ယူကရိန်းနိုင်ငံသားအားလုံး စစ်တိုက်ရမှာဖြစ်ကြောင်း ယူကရိန်းဗိုလ်ချုပ်ပြော

 830

ဂျန်ဇက် (NP News) - ဧပြီ ၉

ယူကရိန်းနိုင်ငံသားအားလုံးဟာ စစ်တိုက်ရမှာဖြစ်ကြောင်း၊ ယူကရိန်း ဗိုလ်ချုပ် Aleksandr Pavlyuk ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းနိုင်ငံသားတွေဟာ စစ်မှုထမ်းဖို့ ရှောင်ရှားလို့ရမှာမဟုတ်ကြောင်း၊ ယူကရိန်းနိုင်ငံမှာစစ်သားလိုအပ်ချက်တွေရှိနေတဲ့အတွက် အသက်ပြည့်သူအားလုံးစစ်မှုထမ်းရမှာဖြစ်ကြောင်း ယူကရိန်းဗိုလ်ချုပ်က ပြောပါတယ်။ ယူကရိန်းဟာ နိုင်ငံအတွင်းရှိ နိုင်ငံသားတွေ စစ်မှုထမ်း ရမယ့်အရွယ်ကို အသက် ၂၇ နှစ်မှ အသက် ၂၅နှစ်အရွယ်အထိလျော့ချခဲ့ပါတယ်။ ၎င်းက "ယူကရိန်းနိုင်ငံသားတွေဟာ လက်ရှိအချိန်မှာ စိတ်ခံစားမှုတွေကိုဘေးဖယ်ထားဖို့ လိုအပ်တယ်။ စစ်မှုထမ်းဖို့ အမည်စာရင်းပေးသွင်းရမယ်။ စစ်တပ်နဲ့ ပြည်သူဟာခွဲခြားလို့မရဘူး၊ နိုင်ငံကိုကာကွယ်ဖို့ နိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာသတ်မှတ်ထားတယ်။ နိုင်ငံက အခက်အခဲတွေရင်ဆိုင်နေရချိန်မှာ ပြည်သူတွေရဲ့ကံကြမ္မာလည်း ကောင်းနိုင်မှာမဟုတ်ဘူး။ ရုရှားတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ဖို့ ဘယ်သူမှရှောင်လွဲလို့ ရမှာမဟုတ်ဘူး'လို့ ပြောပါတယ်။

ရှေ့တန်းစစ်မျက်နှာပြင်အခြေအနေတွေက လက်ရှိအချိန်မှာလွယ်ကူမှုမရှိကြောင်း၊ ယူကရိန်းဟာပြည်ပနိုင်ငံတွေကနေ စစ်လက်နက်ပစ္စည်းတွေနဲ့ ငွေကြေးအကူအညီရရှိပေမယ့် စစ်တိုက်ဖို့ လူအင်အားလိုအပ်နေကြောင်း ၎င်းက ပြောပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲက အချိန် (၂)နှစ်ကျော်ကြာပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသေးဘဲတိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရပါတယ်။

zawgyi version
ယူကရိန္းႏိုင္ငံသားအားလုံး စစ္တိုက္ရမွာျဖစ္ေၾကာင္း ယူကရိန္းဗိုလ္ခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၉

ယူကရိန္းႏိုင္ငံသားအားလုံးဟာ စစ္တိုက္ရမွာျဖစ္ေၾကာင္း၊ ယူကရိန္း ဗိုလ္ခ်ဳပ္ Aleksandr Pavlyuk ကထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ယူကရိန္းႏိုင္ငံသားေတြဟာ စစ္မႈထမ္းဖို႔ ေရွာင္ရွားလို႔ရမွာမဟုတ္ေၾကာင္း၊ ယူကရိန္းႏိုင္ငံမွာစစ္သားလိုအပ္ခ်က္ေတြရွိေနတဲ့အတြက္ အသက္ျပည့္သူအားလုံးစစ္မႈထမ္းရမွာျဖစ္ေၾကာင္း ယူကရိန္းဗိုလ္ခ်ဳပ္က ေျပာပါတယ္။ ယူကရိန္းဟာ ႏိုင္ငံအတြင္းရွိ ႏိုင္ငံသားေတြ စစ္မႈထမ္း ရမယ့္အ႐ြယ္ကို အသက္ ၂၇ ႏွစ္မွ အသက္ ၂၅ႏွစ္အ႐ြယ္အထိေလ်ာ့ခ်ခဲ့ပါတယ္။ ၎က "ယူကရိန္းႏိုင္ငံသားေတြဟာ လက္ရွိအခ်ိန္မွာ စိတ္ခံစားမႈေတြကိုေဘးဖယ္ထားဖို႔ လိုအပ္တယ္။ စစ္မႈထမ္းဖို႔ အမည္စာရင္းေပးသြင္းရမယ္။ စစ္တပ္နဲ႔ ျပည္သူဟာခြဲျခားလို႔မရဘူး၊ ႏိုင္ငံကိုကာကြယ္ဖို႔ ႏိုင္ငံသားတိုင္းမွာတာဝန္ရွိတယ္ဆိုတာ ဖြဲ႕စည္းပုံအေျခခံဥပေဒထဲမွာသတ္မွတ္ထားတယ္။ ႏိုင္ငံက အခက္အခဲေတြရင္ဆိုင္ေနရခ်ိန္မွာ ျပည္သူေတြရဲ႕ကံၾကမၼာလည္း ေကာင္းႏိုင္မွာမဟုတ္ဘူး။ ႐ုရွားတပ္ဖြဲ႕ေတြနဲ႔ တိုက္ခိုက္ဖို႔ ဘယ္သူမွေရွာင္လြဲလို႔ ရမွာမဟုတ္ဘူး'လို႔ ေျပာပါတယ္။

ေရွ႕တန္းစစ္မ်က္ႏွာျပင္အေျခအေနေတြက လက္ရွိအခ်ိန္မွာလြယ္ကူမႈမရွိေၾကာင္း၊ ယူကရိန္းဟာျပည္ပႏိုင္ငံေတြကေန စစ္လက္နက္ပစၥည္းေတြနဲ႔ ေငြေၾကးအကူအညီရရွိေပမယ့္ စစ္တိုက္ဖို႔ လူအင္အားလိုအပ္ေနေၾကာင္း ၎က ေျပာပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲက အခ်ိန္ (၂)ႏွစ္ေက်ာ္ၾကာေပမယ့္ လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိေသးဘဲတိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားေနဆဲျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.