္ႂကြေဆးခ်က္လုပ္ကုန္ကူးျခင္းကလည္း အပင္လိမ္ေနပါေသးတယ္။ ခ်င္းျပည္နယ္ဟာ လမ္းပန္းဆက္သြယ္ ေရးခက္ခဲျခင္း၊ ဆင္းရဲႏြမ္းပါးျခင္းနဲ႔ အျခားသီးႏွံစိုက္ပ်ိဳးရန္ အဆင္မေျပျခင္းတို႔ေၾကာင့္ ဘိန္းစိုက္ပ်ိဳးမႈကို လုပ္ကိုင္ ေနရျခင္းျဖစ္တယ္လို႔ ကုလသမဂၢက ဆိုပါတယ္။

၂ဝ၂၁ ခုႏွစ္ ခ်င္းျပည္နယ္မွာ ဘိန္းစိုက္ပ်ိဳးမႈ ၁၃၈၄ ဧက ရွိခဲ့ၿပီဴ ဘိန္း ၇.၉ တန္ ထြက္ရွိပါတယ္။
ဘိန္းေပါက္ေဈးဟာ ေဒသအလိုက္ တစ္ကီလိုဂရမ္လွ်င္ အေမရိကန္ေဒၚလာ ၃၀၀၀ မွ ၅၀၀၀ အၾကားရွိတဲ့ အတြက္ ေဒၚလာ ၄၀,၀၀၀ နီးပါးရွိပါတယ္။ ႏႈန္းရွင္ အေျခခံေဈးႏႈန္းအရ တစ္ေဒၚလာ ၂၀၉၉.၁၀ ႏႈန္းနဲ႔တြက္ၾကည့္လွ်င္ က်ပ္သိန္းေပါင္း ၈၂၇ -သိန္း ျဖစ္ၿပီး တစ္ေဒၚလာ က်ပ္ ၄၀၀၀ ႏႈန္းေလာက္နဲ႔ ဆိုလွ်င္ေတာ့ အဲဒီရဲ႕ႏွစ္ဆ ျဖစ္ပါ လိမ့္မယ္။
ဝင္ေငြေကာင္းတာပဲလို႔ မွတ္ခ်က္ခ်မလို႔ ရွိေသး၊ အဲဒီေငြေတြကို ဘိန္းစိုက္ေတာင္သူေတြသာ အမွန္တကယ္ရရွိခဲ့ လွ်င္ ဘာပဲေျပာေျပာ ခ်င္းျပည္နယ္ဟာ ဆင္းရဲမြဲေတမႈ မ်ဥ္းေအာက္ေရာက္စရာအေၾကာင္း မရွိဘူးလို႔ စဥ္းစားမိ သြားတယ္။

တစ္ခါက ကိုလံဘီယာ မူးယစ္ရာဇာ ပတ္ဘလို_အက္စ္ကိုဘာဟာ ရဲတပ္ဖြဲ႕ရဲ႕ စစ္ဆင္ေရးမွာ သမီးငယ္ျဖစ္သူ နဲ႔အတူ ထြက္ေျပးရသတဲ့၊ ႏိုင္ငံေရးသမားနဲ႔ အာဏာပိုင္ေတြကို ေငြေပးၿပီး စည္း႐ုံးျခင္း၊ ဆန႔္က်င္သူကို အ ေပ်ာက္ရွင္းျခင္းျဖင့္ ဥပေဒကို လက္တစ္လုံးျခားလုပ္ႏိုင္ခဲ့တဲ့ ကိုကင္းဘုရင္ဟာ ဒီတစ္ႀကိမ္မွာေတာ့ အသက္လုၿပီး ထြက္ေျပးရပါတယ္။ လယ္တဲငယ္ေလးတစ္ခုမွာ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ ပုန္းခိုရင္ သမီးျဖစ္သူ ခ်မ္းတယ္ဆိုလို႔ အတူပါလာတဲ့ သိန္းေသာင္းခ်ီတန္ဖိုးရွိ အေမရိကန္ေဒၚလာေငြစကၠဴေတြကို မီးရႈိ႕ၿပီး မီးလႈံေစပါသတဲ့။ အက္စ္ကိုဘာတို႔လို မူးယစ္ရာဇာေတြဟာ ႏိုင္ငံအစိုးရအဖြဲ႕ဝင္ ဝန္ႀကီး ဝန္ႀကီးခ်ဳပ္ေတြထက္ အဆေပါင္းမ်ားစြာ ခ်မ္းသာပါတယ္။

တကယ္လို႔မ်ား အခုေန ကြၽန္ေတာ္တို႔တိုင္းျပည္ျပန္လည္ တည္ၿငိမ္ေအးခ်မ္းသြားခဲ့ရင္ေတာင္ တိုင္းျပည္အႏွံ႔ ေဖာခ်င္းေသာခ်င္းျဖစ္ေနတဲ့ လက္နက္မ်ိဳးစုံနဲ႔ စိတ္ႂကြေဆးျပႆနာဟာ ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕အစည္းအတြင္း ႏွစ္ေပါင္းမ်ားစြာ ေမႊေႏွာက္ေနပါလိမ့္မယ္။ ေျဖရွင္းဖို႔ ရခ်င္မွေတာင္ ရပါလိမ့္မယ္။

အစဥ္ေလးစားစြာျဖင့္
#HtayOung, #OungMarine
#ျမန္မာႏိုင္ငံ_အဆင္းရဲဆုံး_ၿမိဳ႕နယ္မ်ား ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈ

Related news

© 2021. All rights reserved.