ပြဇာတ်ရုံတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးရန် အနောက်အုပ်စုနိုင်ငံများကို ရုရှားအစိုးရတောင်းဆို

 709

Pika (NP News) - ဧပြီ ၄

ရုရှားအစိုးရ ရှေ့နေချုပ်ရုံးသည် အမေရိကန်၊ ဂျာမနီ၊ ပြင်သစ် နှင့် ဆိုက်ပရပ်စ်နိုင်ငံတို့ထံ လွှတ်တော်အမတ်များ၏ တရားဝင်တောင်းဆိုမှုများနှင့် အယူခံဝင်မှုများကို ပေးပို့ခဲ့ပြီး မကြာသေးမီကဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

အကြမ်းဖက်တိုက်ခိုက်မှုတွင် ဖြစ်နိုင်ခြေရှိသော နိုင်ငံခြားမှလူများနှင့် အဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှုအပြင် Nord Stream ဓါတ်ငွေ့ပိုက်လိုင်းဖောက်ခွဲခံရမှုတို့နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ပေးရန် ရုရှားအောက်လွှတ်တော်၏ လက်ထောက်အများအပြားက တောင်းဆိုခဲ့ပြီးနောက် ရုရှားအစိုးရရှေ့နေချုပ်ရုံး၏ တောင်းဆိုမှုထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ် နှင့် ဆိုက်ပရပ်စ်နိုင်ငံတို့၏ အာဏာပိုင်များ သည် ရုရှားအစိုးရ၏တောင်းဆိုချက်ကို လိုက်နာကာ အချို့နိုင်ငံတကာသဘောတူညီချက်များအရ တောင်းဆိုမှုများကို ဖြည့်ဆည်းပေးလိ့မ်မည်ဟု မျှော်လင့်မိကြောင်း ရုရှားအစိုးရ ရှေ့နေချုပ်ရုံးက ပြောကြားခဲ့သည်။ နိုင်ငံတကာသဘောတူညီချက်များထဲတွင် ၁၉၉၉ ခုနှစ် အကြမ်းဖက်ဝါဒထောက်ပံ့မှုနှိမ်နှင်းရေး သဘောတူညီချက်နှင့် ၁၉၉၇ ခုနှစ် အကြမ်းဖက်ဗုံးခွဲမှု နှိမ်နှင်းရေးသဘောတူညီချက် တို့ပါဝင်ကြောင်းသိရသည်။

အမေရိကန်၊ ဂျာမနီ၊ ပြင်သစ် နှင့် ဆိုက်ပရပ်စ်နိုင်ငံတို့အနေဖြင့် ပေးအပ်ထားသော အချက် အလက်များကို စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ပေးရန်နှင့် တရားစွဲဆိုရာတွင် လွယ်ကူစေရန်အတွက် သက်သေအထောက်အထားများ ရရှိရန်ကူညီပေးခြင်းတို့ လုပ်ဆောင်ပေးရန် ရုရှားအစိုးရရှေ့နေချုပ်ရုံးက တောင်းဆိုထားသည်။ ပြီးခဲ့သည့် မတ်လ(၂၂)ရက်နေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ပြဇာတ်ရုံတစ်ခုကို သေနတ်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၁၄၄)ဦးသေဆုံးကာ အခြားလူ(၅၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် အဆိုပါတောင်းဆိုမှုထွက်ပေါ်လာခြင်းဖြစ်သည်။

zawgyi version
ျပဇာတ္႐ုံတိုက္ခိုက္ခံရမႈႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေပးရန္ အေနာက္အုပ္စုႏိုင္ငံမ်ားကို ႐ုရွားအစိုးရေတာင္းဆို
Pika (NP News) - ဧၿပီ ၄

႐ုရွားအစိုးရ ေရွ႕ေနခ်ဳပ္႐ုံးသည္ အေမရိကန္၊ ဂ်ာမနီ၊ ျပင္သစ္ ႏွင့္ ဆိုက္ပရပ္စ္ႏိုင္ငံတို႔ထံ လႊတ္ေတာ္အမတ္မ်ား၏ တရားဝင္ေတာင္းဆိုမႈမ်ားႏွင့္ အယူခံဝင္မႈမ်ားကို ေပးပို႔ခဲ့ၿပီး မၾကာေသးမီကျဖစ္ပြားခဲ့ေသာ အၾကမ္းဖက္တိုက္ခိုက္မႈႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေပးရန္ ေတာင္းဆိုခဲ့ေၾကာင္းသိရသည္။

အၾကမ္းဖက္တိုက္ခိုက္မႈတြင္ ျဖစ္ႏိုင္ေျခရွိေသာ ႏိုင္ငံျခားမွလူမ်ားႏွင့္ အဖြဲ႕အစည္းမ်ား၏ ပါဝင္ပတ္သက္မႈအျပင္ Nord Stream ဓါတ္ေငြ႕ပိုက္လိုင္းေဖာက္ခြဲခံရမႈတို႔ႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ေပးရန္ ႐ုရွားေအာက္လႊတ္ေတာ္၏ လက္ေထာက္အမ်ားအျပားက ေတာင္းဆိုခဲ့ၿပီးေနာက္ ႐ုရွားအစိုးရေရွ႕ေနခ်ဳပ္႐ုံး၏ ေတာင္းဆိုမႈထြက္ေပၚလာျခင္းျဖစ္သည္။ အေမရိကန္၊ ဂ်ာမနီ၊ ျပင္သစ္ ႏွင့္ ဆိုက္ပရပ္စ္ႏိုင္ငံတို႔၏ အာဏာပိုင္မ်ား သည္ ႐ုရွားအစိုးရ၏ေတာင္းဆိုခ်က္ကို လိုက္နာကာ အခ်ိဳ႕ႏိုင္ငံတကာသေဘာတူညီခ်က္မ်ားအရ ေတာင္းဆိုမႈမ်ားကို ျဖည့္ဆည္းေပးလိ့မ္မည္ဟု ေမွ်ာ္လင့္မိေၾကာင္း ႐ုရွားအစိုးရ ေရွ႕ေနခ်ဳပ္႐ုံးက ေျပာၾကားခဲ့သည္။ ႏိုင္ငံတကာသေဘာတူညီခ်က္မ်ားထဲတြင္ ၁၉၉၉ ခုႏွစ္ အၾကမ္းဖက္ဝါဒေထာက္ပံ့မႈႏွိမ္ႏွင္းေရး သေဘာတူညီခ်က္ႏွင့္ ၁၉၉၇ ခုႏွစ္ အၾကမ္းဖက္ဗုံးခြဲမႈ ႏွိမ္ႏွင္းေရးသေဘာတူညီခ်က္ တို႔ပါဝင္ေၾကာင္းသိရသည္။

အေမရိကန္၊ ဂ်ာမနီ၊ ျပင္သစ္ ႏွင့္ ဆိုက္ပရပ္စ္ႏိုင္ငံတို႔အေနျဖင့္ ေပးအပ္ထားေသာ အခ်က္ အလက္မ်ားကို စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ေပးရန္ႏွင့္ တရားစြဲဆိုရာတြင္ လြယ္ကူေစရန္အတြက္ သက္ေသအေထာက္အထားမ်ား ရရွိရန္ကူညီေပးျခင္းတို႔ လုပ္ေဆာင္ေပးရန္ ႐ုရွားအစိုးရေရွ႕ေနခ်ဳပ္႐ုံးက ေတာင္းဆိုထားသည္။ ၿပီးခဲ့သည့္ မတ္လ(၂၂)ရက္ေန႔တြင္ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ရွိ ျပဇာတ္႐ုံတစ္ခုကို ေသနတ္သမားမ်ားက ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ(၁၄၄)ဦးေသဆုံးကာ အျခားလူ(၅၀၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီးေနာက္ အဆိုပါေတာင္းဆိုမႈထြက္ေပၚလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.