ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁)ကို တိုင်းစစ်ဌာနချုပ်အသီးသီး၌ စတင်ဖွင့်လှစ်

 5322

မြူနစ် (NP News) - ဧပြီ ၉

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁)ဖွင့်ပွဲများကို တိုင်းစစ်ဌာနချုပ်အသီးသီး၌ ယမန်နေ့(ဧပြီ ၈ ရက်)တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ယခုကဲ့သို့ စတင်ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို တိုင်းနှင့် ပြည်နယ်အသီးသီးရှိ လူငယ်များက ၎င်းတို့၏သဘောဆန္ဒအရ စာရင်းပေးသွင်းကာ တက်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းရန် မိမိတို့၏ သဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာသူများအနက် သင်တန်းတက်ရောက်ရန်အရည်အချင်းပြည့်မီသူများကို စုဖွဲ့ကာ ယမန်နေ့ နံနက်ပိုင်းတွင် သက်ဆိုင် ရာတိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီးတွင် သင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရင်ကတော့ သင်္ကြန်ကျော်မှ ဖွင့်ဖို့လုပ်ထားတာပေါ့။ အခုဟာက နည်းနည်းစောသွားတယ်။ တစ်ချို့ကလည်း Active ဖြစ်တယ်။ volunteer တွေလည်းများတဲ့အခါကြတော့ အချိန်မဆိုင်းတော့ဘဲနဲ့ စောဖွင့်လိုက်တာပေါ့”ဟု ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ အရာရှိတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ဖွင့်ပွဲအခမ်းအနားများသို့ တိုင်းနှင့် ပြည်နယ်များရှိ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။ ၎င်းအမှတ်စဉ်(၁)သင်တန်းတွင် သင်တန်းသားဦးရေ (၅၀၀၀)ဝန်းကျင် တက်ရောက်ကာ စစ်ပညာသင်ယူနေလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက ဒီစစ်သားလုပ်ရတာကို စိတ်ဝင်စားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်ကျောင်းပြီးတဲ့အချိန်မှာ အဖေ၊ အမေက သဘောမတူလို့ ကျွန်တော်လျှောက်ခွင့်တောင်မရခဲ့ပါဘူး။ ခုတော့ဘွဲ့ရပြီးတော့ ကျောင်းပြီးတဲ့အချိန်မှာ ဒီစစ်မှုထမ်းဥပဒေလည်း ထွက်တဲ့အချိန်မှာ ကျွန်တော်အလွန်ဝမ်းသာစွာနဲ့ ကိုယ့်ဆန္ဒနဲ့ကျွန်တော် မြို့နယ်မှာစာရင်းသွင်းပြီးတော့ ဝင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်ပညာအရည် အချင်းကတော့ (Bachelor)ဘွဲ့ကို အမေရိက ကနေကျောင်းပြီးပါတယ်။ မဟာဘွဲ့ကိုတော့ ဥရောပမှာရှိတဲ့ ဘယ်လ်ဂျီယံနိုင်ငံကနေပြီးတော့ ကျောင်းပြီးထားပါတယ်။ ကျွန်တော် ဒါပြီးရင် အခွင့်အရေးပေးရင်တော့ ဗိုလ်လောင်းသင်တန်းတက်ဖို့ အစီအစဉ်ရှိပါတယ်”ဟု ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်နေသူတစ်ဦး၏ ပြောဆိုမှုကို နစကဘက်က အသိပေးထုတ်ပြန်ထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် နစကအစိုးရမှ ၎င်းဥပဒေအား အာဏာသက်ဝင်သည့်အမိန့် ထုတ်ပြန်ခဲ့သည်။ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁)သင်တန်းများကို တက်ရောက်ရန် ဆင့်ခေါ်ရေးလုပ်ငန်းစဉ်များကို မတ် ၉ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
ျပည္သူ႔စစ္မႈထမ္းသင္တန္းအမွတ္စဥ္ (၁)ကို တိုင္းစစ္ဌာနခ်ဳပ္အသီးသီး၌ စတင္ဖြင့္လွစ္
ျမဴနစ္ (NP News) - ဧၿပီ ၉

ျပည္သူ႔စစ္မႈထမ္းသင္တန္းအမွတ္စဥ္ (၁)ဖြင့္ပြဲမ်ားကို တိုင္းစစ္ဌာနခ်ဳပ္အသီးသီး၌ ယမန္ေန႔(ဧၿပီ ၈ ရက္)တြင္ စတင္ဖြင့္လွစ္လိုက္ၿပီျဖစ္ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ယခုကဲ့သို႔ စတင္ဖြင့္လွစ္လိုက္သည့္ ျပည္သူ႔စစ္မႈထမ္းသင္တန္းအမွတ္စဥ္(၁)ကို တိုင္းႏွင့္ ျပည္နယ္အသီးသီးရွိ လူငယ္မ်ားက ၎တို႔၏သေဘာဆႏၵအရ စာရင္းေပးသြင္းကာ တက္ေရာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္မႈထမ္းရန္ မိမိတို႔၏ သေဘာဆႏၵအေလ်ာက္ စာရင္းေပးသြင္းလာသူမ်ားအနက္ သင္တန္းတက္ေရာက္ရန္အရည္အခ်င္းျပည့္မီသူမ်ားကို စုဖြဲ႕ကာ ယမန္ေန႔ နံနက္ပိုင္းတြင္ သက္ဆိုင္ ရာတိုင္းစစ္ဌာနခ်ဳပ္မ်ားအလိုက္ နယ္ေျမခံသင္တန္းေက်ာင္းအသီးသီးတြင္ သင္တန္းဖြင့္ပြဲ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အရင္ကေတာ့ သၾကၤန္ေက်ာ္မွ ဖြင့္ဖို႔လုပ္ထားတာေပါ့။ အခုဟာက နည္းနည္းေစာသြားတယ္။ တစ္ခ်ိဳ႕ကလည္း Active ျဖစ္တယ္။ volunteer ေတြလည္းမ်ားတဲ့အခါၾကေတာ့ အခ်ိန္မဆိုင္းေတာ့ဘဲနဲ႔ ေစာဖြင့္လိုက္တာေပါ့”ဟု ျပည္သူ႔စစ္မႈထမ္း ဆင့္ေခၚေရးဗဟိုအဖြဲ႕မွ အရာရွိတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ျပည္သူ႔စစ္မႈထမ္းသင္တန္းအမွတ္စဥ္(၁)ဖြင့္ပြဲအခမ္းအနားမ်ားသို႔ တိုင္းႏွင့္ ျပည္နယ္မ်ားရွိ ဝန္ႀကီးခ်ဳပ္မ်ား၊ တိုင္းမႉးမ်ားႏွင့္ တာဝန္ရွိသူမ်ားက တက္ေရာက္ခဲ့ေၾကာင္းလည္း သိရသည္။ ၎အမွတ္စဥ္(၁)သင္တန္းတြင္ သင္တန္းသားဦးေရ (၅၀၀၀)ဝန္းက်င္ တက္ေရာက္ကာ စစ္ပညာသင္ယူေနလ်က္ရွိေၾကာင္း သိရသည္။

“ကြၽန္ေတာ္ကေတာ့ ငယ္ငယ္ကတည္းက ဒီစစ္သားလုပ္ရတာကို စိတ္ဝင္စားပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကြၽန္ေတာ္ေက်ာင္းၿပီးတဲ့အခ်ိန္မွာ အေဖ၊ အေမက သေဘာမတူလို႔ ကြၽန္ေတာ္ေလွ်ာက္ခြင့္ေတာင္မရခဲ့ပါဘူး။ ခုေတာ့ဘြဲ႕ရၿပီးေတာ့ ေက်ာင္းၿပီးတဲ့အခ်ိန္မွာ ဒီစစ္မႈထမ္းဥပေဒလည္း ထြက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္အလြန္ဝမ္းသာစြာနဲ႔ ကိုယ့္ဆႏၵနဲ႔ကြၽန္ေတာ္ ၿမိဳ႕နယ္မွာစာရင္းသြင္းၿပီးေတာ့ ဝင္ခဲ့တာျဖစ္ပါတယ္။ ကြၽန္ေတာ့္ပညာအရည္ အခ်င္းကေတာ့ (Bachelor)ဘြဲ႕ကို အေမရိက ကေနေက်ာင္းၿပီးပါတယ္။ မဟာဘြဲ႕ကိုေတာ့ ဥေရာပမွာရွိတဲ့ ဘယ္လ္ဂ်ီယံႏိုင္ငံကေနၿပီးေတာ့ ေက်ာင္းၿပီးထားပါတယ္။ ကြၽန္ေတာ္ ဒါၿပီးရင္ အခြင့္အေရးေပးရင္ေတာ့ ဗိုလ္ေလာင္းသင္တန္းတက္ဖို႔ အစီအစဥ္ရွိပါတယ္”ဟု ျပည္သူ႔စစ္မႈထမ္းသင္တန္း တက္ေရာက္ေနသူတစ္ဦး၏ ေျပာဆိုမႈကို နစကဘက္က အသိေပးထုတ္ျပန္ထားသည္။

ျပည္သူ႔စစ္မႈထမ္းဥပေဒကို ၂၀၁၀ ျပည့္ႏွစ္ ႏိုဝင္ဘာလတြင္ ျပ႒ာန္းခဲ့ျခင္းျဖစ္ၿပီး ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၀ ရက္တြင္ နစကအစိုးရမွ ၎ဥပေဒအား အာဏာသက္ဝင္သည့္အမိန႔္ ထုတ္ျပန္ခဲ့သည္။ ျပည္သူ႔စစ္မႈထမ္းအမွတ္စဥ္(၁)သင္တန္းမ်ားကို တက္ေရာက္ရန္ ဆင့္ေခၚေရးလုပ္ငန္းစဥ္မ်ားကို မတ္ ၉ ရက္ေန႔တြင္ စတင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.