အကူအညီများမရရှိခြင်းကြောင့် ယူကရိန်းက ရှုံးနိမ့်မှုများကို ကြုံတွေ့နေရခြင်းဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်ခေါင်းဆောင်ပြော

 415

Pika (NP News) - ဧပြီ ၉

အမေရိကန်၏ အကူအညီများ မရရှိခြင်းကြောင့် ယူကရိန်းနိုင်ငံသည် စစ်မြေပြင်တွင် ရှုံးနိမ့်မှုများကို ကြုံတွေ့နေရခြင်းဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်ခေါင်းဆောင် Chuck Schumer က ဧပြီလ(၈)ရက်နေ့တွင် ပြောကြားခဲ့သည်။

အောက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ်များအနေဖြင့် ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ(၆၁)ဘီလျံ အကူအညီပေးရေး ဥပဒေမူကြမ်းကို အမြန်ဆုံးအတည်ပြုပေးရန် Chuck Schumer က တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ အမေရိကန်အထက်လွှတ်တော်သည် ယူကရိန်းအတွက် အကူအညီပေးရေးအစီအစဉ်အသစ်ကို ပြီးခဲ့သည့်ဖေဖော်ဝါရီလလယ်တွင် အတည်ပြုပေးခဲ့သော်လည်း ရီပတ်ဘလစ်ကန်များကြီးစိုးထားသည့် အောက်လွှတ်တော်သည် အဆိုပါဥပဒေမူကြမ်းကို လက်ရှိအချိန်အထိ အတည်ပြုပေးခြင်းမျိုးမရှိသေးကြောင်းသိရသည်။ Chuck Schumer က 'ယူကရိန်းရဲ့ အခြေအနေတွေက အရမ်းဆိုးရွားနေပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေက ကူညီထောက်ပံ့ပေးမှုတွေမရှိဘဲ စစ်မြေပြင်မှာ တိုက်ခိုက်ရင်းသေဆုံးနေကြတဲ့အချိန်မှာ အမေရိကန်ရဲ့အကူအညီပေးရေး ဥပဒေမူကြမ်းက အောက်လွှတ်တော်မှာ ရပ်တန့်နေတာ (၅၅)ရက်ရှိပါပြီ။ နေ့ရက်တိုင်း ကုန်ဆုံးလာတာနဲ့အမျှ ယူကရိန်းဟာ တပ်ဖွဲ့ဝင်တွေ၊ခဲယမ်းမီးကျည်တွေနဲ့ မျှော်လင့်ချက်တွေကိုလည်း ဆုံးရှုံးနေရပါတယ်'ဟု ပြောဆိုခဲ့သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်သည် အကူအညီပေးရေးအစီအစဉ်အသစ်ကို အတည်ပြုပေးခြင်းဖြင့် ယူကရိန်း၊ အမေရိကန် နှင့် ဒီမိုကရေစီတို့အတွက် မှန်ကန်သည့်အရာကို လုပ်ဆောင်မည်ဟု မျှော်လင့်မိကြောင်း Chuck Schumer ကထပ်မံပြောဆိုခဲ့သည်။ Chuck Schumer သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် ယူကရိန်းနိုင်ငံသို့ သွားရောက်လည် ပတ်စဉ်အချိန်အတွင်း အလားတူပြောဆိုချက်များကို ပြောဆိုခဲ့ဖူးကြောင်းသိရသည်။ ၎င်းက 'ယူကရိန်းကသာ အကူအညီတွေကို ရရှိမယ်ဆိုရင် ရုရှားကိုတိုက်ခိုက်ပြီး စစ်ပွဲကို အနိုင်ယူနိုင်ပါလိမ့်မယ်'ဟု ပြောဆိုခဲ့ဖူးသည်။

zawgyi version
အကူအညီမ်ားမရရွိျခင္းေၾကာင့္ ယူကရိန္းက ရႈံးနိမ့္မႈမ်ားကို ႀကဳံေတြ႕ေနရျခင္းျဖစ္ေၾကာင္း အေမရိကန္အထက္လႊတ္ေတာ္ေခါင္းေဆာင္ေျပာ
Pika (NP News) - ဧၿပီ ၉

အေမရိကန္၏ အကူအညီမ်ား မရရွိျခင္းေၾကာင့္ ယူကရိန္းႏိုင္ငံသည္ စစ္ေျမျပင္တြင္ ရႈံးနိမ့္မႈမ်ားကို ႀကဳံေတြ႕ေနရျခင္းျဖစ္ေၾကာင္း အေမရိကန္အထက္လႊတ္ေတာ္ေခါင္းေဆာင္ Chuck Schumer က ဧၿပီလ(၈)ရက္ေန႔တြင္ ေျပာၾကားခဲ့သည္။

ေအာက္လႊတ္ေတာ္ ရီပတ္ဘလစ္ကန္အမတ္မ်ားအေနျဖင့္ ယူကရိန္းအတြက္ အေမရိကန္ေဒၚလာ(၆၁)ဘီလ်ံ အကူအညီေပးေရး ဥပေဒမူၾကမ္းကို အျမန္ဆုံးအတည္ျပဳေပးရန္ Chuck Schumer က ေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။ အေမရိကန္အထက္လႊတ္ေတာ္သည္ ယူကရိန္းအတြက္ အကူအညီေပးေရးအစီအစဥ္အသစ္ကို ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလလယ္တြင္ အတည္ျပဳေပးခဲ့ေသာ္လည္း ရီပတ္ဘလစ္ကန္မ်ားႀကီးစိုးထားသည့္ ေအာက္လႊတ္ေတာ္သည္ အဆိုပါဥပေဒမူၾကမ္းကို လက္ရွိအခ်ိန္အထိ အတည္ျပဳေပးျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။ Chuck Schumer က 'ယူကရိန္းရဲ႕ အေျခအေနေတြက အရမ္းဆိုး႐ြားေနပါတယ္။ ယူကရိန္းတပ္ဖြဲ႕ေတြက ကူညီေထာက္ပံ့ေပးမႈေတြမရွိဘဲ စစ္ေျမျပင္မွာ တိုက္ခိုက္ရင္းေသဆုံးေနၾကတဲ့အခ်ိန္မွာ အေမရိကန္ရဲ႕အကူအညီေပးေရး ဥပေဒမူၾကမ္းက ေအာက္လႊတ္ေတာ္မွာ ရပ္တန္႔ေနတာ (၅၅)ရက္ရွိပါၿပီ။ ေန႔ရက္တိုင္း ကုန္ဆုံးလာတာနဲ႔အမွ် ယူကရိန္းဟာ တပ္ဖြဲ႕ဝင္ေတြ၊ခဲယမ္းမီးက်ည္ေတြနဲ႔ ေမွ်ာ္လင့္ခ်က္ေတြကိုလည္း ဆုံးရႈံးေနရပါတယ္'ဟု ေျပာဆိုခဲ့သည္။

ေအာက္လႊတ္ေတာ္ဥကၠ႒ မိုက္ဂြၽန္ဆင္သည္ အကူအညီေပးေရးအစီအစဥ္အသစ္ကို အတည္ျပဳေပးျခင္းျဖင့္ ယူကရိန္း၊ အေမရိကန္ ႏွင့္ ဒီမိုကေရစီတို႔အတြက္ မွန္ကန္သည့္အရာကို လုပ္ေဆာင္မည္ဟု ေမွ်ာ္လင့္မိေၾကာင္း Chuck Schumer ကထပ္မံေျပာဆိုခဲ့သည္။ Chuck Schumer သည္ ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလတြင္ ယူကရိန္းႏိုင္ငံသို႔ သြားေရာက္လည္ ပတ္စဥ္အခ်ိန္အတြင္း အလားတူေျပာဆိုခ်က္မ်ားကို ေျပာဆိုခဲ့ဖူးေၾကာင္းသိရသည္။ ၎က 'ယူကရိန္းကသာ အကူအညီေတြကို ရရွိမယ္ဆိုရင္ ႐ုရွားကိုတိုက္ခိုက္ၿပီး စစ္ပြဲကို အႏိုင္ယူႏိုင္ပါလိမ့္မယ္'ဟု ေျပာဆိုခဲ့ဖူးသည္။

Picture

pay thee

09/04/2024 12:34

Pyidaungsu fontရော Zawgyi font ရောစာဖတ်လို့မရပါ

Related news

© 2021. All rights reserved.