တနင်္သာရီရှိ ကျွန်းစုနယ်မြေဧရိယာကို ချောင်းညီကိုဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်

224

ချယ်ရီ (NP News) - ဇူလိုင် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၆,၃၅၄) ဧကရှိသောနယ်မြေကို “ချောင်းညီကိုဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ်သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
အဆိုပါသတ်မှတ်ချက်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက (၂၀၁၈) ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် အမိန့်ကြော်ငြာစာအမှတ် ( ၇၄ /၂၀၂၅) အရ ပြီးခဲ့သည့်ဇူလိုင်လ (၂၂)ရက်မှ စတင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ဒီရေတောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောများကို ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်၊ လေမုန်တိုင်းဒဏ် ခံစားရမှုများကို သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ကဏန်း၊ ပုစွန်စသော ရေသယံဇာတများ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန်နှင့် ဒီရေတော ဂေဟစနစ်စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန် လာစေရန် ရည်ရွယ်၍ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ “ချောင်းညီကိုဒီရေတောကြိုးပြင်ကာကွယ်တော” သတ်မှတ်ခြင်းဖြင့် ဒီရေတောအဓိကသစ်မျိုးများဖြစ်သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ လမု၊ လဘ၊ ကနစို၊ သမဲ့၊ ကျန၊ မဓမ၊ ပင်လယ်အုန်းစသည့် သစ်မျိုးများနှင့် သရော၊ နှံဗြူး (ငှက်) နှင့် ဓနိပင်စသည့် ဒေသမျိုးရင်း ဒီရေတောသစ်မျိုးများကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး ဗျိုင်း၊ ဗျိုင်းအောက်၊ စွန်၊ သိမ်းငှက်၊ ပန်းဇင်ငှက်၊ ခရုစုပ်ငှက်၊ ရေညှောင့် နှုတ်ဝိုင်းငှက်၊ တင်ကြီးငှက်၊ ငှက်တုံးငှက်စသည့် ငှက်မျိုးများ၏ နေရင်းဒေသကို ထိန်းသိမ်းနိုင် မည်ဖြစ်ကာ သား၊ ငါး၊ ကဏန်း၊ ပုစွန်များ ရှင်သန်ပေါက်ပွားရာ ဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါသည့် ဂေဟစနစ်တစ်ခုဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
တနသၤာရီရွိ ကြၽန္းစုနယ္ေျမဧရိယာကို ေခ်ာင္းညီကိုဒီေရေတာႀကိဳးျပင္ကာကြယ္ေတာအျဖစ္ သတ္မွတ္
ခ်ယ္ရီ (NP News) - ဇူလိုင္ ၃၀
တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခ႐ိုင္၊ကြၽန္းစုၿမိဳ႕နယ္အတြင္းက်ေရာက္ေနသည့္ ဧရိယာအက်ယ္အဝန္း (၆,၃၅၄) ဧကရွိေသာနယ္ေျမကို “ေခ်ာင္းညီကိုဒီေရေတာႀကိဳးျပင္ကာကြယ္ေတာ” အျဖစ္သတ္မွတ္လိုက္ေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာနမွ ထုတ္ျပန္ေၾကညာထားသည္။
အဆိုပါသတ္မွတ္ခ်က္ကို ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရ၊ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာနက (၂၀၁၈) ခုႏွစ္တြင္ ျပ႒ာန္းထားသည့္ သစ္ေတာဥပေဒပုဒ္မ(၆)၊ ပုဒ္မခြဲ (င) အရ အပ္ႏွင္းထားေသာ လုပ္ပိုင္ခြင့္မ်ားကို က်င့္သုံးလ်က္ အမိန႔္ေၾကာ္ျငာစာအမွတ္ ( ၇၄ /၂၀၂၅) အရ ၿပီးခဲ့သည့္ဇူလိုင္လ (၂၂)ရက္မွ စတင္သတ္မွတ္လိုက္ျခင္းျဖစ္သည္။
ဒီေရေတာႀကိဳးဝိုင္း၊ ႀကိဳးျပင္ကာကြယ္ ေတာမ်ားကို ဒီေရေတာေဂဟစနစ္ ေရရွည္တည္တံ့ေစရန္၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား ေပါႂကြယ္ဝေစရန္၊ လႈိင္းဒဏ္၊ ေလမုန္တိုင္းဒဏ္ ခံစားရမႈမ်ားကို သဘာဝတံတိုင္းႀကီးမ်ားသဖြယ္ ကာကြယ္ရန္၊ ေဒသခံျပည္သူမ်ားအတြက္ သား၊ ငါး၊ ကဏန္း၊ ပုစြန္စေသာ ေရသယံဇာတမ်ား စဥ္ဆက္မျပတ္ထုတ္ယူသုံးစြဲႏိုင္ရန္ႏွင့္ ဒီေရေတာ ေဂဟစနစ္စီမံအုပ္ခ်ဳပ္မႈ ပိုမိုေကာင္းမြန္ လာေစရန္ ရည္႐ြယ္၍ ဖြဲ႕စည္းသတ္မွတ္ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုကဲ့သို႔ “ေခ်ာင္းညီကိုဒီေရေတာႀကိဳးျပင္ကာကြယ္ေတာ” သတ္မွတ္ျခင္းျဖင့္ ဒီေရေတာအဓိကသစ္မ်ိဳးမ်ားျဖစ္သည့္ ျဗဴးေျခေထာက္၊ ျဗဴးအုပ္ေဆာင္း၊ လမု၊ လဘ၊ ကနစို၊ သမဲ့၊ က်န၊ မဓမ၊ ပင္လယ္အုန္းစသည့္ သစ္မ်ိဳးမ်ားႏွင့္ သေရာ၊ ႏွံျဗဴး (ငွက္) ႏွင့္ ဓနိပင္စသည့္ ေဒသမ်ိဳးရင္း ဒီေရေတာသစ္မ်ိဳးမ်ားကို ထိန္းသိမ္းႏိုင္မည္ျဖစ္ၿပီး ဗ်ိဳင္း၊ ဗ်ိဳင္းေအာက္၊ စြန္၊ သိမ္းငွက္၊ ပန္းဇင္ငွက္၊ ခ႐ုစုပ္ငွက္၊ ေရေညႇာင့္ ႏႈတ္ဝိုင္းငွက္၊ တင္ႀကီးငွက္၊ ငွက္တုံးငွက္စသည့္ ငွက္မ်ိဳးမ်ား၏ ေနရင္းေဒသကို ထိန္းသိမ္းႏိုင္ မည္ျဖစ္ကာ သား၊ ငါး၊ ကဏန္း၊ ပုစြန္မ်ား ရွင္သန္ေပါက္ပြားရာ ေဂဟစနစ္ ပိုမိုေကာင္းမြန္လာေစျခင္း၊ ဒီေရေတာမ်ားသည္ အဏၰဝါေဂဟစနစ္ကို တည္ၿငိမ္မႈအတြက္ အေရးပါသည့္ ေဂဟစနစ္တစ္ခုျဖစ္ျခင္းႏွင့္ သဘာဝေဘးအႏၲရာယ္မွ ကာကြယ္ေပးႏိုင္ျခင္းစသည့္ အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။