မြဝတီတိုက်ပွဲဖြစ်ရပ်အစုံစုံနှင့် အရှုံးရလဒ်ထွက်ခဲ့တဲ့ KNLA-PDF

 15391

မြူနစ် (NP News) - မေ ၁

ကရင်ပြည်နယ်၌ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အရေးပါသည့် မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် ကရင်အမျိုး သားအစည်းအရုံး(KNU)၏ လက်နက်ကိုင် အဖွဲ့ဖြစ်သော KNLA နှင့် NUG လက်အောက်ခံ PDF ပူးပေါင်းအဖွဲ့တို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ တိုက်ပွဲများကို စနစ်တကျစတင် ဖော်ဆောင်ခဲ့သည်။ မြဝတီမြို့ကို သိမ်းပိုက်ထိန်းချုပ်ရေးအတွက် KNLA ပူးပေါင်းအဖွဲ့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ကော့ကရိတ်မြို့နှင့်တစ်ဝိုက်ရှိ နစက၏ လုံခြုံရေးစခန်းများကို စတင်တိုက်ခိုက်ခဲ့သည်။ KNLA ပူးပေါင်းအဖွဲ့သည် ကော့ကရိတ်မြို့နှင့် တစ်ဝိုက်ရှိ တပ်မတော်လုံခြုံရေးစခန်းများကို ဝိုင်းဝန်းပိတ် ဆို့ကာ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကော့ကရိတ်မြို့တိုက်ပွဲသည် အပြင်းထန်ဆုံး နှင့် ပျက်စီးဆုံးရှုံးမှုအများဆုံး တိုက်ပွဲဖြစ်ခဲ့သည်ကိုလည်း တွေ့ရသည်။
အဆိုပါ ကော့ကရိတ်မြို့တိုက်ပွဲသည် (၃)လနီး ပါးကြာမြင့်ခဲ့သော်လည်း KNLA ပူးပေါင်းအဖွဲ့များ အနေဖြင့် မြို့ကို အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိသကဲ့သို့ တပ်မတော်လုံခြုံရေးအဖွဲ့ဘက်ကလည်း ၎င်းတို့ကို တိုက်ထုတ်ရှင်းလင်းနိုင်ခြင်းမရှိခဲ့သည်ကိုလည်း တွေ့ရသည်။
“ မြဝတီကိုသိမ်းဖို့အတွက် ကော့ကရိတ်ကပဲ အခြေစတာလို့ ယူဆရတာပေါ့။ ကော့ကရိတ်က ခါး ဖြစ်နေတာကိုး အဓိကတော့ အဲဒီခါးကို ဖြတ်ထားပြီးတော့မှ ခါးဖြတ်တာကိုလည်း လနဲ့ချီဖြတ်ထား တာပေါ့။ အဲဒီလိုလနဲ့ချီကြာတဲ့အခါကျတော့ မြဝတီကိုလည်း လုပ်လို့ရပြီဆိုတဲ့သဘောမျိုးနဲ့ သူတို့လည်း အတွေးပေါက်မှာပေါ့နော်။ အဲဒီတော့ မြဝတီဆက်တိုက်တဲ့သဘောရှိတယ်” ဟု စစ်ရေးအသိုင်းအဝိုင်းနှင့် နီးစပ်သောမြဝတီမြို့ခံက NP News ကို ပြောသည်။
တပ်မတော်လုံခြုံရေးအဖွဲ့နှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြား ဖြစ်ပွားခဲ့သော ကော့ကရိတ်မြို့ တိုက်ပွဲသည် (၃) လနီးပါးကြာမြင့်ခဲ့ပြီး တိုက်ပွဲကြောင့် ဒေသခံပြည်သူအားလုံးနီးပါး စစ်ရှောင်ခဲ့ရ သကဲ့သို့ မြို့ပေါ် ရှိ အဆောက်အအုံများစွာသည်လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ ထို့ပြင် ယင်းတိုက်ပွဲများကြောင့် ကော့ကရိတ်-မြဝတီအာရှလမ်းပိုင်းသည်လည်း ပိတ်ဆို့ရပ်တန့်သွားခဲ့ သည်ကိုလည်း တွေ့ရှိရသည်။

မြဝတီကို ထိန်းချုပ်ရန် ကော့ကရိတ်မှသည် သင်္ဃန်းညီနောင်ဆီသို့
ကော့ကရိတ်မြို့တိုက်ပွဲသည် မည်သည့်နှစ်ဖက် အဖွဲ့အစည်းကမျှ ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ဘဲ KNLA ပူးပေါင်းအဖွဲ့က လမ်းကြောင်းစတင်ဖြတ်တောက်ခဲ့သည့်သဘောကို တွေ့ရှိရသည်။
ကော့ကရိတ်တိုက်ပွဲ (၃)လနီးပါး ကြာမြင့်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်တွင် KNLA ၊ PDF ပူးပေါင်းအဖွဲ့က အင်အား အလုံးအရင်းဖြင့် ကော့ကရိတ်-မြဝတီအာရှ လမ်းဘေး သင်္ဃန်းညီနောင်ရှိ နစက၏ ခမရ ၃၅၅ တပ်နှင့် သင်္ဃန်းညီနောင်ရဲစခန်းကို ထပ်မံ၍ စတင်တိုက်ခိုက်ခဲ့သည်။
ထိုသို့တိုက်ခိုက်ပြီး ရက်ပိုင်းအကြာတွင် ခမရ ၃၅၅ တပ်နှင့် သင်္ဃန်းညီနောင်ရဲစခန်းတို့မှ လုံခြုံရေး အဖွဲ့ဝင်များက စခန်းကို ဆုတ်ခွာပေးခဲ့ရသည့် အတွက် KNLA ပူးပေါင်းအဖွဲ့က ယင်းစခန်း များကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ထို့နောက် အဆိုပါ ပူးပေါင်းအဖွဲ့များသည် ခမရ ၃၅၅ တပ်ကို သိမ်းပိုက်ပြီးနောက် ခမရ ၃၅၆ တပ်၊ ခမရ ၃၅၇ တပ်နှင့် ဗျူဟာကုန်းတို့ကိုဆက်လက်တိုက်ခိုက်ခဲ့သည်။
အဆိုပါတပ်စခန်းများကို KNLA ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်စဉ် တပ်မ တော်ဘက်ကလည်း လေကြောင်းပစ်ကူများဖြင့် ပြန်လည်တုံ့ပြန်ခဲ့သော်လည်း ဆုတ်ခွာပေးခဲ့ရသည့်အ ခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။
“ မြဝတီမှာရှိတဲ့ အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ရကတ(၁၂)လက်အောက်ခံတပ်တွေပေါ့။ ၃၅၅၊ ၃၅၆၊ ၃၅၇ အဲဒီတပ်တွေကို (၃)ပိုင်းအစောကတည်းကနေပြီးတော့ သူတို့ဝိုင်းပြီးတော့ တိုက်နေတာပေါ့။ အဲဒီလိုတိုက်နေရင်းနဲ့ပဲ ၃၅၅၊ ၃၅၆၊ ၃၅၇ တပ်ရင်း တွေက PDF နဲ့ KNU တွေရဲ့ ဝိုင်းတာခံရပြီးတော့ ဆုတ်ခွာပေးရတဲ့အနေအထားလေး ဖြစ်ခဲ့ပါတယ်။ အဲဒီလို ၃၅၅၊ ၃၅၆၊ ၃၅၇ တပ်ရင်းတွေ ဆုတ်ခွာပေး ရပြီးတဲ့နောက်မှာ သူတို့ဗျူဟာကို ဆက်ပြီးတော့ စီးနင်းပြီးတော့ တိုက်ပါတယ်။ ဝိုင်းပြီးတော့ လက်နက် အကြီး၊ အငယ်အကုန်လုံးမျိုးစုံနဲ့ အင်အား အလုံးအရင်းနဲ့ ထောင်ကျော်တဲ့အင်အားတွေနဲ့ တိုက်တဲ့အ ခါမှာ သင်္ဃန်းညီနောင်အခြေချဗျူဟာက (၅)ရက်နေ့ မှာ BGF ရဲ့ ဗိုလ်ချစ်သူကို အကူအညီတောင်းပြီး တော့ (၆၀ဝ)ကျော်လောက်နဲ့ ဆုတ်ခွာပေးလိုက်ရတာ ရှိပါတယ်” ဟု စစ်ရေးအသိုင်းအဝိုင်းနှင့် နီးစပ်သောမြဝတီမြို့ခံက ပြောသည်။
ထို့ကြောင့် KNLA ၊ PDF ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ် ဧပြီ ၅ ရက်တွင် သင်္ဃန်းညီနောင်အနီးရှိ ၃၅၅၊ ၃၅၆၊ ၃၅၇ တပ်အပါအဝင် ဗျူဟာကုန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ပွဲ များကြောင့် သင်္ဃန်းညီနောင်ဒေသခံအများအပြားသည် နေရပ်စွန့်ခွာကာ မြဝတီမြို့သို့ စစ်ဘေးရှောင်ခဲ့ ရမှုများရှိသကဲ့သို့ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

သင်္ဃန်းညီနောင်ဗျူဟာကုန်းမှသည် ခလရ ၂၇၅/ မြဝတီဆီသို့
ထိုသို့ သင်္ဃန်းညီနောင်ဗျူဟာကုန်းကို KNLA ၊ PDF ပူးပေါင်းအဖွဲ့က ရရှိပြီးချိန်တွင် အဆိုပါ အဖွဲ့များသည် မြဝတီမြို့နှင့် နှစ်မိုင်ဝန်းကျင်သာဝေးသည့် ခလရ ၂၇၅ ကို ဧပြီ ၉ ရက်တွင် ထပ်မံကာ စတင် တိုက်ခိုက်ခဲ့သည်။
ယင်းကဲ့သို့ ထပ်မံတိုက်ခိုက်လာမှုကြောင့် KNLA ပူးပေါင်းအဖွဲ့နှင့် ခလရ ၂၇၅ တို့ကြားတွင် ဧပြီ ၁၀ ရက်နေ့၌ တိုက်ပွဲအပြင်းအထန်းဖြစ်ပွားခဲ့ကြသည်။
“ ဗျူဟာကနေပြီးတော့ ဗျူဟာမှူးနဲ့အဖွဲ့တွေက ရွှေကုက္ကိုမှာ သွားပြီးတော့ ဆုတ်ခွာသွားတဲ့ အချိန်မျိုးမှာ ဧပြီ ၆ ရက်နေ့မှာ အသံလေးငြိမ်ပြီးတော့ ၂၇၅ ကို ဆက်တိုက်မယ်ဆိုတဲ့ သတင်းထွက် လာတယ်။ အဲဒီမှာ PDF နဲ့ KNU အဖွဲ့တွေက ၇ ရက်နေ့မှာ ၂၇၅ ကို စတိုက်တာ။ စတိုက်တယ် ဆိုပေမယ့်လည်း အပြင်းအထန်တိုက်တာမျိုးမဟုတ်ဘဲနဲ့ ၈ ရက်၊ ၉ ရက်လောက်မှာလည်း နည်းနည်း ပါးပါး ဝိုင်းပစ်တာ လောက်ပဲရှိတယ်။ အဓိကတော့ ဧပြီ ၉ ရက်နေ့ည ၁၁ နာရီခွဲလောက်မှာ ပြင်းပြင်း ထန်ထန် စတိုက်ခံရတယ်။ တပ်ထဲကလည်း ပစ်၊ အပြင်ကလည်း ပစ်ကြတယ်။ ၁၀ ရက်နေ့ တစ်နေ့လုံး တိုက်တယ်။ ၁၀ ရက် နေ့ ည ၁၀ နာရီလောက်မှာတော့ ပစ်သံခတ်သံတွေက အကုန်လုံး ရပ်သွားတယ်။ အဖြေကတော့ ည ၁၀ နာရီလောက်မှာ တပ်မ ၄၄ တပ်မမှူးကြီးကိုယ်တိုင် ဦးဆောင်တဲ့ ၂၇၅ က ရဲဘော်တွေရော၊ မိသားစုဝင်ရော အကုန်လုံးကို ခေါ်ထုတ်ပြီးတော့ တံတား(၂)မှာ သွားပြီးတော့ အခြေပြုတယ်” ဟု အထက်ပါမြဝတီမြို့ခံက ဆက်လက်ပြောသည်။
ထို့နောက် KNLA ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၁ ရက်တွင် ခလရ ၂၇၅ တပ်အတွင်းသို့ ဝင်ရောက်လာနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း၌ မြဝတီမြို့ နှင့်အနီးတစ်ဝိုက်တွင် တပ်မတော်နှင့် KNLA ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားမှုမရှိခဲ့ကြောင်း မြို့ခံများက ဆိုသည်။
သို့သော် မဟာသင်္ကြန်ကာလတွင် KNLA ၊ PDF ပူးပေါင်းအဖွဲ့အနေဖြင့် မြဝတီမြို့ပေါ်ရှိ မြို့ခံ များကို ဧပြီ ၁၈ ရက်နေ့ နောက်ဆုံးထားကာ ထွက်ခွာသွားရန် ပြောဆိုမှုများရှိခဲ့သည်။
ထို့နောက် KNLA ၊ PDF ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၉ ရက် နံနက်ပိုင်းမှစတင်ကာ မြဝတီမြို့ အမှတ် (၂) တံတားရှိ တပ်မတော် လုံခြုံရေးအဖွဲ့ဝင်များကို Drop ဗုံးအသုံးပြု၍ တိုက်ခိုက်ခဲ့ပြီးနောက် ည ၁၁ နာရီခွဲအချိန်တွင် နှစ်ဖက်အကြား ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
“ တံတား(၂)က ၁၉ ရက်နေ့ ၁၁ နာရီခွဲလောက်မှာ ကြီးကြီးကျယ်ကျယ် စပြီးအတိုက်ခံရတယ်။ ဒါပေမဲ့လည်း ၂၀ ရက်နေ့အထိလည်း တစ်နေ့လုံးပဲ အတိုက်ခိုက်ခံရတယ်။ သူပစ်၊ ကိုယ်ပစ်ပေါ့။ အပေါ် လေယာဉ်ကလည်း အဆက်မပြတ်လာကြဲတာမျိုးလည်း ရှိတယ်။ ၂၀ ရက်နေ့ တစ်ရက်လုံးကတော့ အဲဒီလို တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်ပါတယ်” ဟု စစ်ရေး အသိုင်းအဝိုင်းနှင့်နီးစပ်သော မြဝတီမြို့ခံ က ဆက်လက်ပြောသည်။
မြဝတီမြို့အမှတ်(၂)တံတား၌ တပ်မတော်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား ဖြစ်ပွားသော တိုက်ပွဲသည် ဧပြီ ၂၁ ရက် နံနက်ပိုင်းအထိ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် နေ့လယ်ပိုင်းအချိန်တွင် ရပ်တန့်သွားခဲ့သည်။
“ ဧပြီ ၂၁ မနက်လည်း အစောကြီးကတည်းက တိုက်တာ။ နားသွားလည်း နာရီဝက်၊ တစ်နာရီပဲ။ အဲဒီမှာလည်း အကြီးသံ၊ အသေးသံတွေက မရပ်ဘူးပေါ့ ဗျာ။ အဲဒီလိုအနေအထားမှာ လေယာဉ် (၃)မျိုး လောက်က ရန်သူကို ဖြတ်တောက်ပြီးတော့ ဝိုင်းပစ်တဲ့အခါမှာ နေ့လယ် ၁၁ နာရီလောက်မှာ အပစ်က လုံးဝရပ်သွားပြီးတော့ PDF နှင့် KNU အဖွဲ့တွေက အပြီးသတ် ဆုတ်သွားတဲ့အနေအထားမျိုးနဲ့ ဆုတ်ခွာ သွားတယ်” ဟု ၎င်းက ထပ်မံပြောသည်။
KNLA နှင့် PDF ပူးပေါင်းအဖွဲ့သည် မြဝတီမြို့ကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်စဉ် နယ်ဒါးမြ ဦးဆောင်သော KTLA အဖွဲ့ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ သို့သော် KNLA ပူးပေါင်းအဖွဲ့၏ မြဝတီမြို့သိမ်းတိုက်ပွဲသည် ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းတွင် ရပ်တန့်သွားခဲ့ရပြီး တပ်မတော်ဘက်က ၎င်းတို့ဆုတ်ခွာသွားရာ လမ်းကြောင်းတစ်လျှောက်ကို လိုက်လံတိုက်ခိုက်ကာ ရှင်းလင်းမှုများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။
KNLA ပူးပေါင်းအဖွဲ့က မြဝတီမြို့ကို သိမ်းပိုက် ထိန်းချုပ်ရန် ကြိုးပမ်းလာသည့်ရည်ရွယ်ချက်မှာ “ အဓိကတော့ မြဝတီမြို့က ထိုင်းနိုင်ငံနဲ့ ကုန်စည်စီးဆင်းမှုမှာ အဓိကအချက်အချာကျတယ်။ မြန်မာနိုင်ငံအတွင်းကို ထိုင်းနိုင်ငံက ကုန်စည်စီးဆင်းတဲ့အခါကျတော့ အခွန်အခတွေက အရမ်းရတယ်။ အဲဒီအခါကျတော့ ဒီမြို့ကို သိမ်းပြီးရင် ဒီကုန်စည်စီးဆင်းမှုလမ်းကြောင်းကနေ အခွန်တွေ ဘာတွေရ မယ်။ အုပ်ချုပ်မှုလုပ်လို့ရမယ်ဆိုပြီးတော့မှ သူတို့(KNU၊PDF )က ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ဆောင်ရွက်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်” ဟု စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ(လက်နက်ကိုင်အဖွဲ့ ဝင်ဟောင်း)က NP News ကို သုံးသပ်ပြောကြားသည်။
အထက်ပါကဲ့သို့ KNLA ပူးပေါင်းအဖွဲ့၏ မြဝတီ မြို့သိမ်းတိုက်ပွဲ ရပ်တန့်ကာ ဆုတ်ခွာသွားရပြီး နောက်ပိုင်းတွင် လက်ရှိ၌ မြို့ပေါ်တွင် တပ်မတော်နှင့် BGF အဖွဲ့တို့က ပူးပေါင်းကာ ကင်းလှည့် ဆောင်ရွက်နေမှုများရှိကြောင်း သိရသည်။

KNLA ပူးပေါင်းအဖွဲ့၏ မြဝတီမြို့သိမ်းတိုက်ပွဲရပ်တန့် ပြီးနောက်...
လက်ရှိတွင် မြဝတီမြို့၌ ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ပုံမှန် အတိုင်း တည်ငြိမ်အေးချမ်းစွာဖြင့် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။ မြဝတီမြို့တိုက်ပွဲသည် ထိခိုက်ပျက်စီးမှု နည်းပါးစွာဖြင့် ရပ်တန့်သွားခဲ့သည်။
ထို့ပြင် KNLA ပူးပေါင်းအဖွဲ့၏ အလုံးအရင်းဖြင့် တိုက်ခိုက်မှုကြောင့် ဆုတ်ခွာပေးခဲ့ရသော ခလရ ၂၇၅ တွင် တပ်မတော်ဘက်က ပြန်လည်အခြေပြုနေထိုင်ကာ ဧပြီ ၂၅ ရက်တွင် နိုင်ငံတော်အလံကို လွှင့် ထူနိုင်ခဲ့သည့်အခြေအနေမျိုးရှိပြီးဖြစ်ကြောင်း သိရသည်။
အလားတူ KNLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် ဆုတ်ခွာသွားသည့်လမ်းကြောင်းကို တပ်မတော်ဘက်က လိုက်လံရှင်းလင်းနေသကဲ့သို့ ကော့ကရိတ်-မြဝတီအာရှလမ်းတစ်လျှောက်တွင်လည်း နယ်မြေ ရှင်းလင်းမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ထိုကဲ့သို့ နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ပြီးစီးပါကလည်း ကော့ကရိတ်-မြဝတီအာရှလမ်း ပိုင်းကို နှစ်ပတ်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် မျှော်လင့်ထားကြောင်း မြို့ခံများက ဆိုသည်။
“ အဓိကတော့ မြဝတီမြို့ကို ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင်၊ ရန်သူ့လက်ထဲမကျအောင် အဓိကစီမံကွပ်ကဲပြီးတော့ စစ်ဆင်ရေးကောင်းကောင်းနဲ့ တပ်မ ၄၄ က ဗိုလ်မှူးချုပ်စိုးမင်းထက် ဖြစ် ပါတယ်။ သူနဲ့အတူ တပ်ရင်းတပ်ဖွဲ့အသီးသီး၊ ရဲဘော်ပေါင်းကလည်း ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံ တိုက်ခိုက် တာ၊ ရန်သူရဲ့အခြေအပေါ်မှာမူတည်ပြီးတော့ ခံစစ်၊ ခွာစစ်တွေကို စနစ်တကျအကောင်းဆုံး လုပ်ဆောင် သွားတဲ့ကိစ္စတွေမှာလည်း အများကြီး မူတည်ပါတယ်။ နောက်တစ်ခုကBGF ကလည်း မြဝတီမြို့ကြီးကို အပျက်အစီးအထိအခိုက် လုံးဝမခံ ဘဲနဲ့ မြို့အတွက်လုံခြုံအောင် ကာကွယ်စောင့်ရှောက် ပေးထားတဲ့ အတွက်ကြောင့်လည်း ရန်သူ့လက် အတွင်းကို ကျရောက်သွားခြင်းမျိုး မရှိတာဖြစ်ပါတယ်” ဟု စစ်ရေးအသိုင်းအဝိုင်းနှင့်နီးစပ်သူ မြဝတီမြို့ခံကဆိုသည်။
မြဝတီမြို့သိမ်းတိုက်ပွဲ ရပ်တန့်သွားရခြင်း၏ အဓိကအကြောင်းအရာသည် တပ်မတော်ဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများကြောင့် ပြန်လည်တုံ့ပြန်မှုကြောင့် KNLA ပူးပေါင်းအဖွဲ့များ က အထိနာကာ ရပ်တန့်သွားခြင်းဖြစ်သည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။
အဆိုပါ မြဝတီမြို့သိမ်းတိုက်ပွဲအတွင်း၌ KNLA ၊ PDF ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်သေဆုံး သူများကို Hijet ကားဖြင့် (၆)စီး ဝန်းကျင်ဖြင့် သယ်ဆောင်ခဲ့ရသည့်အခြေအနေမျိုးရှိကြောင်းလည်း The Statesman ဂျာနယ်၏ သတင်းအရင်းအမြစ်များက ပြောဆိုလာမှုများရှိခဲ့သည်။

တိုက်ပွဲများ၏ ရလဒ်
KNLA ၊ PDFပူးပေါင်းအဖွဲ့သည် မြဝတီမြို့ကို သိမ်းပိုက်ထိန်းချုပ်ရန်အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက် ကော့ကရိတ်မြို့မှစတင်ကာ ၂၀၂၄ ခုနှစ် ဧပြီ ၂၁ ရက် မြဝတီမြို့အထိ တိုက်ပွဲ ဖော်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။
၎င်းကဲ့သို့ ဖော်ဆောင်ခဲ့သည့်တိုက်ပွဲများကြောင့် ကော့ကရိတ်မြို့သည် ပျက်စီးထိခိုက်မှု အများဆုံးဖြစ်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုသည်လည်း အများအပြားရှိခဲ့သည်။
“ လူထုကတော့ မြေဇာပင်ပဲလေ။ စစ်ဘေးစစ် ဒဏ်ကြောင့် အိမ်တွေမီးလောင်တယ်။ တော်တော်များများ လောင်ကျွမ်းပျက်စီးကုန်တယ်။ နောက်ပြီးတော့ စစ်ကြောင့် နယ်ခံ၊ မြို့ခံတွေ အကုန်လုံး တိမ်းရှောင် ရတဲ့အခါကျတော့ သူခိုး၊ ကြမ်းပိုး၊ တောကြောင်တွေက လူမရှိတဲ့အိမ်တွေ ဖောက်ထွင်းခိုးယူမှုတွေ ဖြစ်တယ်။ ပစ္စည်းတွေ ဆုံးရှုံးကြရတယ်။ ကော့ကရိတ်ဆိုရင် တော်တော်ကုန် သွားပြီ။ အိမ်တွေမီးလောင်တယ်။ မီးမလောင်တဲ့အိမ်တွေဆိုရင် ဖောက်ထွင်း အခိုးခံရတယ်။ ဆုံးရှုံးမှုတွေကတော့ အများကြီးပဲ။ ဒါက စစ်ရဲ့ဆိုးကျိုးအမွေပဲ” ဟု မြဝတီမြို့ခံက ပြောသည်။
မြဝတီမြို့ကို ထိန်းချုပ်ရန်အတွက် KNLA ပူး ပေါင်းအဖွဲ့၏ လားရာသည် ကော့ကရိတ်မြို့မှ စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် KNLA ပူးပေါင်းအဖွဲ့၏ လားရာသည် မြဝတီမြို့မှ အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်။

zawgyi version
ျမဝတီတိုက္ပြဲျဖစ္ရပ္အစုံစုံႏွင့္ အရႈံးရလဒ္ထြက္ခဲ့တဲ့ KNLA-PDF
ျမဴနစ္ (NP News) - ေမ ၁

ကရင္ျပည္နယ္၌ စစ္ေရး၊ ႏိုင္ငံေရး၊ စီးပြားေရးအရ အေရးပါသည့္ ျမန္မာ-ထိုင္းနယ္စပ္ရွိ ျမဝတီၿမိဳ႕ကို သိမ္းပိုက္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ကရင္အမ်ိဳး သားအစည္းအ႐ုံး(KNU)၏ လက္နက္ကိုင္ အဖြဲ႕ျဖစ္ေသာ KNLA ႏွင့္ NUG လက္ေအာက္ခံ PDF ပူးေပါင္းအဖြဲ႕တို႔သည္ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာ ၁ ရက္မွ စတင္ကာ တိုက္ပြဲမ်ားကို စနစ္တက်စတင္ ေဖာ္ေဆာင္ခဲ့သည္။ ျမဝတီၿမိဳ႕ကို သိမ္းပိုက္ထိန္းခ်ဳပ္ေရးအတြက္ KNLA ပူးေပါင္းအဖြဲ႕သည္ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာ ၁ ရက္တြင္ ေကာ့ကရိတ္ၿမိဳ႕ႏွင့္တစ္ဝိုက္ရွိ နစက၏ လုံၿခဳံေရးစခန္းမ်ားကို စတင္တိုက္ခိုက္ခဲ့သည္။ KNLA ပူးေပါင္းအဖြဲ႕သည္ ေကာ့ကရိတ္ၿမိဳ႕ႏွင့္ တစ္ဝိုက္ရွိ တပ္မေတာ္လုံၿခဳံေရးစခန္းမ်ားကို ဝိုင္းဝန္းပိတ္ ဆို႔ကာ အင္အားအလုံးအရင္းျဖင့္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ေကာ့ကရိတ္ၿမိဳ႕တိုက္ပြဲသည္ အျပင္းထန္ဆုံး ႏွင့္ ပ်က္စီးဆုံးရႈံးမႈအမ်ားဆုံး တိုက္ပြဲျဖစ္ခဲ့သည္ကိုလည္း ေတြ႕ရသည္။
အဆိုပါ ေကာ့ကရိတ္ၿမိဳ႕တိုက္ပြဲသည္ (၃)လနီး ပါးၾကာျမင့္ခဲ့ေသာ္လည္း KNLA ပူးေပါင္းအဖြဲ႕မ်ား အေနျဖင့္ ၿမိဳ႕ကို အျပည့္အဝထိန္းခ်ဳပ္ႏိုင္ျခင္းမရွိသကဲ့သို႔ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ဘက္ကလည္း ၎တို႔ကို တိုက္ထုတ္ရွင္းလင္းႏိုင္ျခင္းမရွိခဲ့သည္ကိုလည္း ေတြ႕ရသည္။
“ ျမဝတီကိုသိမ္းဖို႔အတြက္ ေကာ့ကရိတ္ကပဲ အေျခစတာလို႔ ယူဆရတာေပါ့။ ေကာ့ကရိတ္က ခါး ျဖစ္ေနတာကိုး အဓိကေတာ့ အဲဒီခါးကို ျဖတ္ထားၿပီးေတာ့မွ ခါးျဖတ္တာကိုလည္း လနဲ႔ခ်ီျဖတ္ထား တာေပါ့။ အဲဒီလိုလနဲ႔ခ်ီၾကာတဲ့အခါက်ေတာ့ ျမဝတီကိုလည္း လုပ္လို႔ရၿပီဆိုတဲ့သေဘာမ်ိဳးနဲ႔ သူတို႔လည္း အေတြးေပါက္မွာေပါ့ေနာ္။ အဲဒီေတာ့ ျမဝတီဆက္တိုက္တဲ့သေဘာရွိတယ္” ဟု စစ္ေရးအသိုင္းအဝိုင္းႏွင့္ နီးစပ္ေသာျမဝတီၿမိဳ႕ခံက NP News ကို ေျပာသည္။
တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ႏွင့္ KNLA ပူးေပါင္းအဖြဲ႕တို႔ၾကား ျဖစ္ပြားခဲ့ေသာ ေကာ့ကရိတ္ၿမိဳ႕ တိုက္ပြဲသည္ (၃) လနီးပါးၾကာျမင့္ခဲ့ၿပီး တိုက္ပြဲေၾကာင့္ ေဒသခံျပည္သူအားလုံးနီးပါး စစ္ေရွာင္ခဲ့ရ သကဲ့သို႔ ၿမိဳ႕ေပၚ ရွိ အေဆာက္အအုံမ်ားစြာသည္လည္း ထိခိုက္ပ်က္စီးမႈမ်ား ရွိခဲ့သည္။ ထို႔ျပင္ ယင္းတိုက္ပြဲမ်ားေၾကာင့္ ေကာ့ကရိတ္-ျမဝတီအာရွလမ္းပိုင္းသည္လည္း ပိတ္ဆို႔ရပ္တန႔္သြားခဲ့ သည္ကိုလည္း ေတြ႕ရွိရသည္။

ျမဝတီကို ထိန္းခ်ဳပ္ရန္ ေကာ့ကရိတ္မွသည္ သဃၤန္းညီေနာင္ဆီသို႔
ေကာ့ကရိတ္ၿမိဳ႕တိုက္ပြဲသည္ မည္သည့္ႏွစ္ဖက္ အဖြဲ႕အစည္းကမွ် ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိခဲ့ဘဲ KNLA ပူးေပါင္းအဖြဲ႕က လမ္းေၾကာင္းစတင္ျဖတ္ေတာက္ခဲ့သည့္သေဘာကို ေတြ႕ရွိရသည္။
ေကာ့ကရိတ္တိုက္ပြဲ (၃)လနီးပါး ၾကာျမင့္ခဲ့ၿပီးေနာက္ ၂၀၂၄ ခုႏွစ္ မတ္လ ၇ ရက္တြင္ KNLA ၊ PDF ပူးေပါင္းအဖြဲ႕က အင္အား အလုံးအရင္းျဖင့္ ေကာ့ကရိတ္-ျမဝတီအာရွ လမ္းေဘး သဃၤန္းညီေနာင္ရွိ နစက၏ ခမရ ၃၅၅ တပ္ႏွင့္ သဃၤန္းညီေနာင္ရဲစခန္းကို ထပ္မံ၍ စတင္တိုက္ခိုက္ခဲ့သည္။
ထိုသို႔တိုက္ခိုက္ၿပီး ရက္ပိုင္းအၾကာတြင္ ခမရ ၃၅၅ တပ္ႏွင့္ သဃၤန္းညီေနာင္ရဲစခန္းတို႔မွ လုံၿခဳံေရး အဖြဲ႕ဝင္မ်ားက စခန္းကို ဆုတ္ခြာေပးခဲ့ရသည့္ အတြက္ KNLA ပူးေပါင္းအဖြဲ႕က ယင္းစခန္း မ်ားကို သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ အဆိုပါ ပူးေပါင္းအဖြဲ႕မ်ားသည္ ခမရ ၃၅၅ တပ္ကို သိမ္းပိုက္ၿပီးေနာက္ ခမရ ၃၅၆ တပ္၊ ခမရ ၃၅၇ တပ္ႏွင့္ ဗ်ဴဟာကုန္းတို႔ကိုဆက္လက္တိုက္ခိုက္ခဲ့သည္။
အဆိုပါတပ္စခန္းမ်ားကို KNLA ပူးေပါင္းအဖြဲ႕က အင္အားအလုံးအရင္းျဖင့္ တိုက္ခိုက္စဥ္ တပ္မ ေတာ္ဘက္ကလည္း ေလေၾကာင္းပစ္ကူမ်ားျဖင့္ ျပန္လည္တုံ႔ျပန္ခဲ့ေသာ္လည္း ဆုတ္ခြာေပးခဲ့ရသည့္အ ေျခအေနမ်ိဳးႏွင့္ ႀကဳံေတြ႕ခဲ့ရသည္။
“ ျမဝတီမွာရွိတဲ့ အေျခစိုက္တပ္ရင္းေတြျဖစ္တဲ့ ရကတ(၁၂)လက္ေအာက္ခံတပ္ေတြေပါ့။ ၃၅၅၊ ၃၅၆၊ ၃၅၇ အဲဒီတပ္ေတြကို (၃)ပိုင္းအေစာကတည္းကေနၿပီးေတာ့ သူတို႔ဝိုင္းၿပီးေတာ့ တိုက္ေနတာေပါ့။ အဲဒီလိုတိုက္ေနရင္းနဲ႔ပဲ ၃၅၅၊ ၃၅၆၊ ၃၅၇ တပ္ရင္း ေတြက PDF နဲ႔ KNU ေတြရဲ႕ ဝိုင္းတာခံရၿပီးေတာ့ ဆုတ္ခြာေပးရတဲ့အေနအထားေလး ျဖစ္ခဲ့ပါတယ္။ အဲဒီလို ၃၅၅၊ ၃၅၆၊ ၃၅၇ တပ္ရင္းေတြ ဆုတ္ခြာေပး ရၿပီးတဲ့ေနာက္မွာ သူတို႔ဗ်ဴဟာကို ဆက္ၿပီးေတာ့ စီးနင္းၿပီးေတာ့ တိုက္ပါတယ္။ ဝိုင္းၿပီးေတာ့ လက္နက္ အႀကီး၊ အငယ္အကုန္လုံးမ်ိဳးစုံနဲ႔ အင္အား အလုံးအရင္းနဲ႔ ေထာင္ေက်ာ္တဲ့အင္အားေတြနဲ႔ တိုက္တဲ့အ ခါမွာ သဃၤန္းညီေနာင္အေျခခ်ဗ်ဴဟာက (၅)ရက္ေန႔ မွာ BGF ရဲ႕ ဗိုလ္ခ်စ္သူကို အကူအညီေတာင္းၿပီး ေတာ့ (၆၀ဝ)ေက်ာ္ေလာက္နဲ႔ ဆုတ္ခြာေပးလိုက္ရတာ ရွိပါတယ္” ဟု စစ္ေရးအသိုင္းအဝိုင္းႏွင့္ နီးစပ္ေသာျမဝတီၿမိဳ႕ခံက ေျပာသည္။
ထို႔ေၾကာင့္ KNLA ၊ PDF ပူးေပါင္းအဖြဲ႕သည္ ၂၀၂၄ ခုႏွစ္ ဧၿပီ ၅ ရက္တြင္ သဃၤန္းညီေနာင္အနီးရွိ ၃၅၅၊ ၃၅၆၊ ၃၅၇ တပ္အပါအဝင္ ဗ်ဴဟာကုန္းတို႔ကို သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း သိရသည္။ အဆိုပါတိုက္ပြဲ မ်ားေၾကာင့္ သဃၤန္းညီေနာင္ေဒသခံအမ်ားအျပားသည္ ေနရပ္စြန႔္ခြာကာ ျမဝတီၿမိဳ႕သို႔ စစ္ေဘးေရွာင္ခဲ့ ရမႈမ်ားရွိသကဲ့သို႔ ထိခိုက္ေသဆုံးမႈမ်ားလည္း ရွိခဲ့သည္။

သဃၤန္းညီေနာင္ဗ်ဴဟာကုန္းမွသည္ ခလရ ၂၇၅/ ျမဝတီဆီသို႔
ထိုသို႔ သဃၤန္းညီေနာင္ဗ်ဴဟာကုန္းကို KNLA ၊ PDF ပူးေပါင္းအဖြဲ႕က ရရွိၿပီးခ်ိန္တြင္ အဆိုပါ အဖြဲ႕မ်ားသည္ ျမဝတီၿမိဳ႕ႏွင့္ ႏွစ္မိုင္ဝန္းက်င္သာေဝးသည့္ ခလရ ၂၇၅ ကို ဧၿပီ ၉ ရက္တြင္ ထပ္မံကာ စတင္ တိုက္ခိုက္ခဲ့သည္။
ယင္းကဲ့သို႔ ထပ္မံတိုက္ခိုက္လာမႈေၾကာင့္ KNLA ပူးေပါင္းအဖြဲ႕ႏွင့္ ခလရ ၂၇၅ တို႔ၾကားတြင္ ဧၿပီ ၁၀ ရက္ေန႔၌ တိုက္ပြဲအျပင္းအထန္းျဖစ္ပြားခဲ့ၾကသည္။
“ ဗ်ဴဟာကေနၿပီးေတာ့ ဗ်ဴဟာမႉးနဲ႔အဖြဲ႕ေတြက ေ႐ႊကုကၠိဳမွာ သြားၿပီးေတာ့ ဆုတ္ခြာသြားတဲ့ အခ်ိန္မ်ိဳးမွာ ဧၿပီ ၆ ရက္ေန႔မွာ အသံေလးၿငိမ္ၿပီးေတာ့ ၂၇၅ ကို ဆက္တိုက္မယ္ဆိုတဲ့ သတင္းထြက္ လာတယ္။ အဲဒီမွာ PDF နဲ႔ KNU အဖြဲ႕ေတြက ၇ ရက္ေန႔မွာ ၂၇၅ ကို စတိုက္တာ။ စတိုက္တယ္ ဆိုေပမယ့္လည္း အျပင္းအထန္တိုက္တာမ်ိဳးမဟုတ္ဘဲနဲ႔ ၈ ရက္၊ ၉ ရက္ေလာက္မွာလည္း နည္းနည္း ပါးပါး ဝိုင္းပစ္တာ ေလာက္ပဲရွိတယ္။ အဓိကေတာ့ ဧၿပီ ၉ ရက္ေန႔ည ၁၁ နာရီခြဲေလာက္မွာ ျပင္းျပင္း ထန္ထန္ စတိုက္ခံရတယ္။ တပ္ထဲကလည္း ပစ္၊ အျပင္ကလည္း ပစ္ၾကတယ္။ ၁၀ ရက္ေန႔ တစ္ေန႔လုံး တိုက္တယ္။ ၁၀ ရက္ ေန႔ ည ၁၀ နာရီေလာက္မွာေတာ့ ပစ္သံခတ္သံေတြက အကုန္လုံး ရပ္သြားတယ္။ အေျဖကေတာ့ ည ၁၀ နာရီေလာက္မွာ တပ္မ ၄၄ တပ္မမႉးႀကီးကိုယ္တိုင္ ဦးေဆာင္တဲ့ ၂၇၅ က ရဲေဘာ္ေတြေရာ၊ မိသားစုဝင္ေရာ အကုန္လုံးကို ေခၚထုတ္ၿပီးေတာ့ တံတား(၂)မွာ သြားၿပီးေတာ့ အေျချပဳတယ္” ဟု အထက္ပါျမဝတီၿမိဳ႕ခံက ဆက္လက္ေျပာသည္။
ထို႔ေနာက္ KNLA ပူးေပါင္းအဖြဲ႕သည္ ဧၿပီ ၁၁ ရက္တြင္ ခလရ ၂၇၅ တပ္အတြင္းသို႔ ဝင္ေရာက္လာႏိုင္ခဲ့ေၾကာင္း သိရသည္။
ျမန္မာ့႐ိုးရာသၾကၤန္ကာလအတြင္း၌ ျမဝတီၿမိဳ႕ ႏွင့္အနီးတစ္ဝိုက္တြင္ တပ္မေတာ္ႏွင့္ KNLA ပူးေပါင္းအဖြဲ႕တို႔အၾကား တိုက္ပြဲျပင္းျပင္းထန္ထန္ ျဖစ္ပြားမႈမရွိခဲ့ေၾကာင္း ၿမိဳ႕ခံမ်ားက ဆိုသည္။
သို႔ေသာ္ မဟာသၾကၤန္ကာလတြင္ KNLA ၊ PDF ပူးေပါင္းအဖြဲ႕အေနျဖင့္ ျမဝတီၿမိဳ႕ေပၚရွိ ၿမိဳ႕ခံ မ်ားကို ဧၿပီ ၁၈ ရက္ေန႔ ေနာက္ဆုံးထားကာ ထြက္ခြာသြားရန္ ေျပာဆိုမႈမ်ားရွိခဲ့သည္။
ထို႔ေနာက္ KNLA ၊ PDF ပူးေပါင္းအဖြဲ႕သည္ ဧၿပီ ၁၉ ရက္ နံနက္ပိုင္းမွစတင္ကာ ျမဝတီၿမိဳ႕ အမွတ္ (၂) တံတားရွိ တပ္မေတာ္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားကို Drop ဗုံးအသုံးျပဳ၍ တိုက္ခိုက္ခဲ့ၿပီးေနာက္ ည ၁၁ နာရီခြဲအခ်ိန္တြင္ ႏွစ္ဖက္အၾကား ျပင္းျပင္းထန္ထန္ တိုက္ပြဲ ျဖစ္ပြားခဲ့သည္။
“ တံတား(၂)က ၁၉ ရက္ေန႔ ၁၁ နာရီခြဲေလာက္မွာ ႀကီးႀကီးက်ယ္က်ယ္ စၿပီးအတိုက္ခံရတယ္။ ဒါေပမဲ့လည္း ၂၀ ရက္ေန႔အထိလည္း တစ္ေန႔လုံးပဲ အတိုက္ခိုက္ခံရတယ္။ သူပစ္၊ ကိုယ္ပစ္ေပါ့။ အေပၚ ေလယာဥ္ကလည္း အဆက္မျပတ္လာႀကဲတာမ်ိဳးလည္း ရွိတယ္။ ၂၀ ရက္ေန႔ တစ္ရက္လုံးကေတာ့ အဲဒီလို တိုက္ပြဲက ျပင္းျပင္းထန္ထန္ျဖစ္ပါတယ္” ဟု စစ္ေရး အသိုင္းအဝိုင္းႏွင့္နီးစပ္ေသာ ျမဝတီၿမိဳ႕ခံ က ဆက္လက္ေျပာသည္။
ျမဝတီၿမိဳ႕အမွတ္(၂)တံတား၌ တပ္မေတာ္ႏွင့္ KNLA ပူးေပါင္းအဖြဲ႕ၾကား ျဖစ္ပြားေသာ တိုက္ပြဲသည္ ဧၿပီ ၂၁ ရက္ နံနက္ပိုင္းအထိ အျပင္းအထန္ျဖစ္ပြားခဲ့ၿပီးေနာက္ ေန႔လယ္ပိုင္းအခ်ိန္တြင္ ရပ္တန႔္သြားခဲ့သည္။
“ ဧၿပီ ၂၁ မနက္လည္း အေစာႀကီးကတည္းက တိုက္တာ။ နားသြားလည္း နာရီဝက္၊ တစ္နာရီပဲ။ အဲဒီမွာလည္း အႀကီးသံ၊ အေသးသံေတြက မရပ္ဘူးေပါ့ ဗ်ာ။ အဲဒီလိုအေနအထားမွာ ေလယာဥ္ (၃)မ်ိဳး ေလာက္က ရန္သူကို ျဖတ္ေတာက္ၿပီးေတာ့ ဝိုင္းပစ္တဲ့အခါမွာ ေန႔လယ္ ၁၁ နာရီေလာက္မွာ အပစ္က လုံးဝရပ္သြားၿပီးေတာ့ PDF ႏွင့္ KNU အဖြဲ႕ေတြက အၿပီးသတ္ ဆုတ္သြားတဲ့အေနအထားမ်ိဳးနဲ႔ ဆုတ္ခြာ သြားတယ္” ဟု ၎က ထပ္မံေျပာသည္။
KNLA ႏွင့္ PDF ပူးေပါင္းအဖြဲ႕သည္ ျမဝတီၿမိဳ႕ကို ၿမိဳ႕သိမ္းတိုက္ပြဲေဖာ္ေဆာင္စဥ္ နယ္ဒါးျမ ဦးေဆာင္ေသာ KTLA အဖြဲ႕ကလည္း ပူးေပါင္းတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ KNLA ပူးေပါင္းအဖြဲ႕၏ ျမဝတီၿမိဳ႕သိမ္းတိုက္ပြဲသည္ ဧၿပီ ၂၁ ရက္ ေန႔လယ္ပိုင္းတြင္ ရပ္တန႔္သြားခဲ့ရၿပီး တပ္မေတာ္ဘက္က ၎တို႔ဆုတ္ခြာသြားရာ လမ္းေၾကာင္းတစ္ေလွ်ာက္ကို လိုက္လံတိုက္ခိုက္ကာ ရွင္းလင္းမႈမ်ား လုပ္ေဆာင္ေနလ်က္ရွိေၾကာင္း သိရသည္။
KNLA ပူးေပါင္းအဖြဲ႕က ျမဝတီၿမိဳ႕ကို သိမ္းပိုက္ ထိန္းခ်ဳပ္ရန္ ႀကိဳးပမ္းလာသည့္ရည္႐ြယ္ခ်က္မွာ “ အဓိကေတာ့ ျမဝတီၿမိဳ႕က ထိုင္းႏိုင္ငံနဲ႔ ကုန္စည္စီးဆင္းမႈမွာ အဓိကအခ်က္အခ်ာက်တယ္။ ျမန္မာႏိုင္ငံအတြင္းကို ထိုင္းႏိုင္ငံက ကုန္စည္စီးဆင္းတဲ့အခါက်ေတာ့ အခြန္အခေတြက အရမ္းရတယ္။ အဲဒီအခါက်ေတာ့ ဒီၿမိဳ႕ကို သိမ္းၿပီးရင္ ဒီကုန္စည္စီးဆင္းမႈလမ္းေၾကာင္းကေန အခြန္ေတြ ဘာေတြရ မယ္။ အုပ္ခ်ဳပ္မႈလုပ္လို႔ရမယ္ဆိုၿပီးေတာ့မွ သူတို႔(KNU၊PDF )က ရည္႐ြယ္ခ်က္ရွိရွိ စနစ္တက် ေဆာင္႐ြက္တဲ့ ပုံစံမ်ိဳး ျဖစ္ပါတယ္” ဟု စစ္ေရးႏိုင္ငံေရးေလ့လာသုံးသပ္သူ(လက္နက္ကိုင္အဖြဲ႕ ဝင္ေဟာင္း)က NP News ကို သုံးသပ္ေျပာၾကားသည္။
အထက္ပါကဲ့သို႔ KNLA ပူးေပါင္းအဖြဲ႕၏ ျမဝတီ ၿမိဳ႕သိမ္းတိုက္ပြဲ ရပ္တန႔္ကာ ဆုတ္ခြာသြားရၿပီး ေနာက္ပိုင္းတြင္ လက္ရွိ၌ ၿမိဳ႕ေပၚတြင္ တပ္မေတာ္ႏွင့္ BGF အဖြဲ႕တို႔က ပူးေပါင္းကာ ကင္းလွည့္ ေဆာင္႐ြက္ေနမႈမ်ားရွိေၾကာင္း သိရသည္။

KNLA ပူးေပါင္းအဖြဲ႕၏ ျမဝတီၿမိဳ႕သိမ္းတိုက္ပြဲရပ္တန႔္ ၿပီးေနာက္...
လက္ရွိတြင္ ျမဝတီၿမိဳ႕၌ ေဒသခံျပည္သူမ်ားအေနျဖင့္ ၎တို႔၏ စီးပြားေရးလုပ္ငန္းမ်ားကို ပုံမွန္ အတိုင္း တည္ၿငိမ္ေအးခ်မ္းစြာျဖင့္ ေဆာင္႐ြက္ေနလ်က္ရွိေၾကာင္း သိရသည္။ ျမဝတီၿမိဳ႕တိုက္ပြဲသည္ ထိခိုက္ပ်က္စီးမႈ နည္းပါးစြာျဖင့္ ရပ္တန႔္သြားခဲ့သည္။
ထို႔ျပင္ KNLA ပူးေပါင္းအဖြဲ႕၏ အလုံးအရင္းျဖင့္ တိုက္ခိုက္မႈေၾကာင့္ ဆုတ္ခြာေပးခဲ့ရေသာ ခလရ ၂၇၅ တြင္ တပ္မေတာ္ဘက္က ျပန္လည္အေျချပဳေနထိုင္ကာ ဧၿပီ ၂၅ ရက္တြင္ ႏိုင္ငံေတာ္အလံကို လႊင့္ ထူႏိုင္ခဲ့သည့္အေျခအေနမ်ိဳးရွိၿပီးျဖစ္ေၾကာင္း သိရသည္။
အလားတူ KNLA ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားသည္ ဆုတ္ခြာသြားသည့္လမ္းေၾကာင္းကို တပ္မေတာ္ဘက္က လိုက္လံရွင္းလင္းေနသကဲ့သို႔ ေကာ့ကရိတ္-ျမဝတီအာရွလမ္းတစ္ေလွ်ာက္တြင္လည္း နယ္ေျမ ရွင္းလင္းမႈမ်ား ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ထိုကဲ့သို႔ နယ္ေျမရွင္းလင္းမႈမ်ား ေဆာင္႐ြက္ၿပီးစီးပါကလည္း ေကာ့ကရိတ္-ျမဝတီအာရွလမ္း ပိုင္းကို ႏွစ္ပတ္အတြင္း ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ေမွ်ာ္လင့္ထားေၾကာင္း ၿမိဳ႕ခံမ်ားက ဆိုသည္။
“ အဓိကေတာ့ ျမဝတီၿမိဳ႕ကို ထိခိုက္ပ်က္စီးမႈ အနည္းဆုံးျဖစ္ေအာင္၊ ရန္သူ႔လက္ထဲမက်ေအာင္ အဓိကစီမံကြပ္ကဲၿပီးေတာ့ စစ္ဆင္ေရးေကာင္းေကာင္းနဲ႔ တပ္မ ၄၄ က ဗိုလ္မႉးခ်ဳပ္စိုးမင္းထက္ ျဖစ္ ပါတယ္။ သူနဲ႔အတူ တပ္ရင္းတပ္ဖြဲ႕အသီးသီး၊ ရဲေဘာ္ေပါင္းကလည္း ႐ြပ္႐ြပ္ခြၽံခြၽံ ျပန္လည္ခုခံ တိုက္ခိုက္ တာ၊ ရန္သူရဲ႕အေျခအေပၚမွာမူတည္ၿပီးေတာ့ ခံစစ္၊ ခြာစစ္ေတြကို စနစ္တက်အေကာင္းဆုံး လုပ္ေဆာင္ သြားတဲ့ကိစၥေတြမွာလည္း အမ်ားႀကီး မူတည္ပါတယ္။ ေနာက္တစ္ခုကBGF ကလည္း ျမဝတီၿမိဳ႕ႀကီးကို အပ်က္အစီးအထိအခိုက္ လုံးဝမခံ ဘဲနဲ႔ ၿမိဳ႕အတြက္လုံၿခဳံေအာင္ ကာကြယ္ေစာင့္ေရွာက္ ေပးထားတဲ့ အတြက္ေၾကာင့္လည္း ရန္သူ႔လက္ အတြင္းကို က်ေရာက္သြားျခင္းမ်ိဳး မရွိတာျဖစ္ပါတယ္” ဟု စစ္ေရးအသိုင္းအဝိုင္းႏွင့္နီးစပ္သူ ျမဝတီၿမိဳ႕ခံကဆိုသည္။
ျမဝတီၿမိဳ႕သိမ္းတိုက္ပြဲ ရပ္တန႔္သြားရျခင္း၏ အဓိကအေၾကာင္းအရာသည္ တပ္မေတာ္ဘက္က ေလေၾကာင္းပစ္ကူ၊ လက္နက္ႀကီးပစ္ကူမ်ားေၾကာင့္ ျပန္လည္တုံ႔ျပန္မႈေၾကာင့္ KNLA ပူးေပါင္းအဖြဲ႕မ်ား က အထိနာကာ ရပ္တန႔္သြားျခင္းျဖစ္သည္ဟုလည္း သုံးသပ္မႈမ်ား ရွိေနသည္။
အဆိုပါ ျမဝတီၿမိဳ႕သိမ္းတိုက္ပြဲအတြင္း၌ KNLA ၊ PDF ပူးေပါင္းအဖြဲ႕ဘက္မွ ထိခိုက္ေသဆုံး သူမ်ားကို Hijet ကားျဖင့္ (၆)စီး ဝန္းက်င္ျဖင့္ သယ္ေဆာင္ခဲ့ရသည့္အေျခအေနမ်ိဳးရွိေၾကာင္းလည္း The Statesman ဂ်ာနယ္၏ သတင္းအရင္းအျမစ္မ်ားက ေျပာဆိုလာမႈမ်ားရွိခဲ့သည္။

တိုက္ပြဲမ်ား၏ ရလဒ္
KNLA ၊ PDFပူးေပါင္းအဖြဲ႕သည္ ျမဝတီၿမိဳ႕ကို သိမ္းပိုက္ထိန္းခ်ဳပ္ရန္အတြက္ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာ ၁ ရက္ ေကာ့ကရိတ္ၿမိဳ႕မွစတင္ကာ ၂၀၂၄ ခုႏွစ္ ဧၿပီ ၂၁ ရက္ ျမဝတီၿမိဳ႕အထိ တိုက္ပြဲ ေဖာ္ေဆာင္ခဲ့သည္ကို ေတြ႕ရွိရသည္။
၎ကဲ့သို႔ ေဖာ္ေဆာင္ခဲ့သည့္တိုက္ပြဲမ်ားေၾကာင့္ ေကာ့ကရိတ္ၿမိဳ႕သည္ ပ်က္စီးထိခိုက္မႈ အမ်ားဆုံးျဖစ္ခဲ့ၿပီး အရပ္သားထိခိုက္ေသဆုံးမႈသည္လည္း အမ်ားအျပားရွိခဲ့သည္။
“ လူထုကေတာ့ ေျမဇာပင္ပဲေလ။ စစ္ေဘးစစ္ ဒဏ္ေၾကာင့္ အိမ္ေတြမီးေလာင္တယ္။ ေတာ္ေတာ္မ်ားမ်ား ေလာင္ကြၽမ္းပ်က္စီးကုန္တယ္။ ေနာက္ၿပီးေတာ့ စစ္ေၾကာင့္ နယ္ခံ၊ ၿမိဳ႕ခံေတြ အကုန္လုံး တိမ္းေရွာင္ ရတဲ့အခါက်ေတာ့ သူခိုး၊ ၾကမ္းပိုး၊ ေတာေၾကာင္ေတြက လူမရွိတဲ့အိမ္ေတြ ေဖာက္ထြင္းခိုးယူမႈေတြ ျဖစ္တယ္။ ပစၥည္းေတြ ဆုံးရႈံးၾကရတယ္။ ေကာ့ကရိတ္ဆိုရင္ ေတာ္ေတာ္ကုန္ သြားၿပီ။ အိမ္ေတြမီးေလာင္တယ္။ မီးမေလာင္တဲ့အိမ္ေတြဆိုရင္ ေဖာက္ထြင္း အခိုးခံရတယ္။ ဆုံးရႈံးမႈေတြကေတာ့ အမ်ားႀကီးပဲ။ ဒါက စစ္ရဲ႕ဆိုးက်ိဳးအေမြပဲ” ဟု ျမဝတီၿမိဳ႕ခံက ေျပာသည္။
ျမဝတီၿမိဳ႕ကို ထိန္းခ်ဳပ္ရန္အတြက္ KNLA ပူး ေပါင္းအဖြဲ႕၏ လားရာသည္ ေကာ့ကရိတ္ၿမိဳ႕မွ စတင္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ KNLA ပူးေပါင္းအဖြဲ႕၏ လားရာသည္ ျမဝတီၿမိဳ႕မွ အက်အဆုံးမ်ားစြာျဖင့္ ျပန္လည္ဆုတ္ခြာခဲ့ရျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.