တောင်ကိုရီးယားမှာ ဧပြီ ၂၇ ရက်မှစ အန္တရာယ်ရှိ ခွေး မွေးမယ်ဆိုရင် အစိုးရရဲ့ခွင့်ပြုချက် ယူဖို့လို

 175

ရောင်နီ (NP News) - ဧပြီ ၄

တောင်ကိုရီးယားမှာ အမဲလိုက်ခွေးတွေလို အကောင်ကြီးပြီး အန္တရာယ်ရှိတဲ့ ခွေးမျိုးတွေ မွေးမယ်ဆိုရင် ဧပြီ ၂၇ ရက်ကစတင်ပြီး အစိုးရရဲ့ခွင့်ပြုချက် ယူဖို့လိုတယ်လို့ ဧပြီလ ၃ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧပြီ ၂၇ ရက်မှစ တိရစ္ဆာန်ကာကွယ်ရေးဥပဒေအရ တိုဆာအင်နူး၊ တွင်းနာတင်းရီနဲ့ ရော့ဝီလာတို့လို အန္တရာယ်ရှိ ခွေးမျိုးစိတ်တွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးမယ်ဆိုရင် အစိုးရရဲ့ခွင့်ပြုချက် လိုအပ်တော့မှာဖြစ်ပါတယ်။ လက်ရှိ အန္တရာယ်ရှိ ခွေးမျိုးစိတ်တွေကို ထိန်းသိမ်းထားသူတွေဟာလည်း အောက်တိုဘာ ၂၇ ရက် နောက်ဆုံးထားကာ အစိုးရရဲ့ခွင့်ပြုချက် ရယူရမယ်လို့ သိရပါတယ်။

တောင်ကိုရီးယားမှာ အိမ်မွေးတိရစ္ဆာန်ပိုင်ဆိုင်တဲ့ အိမ်ထောင်စုအရေအတွက်ဟာ ၂၀၂၂ ခုနှစ်မှာ အိမ်ထောင်စု ၄.၅ သန်းရှိပြီး ၎င်းတို့ထဲမှာ ခွေးပိုင်ဆိုင်ထားတဲ့ အိမ်ထောင်စုအရေအတွက်ကတော့ ၅.၄၄ သန်းအထိ တိုးလာပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားမှာ ခွေးတိုက်ခိုက်ခံရမှုတွေ ဆက်တိုက်တိုးပွားလာနေခြင်းကို တုံ့ပြန်တဲ့အနေနဲ့ ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

အစီအစဉ်သစ်အရ အန္တရာယ်ရှိ ခွေးမျိုးစိတ်တွေကို ပိုင်ဆိုင်လိုသူတွေဟာ အစိုးရလိုအပ်ချက်တွေနဲ့ ကိုက်ညီရမှာ ဖြစ်ပြီး ခွေးကို မှတ်ပုံတင်ခြင်း၊ ခွေးနဲ့ပတ်သက်တဲ့မတော်တဆမှုများကြောင့်ဖြစ်ပေါ်လာတဲ့ တရားရေးဆိုင်ရာ လျော်ကြေးငွေတွေအတွက် အာမခံရရှိခြင်းတို့ ပါဝင်ပါတယ်။ အဆိုပါ ခွေးတွေကို မွေးဖို့ သင့်လျှော်မှုရှိသလား ဆိုတာကိုလည်း အကဲဖြတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။ ခွင့်ပြုချက်မရှိဘဲ အန္တရာယ်ရှိ ခွေးမျိုးစိတ်မျိုး ပိုင်ဆိုင်ထားရင်တော့ ထောင်ဒဏ် တစ်နှစ်အထိ (သို့မဟုတ်) ဒဏ်ငွေ ဝမ် ၁ဝ သန်းအထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားမွာ ဧၿပီ ၂၇ ရက္မွစ အႏၲရာယ္ရွိ ေခြး ေမြးမယ္ဆိုရင္ အစိုးရရဲ႕ခြင့္ျပဳခ်က္ ယူဖို႔လို
ေရာင္နီ (NP News) - ဧၿပီ ၄

ေတာင္ကိုရီးယားမွာ အမဲလိုက္ေခြးေတြလို အေကာင္ႀကီးၿပီး အႏၲရာယ္ရွိတဲ့ ေခြးမ်ိဳးေတြ ေမြးမယ္ဆိုရင္ ဧၿပီ ၂၇ ရက္ကစတင္ၿပီး အစိုးရရဲ႕ခြင့္ျပဳခ်က္ ယူဖို႔လိုတယ္လို႔ ဧၿပီလ ၃ ရက္ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဧၿပီ ၂၇ ရက္မွစ တိရစာၦန္ကာကြယ္ေရးဥပေဒအရ တိုဆာအင္ႏူး၊ တြင္းနာတင္းရီနဲ႔ ေရာ့ဝီလာတို႔လို အႏၲရာယ္ရွိ ေခြးမ်ိဳးစိတ္ေတြကို အိမ္ေမြးတိရိစာၦန္အျဖစ္ေမြးမယ္ဆိုရင္ အစိုးရရဲ႕ခြင့္ျပဳခ်က္ လိုအပ္ေတာ့မွာျဖစ္ပါတယ္။ လက္ရွိ အႏၲရာယ္ရွိ ေခြးမ်ိဳးစိတ္ေတြကို ထိန္းသိမ္းထားသူေတြဟာလည္း ေအာက္တိုဘာ ၂၇ ရက္ ေနာက္ဆုံးထားကာ အစိုးရရဲ႕ခြင့္ျပဳခ်က္ ရယူရမယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယားမွာ အိမ္ေမြးတိရစာၦန္ပိုင္ဆိုင္တဲ့ အိမ္ေထာင္စုအေရအတြက္ဟာ ၂၀၂၂ ခုႏွစ္မွာ အိမ္ေထာင္စု ၄.၅ သန္းရွိၿပီး ၎တို႔ထဲမွာ ေခြးပိုင္ဆိုင္ထားတဲ့ အိမ္ေထာင္စုအေရအတြက္ကေတာ့ ၅.၄၄ သန္းအထိ တိုးလာပါတယ္။ ဒါ့အျပင္ ေတာင္ကိုရီးယားမွာ ေခြးတိုက္ခိုက္ခံရမႈေတြ ဆက္တိုက္တိုးပြားလာေနျခင္းကို တုံ႔ျပန္တဲ့အေနနဲ႔ ဒီဆုံးျဖတ္ခ်က္ ထြက္ေပၚလာျခင္းျဖစ္တယ္လို႔ သိရပါတယ္။

အစီအစဥ္သစ္အရ အႏၲရာယ္ရွိ ေခြးမ်ိဳးစိတ္ေတြကို ပိုင္ဆိုင္လိုသူေတြဟာ အစိုးရလိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီရမွာ ျဖစ္ၿပီး ေခြးကို မွတ္ပုံတင္ျခင္း၊ ေခြးနဲ႔ပတ္သက္တဲ့မေတာ္တဆမႈမ်ားေၾကာင့္ျဖစ္ေပၚလာတဲ့ တရားေရးဆိုင္ရာ ေလ်ာ္ေၾကးေငြေတြအတြက္ အာမခံရရွိျခင္းတို႔ ပါဝင္ပါတယ္။ အဆိုပါ ေခြးေတြကို ေမြးဖို႔ သင့္ေလွ်ာ္မႈရွိသလား ဆိုတာကိုလည္း အကဲျဖတ္စစ္ေဆးသြားမယ္လို႔ သိရပါတယ္။ ခြင့္ျပဳခ်က္မရွိဘဲ အႏၲရာယ္ရွိ ေခြးမ်ိဳးစိတ္မ်ိဳး ပိုင္ဆိုင္ထားရင္ေတာ့ ေထာင္ဒဏ္ တစ္ႏွစ္အထိ (သို႔မဟုတ္) ဒဏ္ေငြ ဝမ္ ၁ဝ သန္းအထိ ခ်မွတ္ႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.